ကမ္ဘာ့ အကြီးကျယ်ဆုံး တိထွင်သူကြီး ၁၀ ဦးနဲ့ နီကိုလာ တက်စလာ

သမိုင်းအကြောင်း Facebook post ( 6 Feb 2018 ) မှ ကူးယူဖေါ်ပြပါသည်.

Leonardo da Vinci ရဲ့ မသိရသေးသော သမိုင်းနောက်ကွယ်နှင့် မှတ်စုများကို သမိုင်းအထောက်အထားများအပေါ် အခြေခံ၍ လေ့လာထားသော Documentary ဖြစ်ပါသည်။
အမှန်တရားနှင့် ဒဏ္ဍာရီကို ခွဲခြားဖော်ပြထားပြီး သမိုင်းခရီးကို ဆက်လက်လေ့လာလိုက်ပါ။

Discover the untold story of Leonardo da Vinci through his notebooks, inventions, and Renaissance world. This documentary explores documented historical evidence while separating fact from legend. Continue exploring history with us.

LeonardoDaVinci

History

Biography

Documentary

WorldHistory

UntoldStory

HistoricalFigure

Renaissance

HistoryDocumentary

Education

Archaeology

AncientHistory

Civilization

ArtHistory

ItalianHist

https://youtu.be/re2d_S3OYmY?is=jCQkClzoAOsi0RhL

Leonardo da Vinci၊ ဗုဒ္ဓဘာသာ၊ Mindfulness၊ Renaissance၊ သမိုင်းအထောက်အထားများကို အခြေခံပြီး ဒီဗီဒီယိုမှာ စူးစမ်းတင်ပြထားပါတယ်။
Leonardo ရဲ့ မှတ်တမ်းများ၊ အတွေးအခေါ်များနဲ့ ဗုဒ္ဓဒဿနအကြား တူညီမှုများကို အထောက်အထားအခြေပြု Documentary အဖြစ် လေ့လာလိုက်ပါ။ Subscribe လုပ်ပြီး The Moon Channel ကို အားပေးပါ။

Leonardo da Vinci, Buddhism, mindfulness, Renaissance history, and historical evidence are explored in this documentary.
Discover where Leonardo’s ideas genuinely parallel Buddhist philosophy—and where the historical evidence remains open to interpretation. Subscribe to The Moon Channel for more fact-based documentaries.

https://youtu.be/p4eM36zZED0?is=GUX5wIRi8o0DLw_N

နီကိုလာ တက္စလာ

နီကိုလာ တက်စလာ (Nikola Tesla) (၁၈၅၆-၁၉၄၃) သည် ဆာဗီးရန်း-အမေရိကန် လူမျိုး သိပ္ပံပညာရှင်၊ လျှပ်စစ် အင်ဂျင်နီယာနှင့် တီထွင်သူ တစ်ယောက် ဖြစ်ပါသည်။ Alternating current (a.c) ကို စတင် အသုံးချရန် ကြိုးစားခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။ A.C လျှပ်စစ်ဆိုသည်မှာ အချိန်နှင့်လိုက်ပြီး ကြိမ်ဖန်များစွာ ပြောင်းလဲနေတတ်သော sine wave ပုံစံရှိ လျှပ်စစ်ဓာတ်အား ဖြစ်ပြီး ယနေ့ အိမ်သုံး ဓာတ်အားလည်း ဖြစ်ပါသည်။ တက်စလာ အနေနှင့် a.c induction generator၊ Tesla coil နှင့် a.c current ၏ frequency ကို ပြောင်းပေးနိုင်သော ထရန်စဖေါ်မာ အစရှိသော တီထွင်မှုပေါင်း မြောက်များစွာကို ပြုလုပ်ခဲ့သူဖြစ်သည်။

တက်စလာ၏ ဘဝဖြစ်စဉ်

တက်စလာကို ဆာဘီးယန် မိဘများမှ ခရိုအေးရှား (Croatia) ရှိ စမီးလ်ဂျန်(smiljan) အရပ်တွင် မွေးဖွားခဲ့သည်။ သူ့ဖခင်မှာ ထိုဒေသရှိ ရှေးရိုး ဘုရားရှိခိုး ကျောင်းလေးမှ သင်းအုပ် ဘုန်းကြီး တစ်ပါးဖြစ်သည်။ ငယ်စဉ်ကပင် ဉာဏ်ရည် လွန်စွာ ထက်မြက်ခဲ့ပြီး ကဗျာရေးခြင်း၊ စမ်းသပ်မှု ပြုလုပ်ခြင်းများ ကို ဝါသနာ ထုံခဲ့သူ ဖြစ်သည်။ သူ့မိဘများကမူ သူ့ဖခင်ကဲ့သို့ ဘုန်းကြီး ဝတ်စေချင်ခဲ့သည်။ တက်စလာသည် ၁၈၇၁ မှ ၁၈၇၇ အတွင်း ကာလိုဗတ် (Karlovac) မြို့လေးတွင် အထက်တန်းကျောင်း တက်စဉ်ကစပြီး သိပ္ပံပညာရပ်များကို စိတ်ဝင်စားလာခဲ့သည်။ ၁၈၇၇ မှ ၁၈၈ဝ အထိ ဩစတြီးယားနိုင်ငံ (Austria) ဂရာဇ်(Graz) ရှိ နည်းပညာတက္ကသိုလ်တွင် ပညာသင်ခဲ့ ပြီး ၁၈၈ဝ တွင် University of Prague တွင် ပညာ ဆက်သင်ခဲ့သည်။ သို့ရာတွင် သူ့ဖခင် ဆုံးပါးသွားသဖြင့် ပညာဆုံးအောင် မသင်ခဲ့ရပေ။

တက်စလာသည် ၁၈၈၁ တွင် ဘူဒါပက်မြို့(Budapest) ရှိ တယ်လီဖုန်း ကုမ္ပဏီတွင် အင်ဂျင်နီယာ အဖြစ် တစ်နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပဲရစ် သို့ ပြောင်းရွေ့အလုပ်လုပ်ခဲ့သည်။ ထို့နောက် အမေရိကန်သို့ ၁၈၈၄ ခုနှစ်တွင် ပြောင်းရွေ့ခဲ့ပြီး ကိုယ်ပိုင် အလုပ်ရုံ မတည်ထောင်မီ အမေရိကန် စွန့်ဦးတီထွင်သူ သောမတ် အက်ဒီဆင် ဆီ၌ တစ်နှစ်ခန့် အလုပ်လုပ်ခဲ့သည်။ တက်စလာသည် အမေရိကန်ပြည်တွင် သူ့အချိန် အများစုကို စွန့်ဦးတီထွင်သူ ဂျော့ ဝက်စတင်းဟောက်စ် (George Westinghouse) နှင့် လက်တွဲ လုပ်ကိုင်ခဲ့သည်။ ဂျော့ ဝက်စတင်းဟောက်စ် သည် တက်စလာ၏ patents မူပိုင်ခွင့်များကို ဝယ်ယူခဲ့ပြီး အောင်မြင်စွာ ထုတ်လုပ်ရောင်းချခြင်းဖြင့် a.c လျှပ်စစ်ဖြန့်ဖြူးသော (power transmission) စနစ်ကို ဦးဆောင် စတင်ခဲ့သည်။

