ဒို့ဗမာ
https://www.facebook.com/reel/1458669145812501/?fs=e&fs=e
https://www.facebook.com/reel/3452953124893735/?fs=e&fs=e
မ့န်မာ့ယိမ်းနဲ့ဇင်းမယ်သင်္ကြန်
https://youtu.be/jnggTQxJoBs?si=fTQ0AeE-aZbwzm2d
သင်္ကြန်မှာဘယ်နိုင်ငံက စတင်ပြီးရေစပက်ကြတာလဲ သမိုင်းအထောက်အထားများ
https://youtu.be/SCJKumu8l8w?si=B4JvynmGM5-E7Kqr
မြန်မာ့ရိုးရာ င်္သကြန်သမိုင်းနောက်ခ
https://fb.watch/GyYjMZshlB/?fs=e
ယူနန်ပြ ်နယ်ထဲက တရုတ် သင်္ကြန်ပွဲတော်
https://youtube.com/shorts/hRk6IvDIhTA?si=7XklosGz3dJSLdqu
ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားတဲ့ မြန်မာတို့ရဲ့ အတာသင်္ကြန်
#CRAZYENT #Thingyan #waterfestival #waterfestival #သင်္ကြန် #အတာသင်္ကြန် #သင်္ကြန် #သင်္ကြန်သီချင်း #Mudon #MonState #mawlamyaing #မုဒုံ #မွန် #မွန်ပြည်နယ် #မော်လမြိုင် #ကန်ကြီးစေတီ #Yangon #ကြံတော #ကြံတောသင်္ချိုင်း #ကြံတောသုသာန် #သရဲ #သရဲနီ #သရဲကား #yangontimecity #CRAZYENT #hlwanmoe #လွှမ်းမိုး #မိုးစက်တင်လေ #ပင်စီ #
https://youtu.be/lF6kdaTOwtY?si=kQcbrB4GD8er7waE
https://youtu.be/lF6kdaTOwtY?si=kQcbrB4GD8er7waE
https://youtu.be/ekrALKV-5mk?si=zbCaHmkzXH231xai
မန်းသင်္ကြန်
https://www.facebook.com/reel/4286221381637769/?fs=e&fs=e
ဒုတိယကမ္ဘာစစ် ကာလ မြန်မာ ဂျပန် သင်္ကြန်
https://www.facebook.com/reel/1475096280720899/?fs=e&fs=e
ဘယ်နိုင်ငံက ငါတို့ရဲ့ယဥ်ကျေးမှုကို ခိုးခိုး
သမိုင်းဆိုတာကတော့ လိမ်လို့မရပါဘူး။
မြန်မာ(ဗမာ)မှာ သင်္ကြန်ဆိုတာ AD1880
ကတည်းကရှိတာ ပုံတွေအရ သိရနိုင်ပါတယ်။
အဲ့ထက်လည်းစောပါတယ်။
မှတ်တမ်းထားရှိမှု အားနည်းခဲ့တော့ လက်ရှိ
ပုံတွေအရတင် သင်္ကြန်ဆိုတာမြန်မာက စတာပါ။
ကမ္ဘာ့သမိုင်း စာမျက်နှာတွေမှာ
အစောဆုံးဖော်ပြခံခဲ့ရတဲ့ မြန့်မာ့ရိုးရာ
သင်္ကြန်ပွဲတော်အကြောင်း သရုပ်ဖော်ပုံတွေပါ။
ဒီသရုပ်ဖော်ပုံတွေ က AD 1880 ပြည့်နှစ်ကနေ
AD 1888 ကာလက သင်္ကြန်ပွဲအကြောင်းကို
မှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်။
ကမ္ဘာ့သမိုင်းရဲ့ အထောက်အထားတွေအရလဲ
#သင်္ကြန် အစ မြန်မာကပါပဲ…💦💦💦
#waterfastivalMyanmar
#crd_to_owner_with_respect-Moe-Ko 


“မြနန္ဒာ” မဟုတ်တဲ့ “မန်းတောင်ရိပ်ခို”
မန်းတောင်ရိပ်ခို
https://www.facebook.com/reel/2342344796258319/?fs=e&fs=e
သင်္ကြန်အခါမှာ “မြနန္ဒာ ရေညိုညို ရစ်ကာသန်းတယ် ရွှေမန်းတောင်ရိပ်တူတူခိုသူပျိုဖြူတွေရယ်” ဆိုတဲ့ “မြနန္ဒာ” ကို ဗမာလူမျိုးတိုင်း ဆိုကြကကြပါတယ် ၊ နိုင်ငံခြားမှာ နေကြတဲ့ ဗမာတွေကလည်း ဘယ်တိုင်းပြည်ရောက်ရောက် ပွဲမှန်သမျှမှာ ဒီသီချင်းကို တခုတ်တရ ဆိုကြ ကကြပါတယ် ။ “ပွဲအသိမ်းမှာ မြနန္ဒာ လေးနဲ့ ပိတ်ကြစို့ “လို့ ပြောရတဲ့ အစဥ်အလာ ဖြစ်လာပါပြီ ။ အခမ်းအနားအပြီး ပွဲသိမ်းသီချင်း ဖြစ်မှန်းမသိ ဖြစ်လာပါတယ် ။
ဒီသီချင်းက နိုင်ငံတော်သီချင်းလိုပဲ ဗမာတိုင်းကြားဖူးကြတဲ့ ဆိုကြတဲ့ ကကြတဲ့သီချင်း ဖြစ်နေပါပြီ ။ နိုင်ငံတော်သီချင်းကိုတောင် ဒီသီချင်းလောက် ဆိုဖြစ်ကြမယ် မထင်ပါဘူး။
ဒီသီချင်းကို ဆိုနေကြတဲ့အခါ အလွဲလေးတွေ ရှိနေကြတာကို သိစေချင်လို့ ပညာရှင်များ ( ဆရာမောင်သာနိုး ၊ ဆရာဆူးငှက်တို့ ) ဝေဖန် အကြံပြု ထားကြတာလေးတွေကို ပြန်ပြီး ပြောပြချင်ပါတယ် ။ မူလကိုအံ့ကြီးရဲ့ သီချင်းကို ပြန်ဆိုကြတဲ့ ဇော်ဝမ်း ၊ ရင်ဂို ၊ ခင်မောင်တိုး စသူတွေ အခုပြောပြမဲ့ နေရာလေးတွေမှာ လွဲနေကြတာ သတိထားမိပါတယ် ။
( ၁ ) သီချင်းနာမည်
သီချင်းနာမည်က စပြီး အတော်များများ လွဲကြပါတယ် ။ အားလုံးလိုလို အမှတ်မှားနေကြပါတယ် ။ သံပြိုင်ပိုဒ်က “မြနန္ဒာ ရေညိုညို ရစ်ကာသန်းတယ်” ဆိုတဲ့စကားလုံးက နားထဲမှာ စွဲနေကြလို့ သီချင်းနာမည်ကို “မြနန္ဒာ” လို့ပဲ ပြီးစလွယ် ခေါ်နေကြပါတယ် ။ မြို့မငြိမ်း ရေးသွားတဲ့ ဒီသီချင်းနာမည်အမှန်က “မန်းတောင်ရိပ်ခို” ဖြစ်ပါတယ် ။ နန်းတော်ရှေ့ဆရာတင် ရေးပြီး စိန်ပါတီ ဆိုခဲ့တဲ့ “ရက်ရွေးမနေပါနဲ့ကိုကိုရယ် ၊ အသက်ကလေးရယ် ရှည်စေလိုရင်ဖြင့် မြနန္ဒာရေညိုသန်းတယ် မန်းတောင်ရိပ်ခို . . . . . ပေါ်ပေါ်ထင်ထင်နဲ့ တန်ခိုးကြီးတဲ့ မန္တလာရှေးပြည်ဗဟိုရ်” ဆိုတဲ့ သီချင်းကမှ “မြနန္ဒာ” ပါ ။
