ကျော်ဟိန်း ။ ဘဝ ပြောင်းသွားသော မြန်မာ့ထိပ်တန်း ရုပ်ရှင်မင်းသားကြီး ။

https://youtu.be/IF1E6DuT7Cs?is=z9L0-i8HD1kMIQy2

BBC မေး ဦးကတ္တိသာရ ဦးဇင်းဦးကျော်ဟိန်းဖြေ

https://youtu.be/gRmhD1nLRrE?is=YrSJijXCOXnhz6cZ

MRTV Sunday Talk 2008 ဦးကိုကို (စက်မှု) နှငိ့ဦးမျိုးမြတ်သူ

https://youtu.be/xHD8cqU9MKY?si=zknLY7LJ_v7GH7OF

ဦး ကျော်ဟိန်း ၏ ဓမ္မရသ 11 videos

https://youtube.com/playlist?list=PLSzGkSR30NqFaB79KxhEY8xj0XXthuHTo&si=_-84fXnF07mRVMtM

https://youtube.com/playlist?list=PLSzGkSR30NqFaB79KxhEY8xj0XXthuHTo&si=39o2Mu68oDxR0rk3

ဦးဇဉ်းကျော်ဟိန်း 22 videos

https://youtube.com/playlist?list=PLqnSdW-e2Bahho5UpMZ2O1Hq4xJ2GwLhn&si=RjkCjYQBaVirLFyF

ရုပ်ရှင်မင်းသားကြီး ။ကျော်ဟိန်း နှင့် ဆရာတော်ကြီး အမေး အဖြေ ။

ဦးကျော်ဟိန်းအား ပေးသော ဩဝါဒ

ပါချုပ်ဆ၇ာတော်အား ဦးဇဉ်း ဦးကျော်ဟိန်း မှ လျှောက်ထားမှု

https://youtu.be/8BD8zNk0s_w?si=8MPowehVTuj4PbDY

https://youtu.be/S76TltAfyWA?si=2He4ybkTe6ZuRjgc

ကျော်ဟိန်း 11 videos

https://youtube.com/playlist?list=PLD08h5FktP56Aio3AQXwy3qnixkqk1HFw&si=PL9RIhRPBbmnm2Ab

Sayardaw Kyaw Hein

https://youtu.be/PwohktQXGoU?si=c5YV9BXPxKYcbwBF

Sayardaw Kyaw Hein Dhamma Discussion

https://www.youtube.com/live/QkpDNLL4Flg?si=30nIzaUCWqo3kRee

ကျော်ဟိန်း (၁၄ ဇူလိုင် ၁၉၄၇–၁၁ ဇူလိုင် ၂၀၂၀) သည် မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ ချစ်ခင်လေးစားခြင်းခံရသော မင်းသားကြီးဖြစ်သည်။

ကျော်ဟိန်းသည် ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊ တနင်္လာနေ့တွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ကျောင်းကုန်းလမ်း၌ အငြိမ်းစား ခရိုင်ရဲဝန် အဖ ဦးဂျွန်မောင်စိန်(D.Y.S.P) နှင့် အမိ ဒေါ်ချိုချိုတို့မှ မွေးဖွားခဲ့သည်။ ငယ်နာမည် ကျော်ကြီး၊ အမည်ရင်းမှာ ကျော်ဌေး ဖြစ်သည်။ သားသမီး ခြောက်ယောက်တွင် စတုတ္ထမြောက်ဖြစ်သည်။

