ယိုးဒယားပြန် အမာစိန် အငြိမ့် နှင့် သီချင်းများ ၊ကကွက် များ၊ အငြိမ့်များ။
ဝီကီပီးဒီးယား မှအမာစိန်မွေးဖွားမန္တလေးမြို့၊ မြန်မာနိုင်ငံအလုပ်အကိုင်အငြိမ့်မင်းသမီး၊ ရုပ်ရှင်သရုပ်ဆောင်၊ မြန်မာ့အသံအစီအစဉ်ကြေညာသူ၊ ယဉ်ကျေးမှု ကဇာတ်ဌာနအကနည်းပြကျော်ကြားမှုအရင်းခံအငြိမ့်မင်းသမီး၊ ယိုးဒယားပြန် အမာစိန်အငြိမ့်၊ အကနည်းပြဆရာမဆွေမျိုးသားချင်းဦးရွှေဒေါင်းညို (ဦးလေး)၊ ချစ်ဦးညို (အစ်မဝမ်းကွဲ)
အမာစိန် သည် တစ်ချိန်က နာမည်ကျော်ခဲ့သော မန္တလေးအငြိမ့်မင်းသမီးတစ်ဦး ဖြစ်သည်။ သဘင်ပညာရှင်ကြီး ဦးရွှေဒေါင်းညို၏ တူမ တော်စပ်၍ စာရေးဆရာ ချစ်ဦးညို၏ အစ်မဝမ်းကွဲ တော်စပ်သည်။
ပန်တျာကျောင်းနှင့် ပညာသင်ဘဝ
၁၉၅၂ ခုနှစ်၊ မန္တလေး ပန်တျာကျောင်း စတင်တည်ထောင်ချိန်တွင် အမျိုးသမီးအကနည်းပြအဖြစ် ဒေါ်ဩဘာသောင်း၊ အမျိုးသားအကကို သင်ကြားပေးမည့် ဆရာအဖြစ် ဦးရွှေဒေါင်းညိုတို့က တာဝန်ယူခဲ့ကြသည်။ ကျောင်းစတင်ဖွင့်လှစ်ချိန်ဖြစ်၍ သင်တန်းသူ၊ သင်တန်းသား မရှိသေးသဖြင့် ဦးရွှေဒေါင်းညိုက “အမာစိန်ရော၊ မခင်စိန်ရော၊ မစန်းရီရော” ဟုဆိုကာ ပန်တျာကျောင်းသို့ လာရောက်တက်ရောက်ရန် တူမများကို တက်ခိုင်းခဲ့သည်။
ဦးလေးဖြစ်သူကို ကြောက်ရသဖြင့် သုံးယောက်စလုံး လာရောက်တက်ရောက်ကြရာတွင် အမာစိန်နှင့် မခင်စိန်တို့က အကသင်တန်း၊ မစန်းရီက ပတ္တလားသင်တန်း တက်ရောက်ခဲ့ကြသည်။ အမာစိန်သည် တတိယနှစ်အရောက်တွင် နိုင်ငံတော်အစိုးရက စေလွှတ်သည့် နှစ်နိုင်ငံချစ်ကြည်ရေး ဖလှယ်သည့် ခရီးစဉ်တွင် ရွေးချယ်ခံရပြီး ယိုးဒယားသို့ သွားရောက်ဖျော်ဖြေခွင့်ရသည့် တစ်ဦးတည်းသော ကျောင်းသူ ဖြစ်ခဲ့သည်။
အငြိမ့်နှင့် ရုပ်ရှင်နယ်ပယ်
အမာစိန်သည် ရွှေမန်းရီရီအငြိမ့်တွင် ရှေ့ထွက်မင်းသမီးအဖြစ် ကပြခဲ့ပြီး တစ်နှစ်ပြည့်ချိန်၌ မင်းသမီးကြီး ဒေါ်အောင်မြသင်း တည်ထောင်ပြီး ဦးကြီးဖြစ်သူ ဦးဘစံ ဦးစီးစီစဉ်သည့် အငြိမ့်တွင် ခေါင်းဆောင်မင်းသမီးအဖြစ် ကပြနိုင်ခဲ့သည်။