( ၂ ) ရေညိုညို ရစ်ကာသန်းတယ်
ဒါကတော့ အတော်များများ လွဲနေကြတဲ့အပိုင်းပါ ။
“အသက်ကလေးရယ်တဲ့ ရှည်စေလို
မြနန္ဒာ ရေညိုသန်းတယ်
မန်းတောင်ရိပ်ခို
ခေါင်းလောင်းသံ တချိုချိုနဲ့
ရွှေဗဟိုစည်သံကဟိန်းတယ်
ဘေးရန်က ငြိမ်း ။”

ဒီရှေးကဗျာလေးက မန္တလေးက အငြိမ့်တွေမှာ အစထွက်ထွက်ချင်း လူရွှင်တော်များ ရွတ်လေ့ရှိတဲ့ သဖြန်တပုဒ်ပါ ။
ဒီအထဲက စာကြောင်းတခု ဖြစ်တဲ့ “ရေညိုညို ရစ်ကာသန်းတယ်” ကို ဆရာငြိမ်းက ဒီသီချင်း သံပြိုင်ပိုဒ်မှာ ယူသုံးထားတာပါ ။
မြနန္ဒာ – မြရောင်လို စိမ်းကြည်အေးမြ နေတဲ့ နန္ဒာကန် ။ မန္တလေးမြို့ရဲ့ အရှေ့ဖက်မှာ နန္ဒာကန် ၊ အောင်ပင်လယ် ၊ ဇောင်းကလော ဆိုတဲ့ရေကန်ကြီးတွေ ရှေးကရှိခဲ့တယ် ၊ အခုမှ တိမ်ကောပြီး လယ်တွေ ဖြစ်ကုန်တာ ( မန္တလေး မြို့ကြီး တိုးချဲ့တဲ့အထဲလည်း အတော် ပါသွားပြီထင်ပါရဲ့ ) ။
“ရေညိုညို” ဆိုတာ စိမ်းလဲ့ညိုမှောင်နေတဲ့ ရေပြင်ကို ဆိုချင်တာပါ ။
စိမ်းလဲ့ညိုမှောင်နေတဲ့ မြရောင်ရှိတဲ့ နန္ဒာကန် ပတ်လည်ကာရံထားတဲ့ မန္တလေးမြို့ လို့ ဆိုချင်တာပါ ။
မန်းတောင်လကျ်ာ ဆိုတဲ့ မန္တလေး မြို့ဖွဲ့ ယိုးဒယား သီးချင်းကြီးထဲမှာလည်း –
“နန္ဒာရေဝန်းရံခ ပတ်လည်သာ ရွှေမန်းတောင်တော်သာ” ဆိုတဲ့ စာသားပါပါတယ်။ 
အဲဒါကို “နေညိုညို ရစ်ကာသန်းတော့” လို့ ဆိုကြတော့ အပေါ်က မူလအဓိပ္ပါယ် ပျောက်သွားပါတယ် ။
ရေညိုညို ရစ်ကာသန်း(တယ်) ဆိုတာ ရေညိုရစ်သန်းတယ် ( ရေညိုသန်းတဲ့ ) မန္တလေးတောင် လို့ အဓိပ္ပါယ် ရပါတယ် ။၊ တကယ်လို့ ရေညိုသန်း (တော့) လို့ ဆိုလိုက်ရင် ရေ ညို ရစ်သန်းတဲ့အခါကျမှ (ဒါ မှ မဟုတ် အလွဲဆိုနေကြသလို နေညိုညိုသန်းတဲ့အချိန်ကျမှ ) မန္တလေးတောင်ရိပ်ခိုမယ် လို့ အဓိပ္ပါယ်ပေါက်သွားပါတယ် ။
( ၃ )
“အတူတူ ခိုသူ ပျိုဖြူတွေရယ်” ဆိုတဲ့နေရာမှာလည်း “အတူတူခိုမယ် ပျိုဖြူတွေရယ်” လို့ ဆိုနေကြပါတယ် ။ မောင်တို့ရော မယ်တို့ရော မန္တလေးတောင်ရိပ်ကို အတူတူခိုကြသူ ရွှေမန်းသူရွှေမန်းသားတွေပါလို့ ဆိုလိုက်တာပါ ။ အတူတူခိုမယ် လို့ ဆိုလိုက်ရင် လာကြ မန္တလေးတောင်ရိပ်ကို သွားခိုကြစို့လို့ အဓိပ္ပါယ်ထွက်သွားပါတယ် ။ မန္တလေးကလည်း ဖြစ်နိုင်သလို တခြားအရပ်ကလည်း ဖြစ်သွားနိုင်ပါတယ် ။ ဆရာငြိမ်းက မန္တလေးသားအစစ်မို့ မန္တလေးကို မြတ်နိုးဂုဏ်တင်သူ မန္တလေးသားဖြစ်ရတာကို ဂုဏ်ယူသူပါ ။
