FLOODS ဝါဆိုဝါခေါင် ရေဖေါင်ဖေါင် ရေကြီးပြဿနာအဖြေရှာ ရေတွေဘယ်ကလာ

ဖတ်စရာ ၊ မှတ်စရာ ( ၁၄၅ )

ဆည်မြောင်းရေးရာ

စာပဒေသာ

ရေကြီးပြဿနာအဖြေရှာ

ရေတွေဘယ်ကလာ

မသိမတတ်နားမလည်တဲ့ သူတွေကို သိတဲ့တတ်တဲ့ နားလည်တဲ့ ပညာရှင်တွေ အင်ဂျင်နီယာတွေက ပြောပြလို့ နားမထောင်ကြသူတွေများတဲ့နိုင်ငံ မှာ ၊ မိုးရာသီရောက်လာရင် ရေကြီးလာနေတတ်တာ တွေကို ေရှး ယခင် ခေတ်အဆက် ဆက်ကတည်းက ဖြစ်လာနေခဲ့တာလို့တွေ့ရ သိရ မှတ်သားရပါတယ် ။

နယ်သာလန်မှာရှေးက မသိကြလို့ Flood plain မြစ်ရေစီးကြောင်းသွားရာ ရေလွှမ်းလွင်ပြင် တွေ Flood Plains တွေ ကို လူတွေက နယ်ချဲ့့ပြီး ရေကာတာ ဖြစ်တဲ့ ရေဘေးကာကွယ် ရေး တ ာ တမံ တွေမြစ်ကမ်း ဘေးကပ်လျက် တည် ဆောက် ခဲ့ကြတာ တွေကို ၊အင်ဂျင်နီယာ ပညာရှင်နဲ့နည်းပညာအားကောင်းတဲ့ နယ်သာလန် နိုင်ငဲမှာ တည်ဆောက်ထားပြီး တာတွေကိုပြန်ဖျက်ပြီးမြစ်ရေသွားလမ်းကိုမူလအတိုင်းပြန် ဖြစ် အောင် တာတွေကို မြစ်နဲ့ဝေးရာ နောက်ကို ရွှေ့ ပြောင်း တည် ဆောက် ထား ခဲ့ ကြပါတယ် ။

နယ်သာလန်နိုင်ငံမှာ ပထမဦးစွာ စတင် အကောင်အထည်ဖေါ်လုပ်ခဲ့ ကြတဲ့ Dutch Delta Plan ဒပ်ချ် လူမျိုးတွေရဲ့ မြစ်ဝကျွန်းပေါ်စီမံချက် အစောပိုင်းကာလတွေမှာ မြစ်ဘေးက ကပ်လျက်တာတွေကိုဖျက်ပြီးနောက်ကိုပြန် ခွါ ဆုတ် ပြီး ရေ ဘေးကာကွယ်ရေးတာအသစ်တွေ ပြန်တည်ဆောက်ခဲ့ကြတယ်။

ပင် လယ်ရေမျက်နှာပြင်ထက်နိမ့်တဲ့ ကုနိးမြေပေါ်မှာ ရှေးနှစ်ပေါင်း များစွာကတည်းကနေခဲ့ကြသူ တွေ ဖြစ်လို့ အင်ဂျင်နီယာ ရေပညာရှင် တွေ က ပင်လယ်ပြင်ထက်နိမ့်တဲ့ နိုင်ငံတွင်းမှာ နိုင်ငံနေပြည်သူတွေ ေ၇ဘေးမကြုံရအေင် ကောင်းစွာနေထို င်နိုင်ကြရေးအတွက် ဘက်စုံ ေ၇စီမံမှုစီမံကိန်း မျိုးစုံကို ရှေးကတည်းက ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ စီမံ ဆောင်၇ွက် ခဲ့ကြတယ်.

ေရနဲ့ ပတ်သက်လာရင် ကမ္ဘာ ပေါ် မှာ ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်နေလို့ အမေရီကန်နိုင်ငံပင်လျင် သူ့နိုင်ငံ အရှေ့ ဘက်ခြမ်း ပင်လယ်ကမ်းရိုးတန်းမှာ တစ်ချိန်က မုန်တိုင်းဆင်လို့ မြစ်ရေကြီးခဲ့စ ဉ် မြို့ကြီးတ စ်မြို့မှာ ရေ ကြီးအန္ဒရာယ် ရေဘေးကြုံခဲ့စဉ်တစ်ချိန်က သူ့နိုင်ငံ က ရေဘေးကြု့ခဲ့၇တဲ့ဒေသ မှာ ပြန်လည်ထူထောင်ရေးအတွက် ကိုနယ်သာလန်က ဒပ် ပညာရှင် ရေအင်ဂျင်နီယာတွေကိုခေါ် ယူတိုင်ပင် ဆောင်ရွက်ခဲ့ကြတာ သိခဲ့ရဘူးတယ်။

တကမ္ဘာလုံးကလေး စားကြရတဲ့ ေရပညာ ရှင် တွေနေကြတဲ့နိုင်ငံဖြစ်လို့၊ နိုင်ငံတကာကိုလှည့်ပတ်ပြီး နည်းညာတွေ အကူအညီပေးနေခဲ့ကြရာမှာ အာစီယန်နိုင်ံတွေ အတွင်းမှာ MRC အဖွဲ့ကြီးနဲ့ ပူးပေါင်းပြီး Mekong Delta Plan မဲခေါင် မြစ်ဝကျွန်းပေါ် စီမံချက် ရေးဆွဲတင်ပြခဲ့တာကို အင်ဒိုနီးရှားမှာ ကျဉ်းပခဲ့တဲ့ ပထမဆုံးသော ကမ္ဘာ့မြစ် ဝကျွန်းပေါ် ထိပ်သီး အစည်း အဝေးကြီးမှာ ဒပ်ချ်အင်ဂျင်နီယာတွေ တင်ပြခဲ့တာ မိမိသွားတက်ခဲ့တဲ့ ကမ္ဘာ့ မြစ်ဝကျွန်းပေါ် ရေညီလာခံ အစည်းအဝေးကြီး မှာ စတင် တွေ့ခဲ့ရ သိခဲ့ရ ဘူး တယ်. ။

အလားတူစွာဘံ အိမ်နီးချင်း ဘင်္ဂလာဒေ့ ရှ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ နယ် သာဘန် IHE ကျောင်း သားဟောင်း တွေအတွက် ဖွင့်လှစ်ပေးခဲ့တဲ့ မွမ်းမံသင်တန်းကိုသွား ရောက် တက်ခဲ့စဉ်က ဒပ်ချ် ရေပညာရှင် တွေ ဘင်းဂလားဒေ့ ရှ် နိုင်ငံအတွက် ရေးဆွဲ ပေးထားတဲ့ BANGLADESH Delta Plan ဘင်းဂလားဒေ့ ရှ် မြစ်ဝကျွန်းပေါ် စီမံချက် အကြောင်းကို သီရှိခဲ့ရဘူးတယ်။

မြန်မာမှာလည်း အချိန်ကောင်းခေတ်ကောင်းကာလမှာ နယ်သာလန် မြန်မာပူးပေါင်းဆောင်ရွက် မှုတွေ ကောင်းစွာ ရှိခဲ့စဉ် မြန်မာ မြစ်ဝကျံန်းပေါအရေး အလုပ်တွေ ကို ဒပ် ရေပညာရှင် တွေ လာရောက် ကူညီ ရေးဆွဲပေးခဲ့ကြဘူးတယ်. ။