လူရွှင်တော်ကြီးများဖြစ်ကြသည့် ဦးလိမ္မော်၊ ဦးမြမောင်၊ ဦးငွေတိုးတို့နှင့်အတူ “ယိုးဒယားပြန် အမာစိန်အငြိမ့်” ဆိုပြီး ၁၉၅၆ ခုနှစ်တွင် စတင်ပေါ်ထွက်လာခဲ့သည်။ အမာစိန်သည် အငြိမ့်လောကတွင် ငါးနှစ်ခန့် ကပြပြီး အလွန်အောင်မြင်နေဆဲမှာပင် ရုပ်ရှင်နှင့် ဒါရိုက်တာများ၏ မျက်စိကျခြင်းခံရပြီး ရုပ်ရှင်နယ်ထဲသို့ ဆွဲခေါ်ခြင်းခံခဲ့ရသည်။ ထို့ကြောင့် အစပိုင်းတွင် အငြိမ့်အားရက်များ၌ ရုပ်ရှင်ရိုက်ကူးနေရာမှ နောက်ပိုင်းတွင် အငြိမ့်မင်းသမီးဘဝကို လုံးဝစွန့်လိုက်ပြီး ရုပ်ရှင်မင်းသမီးဘဝသို့ ပြောင်းလဲလှုပ်ရှားခဲ့သည်။
မြန်မာ့အသံနှင့် ယဉ်ကျေးမှု ကဇာတ်ဌာန
တကယ်တမ်းတွင် ရုပ်ရှင်သည် အမာစိန် ဝါသနာပါသည့် အလုပ်တစ်ခု မဟုတ်ပေ။ ဒါကို တဖြည်းဖြည်း သိလာသည့်အခါ ရုပ်ရှင်ကို များများစားစား မရိုက်တော့ဘဲ နှစ်ကား၊ သုံးကားလောက် ရိုက်ကူးပြီးချိန်တွင် ဆက်မရိုက်တော့ပေ။
ထို့နောက် ရန်ကုန်မြို့၊ မြန်မာ့အသံတွင် အစီအစဉ်ကြေညာသူအဖြစ် ဝင်ရောက်ခဲ့သည်။ မြန်မာ့အသံတွင် အစီအစဉ်ကြေညာသူအဖြစ်၊ အဆိုတော်အဖြစ် ကျင်လည်နေစဉ် ထိုအချိန်က ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို ပူးတွဲတာဝန်ယူထားသည့် ဗိုလ်မှူးကြီး စောမြင့်က ယဉ်ကျေးမှု ကဇာတ်ဌာနတွင် နည်းပြဆရာမ လိုနေကြောင်း၊ အမာစိန်သည် မြန်မာ့အသံထက် ယဉ်ကျေးမှု ကဇာတ်တွင် ပိုမိုသင့်တော်ကြောင်း ဆိုကာ မြန်မာ့အသံမှ ယဉ်ကျေးမှု ကဇာတ်ဌာနသို့ “အကနည်းပြဆရာမ” အဖြစ် ရာထူးတိုး ခန့်အပ်ခဲ့သည်။
မြန်မာ့အသံတွင် ခုနစ်နှစ်ခန့် လုပ်ခဲ့ပြီး ၁၉၆၄ ခုနှစ်မှစ၍ ယဉ်ကျေးမှု ကဇာတ်ဌာန အကနည်းပြဆရာမအဖြစ် တာဝန်ယူချိန်တွင် အမျိုးသမီးယိမ်းပေါင်းများစွာကို သင်ကြားပေးခဲ့ရာ –
- စိန်ကြောင်နီလာယိမ်း
- လက်အလှယိမ်း
- နန်းကြာညိုကျော့ယိမ်း
တို့ကို လူအများ နှစ်သက်သဖြင့် ထင်ရှားခဲ့သည်။
အမာစိန်သည် ယဉ်ကျေးမှုကဇာတ်တွင် သင်ကြားပေးရုံတင်မကဘဲ အစိုးရပွဲများ၊ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဦးနေဝင်း၏ အိမ်တော်ပွဲများ၊ နိုင်ငံခြားဧည့်သည်တော်များကို အထူးဧည့်ခံသည့်ပွဲများတွင် တစ်ခါတစ်လေ အငြိမ့်၊ တစ်ခါတစ်လေ တပင်တိုင်အကဖြင့် ကိုယ်တိုင် ကပြဖျော်ဖြေခဲ့ရသည်။
