မှတ်ဖွယ်မှတ်ရာ စာပဒေသာ

မှတ်ဖွယ်မှတ်ရာ စာပဒေသာ

General Knowledges and Water Resources Management in Myanmar

Menu Skip to content
  • Home
  • ဘာသာစကား / မြန်မာစာ မြန်မာစကား
    • Biography အထုပ္ပတ္တိ
    • Music မြန်မာ့ ဂီတလောက
    • မြန်မာ့ ဂီတ။ မြန်မာသံစဉ် သီချင်းများ
    • မြန်မာ့ ဂီတ လောက နှင့် မြန်မာ သံစဉ် သီချင်း များ
  • သမိုင်း / မြန်မာ့သမိုင်း
  • ဆည်မြောင်းလောက
    • ဆည်မြောင်းလောက / ဆည် တမံ ရေးရာ
    • ဆည်မြောင်း လောက / ရေဘေး အန္တရာယ်
    • Water Resources Management
  • Floods
12 Apr 202422 Oct 2024 uamyint

သဘာဝ ပတ်ဝန်းကျင် လောက ကမ္ဘာကြီး

သဘာဝ ပတ်တန်းကျင်

ချစ်ခင်မြတ်နိုးသူများအတွက်

ဖတ်စရာ မှတ်စရာ ( ၉၅ )

တွေးမိတွေးရာ ရေးမိရေးရာ

သဘာဝပတိဝန်းကျင် ရေးရာ

စာပဒေသာ

လူမှုဘဝ ထဲက ပတ်ဝန်းကျင် သဘာဝ

လူသားတွေအချင်းချင်းသာ အတူယှဉ်တွဲနေထိုင်ကြရတဲ့ ကမ္ဘာ လောကကြီး မြန်မာ လောကကြီးသာမဟုတ်

သဘာဝပတ်ဝန်းကျင် လောကကြီးထဲမှာ

လူတွေအပါအဝင်

သက်ရှိ သတ္တဝါတွေအားလုံး အတူယှဉ် တွဲ နေထိုင် နေကြရတဲ့

ကမ္ဘာသူ ကမ္ဘာသားအားလုံး အတူ ပိုင်ဆိုင်ကြတဲ့ ကမ္ဘာကြီးပေါ်မှာ

မြန်မာသူမြန်မာသားအားလုံး

ညီနောင် တိုင်းရင်းသား တွေအားလုံး ပါအတူတကွ ပိုင်ဆိုင်ကြတဲ့ အမိ မြန်မာနိုင်ငံတော်ကြီးပါ ။

ကမ္ပာပေါ်မှာ အတူ ယှဉ်တွဲ နေကြတဲ့ လူသားတွေအားလုံး

အချင်းချင်း ချစ်ခင် ရင်းနှီးစွာ အတူတကွ ပေါင်းသင်းဆက်ဆံနေထိုင်ကြ ဘို့ မကောင်းကြ ပေဘူးလား ။

ဘဝသံသရာခရီးမှာ ခနတာသာ နားခို ရောက်လာကြတဲ့

လူသားတွေအချင်းချင်း

ကမ္ဘာကြီးပေါ်မှာ နဲ့ မြန်မာပြည်ကြီးမှာ လဲ

လောဘ ဒေါသ မောဟ မာန်မာနတွေ လွန်လွန်ကျူးကျူး ထောင်လွှား ပလွှားနေကြပြီး

ဘာကြောင်းများ တစ်ဦး ပေါ် တစ်ဦး ရန်လိုမုန်းထား

ခိုက်ရန်တွေ ဖြစ်နေကြပါလိမ့်

ဘာဆိုင်လို့လဲပြောကြမယ်.

