Natural Disasters : Cyclone Mocha in Myanmar and Bangladesh on 14 May 2023

မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းစစ်တွေ နှင့် ဘင်္ဂလားဒေ့ရှိ ပင်လယ်ကမ်းရိုးတန်း သို့ ၂၀၂၃ မေလ ၁၄ ရက်နေက ဝင်ရောက်ခဲ့သော အပူပိုင်းဒေသ။ ဘင်္ဂလား ပင်လယ် အော် ဆိုင်ကလုန်း မုန်တိုင်း -မိုခါ Mocha ဆိုင်ကလုန်းမုန်တိုင်း မိခါ Mocha

မှတ်ဖွယ် မှတ်ရာ

သဘာဝ ပတ်ဝန်းကျင် ရေးရာ

စာပဒေသာ ( ၁၀ )

မုတ်တိုင်းအကြောင်းသီကောင်းစရာများ

စာရေးဆရာ အ င် ဂျင်နီယာ ပညာရှင်

RIT မိတ်ဆွေကြီး ဦးကျော် ဦး၏

Facebook အများသုံးလူမှုကွန်ယက် စာမျက်နှာပေါ်မှ

မုန်တိုင်း အကြောင်း ပညာ ပေး သတင်းစကား စာများကို

မြန်မာပြည် အောက်ပိုင်း တွင် ဝင် လာ တော့ မည်ဟု စိုးရိမ် နေကြ၇သော

fb မိတ်ဆွေများအတွက် ပြန်လည် ကူးယူ ဖြန့်ဝေလိုက်ပါသည်။

မုန်တိုင်း အတွေ့အကြု့ရှိပြီး ရခိုင် နှင့်အတူ

၂၀၀၈ မေလ ၂ရက် နေ့က နာဂစ် မုန်တိုင်းဒဏ် ကို

အလူးအလဲ ခံခဲ့ကြရသော ဧရာဝတီတိုင်းသားများ အဘို့

ယခု မကြာမီ ရောက် လာတော့မည်ဟု စိုးရိမ် နေကြရ ,သတိ ထားနေကြရချိန် တွင်

သတိထား ကြို တင် ပြင်ဆင် ဆောင်ရွက်နိုင်ကြရေး မျော် ေ တွး လျက်

မိတ်ဆွေ ၏မုန်တိုင်း သတင်းစကား များကို ထပ်ဆင့် မျှ ဝေပါသည်။

၂၀၀၉ တွင် မထင်မှတ် မမျော်လင့်ဘဲ မိမိတို့ လူ့ ဘဝတွေမှာ အဆိုးဝါးဆုံး ဖြစ်ခဲ့ပြီး ၊ လူအသေအပျောက် များစွာ ဖြစ်ခဲ့ကြရ၊ ပြည်သူအများ ကြိုတင်.’ ပြင်ဆင်ချိန် နည်းခဲ့ကြရ ၊

