စန္ဒယား လှ ထွတ် ၊ တေးရေးတေးဆို ဂန္တဝင် ဂီတစာဆို စန္ဒယား လှ ထွတ်၏ ဂန္တဝင် သီချင်းကောင်းများ ။နှင့် ဇနီးအဆိုတော် ချိုဝေလွင်

https://youtu.be/D6kwhAkeSuc?is=kPRqI4aHrT8M4zgw

ဝါးခယ်မဟုခေါိပါသည် ရှားပါး သီးချင်း

မူရင်းတေးသံရှင် ဝင်းဦး၊ချိုဝေလွင်

https://youtu.be/4RzwEMuGrSc?is=zRa1zPRr-OeDMhoG

စန္ဒယား လှ ထွတ်၏ ရုပ်ရှင်ဇာတ်ဝင်ဇာတ်ပို့တေးများ

https://youtu.be/LLywPjQNj10?is=0xpTLBU8UUk4ZyVS

ကိုမြတ်လင်းမိခင်ကွယ်လွန်

https://youtu.be/e_oXJZZlyvE?is=jlDDxB_6j0XboBi7

ဘဝမှတ်တမ်းရုပ်သံ

https://youtu.be/gXq0iMFDNmQ?is=Ab0r2EQfs5F_IJL2

https://youtu.be/06lGFScm10I?is=gA9OQrQsULUxXkUw

ကျောင်းသူ ဘဝကတည်းက အဆိုပြိုင်ပွဲတိုင်း ဝင်ပြိုင်ရင်း အဆိုတော် ဖြစ်လာတာပါ။ ဆိုခဲ့တဲ့ သီချင်းတွေထဲမှာ “ခရီးဖော်” သီချင်းလေးနဲ့ ပရိသတ်တွေ ကြားထဲ အောင်မြင်မှု ရရှိခဲ့တယ်။ ခရီးသွားရင်း ကိုယ်တိုင် ကြုံခဲ့တဲ့ အမှတ်တရလေးကို ခင်ပွန်းကို ပြောပြလိုက်တော့ သူက သီချင်း ပြန်စပ်ပေးခဲ့တာပါ” လို့ ဂီတသက်တမ်း အမှတ်တရတွေ ပြောလာတဲ့ အသက် (၈၃) နှစ်၊ အဆိုတော် ဒေါ်ချိုဝေလွင် နှင့် ခဏတာ။

‪@MyanmarCelebrity‬ Update: Senior Vocalist Daw Cho Wai Lwin talks about memories of her music artist career. #ချိုဝေလွင် #စန္ဒရားလှထွတ် #ခရီးဖော် #KhaYeePhaw #ChoWaiLwin #MyanmarSinger #MyanmarVocalist #မြန်မာအဆိုတော် #PianoHlaHtut #MyanmarMusicComposer #MyanmarMusicNews