သူ့အလုပ်သူလုပ်နေရုံသာမဟုတ်

ပတ်ဝန်းကျင်သဘာဝကိုလဲ ချစ်ခင် တဲ့

အနုပညာ တေးဂီတ သမား ဆရာဒေါက်တာလှ ဘူးရဲ့

ပတ်ဝန်းကျင် သဘာဝအကြောင်းရေးထားတဲ့ရသမြောက်က်စာ လေးတွေ့ရာက အမိနိုင်ငံနောင်ရေး တွေးလာမိတဲ့

တွေးမိတွေ့ရာပါ ။

မြန်မာ ရိုးရာ နှစ်သစ်ကူးကာလမှာ

မြန်မာပြည်သူအများ ငြိမ်းအေးသာယာ စွာဖြင့်

ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာ ရှိကြပါစေကြောင်း

မျှော်တွေး မှန်း ဆ တမ်းတ လျက် –

အေးမြင့် ( ညောင်တုန်း)

၁၂ /၄/၂၀၂၄

ရည် ညွှန်း

Facebook post လှဘူး 10 April 2024

Dr Hla Bu ရဲ့ ရသမြောက် ခံစားချက် စာ

လိပ် ၆ ၊ တီကောင် ၂ ၊ ပက်ကျိ ၃ ၊ ရှဥ့် ၁

ယနေ့နံနက် နေသာပြီးပူနွေးသောကြောင့် ကျနော်တို့ လင်မယား ၂ယောက် တောစပ်သို့ လမ်းလျှောက်သွားကြ၏။ အပူဒီဂရီ ၆၀ ဖာရင်ဟိုက် ခန့်ရှိ၏ ။

ရာသီဥတုကောင်းသဖြင့် တအိမ်ကျော်မှ အဖိုးကြီးသည် အိမ်ရှေ့ မြက်ခင်းတဝိုက်တွင် တူးဆွ စိုက်ပျိုး ခြင်းဖြင့်အလုပ်ရှုပ်နေ၏။ အဖွားကြီးက အိမ်ရှေ့က စာတိုက်ပုံး mailbox အဖြူလေးကို ဆေးသုတ်နေ၏။

ကျနော်တို့ လမ်းလျှောက်ထွက်သည်ဆိုရာ၌ နေအိမ်မှ Oak Openings ခေါ် တောစပ်သို့ အရောက် ၇ မိုင်ခန့် ကားနှင့် မောင်းသွားရ၏။ ၎င်း တောစပ်၌ ကားရပ်ထားပြီးမှ တောထဲ၌ ဖောက်ထားသော လျှောက်လမ်းကလေးများ အတိုင်း လျှောက်ရခြင်း ဖြစ်သည်။

ရာသီဥတု သာယာမျှတသဖြင့် လျှောက်နေရင်း ၅ မိနစ်ခန့် အကြာတွင် အိုက်လာပြီး အနွေးထည်ကို ချွတ်ရ၏။ နေကလည်း ပြင်းပြင်းထန်ထန်မပူ။ လေပြည်ကလေးကလည်း တဖြူးဖြူး တိုက်နေသောကြောင့် လမ်းလျှောက်ရသည်မှာ အဆင်ပြေလှသည်။ လွန်ခဲ့သော ၄ လလုံးလုံး ဆောင်းခိုပြီး အိမ်တွင်း အောင်းထားခဲ့ရသောကြောင့် ယခုလို မျှတသော ရာသီကို အလွန် နှစ်သက် တန်ဖိုးထားမိ၏။ နေရောင်ရှားပါးသော အရပ်တွင် နေရသူများအတွက် ကမ္ဘာဦး လူတို့ နေကို မျှော်သလို မျှော်မိ၏။ နေထွက်လာလျှင် ပျော်ကြ၏။

သစ်ပင်များလည်း အားယူ၍ ရွက်သစ်တွေ ထွက်ကြ၏။ ။ နွေဦး၌ အပွင့်ပွင့်သော အပင်များလည်း အားယူ၍ပွင့်ကြ၏။ မြက်ခင်းများလည်း စိမ်းစိုလာကြ၏။ အစိမ်းနုရောင် ရွက်သစ်များ အနီရောင် ပုရစ်ဖူးများကို နေရာတကာ၌တွေ့ရ၏။

