အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ဘဝ နှင့်နိုင်ငံရေး ဖြတ်သန်းမှုများ

ယခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ အာဇာနည်ခေါင်းဆောင်ကြီးများထဲမှ တစ်ဦးအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ နိုင်ငံရေးနှင့် ဘဝဖြတ်သန်းမှု အတ္ထုပ္ပတ္တိအား ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
🔹 In this video, we explore the inspiring life and political journey of Mahn Ba Khaing, one of Myanmar’s most esteemed national martyrs. As a steadfast champion of ethnic unity and independence, his legacy continues to serve as an inspiration for the nation. Join us as we honor his contribution and sacrifice for Myanmar.
#မန်းဘခိုင်
အာဇာနည်ခေါင်းဆောင်ကြီးမန်းဘခိုင်
အာဇာနည်နေ့
မြန်မာ့သမိုင်း
အာဇာနည်ခေါင်းဆောင်များ
လွတ်လပ်ရေးကြိုးပမ်းမှု
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
မြန်မာ့လွတ်လပ်ရေး
အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် ၏ ဘဝ နှင့် နိုင်ငံရေး ဖြတ်သန်းမှု

ယခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ မန္တလေးဗဟိုအမျိုးသားကျောင်းကြီး (ယခု အ.ထ.က-၂) ကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်သလို၊ အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးလည်းဖြစ်တဲ့ ဆရာကြီး ဦးရာဇတ်အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
🔹 In this video, we pay homage to the great educationist and national martyr, U Razak. As a visionary leader who founded the Central National High School in Mandalay (now BEHS 2 Mandalay) and played a crucial role in the struggle for Myanmar’s independence, his life remains a beacon of patriotism and educational reform. Join us as we honor his legacy and sacrifice.
#ဆရာကြီးဦးရာဇတ်
ဦးရာဇာတ်
အာဇာနည်ခေါင်းဆောင်ကြီးဦးရာဇတ်
အာဇာနည်နေ့ မြန်မာ့သမိုင်း
အမျိုးသားပညာရေး မန္တလေး
https://youtu.be/J6oYpsAg9U4?si=DYSFf5hFRjL1yiwA
https://youtu.be/idk0DWf14mk?si=tlh6mPzBUJ7m3CLz
ဂဠုန်ဦးစော၏ စရိုက်ကို ကြိုမြင်ခဲ့သူ အာဇာနည်ခေါင်းဆောင်ကြီးဒီးဒုတ် ဦးဘချို ၏ နိုင်ငံရေး ဘဝ ဖြတ်သန်းမှု
ယခုဖော်ပြပေးမယ့် အကြောင်းအရာလေးကတော့ အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၏ စာပေ၊ ဂီတနှင့် နိုင်ငံရေး ဘဝဖြတ်သန်းမှု အကြောင်းများအား ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
🔹 In this video, we delve into the multifaceted life of the great national martyr, Deedok U Ba Cho. Beyond his political contributions to Myanmar’s independence, we explore his brilliant legacy as a literary figure, a musician, and a visionary journalist. Join us as we honor the life of one of the nation’s most intellectual leaders.
#ဒီးဒုတ်ဦးဘချို

အာဇာနည်ခေါင်းဆောင်ကြီးဒီးဒုတ်ဦးဘချို
အာဇာနည်နေ့ မြန်မာ့သမိုင်း
https://youtu.be/BB_gKrBoZjM?si=JQG0OKVO3FMkS5ID
ဘယ်တော့မှ တို့မမေးနိုင်တဲ့ အာဇာနည်နေ့
တေးရး -ဂီတာတင်အုန်း ရေးစပ် သီကုံးခဲ့ ပြီး ၊ အဆိုတော်ကြီး ဒေါ် မေလှမြိုင်သီဆို ဂုဏ်ပြုခဲ့သည့် အလေးပြုပါသည် သီချင်းနှင့် သီချင်းနောက်ခံ ၁၉၄၈ ခုနှစ် ဧပြီလ၁၁ ရက်နေ့တွင် အာဇာနည်ကုန်းတွင် ကျဉ်းပ ပြုလုပ်ခဲ့ သည့် အာဇာနည်နေ့ စျာပန အခန်းအနား အဖြူအမဲ ရုပ် /သံ သတင်း ရုပ်ရှင် ( အစ /အဆုံး )
https://m.facebook.com/groups/529052880909500/permalink/1418729285275184/?