ကြိုတင် ပြင်ဆင် ရကောင်းမှန်း ကို လည်း အသိ နည်းပါးခဲ့ ကြစဉ်က

ဧရာဝတိတိုင်းတွင် နာဂစ်ကဲ့သို့မုန်တိုင်းကြီးများ တစ်ခါဘူးမျှမဖြစ်ခဲ့ဘူးသဖြင့်

ဧရာဝတီတိုင်းသားများ နှင့် အတူ မြန်မာပြည်သူများ အလေးထားမှုအားနည်းခဲ့ခါ

ကြိုတင် ပြင်ဆင်မှုအားနည်းခဲ့သည့်အချက်ကလည််း အသက်အိုးအိမ်များ ဆုံးရှုံး ရခြင်း၏

အဓီက အချက်ကြီးတစ်ခုဖြစ် ကြောင်း် သုံး သပ် မိပါသည်။

မြန်မာ ပြည်သူများအဘို့ နာဂစ်ကဲ့သို့ သော အကြီးစား မုန်တိုင်း အတွေ့အကြုံများကို

လက် တွေ ့သိ၇ှိ တွေ့ကြုံခံစားခဲ့ကြပြီး ဖြစ်ကြပါသည် ။

ဒေသ နယ် မြေအလိုက် လိုအပ်သည်များကို

စုပေါင်းညီညာ အောင်ကြောင်းဖြာ အရ

သက်ဆိုင်သူများက လည်း ၊ ဒေသခံပြည်သူများ နှင့်အတူပူးပေါင်းခါ

လူကြီးလုပ်သူများကပါ

လိုအပ်သလို ကြိုတင်ပြင်ဆင် စီစဉ် ဆောင် ရွက် ကြရန် လိုအပ်ကြောင်း

သတိပြုမိပါသည်။

ဘယ်အရာမဆို

သတိဟူသည် ပိုသည်မရှိ ပါ။

၂၀၀၈ မေလ ၂ ရက် တွင် နာဂစ်မုန်တိုင်းတိုက်စဉ်က

မိမိသည် ဆည် မြောင်းရုံးချုပ် နေပြည် တော် တွင် တာဝန်ထမ်းရွက် နေစဉ်ဖြစ်ပါသည်.

ထိုစဉ်က နေပြည် တော် ရုံးများ ဖွင့်ပြီး စ ကာလများဖြစ်သည်.

မိမိကိုယ်တိုင်လည်း ကြိုတင် လေ့လာမှုအား နည်းခဲ့ရာ

နာဂစ် ဖြစ်ပြီးမှသာ မုန်တိုင်း လမ်းကြောင်းကို အင်တာနက် စာမျက်နှာများတွင် အသေးစိတ်

လေ့လာ ဘတ်ရှု သိရှ ခဲ့ရပါသည်.

ယခု လည်း မသိလို့မ၇ စိတ်ဝင်စားသဖြင့် မိတ် ဆွေ စာရေးဆရာကြီးနှင့် ဆွေး ေ နွး ဖြစ်ခဲ့ရာ မှ

သူ့ထံမှ မုန်တိုင်းသတင်း များကြိုတင်သိ၇ှိရှာဖွေနိုင်ရန် အိမ်နီချင်းအိန္ဒိယ နိုင်ငံမှ ပြုလုပ်ထားသော အင်တာနက်စာမျက်နှ တစ်ခုကို ရရှိခဲ့ပါသည်။

ကျေးဇူးကြီးလှပါသည် ။

ရှေးယခင်က ဒေသတွင်းမုန်တိုင်းများပေါ်လာလျင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံများတွင်သာ အထိအခိုက် ပျက်စီးမှု အများ ဆုံး ရှိခဲ့ပြိး လူအသေအပျောက် အများဆုံးနိုင်ငံများ ဖြစ်ခဲ့ကြောင်း ငယ်စဉ်က လေ့လာသိရှိခဲ့ရပါသည်.။

ယနေ့ တွင်မူ အဆိုပါနိုင်ငံများတွင် မုတိုင်းအတွက် ကြိုတင် ပြင်ဆင်မှုများ လေ့ကျင့်ခန်းများ ကို နှစ်စဉ်

အခါအားလျော်စွာ စနစ်တကျ လုပ်နေခဲ့ကြကြောင်းလေ့လာ ဘတ် ရှု ခဲ့ရဘူးရာ ၊နောင်အခါ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု သေပျောက် မှုများ ထိုနိုင်ငံ၂ ခုတွင် လွန်စွာ နည်းပါး လျော့နည်း သွားခဲ့ကြကြောင်း တွေ့ရှိခဲ့ရပါသည် ။

သတိမမူ ဂူမမြင်.

