ဖတ်စရာ မှတ် စရာ
ကြည့်စရာ သိစရာ ( ၁၄ ) က
ရေကြီးပြဿနာ အဖြေရှာ
ရေတွေဘယ်ကလာ
Mizzima Dialogue TV Show
Facebook post 23 June 2017
ပြန်လည်ဖေါ်ပြပါသည် ။
မိုးရွာတိုင်းရေကြီးရေလျှံမှုဖြစ်နေတဲ့ ရန်ကုန်မြို့အခြေအနေကို ဘယ်လိုဖြေရှင်းကြမလဲ (အပိုင်း -၄ )
ရန်ကုန်မြို့မှာ မိုးသည်းထန်စွာရွာသွန်းတိုင်း ရေကြီးရေလျှံမှုပြဿနာနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီကိစ္စကို ဖြေရှင်းဖို့အတွက် ရန်ကုန်တိုင်းအစိုးရက ဖြေရှင်းဖို့ကြိုးစားနေပေမယ့် အခုချိန်ထိ မပြေလည်သေးတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီကိစ္စရဲ့ ပြဿနာ အရင်းအမြစ်က ဘာဖြစ်မလဲ။ ရေတို၊ ရေရှည် ဘယ်လိုတွေ ဖြေရှင်းကြမလဲဆိုတာကို မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ရေအရင်းအမြစ် အင်ဂျင်နီယာဌာနမှ တွဲဖက်ပါမောက္ခ (အငြိမ်းစား) ဦးမြင့်သိန်း၊ ရန်ကုန်တိုင်းလွှတ်တော် ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၊ National Engineering and Planning Services က ရေအရင်းအမြစ်အင်ဂျင်နီယာ ဦးအေးမြင့် နှင့် မြို့ပြအင်ဂျင်နီယာ ဒေါ်ခင်အေးမြင့်တို့က Mizzima Dialogue TV Show အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။
#MizzimaDialogueTVShow #ရန်ကုန်မြို့ရေကြီးရေလျှံမှု
ကြာခဲ့ ပါပြီ
သို့သော်
မိုးရွာတိုင်း ရန်ကုန်မှာ ဆက်လက်ရေကြီးနေမြဲမို့
ပြန်လည် သတိပေး ဖေါ်ပြပါသည် ။
အေးမြင့် ( ညောင်တုန်း)
၂.၁/၂၀၂၄
ရည်ညွှန်း
Mizzima Dialogue TV Show
Facebook post 23 June 2017