လူအခွင့်အရေးသမားတွေနေတဲ့ နယ်သာလန် နိုင်ငံမှာ သက်မဲ့ ဖြစ်တဲ့ မြစ်တွေရဲ့ ရေအခွင့်အရေးကို လဲ သူတို့တစ်တွေ အထူး အလေးပေး ခဲ့ကြတာကိုလဲ သတိပြုမိခဲ့ ၊ တွေ့သိခဲ့ ရဘူး ပါတယ် ။

ဆည်မြောင်းမှာ ၃၅နှစ် တာဝန်ကျခဲ့စဉ် အတွင်းမှာ ဆရာသမားကောင်းကြီး တွေနဲံ လဲတွေ့ခဲ့ရ စဉ်မှာ ၊

မြစ် တွေ ချောင်းတွေအကြောင်းကို ဆရာသမားကြီးတွေထံမှ အောက်ပါအတိုင်း သင် ယူ လေ့လာ ကြားနာခဲ့ရပါတယ်. ။

ဆည် မြောင်းဆရာသမားဟောင်းကြီးတွေ သင်ပြ ပြောပြပေးခဲ့ဘူးတာက –

Don’t play with a river မြစ်တွေကို သွားမစကြနဲ့၊

( မတို့မထိ မကစားကြနဲ့ )

မြစ်တွေကို သွား မနှောက် ယှက်ကြနဲံ။

Otherwise မြစ် တွေကို သွားလုပ်ရင်

မြစ်တွေကိုသွားကစားရင်

မြစ်တွေသွားရာ ရေစီး လမ်းကို

လူတွေက သွားနှော က်ယှက်ကြရင်

The river will play with you မြစ်တွေက မင်း တို့တွေကို ပြန် နှောက်ယှက်လာ လိမ့်မယ် ။

ဆိုတာ မိမိတို့ ခေတ်မှာ ဆည် မြောင်းမှာ ဝါရင့် ဆရာသမားကြီးတွေထံက သင်ယူလေ့လာခဲ့ရဘူးပါတယ် ။

မြန်မာပြည် နိုင်ငံအဝန်း နေရာတကာမှာ မိုးအခါ ရောက်လာ ရင် ရေကြီးရခြင်း အကြောင်းရင်း တွေထဲက အရေးကြီးတဲအချက် တစ်ခု က – သဘာဝမြစ်တွေရဲ့ မူလ သဘာ ဝ ရေစီးလမ်းကြောင်းကို ဟန့်တား အနှောက်အယှက် သွားပေးကြ ခြင်းတစ်ခုပါတယ်။ ပုံမှန် ကောင်းစွာ ရေစီးနေတဲ့ညမြစ်တွေကိုရင် လူတွေကာသွားနှောက်ယှက်ရင် ၊ မြစ်ရေက သူ့စီးစရာနေရာပျောက်သွားလို့ သူစီးလိုရာစီးသွားတော့တာမို့ လူနေ ရပ်ကွက်တွေ ၊မြို့ တွေ ရွာတွေမှာ ရေကြီးတော့တာပါဘဲ။

ရေကြီးပြဿ နာတွေထဲက အဓိက အချက်တစ်ခုက ရေလွှမ်း လွင်ပြင်များ Flood Plain / flood way ေ၇သွားလမ်းတွေ၊ခေတ္တ ရေဝပ် ကိန်းအောင်းစရာ နေရာ တွေ wetland ရေစိမ့်မြေ နေရာတွေ လျော့လာပျောက်လာကြ ခြင်းရဲ့အကျိုးဆက် ပါဘဲ ။

စာရေးဆရာ အင်ဂျင်နီယာ ဥှီး ကျော်ဦး ရှာဖွေ တွေ့ရှိ ထားသညိ့ ေရကြီး ရခြင်းအကြောင်း များနှင့် ရေလွမ်းလွင်ပြင်များ အကြောင်း အတွေး အမြင် ဆောင်းပါးကို ကူးယူဖေါ်ပြလိုက်ပါတယ်။

အေးမြင့် ( ညောင်တုန်း)

၄ /၇/၂၀၂၄

ရည်ညွှန်းစာ များ ( ပူးတွဲလျက် )

၁ ။ စာရေးဆရာ အင်ဂျင်နီယာ ဥှီး ကျော်ဦး၏ Facebook,post ၃/၇/၂၀၂၄

၂ ။ မြစ်တို့၏ အခွင့် အရေး ။ အေးမြင့် (ညောင်တုန်း) ၏ ဆောင်းပါးအပေါ် ဦးကျော်ဦး၏ တည်းဖြတ်

ဖြည့်စွက် ချက် များဖြင့် ဆောင်းပါး ။ kyawoo.com web page အင်တာနက်စာမျက်နှာ ။ နှငိ့ ayemyint.blog အင်တာနက် စာမျက်နှာ ။

၃ ။ မြစ်ရေကိုနေရာပေးခြင်း kyawoo.com ( 17 September 2021 )

ရည်ညွှန်းစာ ( ၁ )

၁ ။ စာရေးဆရာ အင်ဂျင်နီယာ ဥှီး ကျော်ဦး၏ Facebook,post ( ၃/၇/၂၀၂၄ )

ဧရာဝတီမြစ် အထက်ပိုင်းမှ စီးလာသောရေများသည် မြစ်အလယ်ပိုင်း၊ ထိုမှတဆင့် မြစ်အောက်ပိုင်း မြစ်ဝကျွန်းပေါ်အထိ ရောက်လာနိုင်၍ ရေကြီးရေလျှံမှု အန္တရာယ်ကို ကြိုတင်သတိပေးချက်များ ထုတ်ပြန်နေကြပါသည်။ ယင်းသတိပေးချက်များကို ဖတ်ရသောအခါ ရေလွှမ်းလွင်ပြင်များကို သတိရသည်။

ရေလွှမ်းလွင်ပြင်များသည် တဟုန်ထိုး စီးဆင်းလာသော မြစ်ရေများကို လက်ခံဖြန့်ထုတ်ပေးခြင်းဖြင့် မြစ်အောက်ပိုင်းဒေသများအား ရေလွှမ်းမိုးမှုမှ တစိတ်တပိုင်း သက်သာရာရအောင် အထောက်အကူပြုသော သဘာဝအခြင်းအရာများ ဖြစ်ကြသည်။ ပြီးတော့ မြစ်ရေတွင် ပါလာကာ ရေလွှမ်းလွင်ပြင်ပေါ် တင်ကျန်ရစ်သည့် အနည်အချို့သည် ဒေသစိုက်ခင်းများအတွက် သဘာဝအာဟာရများ ဖြစ်ကြသည်။ သဘာဝကို အံတု၍ ရေလွှမ်းလွင်ပြင်ပေါ်တွင် မြို့ရွာ စီမံကိန်းများ တည်ဆောက်လျှင် အထက်ပါ အကျိုးကျေးဇူးများ ပျောက်ကွယ်သည်သာမက မြစ်အောက်ပိုင်းတွင် ရေလွှမ်းမိုးမှု ပိုမိုပြင်းထန်သည်။