တတောလုံးသည်လည်း ငှက်သံများဖြင့် တစီစီညံလျက်နေ၏ ။

ရေအိုင်လေးများထဲတွင်လည်း ဖားကလေးများသည် ခြေထောက်ကလေးများကို ကွေးချည် ဆန့်ချည်ဖြင့် ရေကူးနေကြ၏။

၁၀ မိနစ်ခန့်လျှောက်မိလျှင် တောအုပ်အလယ်၌ရှိသော ရေကန်ကလေး တခုသို့ ရောက်၏။ ထိုရေကန်တွင် လိပ်ကလေးများ နေကြသည်ကို ယခင် လာစဥ်များက တွေ့ခဲ့ဖူး၏ ။ ယနေ့နံနက်တွင် နေသာသောကြောင့် လိပ်ကလေး ၆ ကောင် သစ်တုံးပေါ်တွင် တန်းစီပြီး နေစာလှုံနေ ကြသည်။ သူတို့လည်း ကျနော်တို့လိုပင် ဆောင်းခိုရာမှ ထွက်လာကြပုံပေါ်၏။ သူတို့သည် နေရောင်ရှိရာဖက်သို့ ခေါင်းကလေးများကို လှည့်၍မော့ထားကြသည်။ သူတို့၏ကျောကုန်းလိပ်ခွံလေးများသည် နေရောင်အောက်တွင် တောက်ပြောင်နေသည် ။ ဒယ်အိုးလေးများကို ပြောင်နေအောင် ဆေးပြီး ရေစစ်အောင် ကြမ်းပြင်မှာ မှောက်ထားသည်နှင့် တူသေးတော့သည်။

ထိုလိပ်ကန်မှ ရှေ့ဆက်လျှောက်လာကြရာ မကြာမီ မြေလမ်းကလေး တခုသို့ ရောက်လာသည်။ တနေရာအရောက်တွင် လမ်းအလယ်ခေါင် အခြောက်သွေ့ဆုံး နေရာ၌ တီကောင်လေးတကောင်သည် ဖုံအလိမ်းလိမ်းနှင့် တွန့်နေသည်ကို မြင်လိုက်ရ၏။ အစိုဓါတ်နှင့် အသက်ရှင်ရသော တီကောင်လေးသည် ဖုံများလူးပြီး တကောင်လုံး ခြောက်သွေ့ကာ မကြာမီ သေပေတော့မည် ။ ကျနော်သည် တီကောင်လေးကို ရေရှိရာ မြေစိုရာ နေရာသို့ ရွှေ့သင့် မရွှေ့သင့် ခေတ္တမျှ စဥ်းစားနေမိ၏။ ထိုအခြင်းအရာကို ကြည့်နေသော ခိုင်က တီကောင်လေး၏အသက်ကို ကယ်သင့်ကြောင်း ကျနော့်ကို တိုက်တွန်း တောင်းပန်သည်။ ကျနော်သည် တီကောင်ကို တုတ်ချောင်းသေးသေးလေး နှင့် ကော်၍ မြေစိုရာသို့ ရွှေ့ပေးလိုက်၏ ။ ၎င်းသည် မကြာခင် လှုပ်ရှားလူးလွန့်လာပြီး ရှေ့ကို ရွေ့ကာသွားလေ၏။

ကျနော်တို့သည် တီကောင်လေးကို အသက်မသေအောင် ကူညီလိုက်မိသော ကာယကံလေးအတွက် စိတ်ထဲ၌ ဝမ်းမြောက်မှုများ ဖြစ်ပေါ်လာကြ၏။ ဝမ်းမြောက်စကားများ ဆိုမိကြ၏။ ဤတီကောင်လေးသည်အသေးအဖွဲ အပါယ်ဘုံသားတ‌ကောင် မျှသာ ဖြစ်သည်။ ခွေး နွားတို့ကဲ့သို့ ကြီးသော အသုံးကျသော သတ္တဝါလည်း မဟုတ် ။ ကျနော်တို့ မကယ်လျှင်လည်း မကြာခင် သူ့ဖာသာ သေချင်သေပါလိမ့်မည်။ (why bother saving the life of this lowly worm?)