https://youtu.be/gXq0iMFDNmQ?is=w2Y5gEpprOu8VZqg

ခရီးဖေါ်

https://youtu.be/9G2r5zT2siI?is=EKP1glKvmzCrqhiP

https://youtu.be/vyZnt-8xC4g?is=r8C5bLUuPnB3D7hk

https://youtu.be/24-EdwKnjSk?is=4VXoz5WAt1yB1b8o

https://youtu.be/AGPHTPwZl0c?is=dwbe-jPBZv3-B8UM

https://youtu.be/3OFTzgel4QM?feature=shared

https://youtu.be/9G2r5zT2siI?is=lLGK_8e8LCb3tIui

ချိုဝေလွင် ရေဒီယိုနှင့်ရုပ်ရှင်တေးများ

ချိုဝေလွင် – ရေဒီယိုနှင့် ရုပ်ရှင်တေးများ

00:00 – 01 ကမ္ဘောဇ
03:52 – 02 ခရီးဖေါ်
07:53 – 03 ချစ်စရာအတွေးကလေးများ
11:50 – 04 ချစ်သူကိုအပြစ်မယူပါနဲ့ကွယ်
18:19 – 05 ချစ်တေး
21:31 – 06 စာပြန်လိုက်ပါတယ်
24:37 – 07 တယောက်တည်းအတွက်ထားတဲ့စေတနာ
29:09 – 08 ဒကာတော်ရေမြေ့ရှင်
34:35 – 09 ပုဂံအလှရှာပုံတော်
40:01 – 10 ဘယ်သွားနေလဲမောင်ရေခဲ
43:04 – 11 မိန်းမသားတို့အချစ်မကြေငြာသောစစ်
47:10 – 12 မြတ်နိုးရသူမို့
51:36 – 13 ရှင့်ကဗျာရှင်
57:21 – 14 လာမချော့လာနဲ့မောင်(စန္ဒယားလှထွဋ်)
01:00:44 – 15 အချစ်ဆိုတဲ့မျှားကလေး
01:04:32 – 16 မောင့်ကိုအင်မတန်ကျေးဇူးတင်
01:09:05 – 17 ဘယ်မှာလဲဖူးစာရှင်ရယ်(ချစ်ကံဆုံတဲ့မောင်မယ်တွေ)
01:11:23 – 18 အချစ်ဆိုတာဘာလဲဟင် (ပြန်လည်ဆုံဆည်းကြမယ်အချစ်ရယ်)
01:13:41 – 19 +ခင်မေထွဋ် – အားလပ်သောနေ့ (ချစ်အားငယ်ရသူမယ်)

( ဖြူနီပြာဝါတေးသံသာများ Blog မှကူးယူ၍ ပြန်လည်မျှဝေထားခြင်းဖြစ်ပါသည်။ )

https://youtu.be/HtwcROMNjrI?is=aSCVaf_vCkONm780

အဆိုတော်ကြီးချိုဝေလွင်၏ ဘဝမှတ်တမ်း ရုပ်သံ

https://youtu.be/06lGFScm10I?is=eeJANduzumi4jsMm

ချိုဝေလွင်နာရေး

စန္ဒရားလှထွတ် ၏ ဇနီးဖြစ်သူ မြန်မာသံ အဆိုတော်ကြီး ချိုဝေလွင် လူကြီးရောဂါဖြင့်ကွယ်လွန်

မြန်မာသံတော်အဆိုတော်ကြီးချိုဝေလွင်သည် စန္ဒရားလှထွတ် ၏ ဇနီးဖြစ်ကာ ဂီတမှူး ကိုမြတ်မင်း၏ မိခင်ဖြစ်ပြီး လာမည့်ဝါဆိုလပြည့်တွင် အသက် ၈၅ နှစ် ပြည့်မည်ဖြစ်ကြောင်း သိရသည်။

စန္ဒရားလှထွတ် ချိုဝေလွင်

Hall_Of_Fame

https://youtu.be/t63XbPzepTQ?is=E5KqVHhlVHwPhDZ9

စန္ဒယား လှ ထွတ် ( ဝီကီပီးဒီးယား မှ )

မွေးဖွား

မောင်လှထွတ်(ခ) မောင်လှထွဋ်

၁၉၃၆ ခုနှစ်

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့

နိုင်ငံလူမျိုး

မြန်မာနိုင်ငံ

ပညာရေး

တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်

အလုပ်အကိုင်

ဂီတပညာရှင်၊ အဆိုရ

အိမ်ထောင်ဖက်(များ)

တေးသံရှင် ဒေါ်ချိုဝေလွင်

သားသမီး

ဇော်မျိုးထွဋ်

မိဘ(များ)

ဦးစံထူး(မြန်မာထူး)+ဒေါ်မြ

ရရှိသည့်ဆုများ

• အမျိုးသား စာပေဆု ‘သုတ စာပေဆု’

အလင်္ကာကျော်စွာ

စန္ဒရားလှထွတ်သည် ၁၉၃၆ ခုနှစ်တွင် ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့၌ အဖ ဦးစံထူး (မြန်မာထူး)၊ အမိ ဒေါ်မြတို့က မွေးဖွားခဲ့သည်။ မွေးချင်း ၇ ယောက် အနက် အငယ်ဆုံး ဖြစ်သည်။ အမည်ရင်း လှထွတ် ဖြစ်သည်။