တက်စလာသည် ၁၈၉၂ တွင် အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့သည်။ ၁၈၉၂ တွင် မိခင်ဖြစ်သူ ဆုံးပါးပြီးနောက် တက်စလာသည် ပတ်ဝန်းကျင်နှင့် ရှောင်ခွာပြီး အထီးကျန် စွာ နေစပြုလာသည်။ ၁၉၁၂ တွင် တက်စလာနှင့် အက်ဒီဆင် နှစ်ယောက်လုံးကို နိုဗယ်ဆုအတွက် လျာထားခြင်း ခံခဲ့ရသည်။ သို့သော် တက်စလာသည် အိမ်သုံး စွမ်းအင်အဖြစ် a.c နှင့် d.c လွန်ဆွဲပွဲတွင် မရိုးသားသော နည်းလမ်းများ သုံးခဲ့သည်ဟု သူယုံကြည်ထားသော အက်ဒီဆင်နှင့် တွဲဘက်ဆုယူရန် ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် တီထွင်သူ နှစ်ယောက်စလုံး နိုဘယ်ဆု မရခဲ့ပေ။ တက်စလာ အနေဖြင့် သူ၏ ရှာဖွေတွေ့ရှိမှု အများစုကို patent မူပိုင်ခွင့် မပြုလုပ်ခဲ့ပဲ ထိုတီထွင်မှုများမှ အကျိုးကျေးဇူး အနည်းငယ်သာ ခံစားခဲ့ရသည်။ သူ၏ နောက်ဆုံး အချိန်များကို နယူးယောက်မြို့တွင် သေဆုံးချိန်အထိ တိတ်ဆိတ် ငြိမ်သက်စွာ ကုန်ဆုံးစေခဲ့သည်။

တက်စလာ၏ တီထွင်မှုများ

တက်စလာသည် ၁၈၇၈ ခုနှစ်တွင် ဂရာ့ဇ်(Graz) နည်းပညာကျောင်းသားဘဝက d.c motor ဒီစီ မော်တာတစ်လုံး သရုပ်ပြသည်ကို တွေ့ခဲ့ရသည်။ သူမြင်ခဲ့ရသော ဒီစီ မော်တာသည် ဘရပ်ရှ် (brushes) များ ပါဝင်ပြီး သတ္တုအစိတ်များဖြင့် ပြုလုပ်ထားသော ကွန်မြူတေတာ (commutator) ကို ထိကပ်နေသည်။ ထို ဘရပ်ရ်ှများနှင့် ကွန်မြူတေတာများ သည် ပွန်းပဲ့ ပျက်စီး စေတတ်ရာ ယင်းတို့ကို ဖယ်ပစ်လိုက်ခြင်းဖြင့် မော်တာကို ပိုကောင်းအောင် လုပ်နိုင်မည်ဟု ထိုစဉ်ကပင် သူစဉ်းစားမိခဲ့သည်။ နောက် ၄ နှစ် ကြာသော အခါ induction generator ပြုလုပ်ရန် စိတ်ကူး ရခဲ့သည်။ induction generator တွင် ရိုတာကို စက်မှုစွမ်းအင် တစ်ခုခုဖြင့် လှည့်ပေးခြင်းဖြင့် a.c လှပ်ြစစ် ကို ထုတ်ယူရရှိသည်။ ယင်းကို a.c လျှပ်စစ် ပြန်ပေးခြင်းဖြင့် ရိုတာကို လည်ပတ်အောင် ပြုလုပ်နိုင်သည်။ ဤနည်းဖြင့် လည်ပတ်သော မော်တာကို induction motor ဟု ခေါ်သည်။ တက်စလာသည် သူ့တီထွင်မှုများကို မိုဒယ် မဆောက်မီကပင် စိတ်ကူးဖြင့် မည်သည့် နေရာများတွင် အသုံးပြုရမည်ကို ကြိုတင် ကြံဆ ထားလေ့ရှိသည်။

တကယ်တမ်း အလုပ်လုပ်သော induction motor ကိုမူ ၁၈၈၃ ခုနှစ်ကျမှ တည်ဆောက်ခဲ့သည်။ ဤတွင် သူ့တီထွင်မှုများကို ဥရောပ၌သာ စိတ်ဝင်စားအောင် လုပ်ဆောင်နိုင်မည်ဟု နားလည် သဘောပေါက်လာပြီး နယူးရောက် မြို့သို့ ပြောင်းရွှေ့ အခြေချခဲ့သည်။ ထိုနေရာ၌ပင် သူ့ဓာတ်ခွဲခန်းနှင့် အလုပ်ရုံကို ၁၈၈၇ ခုနှစ်၌ တည်ထောင်ခဲ့ပြီး မော်တာများကို ထိထိရောက်ရောက် ထုတ်လုပ်နိုင်ခဲ့သည်။ တစ်လခန့် အတွင်း၌ပင် a.c လှပ်ြစစ် ဓာတ်အား ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးချခြင်းများနှင့် ဆိုင်သော ရှုပ်ထွေးများပြားသည့် patents မူပိုင်ခွင့် များ လျှောက်ထား ရရှိခဲ့သည်။ a.c လျှပ်စစ် သည် အလွန်ဝေးကွာသော ဒေသများသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ် ဖြန့်ဖြူးခြင်း များတွင် d.c လျှပ်စစ်ထက် ပို၍ ထိရောက်မှု ရှိသောကြောင့် ယနေ့ခေတ်တွင် စက်ပစ္စည်းများမောင်းရန် အများဆုံးသုံးသော လျှပ်စစ်ဓာတ်အား ဖြစ်လာခဲ့သည်။