သတိ ဟူသည် ပိုသည်မရှိ

အေး မြင့် ( ညောင်တုန်း)

၆၊၅၊၂၀၂၃

ရည်ညွှန်း

၁။ Kyaw OO Facebook posts 5 May 2023 (အများမျှော်လင့်နေသောမုန်တိုင်း ဘယ်တော့စဖြစ်မလဲ

၂။ Kyaw OO Facebook posts 4 May 2023 ( မုန်တိုင်းအမည်များ ဘယ် လို ပေးခဲ့ကြသလဲ )

၃ ။ ဒေသတွင်း မုန်တိုင်း သတင်း များ လေ့လာ ရှာဖွေရန် အင်တာနက် စာမျက်နှာ ( နှိပ်၍ဖွင့်ရန် )

၁ ။ Kyaw OO Facebook posts 5May 2023

အများမျှော်လင့်နေသောမုန်တိုင်း ဘယ်တော့စဖြစ်မလဲ

မုန်တိုင်းတစ်လုံးဖြစ်ပေါ်ရန် အနည်းဆုံး ၂၇ ဒီဂရီစင်တီဂရိတ်ခန့် ပူနွေးသောလေထုနှင့်ရေပြင်၊ မငြိမ်မသက်ဖြစ်နေသော လေထုတို့ကို လိုအပ်သည်။

နေရောင်ရရှိမှု အားကောင်းသည့် အီကွေတာနှင့် မဝေးသော အရပ်တွင်သာ လေထုနှင့်ရေပြင်တို့၏ အပူချိန်သည် အနည်းဆုံး ၂၇ ဒီဂရီစင်တီဂရိတ်ခန့် ဖြစ်လာနိုင်သည်။ ထို့ကြောင့် အီကွေတာနှင့် နီးသောရပ်ဝန်းများတွင်သာ မုန်တိုင်းဖြစ်နိုင်သည်။ အေးသောအရပ်တွင် မုန်တိုင်း မဖြစ်နိုင်။

တစ်ဖန် အီကွေတာ (လတ္တီတွဒ် သုည ဒီဂရီ)နှင့် လတ္တီတွဒ် ၅ ဒီဂရီကြားတွင် ကမ္ဘာလည်အား(Coriolis force)၏ သက်ရောက်မှု နည်းသဖြင့် လေတိုက်ခတ် မွှေ့ယမ်းနိုင်မှု နည်းသောကြောင့်ဟု မုန်တိုင်း မဖြစ်နိုင်ပြန်ချေ။

ထို့ကြောင့် နေရောင်ရရှိမှုနှင့် ကမ္ဘာလည်အား (Coriolis force) နှစ်မျိုးလုံး၏ သက်ရောက်မှုတို့ အားကောင်းသော လတ္တီတွဒ် ၅ ဒီဂရီမှ ၃၀ ဒီဂရီအတွင်း၌သာ မုန်တိုင်း ပေါ်ပေါက်သည်။ (ကမ္ဘာလည်အား(Coriolis force)သည် အီကွေတာတွင် သုညဖြစ်ပြီး အီကွေတာနှင့်ဝေးလေ အားကောင်းလေ ဖြစ်သည်။)

ပူနွေးလာသောလေသည် ပေါ့ပါးလာသဖြင့် အပေါ်သို့ ဆန်တက်သည်။ ဆန်လေများသည် ပင်လယ်ပြင်ရှိ အပူကြောင့် ဖြစ်ပေါ်နေသော ပင်လယ်ရေငွေ့များကို တစ်ပါတည်း စုပ်ယူဆွဲတင်သွားသည်။ ရေငွေ့ပါသော လေများ အမြင့်ပိုင်းရောက်သော် အေးလာသဖြင့် ကြီးမားသော တိမ်တိုက် ဖြစ်ပေါ်လာကာ မိုးအဖြစ် ပြန်ရွာကျသည်။ ရေငွေ့မှ မိုးရေပေါက် ဖြစ်လာသောအခါ ရေငွေ့ထဲမှ လွတ်ထွက်လာသော စွမ်းအင်များသည် လေကို လည်ပတ်တိုက်ခတ်စေသော အားပင်ဖြစ်သည်။