၇၇ နှစ်မြောက်
အာဇာနည့်နေ့
ဖတ်စရာ မှတ်စရာ ( ၁၅၀ )
ကြည့်စရာ သိစရာ
တွေးမိတွေးရာ ရေးမိရေးရာ
စာပဒေသာ
အာဇာနည်နေ့ တို့မမေ့https://youtu.be/qOXG9piCG48?si=WdUsAvCOfb6OsX9F
ဘယ်တော့မှ တို့များမမေ့ နိုင်ကြ တဲ့
မြန်မာပြည် က အာဇာနည်နေ့
မိမိ အမျိုး ၊ ဘာသာ ၊ သာသနာ တကယ်ချစ်ကြသူများ အတွက်
ဘယ်တော့မှ မမေ့နိုင်ကြတဲ့
မြန်မာ နိုင်ငံသား ပြည်သူ အများ တို့၏
အာဇာနည်နေ့
၁၉၄၈ ခုနှစ် ဧပြီ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော နိုင်ငံတော် ဈာပန အခန်းအနား ။
တေးရး -ဂီတာတင်အုန်း ရေးသားစပ်ဆို သီကုံး ခဲ့ ပြီး ၊ အဆိုတော်ကြီး ဒေါ် မေလှမြိုင် ဂုဏ်ပြု သီဆို ခဲ့သည့်
အလေးပြုပါသည် သီချင်းနှင့် သီချင်းနောက်ခံ ပြကွက်အဖြစ် ၁၉၄၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင်
အာဇာနည်ကုန်းတွင် ကျဉ်းပ ပြုလုပ်ခဲ့ သည့်
အာဇာနည်နေ့ စျာပန အခန်းအနား
အဖြူအမဲ ရုပ် / သံ သတင်း ရုပ်ရှင် ( အစ /အဆုံး )
ယနေ့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်သော ၇၇ နှစ်မြောက် အာဇာနည်နေ့ အမှတ်တရ အဖြစ်
အလေးပြုပါသည် Youtube video ကို
ပြန်လည် ကူးယူဖေါ်ပြပါသည် ။
အေးမြင့် ( ညောင်တုန်း )
၁၉ ဇူလိုင်လ ၂၀၂၄
( ၇၇ နှစ်မြောက် အာဇာနည်များနေ့ )
ရည်ညွှန် း
ayemyint.blog web page
အာဇာနည် နေ့ နှင့် နိုင်ငံတော် ဈာပန ။
၁၉၄၈ ခုနှစ် ဧပြီ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သော မြန်မာ့ အာဇာနည်ခေါင်းဆောင် ကြီးများ၏နိုင်ငံတော် ဈာပန နှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံ အကြောင်း များကို
ayemyint.blog အင်တာနက် စာမျက်နှာတွင်
နိုင်ငံချစ်သူ အများပြည်သူများ လေ့လာ ဖတ်ရှု
ကြည့်ရှုနိုင်ကြရန် တင်ပြပေးထား ပါသည် ။
အလေးပြုပါသည်
အာဇာနည်နေ့အကြောင်း ဆက်စပ် youtube ရုပ်/သံ ဗီဒီယိုများ
စုစည်း မှု နှင့်
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မသမာသူ လူ ရိုင်းလူမိုက်များ၏ လုပ်ကြံ သတ်ဖြတ် ခြင်း ခဲခဲ့ ကြရသော ပညာတတ် လူတော် မြန်မာ့ အာဇာနည် ခေါင်းဆောင် စစ်စစ် ကြီးများ၏ နောက်ခံသမိုင်းကြောင်းများကို ayemyint.blog အင်တာနက် စာမျက်နှာ တွင် ဝမ်းနည်းတသစွာဖြင့် လမ်းပေါ်ထွက် အလေးပြု ခဲ့ကြသည့် ရန်ကုန်မြို့နေ နိုင်ငံချစ် ပြည်သူများ ၏ ရုပ် လွှာ များနှင့်အတူ အလေးပြုပါတယ် သီးချင်းနောက်ခံ ရုပ်သံ များက်ု လေ့လာဖတ်ရှု ကြည့် ရှု နိုင်ကြပါသည် ။
ဝီကီပီးဒီးယား မှ


အာဇာနည်နေ့ကျင်းပသည့်နိုင်ငံ မြန်မာအမျိုးအစားနိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့နေ့ရက်၁၉ ဇူလိုင်အကြိမ်နှစ်စဉ်