သို့သော် ဤပိုးမွှားလေး၏ အသက်ကို ကယ်လိုက်မိသော စေတနာကိုမူကား ကျနော်တို့ ဝမ်းမြောက်စွာ ခံစားမိကြသည်။ စေတနာ ကမ္မံ ဘိက္ခဝေ ဟု ဘုရားဟောရှိသည် မဟုတ်ပါလော ။ တီကောင်၏ ဘဝ အဖိုးတန်သည်မတန်သည်က အကြောင်းမဟုတ် ။ အသက်တချောင်း ရှင်စေချင်သည့် ဆန္ဒက အကြောင်းဟုတ်သည်ဟု ကိုယ်ပိုင် ဒဿန များထုတ်နေမိ၏။

၎င်း အတွေးများ နှင့် လမ်းဆက်လျှောက်လာကြရာ လမ်းတွင် နောက်ထပ် တီကောင် ၁ ကောင် ပက်ကျိ ၃ ကောင်တို့ကို လမ်းလယ်ခေါင် မှ စိုထိုင်းရာ နေရာသို့ ပို့ပေးဖြစ်ခဲ့ကြသည်။

ကားပေါ်တက်ပြီး အိမ်အပြန် လမ်းတွင် တောလမ်း ဖြစ်၍ တနာရီ မိုင် ၅၀ နှုန်းဖြင့်မောင်းလာ၏။ လမ်းတနေရာတွင် အူကြောင်ကြောင် ရှဥ့်တကောင်သည် လမ်းဘေး တောစပ်ထဲမှ ကားလမ်းပေါ်သို့ ဒရောသောပါး ပြေးတက်လာ၏။ ခိုင်က ငယ်သံပါအောင် အော်လိုက်သဖြင့် ရှဥ့်ကို မကြိတ်မိစေရန် ကားကို ရုတ်တရက် ဘေးဆွဲဝိုက်ပြီး ရှောင်လိုက်ရ၏။ အခြားကားများ မရှိ၍တော်သေးသည် ။ ရှဥ့်ကလေးမှာ လမ်းတဖက် တောထဲသို့ ကမန်းကတန်း ပြေးဝင်သွားသည်ကို မြင်လိုက်ရမှ ကျနော်တို့ သက်ပြင်းချနိုင်တော့သည် ။ ရှဥ့်ကလေး၏ အသက်ကိုလည်း ကယ်လိုက်နိုင်ပြန်ပြီ ဟု ဝမ်းသာကြရ၏။

ယနေ့ တီကောင် ၂ ကောင် ၊ ပက်ကျိ ၃ ကောင် ၊ ရှဥ့် ၁ ကောင်တို့ကို အသက်ဘေးမှ ကယ်ခဲ့နိုင်ပြီဟု တွေးမိပြီ ဝမ်းမြောက်မိ၏။ သူတို့ရှင်သွား၍လည်း ကမ္ဘာကြီး မှာ သိသိသာသာ တိုးတက်လာမှာ မဟုတ်ပါ။ သူတို့ သေသွားခဲ့၍လည်းကမ္ဘာကြီးမှာ ဘာမျှ ထူးခြားပြောင်းလဲ သွားလိမ့်မည် မဟုတ်ပါ ။ သို့သော်လည်း ကျနော်တို့၏ စိတ်အစဥ်မှာတော့ အပြောင်းအလဲ ဖြစ်သွားခဲ့ကြပါ၏။ ပီတိ လေးတွေ ဖြစ်ခဲ့ကြရပါ၏။

အကယ်စင်စစ်တော့ ဤ သတ္တလောကကြီးသည် လူသားများသာ ပိုင်ဆိုင် စိုးမိုးသည့် ကမ္ဘာကြီးမဟုတ် ။ အခြားသတ္တဝါများ၏ လောက ကမ္ဘာကြီးလည်း ဖြစ်ပေ၏။ ထို့ကြောင့် ကျနော်တို့ သည် ကမ္ဘာကြီးကို အခြား သတ္တဝါများနှင့် မျှဝေ နေထိုင်ကြရမည် မဟုတ်ပါလား ။

  • Share on Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
  • Share on LinkedIn (Opens in new window) LinkedIn
  • Share on Telegram (Opens in new window) Telegram
  • More
  • Share on Tumblr (Opens in new window) Tumblr
Like Loading...