တက်စလာသည် တစ်ချိန်တည်းမှာပင် American Institute of Electrical Engineers တွင် သူ၏ a.c လျှပ်စစ် စနစ် အကြောင်းကို လက်ချာ ပို့ချ ပေးနေခဲ့သည်။ အမေရိကန် တီထွင်သူ တစ်ဦးဖြစ်သော ဂျော့ဝက်စတင်းဟောက်စ် က ထိုလက်ချာများကို လေ့လာပြီးနောက် တက်စလာ၏ မူပိုင်ခွင့် patent များကို အလျင်အမြန် ဝယ်ယူ လိုက်တော့သည်။ ဝက်စတင်းဟောက်စ်သည် တက်စလာ၏ စိတ်ကူးများကို ထောက်ခံခဲ့ပြီး ၁၈၉၃ တွင် ရှီကာဂိုမြို့ တွင် ကျင်းပခဲ့သော World Columbian Exposition တွင် တက်စလာ၏ စနစ် ကို အသုံးပြု၍ မီးထွန်းခြင်းဖြင့် သရုပ်ပြခဲ့သည်။ တစ်လခန့် ကြာသောအခါ နယူးယောက်ရှိ နိုင်အာဂရာ ရေတံခွန်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စာချုပ်ကို ဝက်စတင်းဟောက်မှ အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည်။ တက်စလာ၏ နည်းစနစ်များကို အသုံးပြု၍ ဒေသတွင်း စက်ရုံများအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရုံသာမက ၂၂ မိုင် ကွာဝေးသော Buffalo မြို့ သို့ ဓာတ်အား ပို့လွှတ် ဖြန့်ဖြူးပေးခဲ့သည်။

၁၈၈၈ နှောင်းပိုင်းမှ စ၍ တက်စလာသည် ကြိမ်နှုန်းမြင့် (very high frequency) a.c လျှပ်စစ်ဓာတ်အားကို ထုတ်လုပ် အသုံးချရန် အလွန် စိတ်ဝင်စား ခဲ့သည်။ ထို လှပ်ြစစ်သည် မီးထွန်းရန်နှင့် ဆက်သွယ်ရေး တွင် အသုံးချနိုင် လိမ့်မည်ဟု တက်စလာ ယုံကြည်ခဲ့သည်။ ထို့ကြောင့် သူ၏ လျှပ်စစ်ဓာတ်အားပေး စက်များကို ကြိမ်နှုန်းမြင့် လှပ်ြစစ် ထုတ်နိုင်စေရန် ပြုပြင်ခဲ့သည်။ နောက်ပိုင်းတွင် လျှပ်စစ်ဓာတ်အားပေးစက်မှ ကြိမ်နှုန်းနိမ့် လျှပ်စစ်ထုတ်ယူ၍ နောက်ပိုင်းမှ ကြိမ်နှုန်းမြှင့်ပေးခြင်းသည် ပိုမိုထိရောက်မည်ဟု တက်စလာ က ဆုံးဖြတ်လိုက်သည်။ ထို ဆုံးဖြတ်ချက်အရ a.c လျှပ်စစ်၏ ဗို့အားနှင့် ကြိမ်နှုန်းကို တစ်ပြိုင်တည်း ပြောင်းလဲပေးနိုင်သော တက်စလာကွိုင် (Tesla coil) ကို တီထွင်ခဲ့သည်။

တက်စလာကွိုင်သည် လျှပ်စစ် ပတ်လမ်း ၂ ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ နှစ်ခုစလုံးမှာ ဝါယာခွေများ ဖြစ်ကြပြီး အခေါင်းပါသော ဆလင်ဒါ တစ်ကိုကို အတူတကွ ရစ်ပတ် ထားခြင်းဖြစ်သည်။ ကွိုင်တစ်ခုမှာ အရွယ်အစား ကြီးမားသော ဝါယာကို သုံးထားပြီး အပတ်ရေ အနည်းငယ်သာ ပတ်ထားသည်။ နောက် ကွိုင်တစ်ခုမှာမူ အရွယ်အစား အလွန် သေးငယ်သော ဝါယာကြိုး အပါတ်ရေ များစွာ ပတ်ထားပြီး ယင်းကွိုင် အတွင်းသို့ လှပ်ြစစ်သံလိုက်လှိုင်းများ ညှို့ဝင် ဖြစ်ပေါ်သည်။

ကွိုင်အပတ် အရေအတွက်ခြင်း အလွန်ကွာခြားမှုကြောင့် သေးငယ်သော ကွိုင်အတွင်း ညှို့ဝင် စီးဆင်းသော လျှပ်စီး၏ ကြိမ်နှုန်းနှင့် ဗို့အားသည် အလွန် မြင့်မားသည်။ ၁၈၉၉ ခုနှစ်တွင် ထိုကိရိယာကို အသုံးပြု၍ ၁၃၅ ပေ ရှည်သော လျှပ်စစ်မီးပွားတန်း electric spark ကို တက်စလာ ဖန်တီး နိုင်ခဲ့သည်။ ၂၅ မိုင်အကွာအဝေးရှိ မီးလုံးပေါင်း ၂၀ဝ ကျော်ကိုလည်း ကြိုးမဆက်သွယ်ဘဲ ထွန်းပြနိုင်ခဲ့သည်။ သူ၏ တက်စလာကွိုင်မှ ထွက်သော ကြိမ်နှုန်းမြင့် လျှပ်စစ်သည် ဓာတ်ငွေ့ထည့်ထားသော (နီယွန်) မီးချောင်းများကို အဝေးမှ စွမ်းအင် ပေးနိုင်စွမ်းရှိသည်။

တက်စလာအနေဖြင့် ရေဒီယို နည်းပညာ ပေါ်ပေါက်လာစေရန် များစွာ စိတ်အား ထက်သန်ခဲ့သည်။ ၁၈၉၇ အစောပိုင်းတွင် နယူးယောက်မြို့ မက်ဒီဆင် စကွဲ ပန်းခြံ (Madison Square Gardan) တွင် အဝေးထိန်းစံနစ်သုံး လှေပုံစံငယ် ၂ ခုကို သရုပ်ပြခဲ့သည်။ ၁၉၀ဝ ခုနှစ်မှ စတင်ကာ လောင်းကျွန်းငယ် (Long Island) ပေါ်တွင် အသံလွှင့် စက်ရုံတစ်ခုကို စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာ့ကြိုးမဲ့ ဆက်သွယ်မှု စနစ် ပရောဂျက် (World Wireless) တည်ထောင်နိုင်ရန် ကြိုးပမ်းခဲ့သည်။

နောင် နှစ်အနည်းငယ် ကြာသော အခါ သူ့ပရောဂျက်သည် သူ့ကို ထောက်ပံ့နေသူများအတွက် မဖြစ်နိုင်လောက်အောင် ကုန်ကျစားရိတ် များပြားလာကြောင်း သိလာကြပြီး သူ့ကို စွန့်ခွာ သွားခဲ့ကြသည်။ (၁၉၁၄-၁၉၁၈) ပထမ ကမ္ဘာစစ် အစတွင် တက်စလာအနေနှင့် စီးပွားပျက်ကပ် ကို ရင်ဆိုင်ခဲ့ရသည်။ အသံလွှင့်ရုံ အပါအဝင် မြောက်များစွာသော သူ၏ မအောင်မြင်သော ပရောဂျက်များကြောင့် ဝက်စတင်းဟောက်စ် ကလည်း စီးပွားရေးအရ ထောက်ပံ့ကူညီရန် ငြင်းပယ်ခဲ့သည်။ အခြား အဓိက ငွေကြေးထောက်ပံ့သူ တစ်ဦးဖြစ်သော စီးပွားရေးသမား ဂျွန် ပီယာပွန့် မော်ဂန် (John Pierpont Morgan) ကလည်း ၁၉၁၃ ခုနှစ်တွင် ဆုံးပါးသွားခဲ့သည်။