ရေလွှမ်းလွင်ပြင်များ၏ အကျိုးကျေးဇူးကို ကောင်းစွာမသိမီက ကမ္ဘာ့မြို့ကြီးအများအပြားကို ယင်းလွင်ပြင်များပေါ်တွင် တည်ဆောက်ခဲ့ကြသည်။ ဥပမာ – အမေရိကန်နိုင်ငံ နယူးအော်လင်း၊ အီဂျစ်နိုင်ငံ ကိုင်ရို၊ ဘင်္ဂလားဒက်ရှ်နိုင်ငံ ဒါကာ စသည်တို့ ဖြစ်ကြသည်။ ရေလွှမ်းလွင်ပြင်ပေါ်က မြို့ကြီးအများစုသည် ယခုအခါ ရေလွှမ်းမှုဒဏ်ကို ဆိုးရွားစွာ ခံရသဖြင့် မြို့ပြများကို ချဲ့သောအခါ ရေလွှမ်းလွင်ပြင်များကို ရှောင်ရမည်ဆိုသောအချက်ကို ကောင်းစွာ သဘောပေါက်ကြပြီ ဖြစ်သည်။ နယ်သာလန်နိုင်ငံတွင်ဆိုလျှင် သဘာဝရေလွှမ်းလွင်ပြင်များကို ချဲ့ထုတ်ခြင်းဖြင့် လွှမ်းမိုးလာသော မြစ်ရေများကို မချဲ့မီကထက်ပို၍ လက်ခံနေရာပေးထားကာ ရေကျချိန်မှ ပြန်ထုတ်ခြင်းဖြင့် ရေလွှမ်းမိုးမှုဒဏ်ကို လျှော့ချနေကြသည်။

ရေးနေရင်းနှင့် လွန်ခဲ့သောရှစ်နှစ်ဝန်းကျင်က ဧရာဝတီမြစ်၏ တစ်ခုသော ရေလွှမ်းလွင်ပြင်ပေါ်တွင် တည်ဆောက်မည့် ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခု အကြောင်း ပြန်သတိရပါသည်။ ယင်းစီမံကိန်းသည် ယခုပြီးစီးပြီလော၊ တည်ဆောက်ဆဲလော မသိပါ။ ဧရာဝတီမြစ် အထက်ပိုင်းမှ ယခုဆင်းလာနေသော ရေများသည် ရက်ပိုင်းအတွင်း ယင်းနေရာသို့ ရောက်မည်ဖြစ်ရာ အဆိုပါနေရာနှင့် ယင်းနေရာ၏ မြစ်အောက်ပိုင်းဒေသများတွင် ဖြစ်ပေါ်မည့် ရေကြီးရေလျှံမှုများသည် ယခင်နှစ်များကနှင့်စာလျှင် မည်သို့ကွာခြားသနည်းဆိုသည်ကို လေ့လာဖို့ ကောင်းပါသည်။

– စာရေးဆရာ အင်ဂျင်နီယာ ဥှီး ကျော်ဦး၏ မြန်မာ ပြည် ရေလွှမ်း လွင်ပြင်များအကြောင်း ဆောင်းပါးစာအပေါ် မြန်မာ ရေပညာရှင် ဆည် မြောင်း အင်ဂျင်နီယာအချို့နှင့် စာဖတ်သူအချို့၏ ဖြည့်စွက် ဝေဖန်သုံးသပ်ချ က်များ နှင့် မှတ်ချက်များ. ။စုစည်းမှု

COMMENTS

၁ ။ U HLA Baw

Flood Retention, Detention ဧရိယာတွေအနေနဲ့ ရေကြီးမှုကိုလျော့ချပေးနိုင်တဲ့အပြင်စိုက်ပျိုးရေးအတွက်လည်းများစွာအကျိုးပြုတဲ့ဧရိယာတွေဖြစ်ပါတယ်၊ မြင်းမူညောင်ပင်ဝန်း၊တောင်သမန်အင်း၊မိချောင်းရဲ၊စတဲ့ဧရာဝတီရဲ့ရေလွှမ်းလွင်ပြင်တွေ၊ချင်းတွင်းရေစဂြိုနားကချစ်သူရွာအနီးကဧရိယာတွေကိုကွင်းဆင်းလေ့လာခဲ့ဖူးပါတယ်၊ဒေသခံတွေအနေနဲ့အဲဒီဧရိယာတွေကိုရေလွှမ်းပစေ၊ရေကျရင်တသီးကောင်းကောင်းစိုက်ပြီးအထွက်ကောင်းလို့ဘယ်လို Development project ကိုမှလက်မခံပါ။ အခုတော့အချို့ရေလွှမ်းလွင်ပြင်တွေမှာမြို့ပြတွေတိုးချဲ့လို့ ဧရိယာတွေလဲတော်တော်လျော့ကုန်ပြီးဂေဟစနစ်တွေလဲပျက်စီးနေပါပြီ၊ မန္တလေးရဲ့နာမည်ကြီးအောင်ပင်လယ်ကန်ဟာလည်းတောင်ကျရေကိုထိန်းတဲ့ ကန်တကန်ပါဘဲ့၊အခုတော့ထိန်းနိုင်အားတော်တော်လျော့သွားပါပြီ။

– U Aye Myint

U Hla Baw မသိမတတ်နားမလည်တဲ့ သူတွေကို သိတဲ့တတ်တဲ့ နားလည်တဲ့ ပညာရှင်တွေ အင်ဂျင်နီယာတွေက ပြောပြလို့ နားမထောင်ကြသူတွေများတဲ့နိုင်ငံခေတ် အဆက်ဆက်က ဖြစ်လာနေတာလို့တွေ့ရ သိ ရ မှတ်သားရပါတယ်

နယ်သာလန်မှာရှေးက Flood plain ကိုနယ် ချဲ့ ပြီး ရေကာတာ ဖြစ်တဲ့ တ ာတွေမြစ်ကမ်းဘေးကပ်လျက်ဆောက်ခဲ့တာ ပညာရှင်နဲ့နည်းပညာအားကောင်းတဲ့နိုင်ငံ မှာ တော့ ၊ တာတွေကို ပြန် ဖျက်ပြီးမြစ် ရေသွားလမ်းကိုမူလအတိုင်းပြန်ဖြစ် အောင် တာတွေကိုနောက်ဆုတ်ဆောက်လုပ်ခဲ့ကြပါတယ်

လူ့ အခွင့်အရေး ကို အလေးထား အားပေးသူများ နေတဲ့နိုင်ငံမှာ သက်မဲ့ ဖြစ်တဲ့ မြစ်တွေရဲ့အခွင့်အရေးကိုလဲ အလေးပေး ခဲ့ကြတာ တွေ့ရပါတယ်

ဆည်မြောင်းမှာတာဝန်ကျ ခဲ့စဉ် ဆရာသမားကောင်းတွေနဲလဲတွေ့ခဲ့ရ သင်ခဲ့ ရတာ

Don’t play with the river

Otherwise

The river will play with you

ဆိုတာသင်ယူလေ့လာခဲ့ရဘူးပါတယ်

ရေကြီးပြဿ နာတွေထဲက အဓိက ဖြစ်တဲ့ Flood Plain flood way တွေ လျော့လာပျောက် လာကြခြင်းရဲ့အကျိုးဆက်ပါဘဲ