အာဇာနည်နေ့သည် နှစ်စဉ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်၏ မေ့မရဖွယ်အထိမ်းအမှတ်နေ့ တစ်ရက်ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ဗိုလ်ချုပ် အောင်ဆန်းအပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ၈ ဦး နှင့် ကိုယ်ရံတော်တစ်ဦး လုပ်ကြံခြင်းခံခဲ့ရပြီး ကျဆုံးသွားကြသည်။ထိုနေ့ကို အာဇာနည်နေ့ ဟု သက်မှတ်ကာ နှစ်စဉ်ကျင်းပခြင်းဖြစ်သည်။ [၁]
အဖြစ်အပျက်များ
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့ မြန်မာစံတော်ချိန် ၁၀ နာရီ ၃၇ မိနစ်တွင် ရန်ကုန်မြို့လယ်ရှိ ဝန်ကြီးများရုံး၌ အစည်းဝေးပွဲကျင်းပနေချိန်ဖြစ်သည်။ အင်္ဂလိပ်ခေတ် မြို့စောင့်တပ်အမှတ် (၁၂) သေနတ်ကိုင်တပ်ရင်း၏ အမှတ်တံဆိပ်ကို တပ်ဆင်ထားသော စစ်ယူနီဖောင်းအပြည့်စုံဝတ်ဆင်ထားသော လူတစ်စုသည် ဝန်ကြီးများရုံးအတွင်း ဝင်ရောက်၍ ဗမာ့လွတ်လပ်ရေး ခေါင်းဆောင်အချို့အား ပစ်ခတ်လုပ်ကြံခဲ့ကြသည်။[၂]၎င်းနိုင်ငံတော်လုပ်ကြံမှုကြီးအား နယ်ချဲ့လက်ပါးစေ အတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုမှ ကြိုတင်စီစဉ်ထားခြင်းဖြစ်ပြီး ၎င်းအဖွဲ့အား ခေါင်းဆောင် ကြိုးကိုင်ထားသူအဖြစ် ဂဠုန်ဦးစောအား စွပ်စွဲခဲ့ကြသည်။ ထို့နောက်ဦးစောနှင့် အပေါင်းအပါများအား ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီးဘူးတို့ ပါဝင်သော အထူးခုံရုံးမှ အချိန်ယူ စစ်ဆေးပြီး ပြစ်မှုထင်ရှားသဖြင့် ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သေဒဏ်စီရင်ချက် ချမှတ်ခဲ့လေသည်။
တရားခံများက အဆင့်ဆင့်အယူခံ ဝင်ခဲ့သည်။ နောက်ဆုံး အယူခံလွှာကို ၁၉၄၈ ခု၊ ဧပြီလ (၂၇ ) ရက်နေ့တွင် တရားလွှတ်တော်ချုပ်မှ ပယ်ချလိုက်သည်။ ထို့နောက် သမ္မတထံ သနားခံလွှာ တင်သွင်းခဲ့ပြန်ရာ ခင်မောင်ရင်၊ သုခနှင့် မောင်နီတို့အပေါ်တွင် ချမှတ်ထားသော သေဒဏ်အမိန့်ကို ပယ်ဖျက်ပြီး တစ်သက်တစ်ကျွန်း ထောင်ဒဏ်သို့ လွှဲပြောင်းပေးခဲ့သည်။ ကျန်တရားခံများဖြစ်သော ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်စိုးနှင့် မှုန်ကြီးတို့အား အင်းစိန်အကျဉ်းထောင်တွင် လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန်အကျဉ်းထောင် (ယခု ရန်ကုန် အထွေထွေရောဂါ ကုဆေးရုံနေရာ)တွင်လည်းကောင်း၊ ၁၉၄၈ ခု၊ မေလ (၈) ရက်နေ့ အရုဏ်တက်ချိန် (၅)နာရီခွဲတွင် တစ်ချိန်တည်း ကြိုးဒဏ် စီရင်ခဲ့လေသည်။ တရားလွှတ်တော်ချုပ်နှင့် အထူးခုံရုံးမှ အတိုက်အခံများ၏ အယူခံများအားလုံးသည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြခဲ့သည်။ အတိုက်အခံတို့၏ အယူခံအား ဒေါက်တာမောင်မောင်ရေးသားသည့် “နိုင်ငံတော်လုပ်ကြံမှု”တွင် ဖတ်ရှုနိုင်ပြီး “၁၉၄၈ခုနှစ် ဥပဒေမှတ်တမ်းများ”တွင်လည်း အထူးခုံရုံးနှင့် တရားလွှတ်တော်ချုပ်တို့၏ အယူခံကို ဖတ်ရှုနိုင်သည်။