တက်စလာသည် သူ့နောက်ဆုံးကာလများကို အထီးကျန်စွာ ကုန်ဆုံးခဲ့ရသည်။ သူ့ တီထွင်မှုများစွာကို အခြားသူများက အောင်မြင်အောင် လုပ်ဆောင်ခဲ့ကြပြီး အကျိုး ခံစားသွားကြသည်။ တက်စလာအနေဖြင့် ပင်လယ်တွင် သင်္ဘောများအား ထောက်လှမ်းသည့် စနစ် တစ်ခုကို ပုံစံကြမ်းထုတ်ခဲ့ပြီး ယခုအခါ ရေဒါအဖြစ် ပေါ်ထွက်လာခဲ့သည်။ ငွေကြေးအခက်အခဲကြောင့် လက်တွေ့မလုပ်ခဲ့နိုင်သဖြင့် လျှပ်စစ်နာရီ၊ တာဘိုင် အစရှိသော မြောက်များလှစွာသော သူ၏ တီထွင်မှုများစွာသည် သူကွယ်လွန်မှုနှင့် အတူ ပျောက်ဆုံးခဲ့ရလေတော့သည်။

ရေးသားသူ – မင်းအရိပ်(ရောင်စုံအခန်းငယ်)

……………………………

၁။ သောမတ် အယ်လ်ဖာ အက်ဒီဆင် (၁၈၄၇-၁၉၃၁)

အားလုံးသိတဲ့အတိုင်း ကမ္ဘာ့အကြီးကျယ်ဆုံးတီထွင်ပညာရှင်ကတော့ သောမတ်အက်ဒီဆင်ပါပဲ။ သူ့ရဲ့ တီထွင်မှုတွေကြောင့်သာမက တီထွင်ပစ္စည်းတွေကို လူတိုင်းသုံးစွဲနိုင်အောင် လုပ်ပေးခဲ့သလို အဖွဲ့အစည်းလိုက် တီထွင်မှုတွေအတွက်လဲ ဦးဆောင်ပေးနိုင်ခဲ့လို့ ဖြစ်ပါတယ်။ အက်ဒီဆင်ဟာ တီထွင်မှုပေါင်း ၁၁၀၀နီးပါးကို သူ့နာမည်နဲ့ မှတ်ပုံတင်နိုင်ခဲ့သလို လျှပ်စစ်မီးသီး၊ အသံသွင်းပညာ၊ ရုပ်ရှင်၊ လျှပ်စစ်ဘက်ထရီ စတဲ့ ပစ္စည်းတွေနဲ့ ကမ္ဘာကြီးကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့သူပါ။

လျှပ်စစ်စွမ်းအင်ကို အဆင့်မြှင့်တင်ပြီး အိမ်တွေ၊ ရုံးတွေ၊ စက်ရုံတွေကို ဖြန့်ဖြူးပေးနိုင်ခဲ့ခြင်းဟာ ခေတ်သစ်ကမ္ဘာကြီးကို တည်ဆောက်ဖို့ အရေးကြီးဆုံး အုတ်မြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အက်ဒီဆင်ဟာ ကမ္ဘာ့ပထမဆုံး စက်မှုလုပ်ငန်းသုတေသနဓာတ်ခွဲခန်းကို တည်ဆောက်ခဲ့ပြီး နည်းပညာတီထွင်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်ခဲ့ပါတယ်။ အက်ဒီဆင်ဟာ သူ့ရဲ့ လက်အောက်က တီထွင်ပညာရှင်တွေရဲ့ တီထွင်မှုတွေကို သူ့နာမည်နဲ့ မှတ်ပုံတင်ခဲ့တာ မှန်ပေမယ့် အဲဒီလို တီထွင်ပညာရှင်ပေါင်းစုံနဲ့ ဘာသာရပ်အမျိုးမျိုးက တီထွင်မှုတွေကို ဦးဆောင်ပြီး ဆန်းသစ်မှုပေါင်းများစွာကို အားပေးခဲ့တာဟာပဲ သူဟာ ပါရမီရှင် ဥာဏ်ကြီးရှင်တစ်ယောက်ဖြစ်ကြောင်း ဖော်ညွှန်းနေပါတော့တယ်။

အထက်ပါ ပုဂ္ဂိုလ်ကြီး ၁၀ယောက်ဟာ အကြီးကျယ်ဆုံး တီထွင်သူ ၁၀ ယောက်ဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ မပါပေမယ့် အဖိုးတန်တဲ့ တီထွင်မှုပေါင်းများစွာကို ပြုလုပ်ခဲ့တဲ့ ပညာရှင်ကြီးတစ်ယောက်ရှိပါသေးတယ်။ သူ့ကိုလည်း ချန်ထားလို့ မဖြစ်တာကြောင့် ထည့်သွင်းဖော်ပြလိုက်ပါတယ်။ သူကတော့ နီကိုလာ တက်စ်လာ လို့ခေါ်တဲ့ အထူးခြားဆုံးသိပ္ပံပညာရှင်ကြီးတစ်ယောက်ဖြစ်ပါတယ်။…

…………………

၂။ တင်မ် ဘားနာ-လီး (၁၉၅၅-ယနေ့အထိ)

သည်စာရင်းထဲမှာပါတဲ့ တစ်ဦးတည်းသော ခေတ်သစ်လူသားပါ။ တင်မ် ဘာနာ-လီး ဟာ အင်္ဂလိပ်ကွန်ပြူတာပညာရှင်တစ်ဦးဖြစ်ပြီး ယနေ့လူသားတွေ တပ်မက်စွာ သုံးစွဲနေကြတဲ့ world wide web ကို တီထွင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၉ခုနှစ်မှာ သူဟာ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်ကို ချပြခဲ့ပြီး နောက်ထပ် ရှစ်လအကြာမှာတော့ အင်တာနက်ကို ဖြတ်သန်းပြီး http နဲ့ သတင်းအချက်အလက်တွေကို အောင်မြင်စွာ ပို့ဆောင်ပြခဲ့ပါတယ်။ (တကယ်တော့ httpဆိုတာ htpပါ။ ဘာနာ-လီးက ပမာဒလေခပြီး tတစ်လုံး ပိုထည့်ခဲ့လို့ httpဖြစ်နေရခြင်းဖြစ်ပါတယ်။)