၂ ။ HLA Thaung

မြစ်ကြီးနားမြို့အထက်ပိုင်းမှာ

မြစ်ဆုံရေကာတာစီမံကိန်းဧရိယာအတွင်းသစ်တောဧရိယာဘယ်လောက်ခုတ်ပြီးပြီလဲ

တည်ဆောက်ရေးအတွက်တောင်ဘယ်လောက်ဖြိုချပြီးပြီလဲ

မြေရှားသတ္တုတူးလို့တောင်ပေါင်းမည်မျှဖြိုချပြီးပြီလဲ

အခြားရွေ၊ကျောက်တူးလုပ်ငန်းတွေကြောင့်တောင်ဘယ်လောက်ဖြိုချပြီးပြီလဲ

အဲဒီမြေစာတွေကဧရာဝတီမြစ်ထဲကျ၊တိမ်ကောလာတော့ကျသမျှမိုးရေတွေကမ်းတက်ရေလျှံတာလား

အဲဒါတွေကိုလေ့လာရေးပြီး၊အကြောင်းတွေကိုတားဆီးကာကွယ်ရေးအကြံမပေးသင့်ပေဘူးလား။

ဘုန်းကြီးအချို့ကလဲသဘာဝဘေးကြုံရတာလူတွေတရားပျက်လို့တဲ့။

အကြောင်းကြောင့်အကျိုးဖြစ်တာအကြောင်းကိုတားနိုင်မှအကျိုးမပေါ်တော့မှာပေါ့။

Retention area ဘယ်လောက်ဖော်ပေးရမှာလဲ

နောက်ထပ်ဧရာဝတီမြစ်တခုစာလောက်မလိုပေဘူးလား။

၃ ။ Moe Lwan Wai

တောင်သမန်အင်း ဘက်က မြို့သစ်စီမံကိန်းလို့ ထင်ပါတယ်

– U HLA Baw

– Moo Lwan Wai တောင်သမန်အင်းကတော့မြေတွေဖို့၊အဆောက်အအုံတွေဆောက်၊လမ်းတွေဖြတ်ဖောက်နဲ့ Retention capacity တော်တော်လျော့သွားပါပြီ။

၄ ။ Htay Oung

အခုရက်ပိုင်း ဧရာဝတီမြစ်ရေကြီးတာ မြစ်ကြီးနား ဝိုင်းမော် ဖာကန့်တစ်ဝှိုက်မှာ အဆိုးရွားဆုံးဖြစ်ပြီး

ကျန်မြစ်အောက်ပိုင်းမှာ ယခင်ဖြစ်နေကျအတိုင်းလို့ ထင်ပါတယ်

အဲ့ဒါ စည်းကမ်းမဲ့ ရွှေတူး ရွှေကျင်ခြင်း၊ တရားမဝင် မြေရှားတူးဖော်ခြင်း အလွန်အကျွံသစ်ခုတ်လှဲခြင်းတို့ကြောင့်ဖြစ်တယ်လို့ ပြောဆိုနေတာလည်း တွေ့ရပါတယ်

ဒီအတွက် ဆရာ့အမြင်ကို သီးခြားရေးစေ ချင်ပါတယ်

၅ ။ Moe Myint Aung

မိုးရေချိန်ပမာဏ များပြားသော Heavy rain များ အဆက်မပြတ် ရွာသွန်းခြင်း။

မြစ်များကော၍ မြစ်ကြမ်းပြင်တိမ်လာခြင်း

ရေထိန်းကန်နှင့် ရေနုတ်မြောင်းများ ပိတ်ဆို့နေခြင်း

တူးဖော်မှု မရှိခဲ့ခြင်းများကြောင့်ဖြစ်ပါသည် ။

ထူးခြားဖြစ်ရပ်အနေဖြင့် ပိုမိုပေါက်ကွဲလာသော နေမင်း၏ နေ့စဥ်ထုတ်လွှတ်အပူချိန်မြင့်တက်လာခြင်းကြောင့်လည်း Moisture river in the skyကောင်းကင်ပေါ်က ရေငွေ့မြစ်ကြီးများ၏ ရေငွေ့ပမာဏ အလွန်မြင့်လာခြင်းသည်လည်း အကြောင်းရင်းကြီးတရပ်ဖြစ်သည်။

နေမင်းသည် ရာသီဥတု၏ ပထမဆုံးဖခင် ဖြစ်သည်။ကန္တာရနှင့် ရေခဲပြင်ကို သူကဖန်ဆင်းနိုင်သည်။

Bible mystery “Noah” ပင်လျင် နေမင်းနှင့် ကမ္ဘာ့ရေငွေ့ပင်လယ်ကြီးဆက်စပ်မှုက ဖြစ်လာသည် နိုအာပြင်နှင့် ကမ္ဘာဦး cambriam yuge ကာလ အနေအထား shallow sea ပင်လယ်တိမ်သည် ကမ္ဘာ့ရေထုပမာ အမှန်ကိုဖော်ပြနေသည် ။

လေထု၊ ရေထုနှင့်မြေအောက်ရေ သုံးခု ပေါင်းပမာဏ သည် ကမ္ဘာကြီးကို လနဲ့ချီ၍ ရေလွှမ်းမိုးစေနိုင်သည့်ပမာဏရှိသည် ။

(အောင်ဆန်းသူရိန်)

၆ ။ Ko Ko SAN

အခုမန်းကရှမ်းကလေးကျွန်းကြီးက မြို့ပြစီမံကိန်းအတွက်ဆက်လက်ဆောက်နေဆဲပါ ရေဝင်ဧရိယာအကြီးကြီး ဆုံးရှုံးသွားပြီး သဘာဝပတ်ဝန်းကျင်ပါပျက်စီးသွားပါတယ်

၇ ။ Aung Hlat

မန္တလေးအနီးအမရပူရမြို့ပြစီမံကိန်း လုပ်ဆောင်နေဆဲပါရွေကြက်ယက် ကမ်းထိပ်မှပြန်စထားပါတယ်

ရေလွမ်းမြေပြင်ကိုပိတ်ပြီးဆောက်လုပ်ထား

အမရပူရတောင်မြို့မှာလည်းရေဝင် နေရာတော်တော်များများဆောက်လုပ်ရေးလုပ်ငန်းများအတင်းဆောက်လုပ်နေပါတယ်

၈။ sawThet Khaing Win

(က) ချင်းတွင်းမြစ်ရဲ့ flood retention plain မှာ တောင်သူ သဘာ၀ လုပ်ထားတဲ့ check ၄ခု ရှိတယ် DCE ၊အကျိုးပြု ဧရိယာက ဧက ၁၀၀၀၀ကျော်ပါတယ် ၊ flood ကိုနေရာပေးရင်း မူလ flood plain ပေါ် က မြေဆီမြေနှစ်ကောင်းတဲ့နေရာတွေပါ၊

ရှိပြီးသား တွေ ကို modify လုပ် ပေးရုံ သက်သက်မို့ ကုန်ကျစရိတ်လဲ မများနိုင်ပါ။

နေရာက မုံရွာ အ၀င် ချောင်းဦးအမြင့် နေရာတွေ ကို modify လုပ် development လုပ် ပြီး

မူလ တောင်သူစိုက်နေကျ ဟင်းသီး ဟင်းရွက် (ကြက်သွန် ၊ခရမ်းချဉ်၊ ခရမ်းသီး ၊ဘူး၊ဖယုံ ၊ပြောင်းဖူး တွေ ကို တအုပ်တမ စိုက်ဖို Horticulture Zone လုပ်ပေးပြီး MDY ဈေးကွက် ကို ဖြန့်နိုင်ဖို့ကလဲ မဝေး (driving hour with in two hours ) မို့ လို့ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေ စိတ်၀င်စားပြီး အကောင်အထည်‌‌ေဖါ်လိုက်ရင်

ဘယ်လောက်အကျိုးရှိမလဲ SE ခင်မျာ။

(ခ) ရတနာပုံတံတားကဆင်း အမြန်လမ်းပေါ်တက်တဲ့ (အိုးထုတ်တန်း ဂိတ် ) အနီး flood plain ဈေးပေါတဲ့သဲ တွေခင်း အများကြီး တိုးတက်အောင် လုပ်ပစ်ထားတာတွေ လက်တွေ့ပါဘဲ DCE ရာ။