ကျော်ဟိန်းမွေးဖွားကျော်ဌေး (ခ)မောင်မောင်ကျော်
၁၄ ဇူလိုင်၊ ၁၉၄၇
ရန်ကုန်မြို့ကွယ်လွန်၁၁ ဇူလိုင်၊ ၂၀၂၀(အသက် ၇၂)
ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့အလုပ်အကိုင်သရုပ်ဆောင်၊ အဆိုတော်၊ ဒါရိုက်တာ၊ စာရေးဆရာတက်ကြွလှုပ်ရှားနှစ်များ၁၉၆၈–၂၀၀၈ရရှိသည့်ဆုများမြန်မာ့ရုပ်ရှင် ထူးချွန်ဆု (၁၉၇၉၊ ၁၉၈၂၊ ၁၉၈၉၊ ၂၀၀၃၊ ၁၉၉၄)ဝက်ဘ်ဆိုဒ်https://www.athithedi.com/

ပညာရေး နှင့် ငယ်စဉ်ဘဝ

၁၉၅၂ ခုနှစ် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ABM ကျောင်းတွင် ပထမတန်းမှ စတုတ္ထတန်းအထိ ကျောင်းစာသင်ကြားခဲ့သည်။ စတုတ္ထတန်း စာမေးပွဲတွင် အောင်မှတ် မပြည့်၍ နွေရာသီကျောင်းပိတ်ရက် နှစ်လတွင် စာကျက်ပြီး စာမေးပွဲ ပြန်ဖြေခဲ့ရသည်။ ၁၉၅၆ ခုနှစ်တွင် အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံအနားရှိ ယူနစ်ကရင်ကျောင်းတွင် ပဉ္စမတန်း တက်ရောက်သင်ကြားခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် အလုံမြို့နယ်၊ ကူရှင်ကျောင်းတွင် ဆဋ္ဌမတန်း၊ သတ္တမတန်း (နှစ်ကြိမ်)၊ အဋ္ဌမတန်း တက်ရောက်ခဲ့ပြီး နဝမတန်းတွင် နှစ်ကြိမ် ကျရှုံးပြီး ကျောင်းထွက်ခဲ့ရသည်။ ၁၉၆၄ ခုနှစ် ရန်ကုန်မြို့၊ မြို့နယ်အသီးသီးရှိ အလွတ်ပညာသင်ကျောင်း (ညကျောင်းအပါအဝင်)၊ (၂၃) ကျောင်း ပြောင်းရွှေ့သင်ကြားခဲ့သည်။ နောက်ပိုင်းတွင် ကျောင်းမနေဖြစ်တော့ဘဲ အိမ်မှ ၁၆ ကြိမ်ဆင်းခဲ့ပြီး အိမ်ပြေးဘဝဖြင့် လမ်းပေါ်တွင် လေလွင့်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ကမာရွတ်မြို့နယ်၊ ဒေါ်သာထက်ကျောင်းမှ နဝမတန်း (သုံးကြိမ်မြောက်) သင်ကြားအောင်မြင်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ဒဂုံမြို့နယ်၊ ဒေါ်နုနုခင် အလွတ်ပညာသင်ကျောင်းတွင် ဒသမတန်းသင်ကြားခဲ့သော်လည်း သုံးလမျှတက်ပြီး ရေတပ်သို့ဝင်ရောက်ခဲ့သည်။ ကိုယ်ပိုင်နံပါတ်မှာ ၁၂၂၀၅ ဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် ရေတပ်မှ ထွက်ခဲ့သည်။ ထို့နောက် ဒသမတန်း ပြန်ဖြေ၍ (ခ) စာရင်းဖြင့် အောင်မြင်ခဲ့သည်။ ငယ်စဉ်က စိန်ဂေါ်လီ ဂိုဏ်းဝင်တစ်ဦးဖြစ်သည်။ ထို့နောက် ရုပ်ရှင်လောကအတွင်း ဝင်ရောက်ခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင်ဘဝ

