ဦးစန်းလွင် ညွှန်မှုး ဘူမိဗေဒ (ဆ/မ)(ငြိမ်း)အမှတ်တရ

ဆည်မြောင်း /ဒု ညွှန်ကြားရေးမှူးချုပ် ( ငြိမ်း ) ဦးဇော်ဝင်း မှ
ဆရာကြီးအား ဂါရဝထား လေးစား ဂုဏ်ပြု လျက် ၊ ရေးသား မှတ်တမ်းတင်ထားသည်များကို
ပြန်လည် ကူးယူ ဖေါ်ပြပါသည် ။

မြန်မာ့ဆည်မြောင်းလောကတွင် ၊ ဆည်မြောင်းဦးစီးဌာန ၏ ပထမဦးဆုံးသော ဘူမိဗေဒ ပညာရှင်ကြီး တစ်ဦးဖြစ်ပြီး ၊ လွတ်လပ်ရေး ရပြီးနောက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆည်မောင်းတာတမံများတည်ဆောက်ခဲ့ရာတွင် ၊ ဆည်မြောင်းအင်ဂျင်နီယာဆ၇ာသမားကြီးများနှင့်အတုလက်တွဲလျက် ဆည်တမံကြီးများအတွက် အရေးကြီးသော ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာ ခြင်း နှင့် တမံတည်ဆောက်ခြင်း ၊ တမံဖို့မြေသားရွေးခြယ်ခြင်း စသော ဘူမိဗေ ဒဆိုင်ရာ ပညာရပ်တီင် ရှေ့တန်းမှ ဆောင်ရွက်ခဲ့သူ ဘူမိဗေဒပညာရျင် ဆရာသမားကြီးတစ်ဦးဖြစ်ပါသည် .

ဆရာသမားကြီးမှ တစ်ဖန် မျိုးဆက်သစ် ဘူမိဗေု ပညာရှင်ပေါင်းများစွာကို ဆည် မြောင်းဌနအတွက် ပူးတွဲ အလုပ်လုပ်ရင်း လုပ်ရင်းသင် ၊ သင်ရင်းလုပ်ရင်း ဘူမိဗေဒပညာရှင်များစွာကို ဆည်မြောင်းဌုနအတွက် မွေူထုတ်ပေးခဲ့သူ နိုင်ငံအတွက် အလုပ်အကြွေး ပြုပေးခဲသူ ကျေးဇူးကြီးမားလှသည့် ဆရာသမားကြီ’တစ်ဦးဖြစ်ပါသည် ။

ဝါရင့် ယူမိဗေဒပညာရျင် ဆရာသမားကြီး ဦးစန်းလွင်အား ဂုဏ်ပြုသောအားဖြင့် ၊ဆရာသမားဦးဇော်ဝင်း၏ အမျတ်တရစာများအား ပြန်လည် ကူးယူ ဖေါ်ပြလိုက်ပါသည် ။

အေးမြင့် ( ညောင်တုန်း )

၁၃/၄/၂၀၂၂

သက္ကရာဇ် ၁၃၈၃ တန် ခူးလဆန်း ၁၃ ရက်နေ့ ( ဗုဒ္ဓဟူးနေ့ ။

မြန်မာ့ သကြင်္န် အကြိ ုနေ့ ။