လုပ်ကြံခံခဲ့ရသူများမှာ –
- ဦးအောင်ဆန်း (ဝန်ကြီးချုပ်)
- ဦးဘချို (ပြန်ကြားရေးဌာနဝန်ကြီး)
- မန်းဘခိုင် (အလုပ်သမားရေးရာဌာနဝန်ကြီး)
- ဦးဘဝင်း (စီးပွားရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး)
- သခင်မြ (ပြည်ထဲရေးဌာနဝန်ကြီး)
- ဦးအဗ္ဗဒူရာဇတ်(ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး)
- မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း (နယ်ခြားဒေသများဆိုင်ရာဌာနဝန်ကြီး)
- ဦးအုန်းမောင် (သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းဝန်) နှင့်
- ရဲဘော် ကိုထွေး (ဦးအဗ္ဗဒူရာဇတ်၏ သက်တော်စောင့်)[၂]
တို့ဖြစ်ကြသည်။
ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွဋ်သည် ထိုစဉ်က ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော်လည်း အသက်ရှင် ကျန်ရစ်ခဲ့သည်။ မြန်မာလူမျိုးအများစုမှာ ၎င်းလုပ်ကြံမှုတွင် ဗြိတိသျှတို့သည် တစ်နည်းသို့မဟုတ် အခြားနည်းတစ်ခုခုဖြင့် ပါဝင်ပတ်သက် နေသည်ဟု ယုံကြည်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် ဗြိတိသျှ ဝန်ထမ်းနှစ်ဦး ဖမ်းဆီးစစ်ဆေးခံရပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ဦးစော၏ ကိုယ်စားလှယ်အဖြစ် လုပ်ကြံမှုတွင် ထောက်ပံ့မှုနှင့် လုံလောက်သော စစ်သုံးကိရိယာများအား အဖွဲ့အစည်းအသေးအတွက် တပ်ဆင်ပေးမှုတို့ဖြင့် တရားစွဲဆိုခြင်းခံရသည်။ ၎င်းစစ်သုံး လက်နက်ကိရိယာများအား ဦးစော၏အိမ်ဘေးရှိ ကန်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး ချက်ချင်း ပြန်လည် သိမ်းဆည်း ရရှိခဲ့ကြသည်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့်နေ့ ညနေပိုင်းမှာပင် ထိုလုပ်ကြံမှု၏ တရားခံ များဖြစ်သော ဦးစောနှင့် အပေါင်းအပါများအား ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖွဲ့စည်းပေးထားသော သောင်းကျန်းမှု နှိမ်နင်းရေးတပ် တပ်ရင်းအမှတ် (၁)မှ တပ်ခွဲမှူး ဗိုလ်သိန်းဟန်နှင့် ရဲဘော်များသည် မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄)ရှိ ဦးစောအိမ်သို့ဝိုင်းပြီး အိမ်တွင်းအိမ်ပြင် ရှာဖွေဖမ်းဆီးကာ စုံထောက် အင်စပတ်တာ မစ္စတာဂျပ် ခေါင်းဆောင်သော ရဲအဖွဲ့လက်သို့ အပ်ခဲ့သည်။