Related

  • မှတ်ဖွယ် မှတ်ရာ စာပဒေသာ
  • လူနေမှုဘဝ ပတ်ဝန်းကျင် Social Environment and Livelihood
  • သဘာဝ ပတ်ဝန်းကျင် Environment
  • သုတ၊ ရသ စာပေ။
  • Environment သဘာဝ ပတ်ဝန်းကျင်

Post navigation

Previous တောင်တွင်းကြိးဒေသသို့ အလည် တစ်ခေါက်
Next မြန်မာနိုင်ငံသမိုင်း၊ သိကောင်းစရာ ၊ရုပ်သံ ဗီဒီယိုများ

Flood. ရေဘေး (1) Language (1) မြန်မာ သံစဉ် သီချင်း များ (2) သမိုင်း / အာရှ ရေးရာ (2)

Category

Archive

  • July 2026 (18)
  • June 2026 (20)
  • May 2026 (15)
  • April 2026 (24)
  • March 2026 (25)
  • February 2026 (9)
  • January 2026 (1)
  • December 2025 (50)
  • November 2025 (91)
  • October 2025 (78)
  • September 2025 (62)
  • August 2025 (61)
  • July 2025 (77)
  • June 2025 (75)
  • May 2025 (92)
  • April 2025 (82)
  • March 2025 (95)
  • February 2025 (56)
  • January 2025 (63)
  • December 2024 (68)
  • November 2024 (32)
  • October 2024 (50)
  • September 2024 (31)
  • August 2024 (64)
  • July 2024 (110)
  • June 2024 (144)
  • May 2024 (132)
  • April 2024 (160)
  • March 2024 (25)
  • February 2024 (64)
  • January 2024 (33)
  • December 2023 (36)
  • November 2023 (16)
  • October 2023 (9)
  • September 2023 (19)
  • August 2023 (36)
  • July 2023 (13)
  • June 2023 (22)
  • May 2023 (23)
  • April 2023 (21)
  • March 2023 (24)
  • February 2023 (50)
  • January 2023 (43)
  • December 2022 (55)
  • November 2022 (23)
  • October 2022 (33)
  • September 2022 (44)
  • August 2022 (33)
  • July 2022 (30)
  • June 2022 (9)
  • May 2022 (25)
  • April 2022 (71)
  • March 2022 (45)
April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
« Mar   May »

ADB News

  • ADB Appoints Wempi Saputra as Vice-President for Sectors and Themes
    16 Jul 2026
  • ADB Speeds Crisis Response as Energy and Food Prices Shock Asia and the Pacific
    14 Jul 2026
  • Multilateral Development Banks Increase Climate Finance to Record $163 Billion in 2025, Supporting Resilient and Sustainable Growth
    13 Jul 2026
  • ADB Provides $2 Million Grant to Support Flood-Affected Communities in Thailand
    10 Jul 2026
  • ADB Sees Slower Growth for Asia and the Pacific in 2026 Amid Global Energy Crisis
    8 Jul 2026
Blog at WordPress.com.
  • Reblog
  • Subscribe Subscribed
    • မှတ်ဖွယ်မှတ်ရာ စာပဒေသာ
    • Join 40 other subscribers
    • Already have a WordPress.com account? Log in now.
    • မှတ်ဖွယ်မှတ်ရာ စာပဒေသာ
    • Subscribe Subscribed
    • Sign up
    • Log in
    • Copy shortlink
    • Report this content
    • View post in Reader
    • Manage subscriptions
    • Collapse this bar

Loading Comments...

    %d