သူတီထွင်ခဲ့တဲ့ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်အတွက်ပဲ ပထမဆုံး ၀က်ဘ်-ဘရောက်ဇာ၊ ပထမဆုံး ၀က်ဘ်ဆာဗာနဲ့ ပထမဆုံး ၀က်ဘ်ဆိုဒ်တို့ကိုလဲ သူပဲ တီထွင်ရေးဆွဲခဲ့ပါတယ်။ သုံးနှစ်အကြာမှာ world wide web consortiumကို တည်ထောင်ပြီး ယနေ့အထိဦးဆောင်ကာ world wide webကြီး ကြာရှည်တည်တံ့စွာ တိုးတက်အောင်မြင်စေရန်အတွက် protocolsတွေ ရေးဆွဲပေးနေပါတယ်။အသက် ၆၂နှစ်ရှိပြီဖြစ်တဲ့ ဘာနာ-လီးဟာ Semantic Web လို့ ခေါ်တဲ့ ခေတ်သစ်၀က်ဘ်ကို ကိုယ်ပိုင်စက်ကို တည်ဆောက်ကာ တီထွင်ရေးဆွဲနေဆဲ ဖြစ်သလို အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံ ပါမောက္ခတစ်ယောက်အဖြစ်လည်း ထမ်းဆောင်လျှက်ရှိပါတယ်။

……………

၃။ ဂျိမ်းစ်၀ပ် (၁၇၃၆-၁၈၁၉)

ခေတ်သစ်စက်မှုတော်လှန်ရေးကို ခေါ်ယူလာခဲ့တဲ့ တစ်ဦးတည်းသော တာ၀န်ရှိသူကို ဖော်ပြပါဆိုရင် ဂျိမ်းစ်၀ပ်လို့ပဲ ပြောရပါလိမ့်မယ်။ သူဟာ အစွမ်းထက်လှတဲ့ ရေနွေးငွေ့အင်ဂျင်ကို တီထွင်ခဲ့ပြီး စက်မှုလုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို တိုးမြှင့်ပေးနိုင်ခဲ့တာပါ။ လွယ်လွယ်နဲ့ ရခဲ့တာမဟုတ်ဘဲ ငွေကြေးဆိုင်ရာ အခက်အခဲတွေ၊ ရုန်းကန်မှုတွေကြားကနေ ဂျိမ်းစ်၀ပ်ရဲ့ တစိုက်မတ်မတ်တီထွင်မှုကြောင့်သာ ရေနွေးငွေ့အင်ဂျင်စက်ဟာ အကောင်အထည်ပေါ်လာခဲ့ရတာပါ။

အဲဒီနောက်မှာတော့ ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ်ငန်းတွေဟာ ထိုးတက်သွားခဲ့ပြီး စီးပွားရေးနဲ့ လူမှုရေးအပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ ဒါ့အပြင် ဂျိမ်းစ်၀ပ်ဟာ မြင်းကောင်ရေအားဆိုတဲ့ အယူအဆကို မိတ်ဆက်ခဲ့ပြီး မိတ္တူစက်ကိုလဲ တီထွင်ခဲ့ပါတယ်။ ဂျိမ်းစ်၀ပ်ရဲ့ မိတ္တူကူးစက်ပေါ် အခြေခံပြီး နောင်နှစ်ပေါင်းနှစ်ရာကျော်မှသာ ယနေ့ မိတ္တူကူးစက်တွေ ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။

…………—————

၄။ ရိုက်ညီနောင် – အိုဗာ (၁၈၇၁-၁၉၄၂)၊ ဝီဗာ (၁၈၆၇-၁၉၁၂)

ရိုက်ညီနောင်ဟာ လူသားမောင်းနှင်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး လေယာဉ်ကို တီထွင်ခဲ့ကြသူများ ဖြစ်ပါတယ်။ သူတို့ကလေးဘ၀တုန်းမှာ သူတို့ရဲ့ အဖေဖြစ်သူက ရဟတ်ယာဉ်အရုပ်ကလေး၀ယ်လာပေးရာကနေ သူတို့ဟာ လေကြောင်းပျံသန်းမှုပညာရပ်ကို အထူးစိတ်၀င်စားသွားခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအရုပ်ကလေး ပျက်ဆီးသွားတဲ့အခါ သူတို့နှစ်ယောက်က ကိုယ်တိုင် ပြန်တည်ဆောက်နိုင်ခဲ့ကြပါတယ်။

နှစ်ယောက်လုံးဟာ အထက်တန်းကျောင်းတောင် မအောင်ခဲ့ကြပေမယ့် ထူးချွန်ထက်မြက်ပြီး အလုပ်ကြိုးစားကြသူတွေပီပီ အဖွဲ့တစ်ဖွဲ့တည်ထောင်ပြီး သတင်းစာထုတ်ဝေမှုကို အရင်လုပ်ခဲ့တာပါ။ သတင်းစာထုတ်ဝြေခင်းလုပ်ငန်းဟာ မကြာခဲ့ပေမယ့် အဖွဲ့ရဲ့ ပေါင်းစည်းမှုကို ခိုင်မြဲစေခဲ့ပါတယ်။ အဲဒီနောက် သူတို့ဟာ ကိုယ်ပိုင်စက်ဘီးဒီဇိုင်းထုတ်ပြီး ရိုက်စက်ဘီးကုမ္ပဏီအမည်နဲ့ စက်ဘီးများ ထုတ်လုပ်ရောင်းချခဲ့ကြပြန်ပါတယ်။ အောင်မြင်တဲ့ စက်ဘီးလုပ်ငန်းကနေ ရလာခဲ့တဲ့ အကျိုးအမြတ်တွေဟာ သူတို့ရဲ့ ပျံသန်းမှုလုပ်ငန်းအတွက် ရံပုံငွေတွေပေါ့။

လေယာဉ်ကို တီတွင်နိုင်ဖို့အတွက် အရေးပါဆုံးတီထွင်မှုနှစ်ခုကတော့ စက်ဆရာ ချာလီတေလာနဲ့အတူ တည်ဆောက်ခဲ့တဲ့ ပေါ့ပါးသေးငယ်တဲ့ အင်ဂျင်ဖြစ်ပြီး နောက်တစ်ခုကတော့ ညီနောင်နှစ်ယောက်ကိုယ်တိုင် တီထွင်ခဲ့တဲ့ လေယာဉ်ကို အကောင်းဆုံး ထိန်းကျောင်းနိုင်ဖို့ ၀င်ရိုးသုံးခုစတီယာရင်ပဲ ဖြစ်ပါတယ်။ ရိုက်ညီနောင်ဟာ သူတို့ရဲ့ တီထွင်မှုကို အဆင့်ဆင့် တိုးတက်မြှင့်တင်ခဲ့ပြီး ရိုက်ကုမ္ပဏီကနေ မော်ဒယ်အမျိုးမျိုးနဲ့ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လေယာဉ်မှူး၁၁၅ဦးကိုလဲ မွေးထုတ်ပေးခဲ့ပြီး အဲဒီခေတ်အခါက လူထုကို လေကြောင်းပျံသန်းမှုအရသာအား ထိတွေ့စေခဲ့ကြတာပါ။