ယခုဘင်္ဂလားအော်၌ ဖြစ်ပေါ်နေသော လေထုအခြေအနေသည် ယင်းနည်းဖြင့် အားကောင်းလာပြီး လေတိုက်နှုန်း တစ်နာရီ ၃၉ မိုင်နှုန်းအထိ ရောက်လာခဲ့လျှင် မုန်တိုင်းဖြစ်ပြီဟု တရားဝင်ကြေငြာ၍ အသင့်ရွေးချယ်ထားသည့် အမည်ဖြစ်သော ” မိုခါ” (မိုချာမဟုတ်)ဟု မှည့်ခေါ်လိမ့်မည်။

ရည်ညွှန်းစာ Kyaw Oo Facebook post 4 May 2023

၂ ။ Kyaw OO Facebook posts 4 May 2023 နှင့်

ဥိးကျော်ဦး၏ ပထမ ဆောင်းပါးစာ

မုန်တိုင်းအမည်များ ဘယ် လို ပေးခဲ့ကြသလဲ

ပူလွန်းအိုက်လွန်းလှသဖြင့် မိုးကိုမျှော်နေကြရာ သာမန်မိုးမဟုတ်၊ မုန်တိုင်းမိုးဖြစ်လာနိုင်သည်ဟု သိရသည်။ သို့သော် ယခု(မေ ၃ နေ့လယ်)အချိန်အထိ မုန်တိုင်းဖြစ်လာမည်ဟု အတည်မပြုနိုင်သေး။ မုန်တိုင်းဖြစ်လာခဲ့လျှင် အားကောင်းသေ ာမုန်တိုင်းအဖြစ်သို့ ရောက်ကာ ရခိုင်နှင့်ဧရာဝတီဘေးမှ ဖြတ်၍ ဘင်္ဂလားဒက်ရှ် ကုန်းတွင်းသို့ ၀င်နိုင်သည်ဟု ကနဦးခန့်မှန်းနေကြသည်။

ယင်းမုန်တိုင်း ဖြစ်မဖြစ် တပ်အပ်မပြောနိုင်သေးသော်လည်း ဖြစ်လာခဲ့လျှင် မုန်တိုင်းအမည်ကို မိုခါ(Mocha)ဟု ခေါ်မည်ဆိုတာက သေချာသည်။ မုန်တိုင်းအမည်ပေးရာ၌ ဒေသတွင်းအစုအဖွဲ့ဝင်နိုင်ငံများက ပေးထားသော အမည်များကို တစ်လှည့်စီ ယူသုံးရာ မိုခါသည် ယယ်မင်(Yemen)နိုင်ငံက ပေးထားသော အမည်ဖြစ်သည်။ မိုခါသည် ယယ်မင်နိုင်ငံ မြို့တစ်မြို့၏ အမည်ဖြစ်သကဲ့သို့ ယင်းမြို့ထွက် ကမ္ဘာကျော်ကော်ဖီ၏ အမည်လည်း ဖြစ်သည်။

မုန်တိုင်းအမည်ပေးသည့် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း (အာရေဗျပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်) ဒေသတွင်း အစုအဖွဲ့ဝင်နိုင်ငံများတွင် မြန်မာလည်းပါရာ မြန်မာအမည်ပေးထားသော မုန်တိုင်းသည် ယခုနှစ်အတွင်း ဖြစ်လာရန် ရှိသည်။ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း (အာရေဗျပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်)၌ ၂၀၂၃ တွင် ပထမဆုံးဖြစ်လာမည့် မုန်တိုင်းကို မိုခါဟု ခေါ်မည်။ ဆဌမမြောက် မုန်တိုင်းကို မြန်မာအမည် မိကျောင်းမုန်တိုင်းဟု ခေါ်မည်။ မိကျောင်းမုန်တိုင်းသည် အာရေဗျပင်လယ်တွင် ဖြစ်မည်လား၊ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်မည်လား မပြောနိုင်ပါ။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်လျှင်တော့ အားကောင်းသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ မိကျောင်းမုန်တိုင်းဟု မြန်မာတွင် နာမည်ကြီးဦးမည်။ မြန်မာအမည်ပေးထားပြီး အားကောင်းလှကာ အပျက်အစီးများသော်လည်း အာရေဗျပင်လယ်တွင် တိုက်ခတ်ခဲ့၍ မြန်မာတွင် လူသိအလွန်နည်းသော မုန်တိုင်းတစ်ခု ရှိခဲ့သည်။ ယင်းမှာ ၂၀၂၁ မေလအတွင်းက တိုက်ခတ်ခဲ့သော တောက်တဲ့မုန်တိုင်း ဖြစ်သည်။