ငယ်စဉ်က စစ်ပြီးခေတ်တွင် (၁၉၄၇ ခုနှစ်မှ ၁၉၅၁ အထိ) ရန်ကုန်မြို့၊ မြို့မ အမျိုးသား အမျိုးသမီးကျောင်း၌ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပညာများ စတင် သင်ကြားခဲ့ပြီး၊ (၁၉၅၁ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ) ရန်ကုန်မြို့၊ အမှတ် (၁) အစိုးရ အထက်တန်းကျောင်း (ယခင် ဟိုက်စကူးကျောင်း)၌ အထက်တန်းပညာ ဆက်လက် သင်ကြားရင်း တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် (ရန်ကင်းကောလိပ်) နှင့် မန္တလေး တက္ကသိုလ်များတွင် ဥပစာ (ဒုတိယနှစ်) အထိ ပညာ သင်ကြားခဲ့သည်။ ထိုအချိန် ကာလတွင် စန္ဒရားလှထွတ် အမည်ဖြင့် မြန်မာ့အသံ ဂီတလောက၊ ပြဇာတ်လောက၊ ကျောင်း၊ ကောလိပ် တက္ကသိုလ်၊ အနုပညာ လောကများ၌ အောင်မြင်နေသော ဂီတ ပညာရှင် ဖြစ်သည်။

စန္ဒရားလှထွတ်သည် ၁၉၆ဝ ခုနှစ်များ တဝိုက်တွင် ဂီတပညာရှင်၊ သီချင်းရေးဆရာ၊ ရုပ်ရှင် ဂီတမှူးအဖြစ် ထင်ရှား အောင်မြင်နေစဉ် အခြားတဖက်တွင် စာပေလက်ရာ ဆောင်းပါးများ၊ (နောင်ဘာသာပြန် ဝတ္ထုတိုများ) အထိ ရေးသားခဲ့သည်။ ဂီတ မဂ္ဂဇင်းများ ဖြစ်သော သောတရှင်၊ ဂီတပဒေသာ ဂီတမဂ္ဂဇင်းများတွင် ဂီတသင်္ကေတ ဆောင်းပါးများ ရေးသားပြီး၊ စောင်းဦးဘသန်းနှင့် တွဲဖက်၍ ‘ဂီတသင်္ကေတ ပညာ’ စာအုပ်၊ သူ၏ ‘တေးသင်္ကေတ’ စာအုပ်၊ နောက် ‘စန္ဒရားလှထွတ် ဘဝနှင့် တေးများ’ စာအုပ် ထုပ်ဝေခဲ့သည်။

ထို့နောက် စန္ဒါရုပ်စုံ မဂ္ဂဇင်းတွင် ‘မြန်မာဂီတ ရေစီးကြောင်း’ ဆောင်းပါးများ အခန်းဆက် ရေးသား တင်ပြရင်း မိုးဝေ၊ မဟေသီ၊ ရုပ်ရှင်တေးကဗျာ၊ ကလျာ၊ စာပေဂျာနယ်၊ အတွေးအမြင်၊ ရနံ့သစ်၊ မင်္ဂလာ မဂ္ဂဇင်းများတွင် ဆက်လက် ရေးသားခဲ့သည်။ နောင် ၁၉၉၅ ခုနှစ်တွင် နေရီရီ စာပေတိုက်မှ ‘မြန်မာ့ဂီတ ရေစီးကြောင်း’ စာအုပ် ထုတ်ဝေခဲ့ရာ ထိုနှစ်မှာပင် အမျိုးသား စာပေဆု ‘သုတ စာပေဆု’ ချီးမြှင့်ခံရသည်။