၉။ Dr.Ohn Myint

မြန်မာနိုင်ငံမြစ်ကြီးများဖြစ်သည့် ဧရာဝတီ ချင်းတွင်းစစ်တောင်းစသည်တို့မှာ ကမ္ဘာ့မြစ်ကြီးများစာရင်းဝင်လောက်သည့်ရေစီးရေလာပမာဏများသောမြစ်ကြီးများဖြစ်ပါသည်။ မိုးအားကောင်းသော မိုးရေခဲဧရိယာများအခြေ ပြုခြင်းမှစတင်ပါသည်။ မိုးများ၍ရေကြီးခြင်းဘေးအန္တရာယ် ကိုမြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ မှာသာမက ဖွံ့ဖြိုးပြီး နိုင်ငံများ တွင်ပင်နှစ်စဉ်လိုလို နည်းလမ်းများစွာနှင့်ငွေကျေးအကုန်ခံကာ ကာကွယ်မှုပြုသည့်ကြားမှ ရေကြီးဆုံးရှုံးမှုများဖြစ်ပေါ်နေဆဲဖြစ်ပါသည်။ စာတမ်းတွင်လည်းဖေါ်ပြထား ပါသည်။ အချုပ်အားဖြင့်ပြောရပါက ရေသည် အခြားဝတ္ထုပစ္စည်းများကဲ့သို့ ဖိသိပ်ခြင်းမရသော non compressible fluid အရည်ဖြစ်ပါ၍ ဆွေးနွေးထားသည့်အတိုင်း “ရေကိုလျေက်သာစီးဆင်းသာအောင်နေရာပေးထားရပါသည်”။ ငွေကြေးတတ်နိုင်သောနိုင်ငံများတွင် စီမံကိန်းများပြု၍ တည်ဆောက်ရေးများပါဝင်သော ကာကွယ်ရေးနည်း ကာလ အခေါ် အညိုရောင်ကာကွယ်နည်း brown or grey protection နှင့် တည်ဆောက်မှုလုံးဝမပါဝင်သော အစိမ်း(သို့)အပြာရောင်ကာကွယ်နည်း green or blue protection.များပေါင်းစပ်ကာကွယ်မှုပြုလုပ်ကြပါသည်။ ဒုတိယနည်းမှာ ငွေကုန်ကျေးကျမရှိသော်လည်း သဘာဝ အခြေ ခံဂေဟာတရားများကို လူများရောအုပ်ချုပ်သူအစိုးရကပါ ဂရုပြုလိုက်နာကျင့်သုံးရန်လိုအပ်ပါသည်။

END

ရည်ညွှန်းစာ ( ၂ )

မြစ်တို့၏ အခွင့် အရေး ။ အေးမြင့် (ညောင်တုန်း) ၏ ဆောင်းပါးအပေါ် ဦးကျော်ဦး၏ တည်းဖြတ် ဖြည့်စွက် ချက် များဖြင့် ဆောင်းပါး ။ kyawoo.com web page အင်တာနက်စာမျက်နှာ နှင့် ayemyint.blog

အင်တာနက် စာမျက်နှာ ။

မှတ်ဖွယ်မှတ်ရာ စာပဒေသာ

General Knowledges and Water Resources Management in Myanmar

Menu

Skip to content

14 JUL 2023

UAMYINT

မြစ်တို့ရဲ့အခွင့်အရေး (အေးမြင့်-ညောင်တုန်း)

သက်ရှိ လူတွေအတွက် Human Right လူ့အခွင့်အရေးတွေသာမက သက်မဲ့ မြစ် ချောင်း တွေအတွက် River Right မြစ်အခွင့်အရေးတွေကိုပါ။ အလေးထား ဆောင် ရွက် ပေး နေတဲ့ ရေနိုင်ငံ၊နယ်သာလန် နိုင်ငံ

မြစ်တို့ရဲ့အခွင့်အရေး (အေးမြင့်-ညောင်တုန်း)

kyawoo.com internet web page မှ ပြန်လည်ကူးယူ ဖေါ်ပြပါသည်

တစ်ခေတ်တစ်ခါက ရေကြီးမှုတွေကာကွယ်ဖို့ဆိုရင် မြေသားတာတမံတွေ အခိုင်အမာ တည်ဆောက် မြှင့်တင်ပြီး ကာကွယ်ခဲ့ကြပါတယ်။ Structural Measure လို့ဆိုတဲ့ အင်ဂျင်နီယာ အဆောက်အအုံနဲ့ ဖြေရှင်းတဲ့နည်းပေါ့။ ရေဘေးကာကွယ်ရေးတွေ အဓိကလုပ်နေတဲ့ ကျွန်တော်တို့ရဲ့မိခင်ဌာန ဆည်မြောင်းမှာလည်း ဒီနေ့အထိ ဒီနည်းပဲ အဓိကထားလုပ်နေတာပါ။

ဒီအကြောင်းအရာနဲ့ ဆက်နွှယ်ပြီး “ဧရာဝတီရေကြီးမှု ပြဿနာကို ဆည်မဆောက်ဘဲ တာဆင့် တာမြှင့်နည်းတွေနဲ့ လုပ်လို့မရနိုင်ဘူးလား”လို့ ကမ္ဘာ့ဘဏ်မှာ ဒီနေ့အထိ အတိုင်ပင်ခံအင်ဂျင်နီယာလုပ်နေတဲ့ ဝါရင့်ဆရာသမားတစ်ဦးကို ကျွန်တော် မေးမြန်းခဲ့ဖူးပါတယ်။ “နှစ်တိုင်း အနည်နဲ့နုန်းပို့ချလို့ မြင့်တက်လာတဲ့ ဧရာဝတီမြစ်ကြမ်းပြင်အတိုင်း တာတွေ လိုက်မြှင့်နေမှာလား”လို့ ဆရာက ကျွန်တော့ကို ပြန်မေးပါတယ်။

သုတေသနလေ့လာမှု အလွန်တရာအားနည်းတဲ့ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ အင်ဂျင်နီယာတွေဟာ ဧရာဝတီအကြောင်း၊ ပြီးတော့ ရေကြီးမှုကာကွယ်ရေး အကြောင်း အများကြီး ဆက်လက် လေ့လာဖို့ လိုနေသေးတယ် ဆိုတာကို ဆရာရဲ့စကားကို ထောက်ပြီး သိသာပါတယ်။ အချိန်တွေပြောင်း ခေတ်တွေ ပြောင်းလာတော့ အတွေးအခေါ် အယူအဆတွေလည်း ပြောင်းလဲရမယ်ဆိုတာကို သိဖို့လိုပါတယ်။

ကျွန်တော်တို့ မြစ်ဝကျွန်းပေါ်ဒေသ ရေစီမံခန့်ခွဲမှုပညာတွေ သင်ယူခဲ့ရာ နယ်သာလင်နိုင်ငံက ဒတ်ချ်ပညာရှင်တွေကတော့ ရာသီဥတုကမောက်ကမ ပြောင်းလဲနေတတ်တဲ့ ခေတ်နဲ့အညီ ရေဘေးကာကွယ်ရေးနည်းစနစ် အယူအဆအသစ်တွေကို တီထွင်ကြံဆပြီး လက်တွေ့ အသုံးချနေကြပါပြီ။