မြန်မာအမည်နှင့် မုန်တိုင်းများတွင် တောက်တဲ့ပြီးတော့ မိကျောင်းလာမည်။ မိကျောင်းပြီးတော့ ငါးမန်း၊ ကျားသစ်၊ စပါးကြီး၊ ဝက်ဝံ၊ မြွေဟောက်၊ ကျွဲ၊ ပင့်ကူ၊ ယင်ကောင်၊ လင်းယုန်၊ ကျီးကန်း၊ ပေါက်ဖတ်တို့ အစဉ်အလိုက်လာရန် ရှိသည်။

ဆိုင်ကလုံးမုန်တိုင်း

ဝီကီပီးဒီးယား မှ

Contents hide

Beginning

• Cyclogenesis (ဆိုက်ကလိုဂျင်နီး(စ်)စစ်)

• ဖွဲ့စည်းတည်ဆောက်ပုံ

• ဖြစ်ပေါ်ပုံ

• ဆိုင်ကလုံး တိုးတက်ဖြစ်ထွန်းမှုဖြစ်စဉ် နှင့် အပူပိုင်းဒေသ ဆိုင်ကလုံး တိုးတက်ဖြစ်ထွန်းမှုဖြစ်စဉ်

• အပူပိုင်းဒေသ ဆိုင်ကလုံးများ

• ကိုးကား

• ပြင်ပလင့်ခ်များ

သဘာဝပတ်ဝန်းကျင်ကဏ္ဍမှ အပိုင်းတစ်ခုဖြစ်သည့်

ရာသီ

ဥတုလေးပါး ပြက္ခဒိန်

နွေဦးနွေဥတု

ဆောင်းဦးဆောင်းဥတု

အပူပိုင်းဒေသ ဥတုများ

ခြောက်သွေ့ ရာသီစိုစွတ် ရာသီ

မုန်တိုင်းများ

ထစ်ချုန်း လေနီကြမ်းSupercell
စိုက်ဆင်းလေပြင်းမိုးကြိုးပစ်ခြင်း
လေဆင်နှာမောင်းရေဆင်နှာမောင်း
ဒေသတွင်း ဆိုင်ကလုန်း(ဟာရီကိန်း)
ဒေသပြင်ပ ဆိုင်ကလုန်း
ဆောင်းရာသီ မုန်တိုင်းနှင်းမုန်တိုင်းရေခဲမုန်တိုင်း

သဲမုန်တိုင်း%;”| မိုးရွာ၊ ဆီးနှင်းကျခြင်း

မိုးဖွဲရွာခြင်းမိုးရွာခြင်း နှင်းကျခြင်းနှင်းသီးကြွေခြင်း
မိုးရွာရေခဲခြင်းရေခဲစေ့ ရွာခြင်းမိုးသီးကြွေခြင်း

ခေါင်းစဉ်များ

မိုးလေဝသ၊ ရာသီဥတုလေ့လာခြင်းအတတ်ရာသီဥတု
မိုးလေဝသ ခန့်မှန်းချက်
အပူလှိုင်းလေထုညစ်ညမ်းမှု