၁၉၇၀-ပြည့်နှစ်မှစ၍ ရုပ်ရှင်မင်းသမီး စန္ဒာနှင့်အတူ ဖူးစာလမ်းစုံဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ ဝင်ရောက်ခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင်အဖြစ် အကာကအချစ်၊ အနှစ်ကမေတ္တာ (၁၉၇၉)၊ မွန်းတည့်ချိန်တွင် နေဝင်သည် (၁၉၈၂)၊ ပန်းမြိုင်လယ်က ဥယျာဉ်မှူး(၁၉၈၉)၊ နေကမွေးတဲ့လ (၂၀၀၃)တို့ဖြင့် အမျိုးသားဇာတ်ဆောင်ဆု (၄)ဆု ရရှိခဲ့ပြီး ဝေလည်းမွှေး ကြွေလည်းမွှေး(၁၉၉၄)ဇာတ်ကားဖြင့် ဇာတ်ပို့ဆု(၁)ဆုရရှိခဲ့ရာ စုစုပေါင်းအကယ်ဒမီဆု (၅)ဆုရရှိခဲ့သည်။ မွန်းတည့်ချိန်တွင် နေဝင်သည်ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည်။ 

ရုပ်ရှင်လောကထဲဝင်ပြီး (၄)နှစ်ပြည့်သည့်နှစ် ၁၉၇၄-ခုနှစ်တွင် ပထမဆုံး ဒါရိုက်တာလုပ်၍ သရုပ်ဆောင် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ စိန်သို့မဟုတ်စိမ် ဖြစ်သည်။ ထိုဇာတ်ကား၏ ကြော်ငြာဒီဇိုင်း၊ ပိုစတာများအားလုံးကို သူကိုယ်တိုင် နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့သည်။ 

၁၉၈၅ခုနှစ်တွင်ရုံတင်သည့် ကျီးယောင်ဆောင်သောဒေါင်း မှာ လူကြိုက်အများဆုံး၊ ပရိသတ်တခဲနက်အားပေးသည့် ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့သည်။ 

ဝတ္ထုတို၊ ဝတ္ထုရှည်အချို့ ရေးသားခဲ့ပြီး တေးစီးရီးအချို့ကိုလည်း သီဆိုထုတ်လုပ်ခဲ့သည်။ ရုပ်သံကြော်ငြာများတွင်လည်း သရုပ်ဆောင်ကြေး အများဆုံးရရှိခဲ့သူဖြစ်သည်။[၁]

၁၉၆၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ (နှစ်ပေါင်း ၄၁ နှစ်အတွင်း) ရိုက်ကူးခဲ့သော ရုပ်ရှင် ကားပေါင်း ၂၂၂ကား၊ ဗီဒီယို ကားပေါင်း ၃၆၂ကား၊ ဆိုခဲ့သော သီချင်းခွေပေါင်း ၁၄ခွေ နှင့် ရေးသားထုတ်ဝေခဲ့သောစာအုပ်ပေါင်း (၆)အုပ် ဖြစ်သည်။

ရဟန်းဘဝ

၂၀၀၈-ခုနှစ်၊ နိုဝင်ဘာ (၄)ရက်နေ့မှစ၍ ဦးကျော်ဟိန်းသည် ရုပ်ရှင်လောကက အနားယူကာ ရဟန်းဝတ်ခဲ့လေသည်။ ဘွဲ့တော်မှာ ဦးကိတ္တိသာရ ဖြစ်သည်။ ဦးကျော်ဟိန်း ရဟန်းမဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံးနှုတ်ဆက်ခရီးစဉ်ဟု အမည်ပေးကာ မြန်မာနိုင်ငံ အနှံ့သို့ သွားရောက်ခဲ့သေးသည်။ ရဟန်းဘောင်ဝင်၍ တရားပွဲများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။ ဘုန်းကြီးဝတ်အနေဖြင့် စာပေများရေးသောအခါ ကလောင်နာမည်မှာ ဦးကိတ္တိသာရ(ခေတ္တ ၃၁ ဘုံ) ဖြစ်သည်။ နောက်ဆုံး ရိုက်ကူးခဲ့သော ရုပ်ရှင်ကားမှာ ကြိုးတန်းဖြစ်သည်။