သူတို့ရဲ့ အခြေခံအယူအဆကတော့ ရိုးရိုးစင်းစင်းလေးပဲ။ လူသားတွေမှာ လူ့အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ ရှိကြသလို မြစ်ချောင်းတွေမှာလည်း မြစ်အခွင့်အရေးရှိရမယ်လို့ ဒတ်ချ်ရေပညာရှင်တွေက တွေးပါတယ်။

မြစ်အခွင့်အရေးက ဘာများပါလိမ့်။

မြစ်တွေ ချေုာင်းတွေမှာ ပုံမှန်ရေစီးအပြင် ပိုလျှံများပြားလာတဲ့ ရေတွေပါ ကောင်းကောင်းစီးနိုင်အောင် လုံလောက်တဲ့နေရာ ရှိဖို့လိုအပ်တယ်ဆိုတာပါပဲ။

တကယ်တော့ ပုံမှန်မြစ်ရေစီးအတွက်သာမက ရေများချိန် ရေကြီးချိန်တွေမှာ လွတ်လွတ်လပ်လပ် စီးနိုင်အောင် နေရာတွေ လမ်းကြောင်းတွေကို သဘာဝက ဖန်တီးပေးထားပြီးသားပါ၊ အဲဒီလို နေရာတွေ လမ်းကြောင်းတွေကို ရေလွှမ်းလွင်ပြင် Flood Plain လို့ ခေါ်ပါတယ်။ ဧရာဝတီနဲ့ပဲ ဥပမာပေးရရင် နွေအခါမှာ ရေစီးလမ်းကြောင်းက ပျမ်းမျှတစ်မိုင်လောက်ပဲ ကျယ်ပေမယ့် မိုးရာသီမှာတော့ ရေသွားလမ်းကြောင်း သို့မဟုတ် ဧရာဝတီရေလွှမ်းလွင်ပြင်ဟာ လေးမိုင်ကနေ ငါးမိုင်အထိ ရှိနေတတ်ပါတယ် ။

ရေကြည်ရာ မြက်နုရာဆိုတဲ့အတိုင်း လူတွေဟာ လူမှုစီးပွားဘဝအတွက် မြစ်ကမ်းနားဖူးပေါ်မှာ၊ မြစ်ကြီးတွေ အနီးအနား ရေလွှမ်းလွင်ပြင်ပေါ်မှာ ကျူးကျော်အခြေချနေထိုင်လာကြတော့ ရေလွှမ်းလွင်ပြင်တွေဟာ တစ်နှစ်ထက်တစ်နှစ် ကျုံ့ဝင်လျော့နည်းလာတော့တယ်။

ရေလွှမ်းလွင်ပြင်တွေ ကျုံ့ဝင်သွားပေမယ့် မြစ်ရေက နည်းမသွားဘဲ ရာသီဥတုပြောင်းလဲမှုကြောင့် အချို့နေရာတွေမှာ မိုးပိုရွာ ရေပိုစီးလာတယ်၊ မြစ်ရေတွေဟာ ကမ်းပါးကိုကျော်ပြီး ရေကြီးရေလျှံတာတွေ ဖြစ်တော့တာပေါ့။ အဲဒီအချက်ဟာ ဧရာဝတီမြစ်ရိုးတစ်လျှောက် ရေကြီးရခြင်းအကြောင်းအချက်တွေ များစွာထဲက တစ်ခု ဖြစ်ပါတယ်။

ကျွန်တော်တို့က အလေးအနက်မတွေးပေမယ့် ဒတ်ချ်အင်ဂျင်နီယာတွေက ဒီအချက်ကို အလေးထားကြတယ်။ သူတို့နိုင်ငံရဲ့ မြစ်ဝကျွန်းပေါ်မှာ တာတွေဆောက်ပြီး ရေဘေးကာကွယ်ခဲ့သော်လည်း မြစ်ရေကြီးမှုတွေ ဆက်ဖြစ်နေတော့ သမားရိုးကျ အတွေးအခေါ်ကို မြေလှန်လိုက်ပြီး ရေကြီးတတ်တဲ့ တချို့နေရာတွေမှာ မြစ်အတွက် ရေလမ်းကြောင်းပေးနိုင်ဖို့ လုံလောက်တဲ့ အကွာအဝေးရောက်တဲ့အထိ တာတွေကို နောက်ဆုတ်ပေးကြတယ်။ ရေလွှမ်းလွင်ပြင်တွေကို ချဲ့ကြတယ်၊ ပြန်ဖော်ကြတယ်။ တစ်နည်းပြောရရင် မြစ်အခွင့်အရေးဖြစ်တဲ့ မြစ်ရေစီးဖို့နေရာ(Room for the River)ပေးတယ်ပေါ့။

နယ်သာလန်မှာ ရေလွှမ်းလွင်ပြင်တွေ ချဲ့နေ ပြုပြင်နေကြတဲ့ နေရာတွေကို အောက်ပုံမှာ တွေ့နိုင်ပါတယ်။

ရေလွှမ်းလွင်ပြင်ကို ဘယ်လိုချဲ့ပြီး ဘယ်လိုပြုပြင်သလဲဆိုတာ အောက်မှာ လေ့လာနိုင်ပါတယ်။

ဒတ်ချ်အင်ဂျင်နီယာတွေဟာ ရေဘေးကာကွယ်ရေးအတွက် ဒီနည်းအပြင် နှစ်တိုနှစ်ရှည် စီမံကိန်း ကြီးငယ်တွေနဲ့ အားထုတ်နေကြတယ်၊ အားမထုတ်လို့လည်း မဖြစ်ဘူးလေ၊ သူတို့ တိုင်းပြည်ဧရိယာရဲ့ သုံးပုံတစ်ပုံလောက်က နဂိုကတည်းက ပျမ်းမျှပင်လယ်ရေပြင်ထက် နိမ့်နေတာ၊ သူတို့ဘိုးစဉ်ဘောင်ဆက်က အားထုတ်ခဲ့လို့ သူတို့အခုလိုနေနိုင်တာ၊ “God created the earth, but the Dutch created the Netherlands” ဘုရားသခင်က ကမ္ဘာကြီးကို ဖန်ဆင်းတယ်၊ ဒတ်ချ်လူမျိုးတွေက နယ်သာလန်ကို ဖန်ဆင်းတယ်ဆိုတဲ့ စကားတောင် ရှိတယ်မဟုတ်လား။

ဆက်စပ်လေ့လာရန် မြစ်ရေကိုနေရာပေးခြင်း

FacebookTwitterLinkedInTelegramMore

Reblog

Like

Be the first to like this.