ရာသီ ပေါ်တယ်လ်

ရှုပြောပြင်

မြောက်အိန္ဒိယသမုဒ္ဒရာ ဆိုင်ကလုန်းမုန်တိုင်း

ဆိုင်ကလုန်းမုန်တိုင်း (cyclone) သည် မိုးလေဝသနှင့် ဇလဗေဒ ပညာရပ်အရ ပိတ်ထားသော ဧရိယာတစ်ခုအတွင်းတွင် စက်ဝိုင်းသဏ္ဌာန် အရည်လှုပ်ရှားမှုသည် ကမ္ဘာမြေကြီးလည်ပတ်သည့် အရပ်ဘက်သို့ ဦးတည်လည်ပတ်ခြင်းဖြစ်သည်။ ဤအရာသည် အတွင်းဘက်သို့ ဝဲကတော့ပုံ လှည့်လည်နေသည့် လေများဖြင့် အသွင်အပြင် ခွဲခြားဖော်ပြလေ့ရှိပြီး မြောက်ကမ္ဘာလုံးခြမ်းတွင် နာရီလက်တံ ပြောင်းပြန်လည်သကဲ့သို့ လည်၍ တောင်ကမ္ဘာလုံးခြမ်းတွင် နာရီလက်တံအတိုင်း လည်သည်။ များသောအားဖြင့် ကြီးမားသော ဆိုင်ကလုန်းလှည့်ပတ်မှုများသည် လေဖိအားနည်း ရပ်ဝန်းဒေသများကို ဗဟိုပြုသည်။ အကြီးမားဆုံးသော လေဖိအားနည်း ရပ်ဝန်း စနစ်များသည် အကြီးစားစကေးပေါ်တွင် တည်ရှိသော လေအေးထု ပါဝင်သော ဆိုင်ကလုန်းများနှင့် အပူလွန်ဒေသ မုန်တိုင်းများ ဖြစ်သည်။

လေနွေးထု ပါဝင်သော ဆိုင်ကလုန်းများဖြစ်သည့် အပူပိုင်းဒေသ မုန်တိုင်းများ၊ အလယ်အလတ် ပြင်းအားရှိ မုန်တိုင်းများနှင့် လေဖိအားနည်းရပ်ဝန်းတို့သည် ပို၍သေးငယ်သော အလယ်အလတ်စကေး အတွင်းတွင် တည်ရှိသည်။ အပူလျော့ပိုင်း မုန်တိုင်းများသည် အလယ်အလတ်အရွယ် အစားဖြစ်သည်။ အပေါ်ပိုင်းအလွှာ မုန်တိုင်းများသည် မျက်နှာပြင်အနိမ့်တစ်ခုမရှိဘဲ တည်ရှိနေနိုင်ပြီး မြောက်ကမ္ဘာလုံးခြမ်း၏ နွေလများအတွင်းတွင် အပူပိုင်းဒေသ ကမ္ဘာ့လေထု အနိမ့်ဆုံးအလွှာ အပေါ်ပိုင်း လေဖိအားများရပ်ဝန်း နှစ်ခုကြားရှိ လေဖိအားနည်းရပ်ဝန်း၏ အောက်ခြေမှ တိုက်ခတ်နိုင်သည်။ ဆိုင်ကလုန်းများကို ကမ္ဘာမြေကြီး (Earth) အပြင်ဘက်ရှိ အခြားဂြိုဟ်များဖြစ်သော အင်္ဂါဂြိုဟ် (Mars) နှင့် နက်ပကျွန်းဂြိုဟ် (Neptune) တို့တွင်လည်း တွေ့နိုင်သည်။