၎င်းနိုင်ငံတော်လုပ်ကြံမှုကြီး ပြီးနောက်၊ များမကြာမီအချိန်တွင် မြန်မာပြည် ဗြိတိသျှဘုရင်ခံချုပ် ဆာ ဟာ့ဘက် ရန့်စ်သည် ဦးနုခေါင်းဆောင်သည့်ကြားဖြတ်အစိုးရအဖွဲ့အား အာဏာလွှဲပြောင်းပေးခဲ့ပြီးချိန်၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် မြန်မာနိုင်ငံ၏ တရားဝင်လွတ်လပ်ရေးနေ့ဖြစ်လာခဲ့သည့်ပြင် ဦးနုသည်လည်း မြန်မာပြည်၏ ပထမဆုံးသော ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ထို့နောက် ဇူလိုင်လ ၁၉ ရက်နေ့အား အာဇာနည်နေ့ဟု အမည်သမုတ်၍ ပြည်သူ့အားလပ်ရက်၊ နိုင်ငံတော်အဆင့် အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့အဖြစ် နှစ်စဉ်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်
ကိုယ်တိုင် ကိုယ်ကျ ပစ်ခတ် လုပ်ကြံ ခဲ့သူများ
- ရန်ကြီးအောင် (ရဲဘော် ကိုထွေး အား ကိုယ်တိုင်ကိုယ်ကျ ပစ်ခတ် သတ်ဖြတ်ခဲ့ သလိုအစည်းအဝေး ခန်းမ အတွင်း ပစ်ခတ်မှုတွင် ပါဝင်သူ) [၃]
- သက်နှင်း (ဦးဆောင် ပစ်ခတ်သူ)၊
- မောင်စိုး (ဦးဆောင် ပစ်ခတ်သူ)၊
- စိန်ကြီး (ပစ်ခတ်မှုတွင် ပါဝင်သူ)၊
- သုခ (ကားမောင်းသူ)။
သေဒဏ် အပြစ်ပေးခံရသူများ
(အင်းစိန်ထောင် ကြိုးတိုက်တွင်)
- သက်နှင်း
- မှုံကြီး ခေါ် မောင်မှုန် (လုပ်ကြံမှု အစီအစဉ် တွင် ပါဝင်ပြီး ဂဠုန်ဦးစော နေအိမ် အဝိုင်းခံရမှု တွင် လက်နက် ကိုင် ဆောင်၍ ပြန်လည် ပစ်ခတ်သူ၊ ယခင် ရန်ကုန်ထောင် ကြိုးတိုက် တွင် – ယနေ့ခေတ် သူနာပြုတတ္ကသိုလ် )
- စိန်ကြီး ခေါ် မောင်စိန် ခေါ် လှအောင်
- ရန်ကြီးအောင် ခေါ် လှထွန်း
သေဒဏ် မှ ထောင်ဒဏ် တစ်သက် တစ်ကျွန်းသို့ပြောင်းရွှေ့ကျခံရသူများ
- သုခ
- ခင်မောင်ရင်
- မောင်နီ ခေါ် ဘိုနီ ခေါ် ဂနီ
ဈာပန အခမ်းအနား
အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက်တစ်နေ့ (၁၉၄၇၊ ဇူလိုင် ၂၀) မြို့မ-ဦးသန်းကြွယ်က ပထမဦးဆုံးအာဇာနည်နေ့ အခမ်းအနား စတင်ဦးဆောင်ကျင်းပနေပုံ
ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက်တစ်နေ့ ၁၉၄၇၊ ဇူလိုင် ၂၀ တွင်ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ ဖိုက်ချ်စကွဲယား (Fytche Square) (ယခု မဟာဗန္ဓုလ) ပန်းခြံ၌ နိုင်ငံတော်ဈာပနဗဟိုကော်မတီဝင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ နှင့် မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ မြို့မ-ဦးသန်းကြွယ် သည် ကျောင်းသားနှင့်ပြည်သူတစ်သိန်းကျော်ကိုဦးဆောင်ပြီး “လူသတ်ဝါဒရှုတ်ချပွဲ” ကို စတင်ဦးဆောင် ကျင်းပခဲ့သည်။ ထိုနေ့သည် မြန်မာနိုင်ငံ၏ပထမဦးဆုံးအာဇာနည်နေ့ အခမ်းအနားဖြစ်သည်။[၄][၅][၆][၇][၈] ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ညပိုင်းတွင် သူကိုယ်တိုင်ရေးသားထားသော “အသက်ပေးချီတက်ကြကုန်အံ့” အမည်ရှိကြေညာချက်စာတမ်းကို လူသတ်ဝါဒရှုတ်ချပွဲ အခမ်းအနားတွင် ဖတ်ကြားခဲ့သည်။[၉]
အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဈာပန ကျင်းပရေးကော်မတီသည် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ် များကို ပြည်သူပြည်သား အပေါင်းတို့ နောက်ဆုံးဂါရဝ ပြုနိုင်ရေးအတွက် ဇူလိုင်လ ၂၁ ရက်နေ့တွင် ရုပ်ကလာပ်များကို ရန်ကုန်မြို့၊ ဂျူဗလီဟောခန်းမသို့ ယူဆောင်လာခဲ့ကြသည်။ ဂျူဗလီဟော ခန်းမဆောင်ကြီးများ၏ တိုင်လုံးများ၊ အထက်မျက်နှာကြက်နှင့် နံရံများတွင် ရွှေရောင်ယိုးဒယား ပန်းခက်များဖြင့် ဆင်ယင်သည်။ စင်မြင့်၏အထက်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင်ရွက်နေပုံ ပန်းချီကား၊ ဖဆပလ၏ အလံတော်အောက်တွင် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားပေါင်းစုံတို့၏ စည်းရုံးမှု ပန်းချီကားကြီးများကို ချိတ်ဆွဲထားသည်။ ထိုပန်းချီကားချပ်ကြီးများ ရှေ့တွင် ဖဆပလ အလံတော်ကြီးနှစ်ခုကို အလျားလိုက်ချထားသည်။ ဂျူဗလီဟော ခန်းမ၏ စင်မြင့်ရှေ့၌ ရှိသော အခန်းများအနက် ရှေ့ဆုံးမှ အခန်းသုံးခန်းတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်များကို ဂါရဝပြုခံရန် စီစဉ်နေရာချထားသည်။ ကျန်သော အခန်းနှစ်ခန်းကို ပရိသတ်များ ဂါရဝပြုခန်းအဖြစ် သတ်မှတ်စီမံထားသည်။
စင်မြင့်၏ ရှေ့ဆုံးအလယ်တည့်တည့်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ကလာပ်ကို ရွှေချထားသော မှန်ခေါင်းဖြင့်၊ ရွှေချထားသော သလွန်ထက်၌ တင်ထားပြီး ထီးဖြူနှစ်လက်မိုး ထားသည်။ နောက်ဖက်ခြေရင်းတွင် အာဇာနည်ခေါင်းဆောင်ကြီး ငါးဦးဖြစ်သော ဦးဘချို၊ ဦးဘဝင်း၊ သခင်မြ၊ မန်းဘခိုင်၊ ဦးရာဇတ် တို့၏ ရုပ်ကလာပ်များကို ပြင်ဆင်ထားရှိ၍ ထီးဖြူတစ်လက်စီ မိုးထားသည်။ စင်မြင့်၏ လက်ယာဘက်တွင် အတွင်းဝန် အိုင်စီအက်စ် ဦးအုန်းမောင်နှင့် သက်တော်စောင့် မောင်ထွေး တို့၏ ရုပ်ကလာပ်ကို ထီးဖြူတစ်လက်စီ မိုးပေးထားသည်။ စင်မြင့်၏ လက်ဝဲဘက်တွင် မိုင်းပွန်စော်ဘွားကြီး၏ ရုပ်ကလာပ်ကို စော်ဘွားကြီး၏ အဆောင်အယောင်နှင့် အညီ သံလျင်းပေါ်၌ သလွန်တင်၍ ထီးဖြူများ မိုးထားသည်။ [၁၀]
ဈာပန ကော်မတီသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ရုပ်ကလာပ်ကို ဂျူဗလီဟောခန်းမကြီးတွင် ၆ လ ထားရှိပြီး ပြည်သူလူထု အပေါင်း၏ ဂါရဝပြု ခံယူရန်စီစဉ်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဧပြီ ၁၁ ရက်နေ့တွင် နိုင်ငံတော် ဈာပန အဖြစ် အာဇာနည်ကုန်းသို့ ပို့ဆောင်ဂူသွင်းခဲ့သည်။
ဂုဏ်ပြုခြင်းများ
အာဇာနည်နေ့ ဂုဏ်ပြုကဗျာ