ဓာတ်ပုံများ

၂၀၁၃ ခုနှစ်တွင် အသိသတိ ဝက်ဘ်စာမျက်နှာကို လွှင့်တင်သည်။

ပါဝင်ခဲ့သော ဇာတ်ကားများ

ရုပ်ရှင် ၂၂၂ ကား

ဗီဒီယိုဇာတ်ကားများ ၃၅၀ ကား

ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများ

  1. စိန်သို့မဟုတ်စိမ် ( ကျော်ဟိန်း၊မေဝင်းမောင်၊ဇော်ဇော်၊ဇော်မင်းယု၊မမိုးဝါ )
  2. လိမ္မာပါကွယ်မောင်လေးရယ် ( ကျော်ဟိန်း၊ချိုပြုံး၊ဗိုလ်ဗကို )
  3. ကျွန်တော့်ကိုယ်စားပြောပေးပါ ( ကျော်ဟိန်း၊မင်းမင်းစိုး၊မြတ်မြတ်မော်၊ဥမ္မာသော်က )
  4. မွန်းတည့်ချိန်တွင်နေဝင်သည် ( ကျော်ဟိန်း၊ချိုပြုံး၊ခင်ခင်သိုက်၊မို့မို့မြင့်အောင် )
  5. ဒုစရိုက်သားကောင် ( လွှမ်းမိုး၊စမ်းပပအောင်၊ငြိမ်းဟန်၊မင်းကျော်၊ဆက်ထွန်း၊ဖိုးသာထူး၊ဟေမာညိမ်း )
  6. ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည် ( ကျော်ဟိန်း၊ကျော်သူ၊နေအောင်၊မင်းဦး၊ဘီအီးဒီအောင်သိုက် )
  7. ဆွေမျိုးတော်ရင်ဘယ်လိုခေါ်မလဲ ( ကျော်ဟိန်း၊ပိုင်ဇေရဲထွန်း၊ခိုင်သင်းကြည် )

ဒုစရိုက်သားကောင် တစ်ကားမှလွဲ၍ ကျန်သည့်(၆)ကားတွင် ကျော်ဟိန်းကိုယ်တိုင် သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့သည်။

သီဆို၍ ထုတ်ခဲ့သော စီးရီးများ

  1. မျက်ရည်ငှက်များ နားစေသတည်း
  2. လူကြီးမင်းများ လက်ခုပ်တီးပါ
  3. ယင်းမာတင်ဆက်မှု (၂)
  4. တစ်ကိုယ်တော်လေလွင့်ခြင်း
  5. စင်ပေါ်က သီချင်းများ
  6. အဓိပ္ပာယ်ရှိသောလူ
  7. ထာဝရရှင်သန်နေမယ်
  8. ဝီရရသ
  9. အသစ်
  10. ဒုတ် ဒုတ် ဒုတ် ဒုတ်
  11. မော်ဒန်အင်းတစ်ခ်
  12. အဓိပ္ပာယ်ရှိသော စင်ပေါ်ကသီချင်းများ
  13. နိုဝင်ဘာ – ၁၁
  14. The Next (နောက်ဆုံးကျော်ဟိန်း ဗီဒီယို ဇာတ်ကားထဲမှာ ဇာတ်ဝင်သီချင်းအဖြစ် ထည့်သုံးလိုက်သည်။) [၂]