Related

Cooling the Cities သစ်တောသစ်ပင် ချစ်ခင် တဲ့နိုင်ငံ စင်ကာပူ

18 Jun 2024

In “Agriculture စိုက်ပျိုး ရေး”

ဆည် မြောင်းရေးရာ ၊ ဆည်တမံ ရေ လှောင်ကန် ရေးရာ ၂/၂ မြစ်ဆုံ အကြောင်းသိကောင်းစရာ ၊

17 Jun 2024

In “Ayeyarwady Delta. / ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသ”

မြန်မာနိုင်ငံ ရေကြီးရေလျှံမှု အန္တရာယ်များနှင့် ယင်းတို့ကို လျော့ပါးသက်သာစေနိုင်သည့် နည်းလမ်းများ။ ON FEBRUARY 23, 2024 BY UKYAWOO

23 Feb 2024

In “Agriculture စိုက်ပျိုး ရေး”

ရည် ညွှန်းစာ ( ၃ )

မြစ်ရေကိုနေရာပေးခြင်း kyawoo.com ( 17 September 2021 )

မြစ်ရေကိုနေရာပေးခြင်း

ON SEPTEMBER 17, 2021 BY UKYAWOOIN ADAPTATION AND RESILIENCE, CLIMATE CHANGE, FLOODS

မြစ်တစ်စင်း ချောမွေ့သန့်ရှင်းစွာ စီးဆင်းနေနိုင်ခြင်းတွင် မြစ်ကြမ်းပြင်၊ မြစ်ကမ်းပါးစသည်တို့ မပျက်စီးဖို့ လိုသည့်အပြင် ရေဝေဒေသ၊ ရေလွှမ်းလွင်ပြင်တို့ကို ထိန်းသိမ်းခြင်းကလည်း အရေးပါသည်။

သဘာဝပတ်ဝန်းကျင် ယိုယွင်းလာသောခေတ်တွင် ရေဝေဒေသ၏ တန်ဖိုး၊ ရေဝေဒေသအား ကောင်းစွာ ထိန်းသိမ်းရမည်ဆိုသည်တို့ကို သိလာကြသော်လည်း ရေလွှမ်းလွင်ပြင်၏အရေးပါပုံကိုမူ ကျယ်ပြန့်စွာ မသိကြသေးချေ။

ရေလွှမ်းလွင်ပြင်ဆိုသည်မှာ ပုံမှန်ထက်တိုးလာသောမြစ်ရေများ ကမ်းပါးတစ်ဖက်တစ်ချက်ကို ကျော်လွန်ကာ အချိန်ကာလတစ်ခုအထိ လွှမ်းမိုးဖုံးအုပ်သွားသော နယ်မြေဖြစ်သည်။ မြစ်ရေပြန်ကျသောအခါ ရေလွှမ်းလွင်ပြင်ရှိရေလည်း အတူလိုက်ပါကျဆင်းသည်။

ရေလွှမ်းလွင်ပြင်က ရေကို ယာယီထိန်းထားခြင်းကြောင့် မြစ်အောက်ပိုင်းဒေသများတွင် ရေဘေးအန္တရာယ် လျော့နည်းသည်၊ ဥပမာ အမေရိကန်နိုင်ငံ မစ္စစ္စပီမြစ်ရိုးတလျှောက်ရှိ ရေလွှမ်းလွင်ပြင်များသည် ရေဧကပေ ၃၉ သန်းကို ယာယီလက်ခံထားခြင်းဖြင့် မြစ်ရေကြီးမှုကို ထိန်းသိမ်းပေးနိုင်သည်။ (ဧကပေသည် တစ်ဧက အကျယ်၊ တစ်ပေအနက်ရှိ ရေထုထည်ဖြစ်သည်။) ရေလွှမ်းလွင်ပြင်များအား ပြန်လည်ထိန်းသိမ်းခြင်းဖြင့် မစ္စစ္စပီမြစ်ရိုးတလျှောက် ဖြစ်ပေါ်နေသော ရေလွှမ်းမိုးမှုများကို လျော့နည်းအောင် ထိန်းချုပ်နေကြရာ အောင်မြင်မှုများ ရနေသည်။

ရေလွှမ်းလွင်ပြင်၏ အခြားအကျိုးကျေးဇူးများမှာ လျှံတက်လာသောမြစ်ရေများ ရေလွှမ်းလွင်ပြင်ရှိ မြေသားထဲစိမ့်ဝင်ကာ မြေအောက်ရေကို ဖြည့်တင်းပေးသည်၊ ရေလွှမ်းနယ်ပယ်တွင် ဂေဟစနစ်များ ရှင်သန်ကာ မြစ်ရေပါ ညစ်ညမ်းဓာတုပစ္စည်းများကို သန့်စင်ပေးသည်။ မြစ်အထက်ပိုင်းမှ စီးဆင်းလာသောရေတွင် ပါလာသော သဘာဝဓာတ်မြေသြဇာနုန်းအနည်အနှစ်များ ရေလွှမ်းလွင်ပြင်တွင် အနည်ထိုင်ပို့ချသဖြင့် မိုးနှောင်း၊ ဆောင်းနှင့် နွေရာသီတို့တွင် စိုက်ပျိုးရေးကောင်းစွာ ဖြစ်ထွန်းသည်။

ရေလွှမ်းလွင်ပြင်များ၏အကျိုးကျေးဇူးများကို တစ်ချိန်က အမှတ်တမဲ့နေမိခဲ့ကြကာ မြို့ပြများထူထောင်ခြင်း ဟူသော အမှားကို ကျူးလွန်ခဲ့ကြသည်။ ဥရောပတွင် မြို့ကြီးအများအပြားသည် ရေလွှမ်းလွင်ပြင်ပေါ်တွင် တည်မိခဲ့ကြသဖြင့် ယခုအခါ ဥရောပရေလွှမ်းလွင်ပြင်ဧရိယာ၏အများဆုံး ၃၀ ရာခိုင်နှုန်းသာ သဘာဝအတိုင်းကျန်တော့သည်။

ဥရောပရေလွှမ်းလွင်ပြင် ၃၇ ခု၏ အခြေအနေကို လေ့လာဆန်းစစ်ချက်တစ်ခုလုပ်ခဲ့ရာ လွင်ပြင်အားလုံးသည် ကျေနပ်လောက်သောအခြေအနေတွင် မရှိတော့ကြောင်း တွေ့ခဲ့ရ၍ ရေလွှမ်းလွင်ပြင်ထိန်းသိမ်းရေး ပြန်လည်ထူထောင်ရေးတို့ကို အရေးတကြီး လုပ်ဆောင်နေကြရသည်။(ရည်ညွှန်း- The European Environment Agency (EEA))

နိုင်ငံ့ဧရိယာအများအပြား ပင်လယ်ရေမျက်နှာပြင်အောက်တွင် တည်ရှိသောနယ်သာလန်နိုင်ငံတွင် ရေလွှမ်းမိုးမှုအန္တရာယ်သည် မြစ်ညာပိုင်းဒေသတို့ထက် ပိုမိုကြီးမားသဖြင့် ရေဘေးအန္တရာယ်မှ လျော့နည်း သက်သာအောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်ခဲ့သည့်အပြင် ယခုအခါ Room for the Rivers Programme (မြစ်ရေကိုနေရာပေးခြင်းအစီအစဉ်) ကိုလည်း ဆောင်ရွက်နေရာ အစိတ်အပိုင်းအတော်များများ အပြီးသတ်ထားနိုင်ပြီး လာမည့်နှစ်တွင် လုံးဝပြီးစီးတော့မည်။

အခြားနိုင်ငံများတွင် ရေကြီးရေလျှံမှုကို တာရိုးများဆောက်လုပ်ခြင်း၊ ရှိပြီးတာများကိုမြှင့်တင်ခြင်းစသဖြင့် ကာကွယ်ကြသော်လည်း နယ်သာလန်တွင်မူ သမားရိုးကျနည်းများအပြင် မြစ်ရေများကို ပိုမိုနေရာပေး၍ စီးဆင်းစေခြင်းဖြင့် ရေလွှမ်းမိုးမှုကို သက်သာရာရစေသည်။ မြစ်ရေကိုနေရာပေးခြင်းအစီအစဉ်Room for the Rivers Programmeအရ မြစ်ချောင်းများ တူးမြောင်းများကို ပို၍နက်အောင်တူးသည်။ ရေစီးရေလာအဟန့်အတားများကို ဖယ်ရှားသည်။ အချို့နေရာများတွင် ရေလွှမ်းလွင်ပြင်ကို ပို၍နက်အောင်တူးကာ ယာယီရေလှောင်နိုင်မှုပမာဏကို တိုးမြှင့်သည်၊ အချို့နေရာများတွင် ရေလမ်းကြောင်းအသစ်များ ဖောက်လုပ်သည်၊ ရှိပြီးတာရိုးများကို မြစ်နှင့်ဝေးရာသို့ နောက်ဆုတ်ကာ ရေလွှမ်းလွင်ပြင်ကို ပိုမိုကျယ်ပြန့်စေသည်။