လေထု၏ဖိအား (တစ်နည်းအားဖြင့် လေထု၏အလေးချိန်) သည် တစ်နေရာနှင့် တစ်နေရာမတူချေ။ တစ်နေရာတည်း၌ပင် တစ်နာရီနှင့် တစ်နာရီ၊ ယနေ့နှင့် နက်ဖြန်၊ ဤလနှင့် နောက် လမတူချေ။ ဖိအားများ လိုက်နည်းလိုက်ရှိသည်။ တစ်နည်းအား ဖြင့် လေထုသည် ပါးလိုက်ထူလိုက်၊ လေးလိုက် ပေါ့လိုက်ရှိ ၏။ လေထုပေါ့ပါးရာ အရပ်ကို ဆိုင်ကလုန်း(ဝါ) ဖိအားနည်း ဧရိယာဟူ၍လည်းကောင်း၊ လေးလံသောအရပ်ကို အန်တီဆိုင်ကလုန်းဟူ၍ လည်းကောင်း ယေဘုယျအားဖြင့် ခေါ်ဝေါ်၏။ ရာသီအလိုက်ဖြစ်ပေါ်နေ သည့် ကျယ်ဝန်းသော ပေါ့ပါးရာအရပ်အဝန်းလုံးကို ဖိအားနည်း ဧရိယာဟူ၍လည်းကောင်း၊ လေပေါ့ဧရိယာဟူ၍လည်းကောင်း သိပ္ပံနည်းဖြင့် ခေါ် ဝေါ်၏။

ဖိအားနည်းဧရိယာကို အကျယ်အားဖြင့် နှစ်မျိုးနှစ်စား ခွဲ၍ ခေါ်ဝေါ်၏။ သမပိုင်းဒေသ၌ ဖြစ်ပေါ်သော လေထုပေါ့ ပါးရာအရပ်ကို လေချိုင့်တိမ်ဟူ၍လည်းကောင်း၊ အပူပိုင်း၌ဖြစ်ပေါ်သော လေထုပေါ့ပါးရာအရပ်ကို အပူပိုင်း လေချိုင့်တိမ်ဟူ၍လည်းကောင်း သိပ္ပံ နည်းဖြင့် ခေါ်ဝေါ်၏။ တစ်နည်းအားဖြင့် လေထုပေါ့ပါးနေခြင်း ကြောင့် တိုက်ခတ်လာသော လေအဟုန်၏ ပြင်းထန်မှုပေါ်၌ အမှီပြု၍ ခေါ်ဝေါ်ခြင်းမျှသာ ဖြစ်၏။ အရပ်သုံးစကားဖြင့် ပေါ့ပါးရာ အရပ်သို့တိုက်လာသော လေ၏အဟုန်သည် ပြင်း ထန်မှုမရှိသေးသမျှ လေထုပေါ့ပါးရာရပ်ဟူ၍လည်းကောင်း၊ ပျက်စီး ချို့ယွင်းလောက်အောင် ပြင်းထန်စွာတိုက်ခတ်လျှင် လေပြင်း မုန်တိုင်းဟူ၍လည်းကောင်း ခေါ်ဝေါ်၏။ ထို့ကြောင့် သမပိုင်းဒေသ၌ ဖြစ်ပေါ်နေသော ပေါ့ပါးရပ်၌ လေသည် သာမန်အားဖြင့် ပျက်စီးလောက်အောင် ပြင်းထန် ခြင်းမရှိ၊ အပူပိုင်းဒေသ၌ ဖြစ်ပေါ်က အများအားဖြင့် ပျက်စီးလောက်အောင် ပြင်းထန်စွာ တိုက်ခတ်တတ်သည်ဟု သိအပ်သည်။

အပူပိုင်းဒေသများ၌ ဖြစ်ပေါ်လေ့ရှိသော လေပြင်းမုန်တိုင်း ကြီးများကို အောက်ပါအတိုင်း အမျိုးမျိုး ခေါ်ဝေါ်လေ့ရှိကြ၏။

