ဂီတစာဆို ကိုသက်ဦး ရဲ့ သူရွေးသီရာ တေးကဗျာ(၁) အဖွဲ့ -၁၉၉၈ Full album
ဂီတစာဆို ကိုသက်ဦး ရဲ့ သူရွေးသီရာ တေးကဗျာ(၂ ) အပျိုရီုင်းစီးရီး Full album
နှင်းပျောက်တဲ့ နွေ
ဂီတစာဆို ကိုသက်ဦး ကိုယ် တိုင် ရေး/ ကိုယ် တိုင် ဆိုခဲ့ဘူးတဲ့ နှင်းပျောက်တဲ့နွေ ရုပ် ရှင် ကားကြီးရဲ့ ဂန္ဓဝင် မြောက် ဇာတ် ဝင်သီချင်း တစ်ပုဒ် ကို စန္ဒယားအောင်ဝင်းမှ ပြန်လည် တီးခတ် ဂုဏ်ပြုထားပါတယ် .
သတင်း
နှင်းပျောက်တဲ့နွေ ဂီတစာဆို ကိုသက်ဦး ဂုဏ်ပြု အမှတ်တရပွဲ ကျင်းပ

အစီအစဉ် တင်ဆက်နေကြတဲ့ အဆိုတော် သန်းမြတ်စိုး နဲ့ သရုပ်ဆောင် ရန်ပိုင်စိုး / ကိုစိုး / ဧရာဝတီ
By ဧရာဝတီ 12 August 2017
နှင်းပျောက်တဲ့နွေ ၊ သီတာရေစင်၊ ဒေဝစ္ဆရာ၊ ယုံတမ်းစကား၊ သဲကြီးမဲကြီး၊ တောသူအချစ် စတဲ့ နာမယ်ကြီး မြန်မာသံ တေးသီချင်းတွေကို သီကုံးရေးဖွဲ့ခဲ့တဲ့ ဂီတ စာဆို ကိုသက်ဦး ဂုဏ်ပြု အမှတ်တရ ပွဲကို သြဂုတ် ၁၁ ရက် ညက ရန်ကုန်မြို့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပသွားပါတယ်။
ဒေဝစ္ဆရာ နှင့် ရွှေအလင်္ကာ အမည်နဲ့ ကျင်းပတဲ့ ဒီအမှတ်တရ အစီအစဉ်မှာ နိုင်ငံကျော် မြန်မာသံ အဆိုရှင်တွေ ဖြစ်ကြတဲ့ သန်းမြတ်စိုး၊ ရန်ပိုင်စိုး၊ ရီရီသန့်၊ တက္ကသိုလ် လဲ့လဲ့၊ နီနီဝင်းရွှေ နဲ့ မျိုးဆက်သစ် မြန်မာသံ အဆိုရှင်တွေ အပါအဝင် တေးသံ ရှင် ပေါင်း ၃၀ လောက်က ဂီတစာဆို ကိုသက်ဦး ရဲ့ တေးသီချင်း အပုဒ်ပေါင်း ၄၀ လောက်ကို ဖျော်ဖြေခဲ့ကြပါတယ်။အဆိုတော် ပန်းအိဖြူ ရဲ့ ဖျော်ဖြေမှု အလှည့် (ဓာတ်ပုံ – ကိုစိုး/ဧရာဝတီ)
တေးဂီတ ရသ အပိုင်းမှာတော့ စန္ဒရား ခွန်တင်ကြွယ် နဲ့ ရွာစား ဖိုးသင်္ကြန် မြန်မာ့ဆိုင်း အဖွဲ့တို့က တာဝန်ယူ တီးခတ် ပေးပါတယ်။
အဲဒီပွဲမှာ ဗိုလ်ကလေးတင့်အောင်၊ ရွှေနန်းတင်၊ မောင်မောင်လတ်၊ စန္ဒရားစိန်သောင်း၊ မိုးဟိန်း၊ မာမာအေး၊ တင်တင်မြ၊ ရီရီသန့်၊ သန်းမြတ်စိုး စတဲ့ ဂီတအနုပညာရှင်တွေရဲ့ အမှတ်တရ ရေးသားထားတဲ့ ဆောင်းပါးပေါင်း အပုဒ် ၃၀ လောက်နဲ့ ကိုသက်ဦး ရဲ့ နှင်းပျောက်တဲ့နွေ အပါအဝင် နာမယ်ကြီး တေးသီချင်း စာသားတွေ ဖော်ပြထားတဲ့ စာအုပ် နဲ့ တေးသီချင်း ပေါင်း ၈၀ လောက်ပါဝင်တဲ့ စီဒီ ခွေကိုလည်း ကျပ် ၄၀၀၀ နဲ့ အမှတ်တရ သိမ်းဆည်းချင်သူတွေ အတွက် ရည်ရွယ်ပြီး ရောင်းချပေးပါတယ်။
ဂီတ စာဆို ကိုသက်ဦးဟာ ၂၀၀၀ ပြည့်နှစ် ၁၁ လပိုင်း ၁၇ ရက်က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
Topics: ဂီတစာဆို ကိုသက်ဦး