———-

၅။ ဂယ်လီလီယို ဂယ်လီလီ (၁၅၆၄-၁၆၄၂)

အိုင်းစတိုင်းရဲ့ အဆိုအရ ဂယ်လီလီယိုဟာ ခေတ်သစ်သိပ္ပံပညာရဲ့ ဖခင်ကြီးပါ။ သူ့ရဲ့ ကြီးကျယ်တဲ့ အောင်မြင်မှုတွေကတော့ နက္ခတ်တာရာကြည့်မှန်ပြောင်းကို အဆင့်မြှင့်တင်မှု၊ ကြယ်နဲ့ ဂြိုလ်တွေကို လေ့လာသုတေသနပြုမှုတွေ၊ ကမ္ဘာဟာ နေကို လည်ပတ်နေတယ်ဆိုတဲ့ ကိုပါးနီးကပ်ရဲ့ တော်လှန်သော အတွေးအခေါ်ကို အားဖြည့်ထောက်ခံနိုင်ခဲ့တာတို့ပဲ ဖြစ်ပါတယ်။

သူဟာ အပူချိန်တိုင်းကိရိယာ သာမိုမီတာကို ဦးဆုံးဒီဇိုင်းထုတ်နိုင်ခဲ့သလို စစ်သုံးအိမ်မြှောင်ကိုလည်း တီထွင်ခဲ့ပါတယ်။ ရွေ့လျားနေတဲ့ အရာ၀တ္ထုတွေရဲ့ ရူပဗေဒအလုပ်တွေကို တွက်ထုတ်ပေးခဲ့သလို သူ့ကြောင့် နယူတန်က classical mechanicsကို တိုးတက်စေနိုင်ခဲ့တာဖြစ်ပါတယ်။ ဂယ်လီလီယိုရဲ့ နောက်ထပ် မှတ်သားဖွယ်အောင်မြင်မှုတွေကတော့ သောကြာဂြိုလ်ရဲ့ ကြယ်လေးစင်းကို ရှာတွေ့ခဲ့တာ၊ နေပေါ်က အစက်အပြောက်တွေကို ရှာတွေခဲ့တာနဲ့ မစ်ကီဝေးဆိုတာဟာ များပြားလှစွာသော ကြယ်တွေရဲ့ ပြွတ်ကြပ်နေတဲ့ အစုအဖွဲ့ဖြစ်ကြောင်း ဖော်ထုတ်ခဲ့တာတွေပဲ ဖြစ်ပါတယ်။

သူ့ရဲ့ ရေးသားဖော်ထုတ်ချက်ဖြစ်တဲ့ နေကို ဗဟိုပြုလည်ပတ်နေသော နေစကြ၀ဠာအဖွဲ့အစည်းအယူအဆဟာ သူ့ကို ထိုစဉ်က အာဏာပြင်းလွန်းတဲ့ ရိုမန်ကက်သလစ်ဘုရားကျောင်းတော်နဲ့ ထိပ်တိုက်တွေ့စေခဲ့ပြီး မိစ္ဆာဒိဌိတစ်ဦးအဖြစ် သမုတ်ခံရကာ အိမ်တွင်းအကျဉ်းကျခံခဲ့ရပါတယ်။ အဲဒီနောက် တစ်သက်လုံး သူဟာ နေအိမ်အကျယ်ချုပ်နဲ့ပဲ နှစ်ပါးသွားခဲ့ရတာပါ။ အဲဒီအကျယ်ချုပ်အချိန်တွေမှာပဲ သူဟာ ဘ၀တစ်လျှောက်အကောင်းဆုံးအလုပ်ဖြစ်တဲ့ သိပ္ပံပညာအသစ်နှစ်ခု လို့ အမည်ရတဲ့ ရူပဗေဒဆိုင်ရာစာတမ်း ပြုစုခဲ့ပါတယ်။

——-

၆။ ချားလ်စ် ဘက်ဘေ့ခ်ျ (၁၇၉၁-၁၈၇၁)

အင်္ဂလိပ်လူမျိုးတစ်ဦးဖြစ်တဲ့ ချားလ်စ်ဘက်ဘေ့ခ်ျဟာ ပရိုဂရမ်ရေးသားပြီး တွက်ချက်နိုင်တဲ့ စက်ကို တီထွင်နိုင်မှုကြောင့် ကွန်ပြူတာဖခင်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပါတယ်။ အဲဒီစက်ဟာ ခေတ်သစ်ကွန်ပြူတာတွေအတွက် အခြေခံဗိသုကာပုံစံဖြစ်ပြီး သူ့ရဲ့ စက်ကို အခြေခံပြီး စက်မှုလုပ်ငန်းတွေရဲ့ ထုတ်လုပ်နိုင်စွမ်းအားတွေကို တိုးမြှင့်နိုင်ခဲ့ပါတယ်။

On the economy of the machinery and manufactures ဆိုတဲ့ သူရဲ့ စာအုပ်ဟာ အရှိန်အဝါအလွန်ကြီးခဲ့တဲ့ စာအုပ်ပါ။ ဒီစာအုပ်ထဲမှာပါတဲ့ ဘက်ဘေ့ခ်ျသဘောတရားကြောင့် စီးပွားရေးလုပ်ငန်းတွေဟာ စွမ်းဆောင်ရည်မြင့်မားမှုလိုအပ်တဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ စွမ်းဆောင်ရည်မြင့်လုပ်သားတွေကို လခပိုမိုပေးပြီး ခန့်အပ်ခဲ့ကြလို့ ကုန်ထုတ်စွမ်းအားတွေ မြင့်မားလာခဲ့ပါတယ်။ ဘက်ဘေ့ခ်ျဟာ မီးရထားလုပ်ငန်းမှာလဲ စွန့်ဦးတီထွင်သူတစ်ဦးအဖြစ် တီထွင်မှုတွေလုပ်ခဲ့ပါတယ်။

ရွှေ့လျားနိုင်တဲ့ စက်ခေါင်းရဲ့ ရှေ့မှာ သတ္တုဖရိမ်တပ်ဆင်ပြီး အတားအဆီးတွေကို ဖယ်ရှားတဲ့ယာဉ်၊ မီးရထားတွေရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာနိုင်ဖို့ ပထမဆုံး ဒိုင်နမိုမီတာကား၊ အော်သာမိုစကုပ်လို့ ခေါ်တဲ့ လူနာရဲ့ မျက်စိထဲကို ဆရာ၀န်က ကြည့်နိုင်တဲ့ ကိရိယာ စတာတွေကို တီထွင်ခဲ့သူပါ။ ဝှက်စာရေးခြင်း ပညာရပ်မှာလဲ အရေးပါတဲ့ တီထွင်မှုတွေကို ပြုလုပ်နိုင်ခဲ့ပြီး ဗြိတိသျှစစ်တပ်ဟာ အဆိုပါတီထွင်မှုကို လျှို့ဝှက်စွာ အသုံးပြုခဲ့တဲ့နောက် ဘက်ဘေ့ခ်ျသေဆုံးပြီး ရာစုနှစ်တစ်ခု ကြာမှသာ အများသိနိုင်အောင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