“စန္ဒရားလှထွတ်သည် ဂီတပြီးလျှင် စာပေသည် အကြီးမားဆုံးသော သံယောဇဉ် ဖြစ်သည်” ဟု အဆိုရှိသည်။ မြန်မာစာပေ လောကတွင် ဂီတ ပညာရှင်များ၊ တေးရေး ဆရာများ၊ အဆိုတော်များနှင့် သူတို့၏ ဂီတဆိုင်ရာ ဆောင်းပါးများ စဉ်ဆက်မပြတ် ရေးသား တင်ပြလေ့ရှိရာ မြို့မညိမ်း၊ ဂီတစာဆို ကိုလှမိုး၊ ရန်နိုင်စိန်၊ ဘိုကလေးတင့်အောင်၊ စစ်ကိုင်း ဦးလှရွှေ၊ ကိုသန်းလှိုင်၊ မောင်မောင်လတ်၊ မြတ်လေး၊ စန္ဒရားချစ်ဆွေတို့နှင့် အတူ စန္ဒရားလှထွတ်လည်း အပါအဝင် ဖြစ်သည်။

စန္ဒရားလှထွတ်သည် မြန်မာ့ဂီတ ဇစ်မြစ်နှင့် ကမ္ဘာ့ဂီတ သမိုင်းကြောင်းများကို အပတ်တကုတ် လေ့လာ ဆည်းပူးပြီး ရေးသားတင်ပြသူ ဖြစ်သည်။ “ဤစာအုပ်တွင် ဂီတနှင့် ပတ်သက်သော မူလဘူတ စူးစမ်းမှုများ၊ ဂီတ၏ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ဆင့်ကဲ တိုးတက် ပြောင်းလဲလာပုံ စသော ဂီတဗေဒ အကြောင်းအရာများနှင့် ဂီတ၏ ရသ၊ ဒဿန စသည့် သဘောတရားတို့ကို တီးခေါက် ရိပ်စားမိရန် လိုအပ်သည့် နေရာများ၌ ကမ္ဘာ့ဂီတနှင့် နှိုင်းယှဉ် ဖော်ပြထားပြီး မြန်မာ့ဂီတ သမိုင်းရေစီးကြောင်းကို ယနေ့ မျက်မှောက်ခေတ် အထိ သုံးသပ် တင်ပြထားသည်” ဟု သူ၏ စာအုပ် အမှာစာတွင် ရေးသား ဖော်ပြခဲ့သည်။ သူသည် ကမ္ဘာပေါ်၌ ဖြစ်ပျက် ထင်ရှားခဲ့သော အကြောင်းများနှင့် ဂီတဗေဒ အကြောင်းအရာများ ရေးသား တင်ပြလျက် တခါတရံ ဘာသာပြန် ဝတ္ထုတိုများ (ဥပမာ) ‘အိုင်စတိုင်းနှင့် တွေ့သောည’ ဝတ္ထုတို၊ ထို့နောက် သူ၏ ဘဝရုပ်ပုံလွှာ အပိုင်းအစများ ရေးသားခဲ့သူ ဖြစ်သည်။

စန္ဒရားလှထွတ်သည် ဇန်နဝါရီလ ၅ ရက် ၂ဝဝဝ ခုနှစ်တွင် ရန်ကုန်မြို့၊ ဘောက်ထော်၊ ပြည်သာယာလမ်း နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၄-နှစ် ရှိပြီဖြစ်ပြီး ဇနီး တေးသံရှင် ချိုဝေလွင် နှင့် ဇော်မျိုးထွဋ် (မဇ္ဈိမလှိုင်း)သားများ ကျန်ရစ်ခဲ့သည်။

ကိုးကား

ကဏ္ဍများ: ၁၉၃၆ မွေးဖွားသူများ၂၀၀၀ ကွယ်လွန်သူများမြန်မာ ဂီတပညာရှင်များမြန်မာ အမျိုးသား စာရေးဆရာများအမျိုးသားစာပေဆုရှင်များမြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရှင်များမြန်မာ စာရေးဆရာများ

ဤစာမျက်နှာကို ၁၈ ဧပြီ ၂၀၂၂၊ ၀၉:၃၂ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။