ထိုသို့လုပ်ဆောင်ခြင်းကြောင့် ယခုနှစ် ဇူလိုင်လက ဥရောပနိုင်ငံအများအပြားတွင် ပုံမှန်ထက် ထူးကဲ ပြင်းထန်သောမိုးကြောင့် လူသေဆုံးမှုနှင့် ပျက်စီးမှုအများအပြားရှိခဲ့သော်လည်း နယ်သာလန်တွင်မူ လူသေဆုံးမှုလုံးဝမရှိခဲ့ဘဲ အခြားနိုင်ငံများနှင့်စာလျှင် အပျက်အစီး သိသာစွာနည်းပါးခဲ့သည်။ ရေလွှမ်းလွင်ပြင်ချဲ့ထုတ်ခြင်းအပါအဝင် မြစ်ရေကိုနေရာပေးခြင်းအစီအစဉ်၏ အကျိုးကို (စီမံကိန်းမပြီးမီကပင်) လက်ငင်းလက်တွေ့ ခံစားလိုက်ကြရသည်။ သူတို့ဆီတွင် မြစ်ရေကိုနေရာပေး၊ ရေလွှမ်းလွင်ပြင်များကို ထိန်းလို့ရတာထိန်း ချဲ့လို့ရတာချဲ့ကြကာ ရာသီဥတုပြောင်းလဲမှု၏အကျိုးဆက်တစ်ခုဖြစ်သော ရေလွှမ်းမိုးမှုဒဏ်ကို လျော့နည်းစေနိုင်သည့်အချိန်တွင် ရာသီဥတုပြောင်းလဲမှု၏ဒဏ်ကိုခံရနိုင်ခြေ အမြင့်ဆုံးထဲတွင်ပါသောမြန်မာနိုင်ငံတွင်မူ ပြောင်းပြန်လုပ်နေကြသည်။

မြို့ပြတိုးချဲ့ဖို့လိုအပ်သည်ဆိုကာရေလွှမ်းလွင်ပြင်များကိုပင်အလွတ်မပေးဘဲ (ရေလွှမ်းလွင်ပြင်ဖြစ်သည်ဟုသတိမထားမိဘဲ) မြေဖို့ချဲ့ထွင်အကွက်ဖော်နေကြရာ

သစ်တောပြုန်းတီးခြင်း၊ တရားမဝင်သတ္တုတူးဖော်ခြင်းတို့ကြောင့် မြေစာများ မြစ်အတွင်းသို့ရောက်ကာ မြစ်ကြမ်းပြင်မြင့်တက်လာပြီး မြစ်ရေစီးအတွက် နေရာကျုံ့လာလျက်ရှိသည်။

မြို့ပြတိုးချဲ့ဖို့လိုအပ်သည်ဆိုကာ ရေလွှမ်းလွင်ပြင်များကိုပင် အလွတ်မပေးဘဲ (ရေလွှမ်းလွင်ပြင်ဖြစ်သည်ဟု သတိမထားမိဘဲ) မြေဖို့ ချဲ့ထွင် အကွက်ဖော်နေကြရာ အခြားမြစ်များသာမက ဧရာဝတီ၏ ရေလွှမ်းလွင်ပြင်အချို့သည်ပင် မြို့ပြနယ်မြေများအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာနေသည်။ အချို့နေရာများတွင် ရေလွှမ်းလွင်ပြင်သာမက မြစ်ထဲအထိပါ တိုးချဲ့မြေဖို့နေကြသည်။

ယင်းလုပ်ရပ်များကြောင့် ရေကြီးရေလျှံမှုအပါအဝင် ရာသီဥတုပြောင်းလဲခြင်း၏ဆိုးကျိုးများကို မြန်မာတို့ လက်ရှိထက် ပိုခံစားကြရမည်မှာ သေချာလှသည်။

Share this:

Click to share on Twitter (Opens in new window)
Click to share on Facebook (Opens in new window)

Reblog

Like

Be the first to like this.

Related

ရေလွှမ်းလွင်ပြင်ကိုအသုံးချခြင်း

September 17, 2021

In “Water”

မြန်မာနိုင်ငံ ရေကြီးရေလျှံမှု အန္တရာယ်များနှင့် ယင်းတို့ကို လျော့ပါးသက်သာစေနိုင်သည့် နည်းလမ်းများ

February 20, 2024

In “Climate Change”

ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ

October 10, 2021

In “Water”

INNOVATIONS

Post navigation

PREVIOUS

ဂရင်းလန်းကျွန်းတွင် မိုးရွာခြင်း

NEXT

ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ရန် အားထုတ်လုပ်ဆောင်နိုင်သူ

Related Posts Youtube video

How the Netherlands built a country below sea level that shouldn’t exit .

Netherlands flood engineering construction: how a country built six impossible structures to keep 17 million people alive on land that should be underwater.

On February 1, 1953, the dikes failed. Engineers rebuilt the entire coastline from scratch — $13 billion of construction across 43 years, declared one of the Seven Wonders of the Modern World by the American Society of Civil Engineers.

This documentary covers the full engineering and construction process across every structure: the 32km Afsluitdijk built across open sea, the Flevoland polders engineered from drained seabed, the caisson dams built on land and sunk into tidal estuaries, the Oosterscheldekering — 65 engineered piers and 62 steel gates across 9km of open water — the Maeslantkering built to seal Rotterdam with two 210m floating arms, and the Ramspol rubber-Kevlar bladder engineered to rise from the riverbed with no moving parts.

What’s in this video:
How engineers built the 32km Afsluitdijk and closed the final gap in one afternoon
How engineers drained a lake and built Flevoland — a province of 1.5 million from the seabed
How 5,000-tonne caissons are built on land, floated out, and sunk into tidal estuaries
How the Oosterscheldekering was engineered: 65 piers, 62 gates, 9km sealed since 1986
How the Maeslantkering was engineered: two 210m arms that float, swing shut, and sink
How the Ramspol bladder barrier rises 10 metres from the riverbed engineered with no steel gates

Subscribe to NEXTGEN MANUFACTURING to understand the incredible machines, blueprints, and megaprojects that built our world.

DeltaWorks #Megaprojects #HowItsMade #Netherlands #FactoryTour #Engineering #CoastalEngineering #Construction #InsideTheFactory #NetherlandsEngineering #Flood #FullProcess #Aviation #Trending

⚠️ IMPORTANT: ABOUT THIS VIDEO

This is an educational documentary analyzing the engineering and construction of public infrastructure, based entirely on open-source information. All visuals and animations are 100% synthetic, AI-generated conceptual representations. No real footage of the construction sites or personnel was used. This video is purely informational and intended for educational purposes only.

Music Credits:
Music: Phobia by Soundridemusic
Link to Video:

https://youtu.be/PwOdkmgGdvc?is=39qEzrSTvDrOV4eg

Wonders of the Netherlands that shouldn’t exit .

Documentary about the Netherlands, also known as Holland, one of the most incredible countries in the world.

https://youtu.be/8O8TIoHpKXQ?is=CoOz29zKm82FWGRL