……………………

၇။ ဂျိုဟန်နက်စ် ဂူတင်ဘတ် (၁၃၉၂-၁၄၆၈)

ဂျိုဟန်န်စ် ဂူတင်ဘတ်ဟာ ပုံနှိပ်အတတ်ပညာကို ဥရောပမှာ မိတ်ဆက်ပေးခဲ့သူ ဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး ပုံနှိပ်ပညာဟာ တရုတ်မှာ စတင်ခဲ့ပြီးနောက် ကိုရီးယားကို ရောက်ရှိသွားပြီး သတ္တုအသုံးပြုပြီး အဆင့်မြှင့်တင်ခြင်းခံရပါတယ်။ ဒါပေမယ့် ဂူတင်ဘတ်ဟာ ပုံနှိပ်အတတ်ပညာရဲ့ စွမ်းအားကို ပြီးပြည့်စုံအောင် ပြုလုပ်ခဲ့သူပါ။

ဥရောပအက္ခရာစာလုံးတွေကို မှင်အသုံးပြုပြီး စာရွက်ပေါ်မှာ ပုံနှိပ်နိုင်အောင် များပြားလှစွာသော ရွှေ့ပြောင်းနိုင်တဲ့ စက်ပစ္စည်းတွေ ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒီပုံနှိပ်အတတ်ပညာကြောင့် များစွာသော ပညာရပ်ဆိုင်ရာ စာအုပ်၊ စာတမ်းတွေ ထုတ်ဝေနိုင်ခဲ့ကြပြီး သိပ္ပံပညာခေတ်သစ်စတင်နိုင်ခဲ့တာပါ။

အေဒီနှစ်တွေထဲမှာ ဒါဟာ အကြီးကျယ်ဆုံးတီထွင်မှုလို့ ပညာရှင်အများအပြားက သမုတ်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ပုံနှိပ်အတတ်ပညာ ပေါ်ထွန်းလာခဲ့လို့သာ သတင်းအချက်အလက်တွေဟာ ကန့်သတ်ချက်မရှိဘဲ နေရာအနှံ့ရောက်ရှိနိုင်ခဲ့သလို ရှေးက ပညာရေးစနစ်ဟာ ရေပေါ်ဆီအသိုင်းအဝုိင်းအတွက်သာ ဖြစ်ခဲ့ပေမယ့် ယနေ့မှာတော့ ဘယ်သူမဆို စာရေး၊ စာဖတ် ပြုလုပ်နိုင်ပြီဖြစ်လို့ပါပဲ။

————

၈။ အာခီမီးဒီးစ် (၂၈၇-၂၁၂ဘီစီ)

အာခီမီးဒီးစ်ဟာ သူ့ခေတ်သူ့အခါမှာ အကြီးကျယ်ဆုံး သင်္ချာပညာရှင်အဖြစ် သတ်မှတ်ခံခဲ့ရပြီး ကမ္ဘာ့သမိုင်းမှာ အကြီးကျယ်ဆုံး တီထွင်သူ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကျော်တုန်းက အသက်ရှင်နေထိုင်ခဲ့သူ သူ့ကြောင့်သာ ယခုတီထွင်သူစာရင်းထဲက သူတွေအားလုံးနီးပါး တီထွင်မှုတွေ လုပ်နိုင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ သူဟာ ယနေ့ကျွန်တော်တို့မှီခိုနေရတဲ့ စက်ဝုိင်းဧရိယာ၊ မျက်နှာပြင်ဧရိယာ၊ စက်လုံးရဲ့ ထုထည်၊ ပါရာဘိုလာဧရိယာ စတဲ့ ဂျီအော်မေတြီသီအိုရမ်တွေကို သက်သေပြခဲ့ပြီး ပိုင်ရဲ့ တန်ဖိုးကိုလဲ ခန့်မှန်းတွက်ချက်ခဲ့သူပါ။

ဒီ သင်္ချာပညာရပ်ဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေကို သူ့ဘ၀တစ်လျှောက်လုံး လုပ်ခဲ့သလို သူတီထွင်ခဲ့တဲ့အရာတွေကလည်း သူ့ရဲ့ တွက်ချက်မှုတွေကို အခြေခံခဲ့တာပါ။ အာခီမီးဒီးစ်ဟာ ကုတ်(lever)ရဲ့ အခြေခံသဘောတရားကို ပထမဆုံး ထုတ်ဖော်ခဲ့သူဖြစ်ပြီး၊ ရှေးဦးစက်ကိရိယာတွေလို့ ခေါ်နိုင်တဲ့ ၀က်အူရစ်ရေတင်စက်၊ ပူလီတွေကို စုစည်းပြီး အလေးသယ်တဲ့စက်၊ ပထမဆုံးဂြိုလ်နက္ခတာရာမြေပုံစတာတွေ တီထွင်ခဲ့တဲ့အပြင် သူရဲ့ မွေးရပ်မြေ ဆီရာကျုမြို့ကို စစ်အတွင်းမှာ စိတ်ကူးယဉ်ဆန်ဆန် စက်ကိရိယာတွေနဲ့ ကာကွယ်ခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် သူ့ရဲ့ ကြီးကျယ်ထင်ရှားတဲ့ တီထွင်မှုတွေကြောင့် ရန်သူ့ခေါင်းဆောင်တွေဟာ သူ့ကို အထိအခိုက်မရှိစေဖို့ မှာကြားထားခဲ့ကြပေမယ့် ဆီရာကျုမြို့သိမ်းတိုက်ပွဲမှာ ရောမစစ်သားတစ်ယောက်ရဲ့ ဓားချက်နဲ့ သေဆုံးခဲ့ရပါတယ်။

…———-

၉။ ဘင်ဂျမင် ဖရန်ကလင်း (၁၇၀၅-၁၇၉၀)