အောက်ဖော်ပြပါကဗျာအား မူလတန်းကျောင်းများ၏ ကျောင်းသင်ခန်းစာများတွင်လည်း ထည့်သွင်း သင်ကြားလျက်ရှိသည်။ အောင်ဆန်းဇာနည်ဖေဖော်ဝါရီ ဆယ့်သုံး မှာဗိုလ်ချုပ်မွေးနေ့ပါ၊တစ်ထောင့်ကိုးရာတစ်ဆယ့်ငါးရှေ့နေ ဦးဖာသား၊ဇာတိ နတ်မောက် မကွေးခရိုင်သိကြများ ခုတိုင်၊ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွားမိခင်ဒေါ်စုသား၊တစ်ထောင့်ကိုးရာလေးဆယ့်ခွန်ပြောင်းကြွ တမလွန်၊မျက်ရည်သွန်လို့ ဘဝင်ညှိုးဇူလိုင် တစ်ဆယ့်ကိုး။ပြည်ထောင်စုရဲ့ ကျေးဇူးရှင်ဗိုလ်ချုပ် တို့ဖခင်၊ကောင်းစေချင်တဲ့ မှာစကားငါတို့ မမေ့အား။“အာဇာနည်ဗိမာန်ဋီကာ
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်
ပါရမီဓိဌာန်တစ်မျိုးရယ်နှင့်
ရှိခိုးကာဆရာကန်တော့ချင်ရဲ့ မြန်မာမတော့ပူစရာမို့၊
တစ်ဗျူဟာအောင်ခမန်းတွင်မှ
လူမသမာ အမှောင်သန်းချိန်မို့
သောင်ကမ်းမို့မို့ဆီက ဖောင်နန်းကူးတို့နှင့်
အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့
ဪ- တောင်နန်း မြောက်နန်း၊
အဆောင်ဆောင်ကြငှန်းနဲ့ အခေါင်မမြန်းရခင်က
အောင်ပန်းညို့ရရှာတဲ့ အောင်ဆန်းတို့ သေပုံနှမြော…”
== အာဇာနည်နေ့ နိဂုံး ဆက်စပ်အကြောင်းအရာများ ==
ကိုးကား
- မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၇၅)။ “အာဇာနည်နေ့“။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း။ ၁၄ (ပထမအကြိမ် ed.)။ စာပေဗိမာန်ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: စာပေဗိမာန်။
- ဦးအောင်ခင်၊ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်လဲ?
- ဒေါက်တာ မောင်မောင် ၏ နိုင်ငံတော် လုပ်ကြံ မှု။
- ဝါးခယ္မ : Myanmar’s Martyr Day
- america.pink – online learning courses Resources and Information
- https://anydayguide.com/calendar/2252
- ပြည်ထောင်စုနေ့ : Myoma U Than Kywe မြို့မ-ဦးသန်းကြွယ် (English language version)
- မြို့မ-မြင့်ကြွယ် (Wednesday, July 20, 2016). “မြန်မာနိုင်ငံ၏ ပထမဦးဆုံး အာဇာနည်နေ့နှင့် ကျောင်းသားခေါင်းဆောင် မြို့မ-ဦးသန်းကြွယ်”. The Myanmar Post (မြန်မာပို့စ်) Vol. 8(No. 27).
- ခင်နှင်းဦး (၁၉၉၅ ဇူလိုင်လ). “ပထမဦးဆုံး အာဇာနည်နေ့ အခမ်းအနား”. စာပေဂျာနယ်အတွဲ၂၊ အမှတ် ၁၁: စာမျက်နှာ ၄၈-၄၉-၅၀.
- (ဂျူဗလီဟောမြင်ကွင်း၊တိုက်စိုး)(၁၉၄၇ခုနှစ်ထုတ်ဝေခဲ့သော စာနယ်ဇင်းကောတ်နှုတ်ချက်များ)လှမြင့်၊သံတော်ဆင့်၊တ၁မ၁၈
ရည်ညွန်းစာ
- ^ လှမြင့်၊ (ရန်ကုန်တက္ကသိုလ်)၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏နောက်ဆုံးခရီး၊ အတွဲ ၁၊ အမှတ် ၁၈၊ မြန်မာသံတော်ဆင့်၊ ၁၄-၂၀ ဇူလိုင်လ ၂၀၁၂
ပြင်ပလင့်များ
- ဗိုလ်ချုပ်ကို ဘယ်သူသတ် (Youtube မှတ်တမ်းရုပ်ရှင်)။
မြန်မာ့ ရာသီ
- ဤစာမျက်နှာကို ၁၀ ဇူလိုင် ၂၀၂၄၊ ၁၃:၀၉ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။