အခြား
အမာစိန်နှင့် နွဲ့နွဲ့စန်းတို့သည် မန္တလေး ပန်တျာကျောင်းထွက်များ ဖြစ်ကြ၍ ဒေါ်ဩဘာသောင်း၏ အကပညာများဖြင့် အငြိမ့်စင်ပေါ်သို့ ရောက်လာကြသူများ ဖြစ်ကြသည်။ ယခုအခါ မိုးကုတ်ဝိပဿနာတွင် ရာသက်ပန် ယောဂီအဖြစ် တရားအားထုတ်လျက် ရှိသည်။
ကိုးကား
- စာရေးဆရာ ဆင်ဖြူကျွန်းအောင်သိန်း ရေးသားသော မြန်မာ့ဇာတ်သဘင်ပညာရှင်များစာအုပ်။


https://youtu.be/6vMqkY6jVbg?is=vWdPDDPullSRNUa7
ယိုးဒယားပြန် အမာစိန် ၏ သီချင်းများ ကကွက်များ
၁။ ရေဒီယိုသီချင်း(စီးရီး)
၂။ လက်ရည် တစ်ပြင်တည်း
၃။ နန်းကြာညိုကျော့
၄။ မောင်မောင်ဆိုလေ ထီးရီုးရှည်
၅။ ပျို့မှတ်တမ်း
၆။ ပျို့မှတ်တမ်း
၇။
၈။ အောင်မင်္ဂလာ
၉။ မုန့်စား
၁၀။ တုံ့လျယ်မေတ္တာ
၁၁။ ရွှေသွား
၁၂ ။ ကြင်စဦး
၁၂။ ဦးကလိန်
၁၃။ ဝေဇယန္တာ
၁၄။ ရွှေသွား
၁၅။ ဇေယျာ အောင်ချာ
၁၆ ။ သပြေပငိဝန်း
၁၇ ။ ဝိသာခါ
၁၈ ။ မောင် မောင်ဆိုလေ ထီးရီုးရှည်
၁၉ ။ ။ မောင် မောင်ဆိုလေ ထီးရီုးရှည် ၂
၂၀ ။ မဟာဂီတ အသွင် အငြီမ့်သဘင်
၂၁ ။ အငြိမ့် သီချင်းများ ။ ၃၉ ပုဒ်
၂၂ ။ လေဘာတီမမြရင်သီချင်းများ ။
၂၃ ။ ရွှေမင်းသမီးဣဲ့မောင်ရွှေရိုး အငြိမ့် ၊ မြန်မာ ဠူရွှင်တောကြီးများနှင့် တွဲဖက်ကပြခဲ့သော နိုင်ငံခြားသူ ပြင်သစ်သူ အငြိမ့်မင်းသမီး ယုလျာ ။ လင်းဦးတာယ ာ အငြိမ့်




၂၄။ မောင်ရေါှရိုးနဲ့ချစ်စပယ် ။မူရင်း တွံတေးသိန်းတန် သီချင်း
ဝီကီပီးဒီးယား မှ ယိုးဒယားပြန် အမာစိန်
အနုပညာရှင် – တစ်ချိန်က နာမည်ကျော်သော အငြိမ့်မင်းသမီး ဖြစ်သည်။ အဆို အက အလွန် ညက်ညော ပြေပြစ်သည်။ ယခုအခါ အကသင်တန်းကျောင်း ဖွင့်လှစ်၍ အသက်မွေးသည်ဟု သိရသည်။ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။
ကဏ္ဍ:
- ဤစာမျက်နှာကို ၂၉ စက်တင်ဘာ ၂၀၂၁၊ ၀၈:၁၈ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။