ရေးသားခဲ့သော စာပေများ

  1. ကျွန်တော့်ကိုယ်စားပြောပေးပါ။ (လုံးချင်းဝတ္ထု) ၁၉၇၅၊(ဒု)၁၉၈၄
  2. ရောင်စုံအပိုင်းအစများ (ဝတ္ထုတိုပေါင်းချုပ်)၂၀၀၂၊ (ဒု)၂၀၀၈
  3. စိတ်ဓားပြ – ကွယ်လွန်သူ ဒွေးအတွက် အမှတ်တရစာ [၃]
  4. ကျော်ဟိန်းများ (ကျော်ဟိန်း၏ နှစ်ပေါင်း ၄၀ သမိုင်း) စာအုပ်ကို Faces မီဒီယာမှ ၂၀၀၉-ခု၊ နိုဝင်ဘာ ၁၆ ရက်နေ့တွင် ဖြန့်ချိပြီး တစ်အုပ်လျှင် ကျပ် ၁၁၅၀၀ ဖြင့် ရောင်းချခဲ့သည်။
  5. သရုပ်ဆောင်ကျမ်း (ရေးသားသူ-ကျော်ဟိန်း)
  6. လုံးဝအဖြူ ရုပ်ပြဇာတ်လမ်းစာအုပ်(ပ+ဒု) ကျော်ဟိန်းအကြောင်း

ရဟန်းဘဝဖြင့် ရေးသားခဲ့သောစာများ

  1. စိတ်ဓားပြ သေချာလား . . . တဲ့
  2. သင်ခန်းစာ
  3. မေးခွန်းဖြစ်လာရတဲ့ ဖြစ်ကြောင်းကြောင့် (၂၀၀၉၊ အောက်တိုဘာလ)
  4. ခံစားနေတဲ့စိတ်ကို စွန့်လွှတ်လိုက်ပါ (၂၀၀၉၊ ဒီဇင်ဘာလ)

ကွယ်လွန်ခြင်း

၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၁ ရက် မြန်မာစံတော်ချိန် မနက် ၉ နာရီ ၂၇မိနစ်တွင် ဩစတြေးလျနိုင်ငံ ကင်ဘာရာမြို့၌ ဦးကိတ္တိသာရ အဖြစ် ရဟန်းဘဝဖြင့် ခန္ဓာဝန်ချခဲ့သည်။ တူဖြစ်သူ မင်းသား ဒွေး မှာလည်း ဇူလိုင်လ ၁၁ ရက်နေ့ ၂၀၀၇ခုနှစ် တွင် ကွယ်လွန်ခဲ့သည်ဖြစ်၍ သူတို့နှစ်ဦးကွယ်လွန်သည့် နေ့ရက်နှင့်လမှာ တိုက်တိုက်ဆိုင်ဆိုင် အတူတူပင်ဖြစ်နေသည်။[၄] သက်တော် ၇၃ နှစ်၊ ဝါတော် ၁၃ နှစ် ဖြစ်သည်။ လွန်ခဲ့သော သုံးနှစ်က စတင်ခံစားခဲ့ရသည့် နှလုံးရောဂါနှင့် လေဖြတ်ဝေဒနာက တဖြည်းဖြည်း ဆိုးလာပြီး ပျံလွန်တော်မူခြင်း ဖြစ်သည်။

ကိုးကား

  1. ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန် မဂ္ဂဇင်း အမှတ်(၆၂)၂၀၀၀-ပြည့်နှစ်၊ ဇူလိုင်လ
  2. ဆိုခဲ့သော သီချင်းခွေပေါင်း ၁၄ ခွေ။ ၁၆ ၊ ၂၀၁၃ တွင် ပြန်စစ်ပြီး။ဖေ ၂၀၁၃ တွင် ပြန်စစ်ပြီး။
  3. ပေဖူးလွှာ ရသစုံမဂ္ဂဇင်း အတွဲ(၁)၊ အမှတ်(၁)၂၀၀၉၊ စက်တင်ဘာလ
  4. ဒွေးကွယ်လွန်ခြင်း ၁၃ နှစ်ပြည့်နေ့တွင် မင်းသားကြီး ကျော်ဟိန်း (ဦးကိတ္တိသာရ) ဩစတြေးလျနိုင်ငံ၌ ကွယ်လွန်“၊ 11 July 2020။

ပြင်ပလင့်ခ်များ

ကဏ္ဍများ