• မြနန္ဒာ နေညိုညို ရစ်ကာသန်းတော့ ရွှေမန်းတောင်ရိပ် အတူတူခိုမယ် ပျိုဖြူတွေရယ်
ဆိုရင်
အဓိပ္ပါယ်က – နေညိုတဲ့အချိန် တောင်ပေါ်နေညိုညို ကျချိန် မန္တလေးတောင်ရိပ်ကို အတူတူ သွားကြမယ် လို့ အဓိပ္ပါယ် ထွက်ပါတယ် ။ စိမ်းညို့ပြီး အေးမြတဲ့ နန္ဒာကန်ကြီးအကြောင်း မပါတော့ဘူး ။
• မြနန္ဒာ ရေညိုညိုရစ်ကာသန်းတယ် ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေရယ်
ဆိုရင်
မြရောင်စိမ်းညို့နေတဲ့ နန္ဒာကန်ကြီး ပတ်လည်ဝန်းရံထားတဲ့ မန္တလေးတောင်ရိပ်ကို ခိုကြသူ အချင်းချင်း ရွှေမန်းသူ ရွှေမန်းသားတွေလို့ အဓိပ္ပါယ်ရပါတယ် ၊
စာလုံးတွေ လွဲသွားတာနဲ့ အဓိပ္ပါယ်တွေ လွဲကုန်ပါတယ် ။
( ၄ ) မြလေးလေး နန္ဒာ နန္ဒာ
“မြနန္ဒာ” ကို “မြလေးလေး နန္ဒာ နန္ဒာ” လို့ ကွန့်ပြီး ဆိုနေကြတာလည်း ကြားရတယ် ။ အဲလို ဆိုလိုက်ရင် နည်းနည်း ကလက်ပြီး မူလ အဓိပ္ပါယ် ပေါ့သွားတယ် ထင်ရတယ် ။ မြလေး နဲ့ နန္ဒာ ဆိုတဲ့ မိန်းကလေး ၂ ယောက်နာမည်လို ဖြစ်သွားတယ် ။ ဒါကတော့ ဇော်ဝမ်းက ထွင်ခဲ့တာပါ ။ အဲဒါကို လူတွေက လျှာတွေ့ပြီး အဲသလို လိုက်ဆိုနေကြတာ ။ ကျနော်ကတော့ အဲသလိုဆိုတာ ကြားရတိုင်း သွားကြိမ်းမိတယ် ။
( ၅ ) မောင်နှမရင်းနှယ် ခင်မင်ချစ်သွေးကြွမိတယ် 
ဒုတိယပိုဒ်က “မောင်နှမရင်းနှယ် ခင်မင်ချစ်သွေးကြွမိတယ်” ဆိုတာကိုလည်း “မောင်နှမရင်းနှယ် ခင်မင်ရှက်သွေးကြွမိတယ်” လို့ မှားဆိုနေကြတယ် ။ မောင်နှမအရင်းသဖွယ် ချစ်ခင်တယ်ဆိုရင် ဘာမှ ရှက်သွေးကြွနေစရာမလိုဘူးလေ ၊ သမီးရီးစား ဆိုရင်သာ ရှက်သွေးကြွရမှာပါ ။
( ၆ ) “အော် ကောင်းပါလေကွယ် ဟင်ပက်လိုက်တော့မယ်”
အဲဒီနေရာမှာလည်း “အော် လောင်းပါလေကွယ် ဟင်ပက်လိုက်တော့မယ်” လို့ ဆိုကြတာ ကြားရတယ် ။