အမေရိကန်သမိုင်းမှာ ဘင်ဂျမင် ဖရန်ကလင်းဟာ ဘာသာရပ်အမျိုးမျိုးအတွက် အကြီးကျယ်ဆုံး တွေးခေါ်ပညာရှင်တစ်ယောက်ပါ။ သူဟာ ပုံနှိပ်စက်ဆရာ၊ စာရေးဆရာ၊ စာတိုက်မှူး၊ နိုင်ငံရေးသီအိုရီပညာရှင်၊ နိုင်ငံရေးသမား၊ နိုင်ငံတည်ထောင်သူ၊ သံတမန်၊ သိပ္ပံပညာရှင်နဲ့ တီထွင်သူတစ်ဦးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ တီထွင်ဆန်းသစ်မှုတွေဟာ ဖရန်ကလင်စတုတ်ဖ်လို့ ခေါ်တဲ့ မီးဖို၊ ပင်လယ်ပြင်သွား သင်္ဘောကျောက်ဆူး၊ အတုထုတ်ဖို့ ခက်ခဲတဲ့ ငွေစက္ကူဒီဇိုင်း စတဲ့ သေးငယ်တဲ့ တီထွင်မှုတွေကနေ လျှပ်စစ်စွမ်းအင်အကြောင်း သုတေသနပြုမှုတွေ၊ လျှပ်စစ်ဖိုဓာတ်၊ မဓာတ် အီလက်ထရွန်တွေကို ရှာဖွေတွေ့ရှိမှု၊ အလင်းဓာတ်ချောင်းကို တီထွင်နိုင်မှုတွေအထိ များပြားခဲ့ပါတယ်။

ဖရန်ကလင်းဟာ မွေးရာပါ ခေါင်းဆောင်မှုဗီဇပါသူလည်း ဖြစ်ပါတယ်။ အမေရိကရဲ့ ပထမဆုံး မီးသတ်ဌာန၊ ပထမဆုံး ဆေးရုံ၊ အမေရိကန်စာတိုက်စနစ်၊ ပညာရှင်သုံးယောက်အဖွဲ့နဲ့ တည်ထောင်ခဲ့တဲ့ အမေရိကန်ကောလိပ်စနစ် စတာတွေကို ဆန်းသစ်တည်ထောင်ခဲ့သလို အရေးကြီးဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံရေးစနစ်ကို တီထွင်ဆန်းသစ်တဲ့ အဓိက ဒေါက်တိုက်အဖြစ် ပါ၀င်အသုံးတော်ခံခဲ့သူပါ။ ဖရန်ကလင်းဟာ အမေရိကန်လွတ်လပ်ရေးကြေငြာစာတမ်း၊ ပြင်သစ်နိုင်ငံနှင့် မဟာမိတ်စာချုပ်၊ ပဲရစ်စာချုပ်နဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ စတဲ့ အမေရိကန်နိုင်ငံတည်ထောင်မှု စာတမ်းလေးစောင်မှာ လက်မှတ်ရေးထိုးခဲ့သူ အမေရိကရဲ့ တစ်ဦးတည်းသော ဖခင်ကြီးဖြစ်ပါတယ်။

——-

၁၀။ လီယိုနာဒို ဒါဗင်ချီ (၁၄၅၂-၁၅၁၉)

လီယိုနာဒို ဒါဗင်ချီဆိုတာ ကမ္ဘာကျော်ပန်းချီကားကြီးတွေဖြစ်တဲ့ မိုနာလီဇာနဲ့ နောက်ဆုံးညစာ စတဲ့ ပန်းချီကားတွေကို ရေးဆွဲခဲ့သူ ပန်းချီအကျော်အမော်တစ်ယောက်သာမကဘဲ ပညာရပ်နယ်ပယ်အမြောက်အမြားမှာ စူးစမ်းလေ့လာပြီး အောင်မြင်ဖြစ်ထွန်းခဲ့သူ သမိုင်းမှာ အတော်ဆုံး လူတစ်ယောက်လဲ ဖြစ်ပါတယ်။ ပညာရပ်နယ်ပယ်များစွာမှာ တကယ်ကို တတ်သိနှံ့စပ်မှုတွေ များစွာပိုင်ဆိုင်ခဲ့တဲ့သူဟာ သိပ္ပံလောကကို တစ်ခေတ်ဆန်းစေသူလဲ ဖြစ်ပါတယ်။ ပန်းချီရေးဆွဲမှုတစ်ခုတည်းမှာတင် သူ့ရဲ့ အစွမ်းက အံ့မခန်းပါပဲ။

အလင်း၊ အပင်၊ လူ့မျက်နှာပေါ်က ခံစားမှုအမျိုးမျိုး၊ သက်ရှိတည်ဆောက်ပုံတွေ၊ သဘာ၀တရားတွေကို ရေးဆွဲခဲ့ပုံတွေက တီထွင်ဆန်းသစ်ပြီး ရေးဆွဲခဲ့သူပါ။ သူသေပြီးတဲ့နောက်မှာ သူ့ရဲ့ သိပ္ပံနည်းပညာဆိုင်ရာ တီထွင်မှုတွေကြောင့် လူသားတွေရဲ့ ရိုသေလေးမြတ်မှုကို ခံယူခဲ့ရပါတယ်။ သူသေပြီး နှစ်ရာနဲ့ချီတဲ့အချိန်မှာတောင် မဖန်တီးနိုင်ခဲ့ကြတဲ့ နည်းပညာမြောက် ပစ္စည်းတွေကို အသေးစိတ်ဒီဇိုင်းတွေ အမြောက်အမြားရေးဆွဲခဲ့ပါတယ်။ ဥပမာအားဖြင့် ပျံသန်းနိုင်တဲ့ စက်တွေ၊ တိုက်ခိုက်ရေးသံချပ်ကာယာဉ်၊ နေစွမ်းအင်အသုံးပြုပုံ၊ နစ်မြုပ်ဖို့ ခက်ခဲ့တဲ့ နှစ်ထပ်သင်္ဘောဒီဇိုင်း စတာတွေပဲ ဖြစ်ပါတယ်။

ဒါဗင်ချီရေးဆွဲခဲ့တဲ့ ခန္ဓာဗေဒဆိုင်ရာ ပုံကြမ်းတွေကိုသာ အဲဒီခေတ်က ပုံနှိပ်ထုတ်ဝြေဖစ်ခဲ့မယ်ဆိုရင် တကယ်ကို အရေးကြီးတဲ့ ဆေးဘက်ဆိုင်ရာ သုတေသနပြုမှုတွေအတွက် အရမ်းအသုံး၀င်ခဲ့မှာပါ။ သူဟာ အင်ဂျင်နီယာတစ်ယောက်အဖြစ်နဲ့လဲ သူရဲ့ စွမ်းရည်တွေကို ထုတ်ဖော်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ဘ၀တစ်လျှောက်လုံး သူဟာ ကြီးကျယ်ခမ်းနားသူတစ်ယောက်အနေနဲ့ ရပ်တည်ရှင်သန်ခဲ့ပြီး သူ သေဆုံးခါနီးအချိန်တွေဟာ ပြင်သစ်ဘုရင်ကိုယ်တိုင်က သူ့ရဲ့ လက်တွေနဲ့ပွေ့ဖက်ထားခဲ့ပြီး ပညာရှင်ကြီးတစ်ယောက်ရဲ့ နေ၀င်ချိန်ကို နှုတ်ဆက်ခဲ့ပါတယ်။