ဇာတိမျက်ခြယ် ကျန်းမာပါစ သက်လှယ် အော်ကောင်းပါလေကွယ် ဟင် ပက်လိုက်တော့မယ် ဆိုတာ နေကောင်းရဲ့လား ၊ ကောင်းပါတယ် ၊ အော် ကောင်းပါလေကွယ် လို့ အမေးအဖြေလေးကို ထည့်စပ်ထားတာပါ ။ ဒီအမှားကတော့ “နေညိုညိုရစ်ကာသန်းတော့” လောက်တော့ မဆိုးပါဘူး ။
အဲတော့ သင်္ကြန်ရောက်တိုင်း လူတိုင်း ဆိုနေကြတဲ့ဒီသီချင်းမှာ အမှားလေးတွေ ပြင်နိုင်ကြဖို့ ပညာရှင်များ ရေးကြတဲ့ ဆောင်းပါးတွေ ထဲကရော ကိုယ်သိထားတာတွေ ပေါင်းပြီး ရေးလိုက်တာပါ ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မနေနိုင်လို့ ရေးထားရှင်းကြသူတွေလည်း မနည်းတော့ပါဘူး။
ဒီသီချင်းက နိုင်ငံပိုင်သီချင်းလို ဖြစ်နေတော့ နိုင်ငံပိုင် အမှားကြီး (NATIONAL MISTAKE ) ဖြစ်မသွားစေချင်လို့ပါ ။
+ + + + + +
မန်းတောင်ရိပ်ခို ( ကိုအံ့ကြီး )
( ချိုပြုံးရွှင်သော နှမပျိုငယ် တကိုယ်လုံးပင်ချော အလှပိုတယ်
မြို့မနဲ့ တစ်မိတည်း ဖွားလို့ ဆိုတော့မယ်ကွယ် )၂
( အမောက်ကလေး တသသနဲ့ မြှောက်လို့ပေးတာ မဟုတ်ဘူးကွယ် )၂
( ယဥ်စစနဲ့ မြင်လိုက် ရတာ အဝတ်အစားမှာလည်း အလွန် တင့်တယ် )၂
( ထွန်းသစ်စ လရောင် ခြယ် ခိုင်ညှာတံ ပွင့်လန်း ပန်းသို့နှယ် )၂
ရိုးရိုးသားသားနဲ့ ကျုပ်တို့မြို့မက ကျေနပ်တယ် ။
( မြနန္ဒာ ရေညိုညို ရစ်ကာသန်းတယ် ရွှေမန်းတောင်ရိပ် တူတူခိုသူ ပျိုဖြူတွေရယ် )၂
ပျော်ခင်းလေး သာပါဘိတယ် အတိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော်ဝယ် ။
( ခါးသေးနွဲ့ မူယာကြွယ် လှဂုဏ်မြင့်ဖွယ် မာလာနွယ် ခိုင်ညှာရယ် တယောက်ဆို တယောက်လို့
အောက်မေ့တယ် ခင့်ရွှေမန်း လာပြီကွယ် ဆီးကြိုလို့ရယ် မောင်နှမအရင်းနှယ် ခင်မင်ချစ်သွေးကြွမိတယ် )၂
( ဇာတိမျက်ခြယ် ကျန်းမာပါစ သက်လယ် ဪ ကောင်းပါလေကွယ် ဟင် ပက်လိုက်တော့မယ် )၂
နှစ်ကူးတော့မယ် ခင်ခင်ရယ် လိုက်ခဲ့ပါလား အပျင်းတော်ပြေမယ်
မောင်တို့ လာချေပေါ့ကွယ် ကညာမေကြော့ ရဲ့ ငွေငန်းထွက်ကာလည် ။
( မြနန္ဒာ ရေညိုညို ရစ်ကာသန်းတယ် ရွှေမန်းတောင်ရိပ် တူတူခိုသူ ပျိုဖြူတွေရယ် )၂
ပျော်ခင်းလေး သာပါဘိတယ် အတိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော်ဝယ်
။
ေ၇းသားတင်ပြသူ ဒေါက်တာအဆိုရှင် HLA Bu
ဆူးငှက် သင်္ကြန် ဟောပြောပွဲ