(၁) မက္ကဆီကို ပင်လယ်ကွေ့၊ အနောက်အိန္ဒိယကျွန်း တစ်ဝိုက်၊ မြောက်အမေရိကတိုက် ဖလော်ရီဒါကမ်းခြေ တစ်ဝိုက်တို့၌ ဟာရီကိန်း၊
(၂) အာရေဗျပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်း
(၃) တရုတ်ပင်လယ်နှင့် ဂျပန်နိုင်ငံတစ်ဝိုက်၌ တိုင်ဖွန်း
(၄) မောရစ်ရှနှင့် မက်ဒါဂတ်စတာကျွန်း၊ အရှေ့အိန္ဒိယ ပင်လယ်တို့၌ ဆိုင်ကလုန်း၊
(၅) ဩစတြေးလျတိုက် အရှေ့ပစိဖိတ် သမုဒ္ဒရာ ပင်လယ်ပြင်၌ ဟာရီကိန်း
(၆) ဖိလစ်ပိုင်ကျွန်းတစ်ဝိုက်တွင် ဗားဂယိုဟူ၍ အမျိုးမျိုး ခေါ်ဝေါ်ကြ၏။

လေမုန်တိုင်းဟူသည် အများအားဖြင့် သမုဒ္ဒရာထဲ၌သာစ၍ ဖြစ်ပေါ်လေ့ရှိပြီးလျှင် ပင်လယ်ပြင်တွင် ရွေ့လျားသွားတိုက်ခတ် တတ်၏။ ကမ်းခြေသို့ အကြောင်းဆိုက်၍ ရောက်လာပါက တဖြည်းဖြည်းအားပျော့သွား ပြီးလျှင် ပျောက်ကွယ်ချုပ်ငြိမ်း သွားလေ့ရှိ၏။

လေထုပေါ့ပါးရပ်နှင့် လေမုန်တိုင်းတို့၏ ဖြစ်ပေါ်ရခြင်း အကြောင်းနှင့် ရုပ်လက္ခဏာတို့သည် မူအားဖြင့် ခြားနားခြင်း လုံးဝမရှိချေ။ အရပ်ဒေသတစ်ခုရှိ လေထုသည်အကြောင်းတစ်စုံ တစ်ရာကြောင့် ပေါ့ပါးသွားခဲ့သော် ပတ်ဝန်းကျင်ရှိထူလေးသော လေထုမှလေသည် စီးဝင်လာမည်မှာ ဓမ္မတာဖြစ်၏။ ရေသည် မြင့်ရာမှ နိမ့်ရာ သို့စီးသကဲ့သို့ လေသည် ထူလေးသောအရပ်မှ ပေါ့ပါးသောအရပ်သို့တိုက်ခတ်၏။ သို့ရာတွင် ပတ်ဝန်းကျင်မှ လေသည် ပေါ့ပါးရပ်၏ ဗဟိုသို့တိုးဝင်တိုက်ခတ်ရာ၌ တဲ့တိုး ဝင်၍မရသဖြင့် ဝဲထိုး၍သာ ဝင်လာနိုင်၏။ တစ်ဖန် ကမ္ဘာကြီး ၏ အနောက်မှ အရှေ့သို့လှည့်လည်မှုကြောင့် အီကွေတာ၏ မြောက်ပိုင်းခြမ်း၌ လေသည် အမြဲတစေ ဗဟိုချက်မသို့ လက်ဝဲ ရစ်ရစ်လျက် တိုက်ခတ်စီးဝင်၏။ အီကွေတာ၏ တောင်ပိုင်း ခြမ်း၌ကား လကျာ်ရစ်ရစ်၍ စီးဝင်၏။ ထို့ကြောင့် ပေါ့ပါးရပ် ဟူ၍လည်းကောင်း၊ မုန်တိုင်းဟူ၍လည်းကောင်းခေါ်ဝေါ်ရာ၌ လေဝဲကြီးဖြစ်ကြောင်း ကို သတိချပ်အပ်၏။ ဖြည်းညင်းစွာလည်နေသော လေဝဲကြီးကို ပေါ့ပါးရပ်၊ ပြင်းပြင်းထန်ထန် လည်နေသောလေဝဲကြီးကို မုန် တိုင်းဟု ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု တစ်နည်းအားဖြင့် သိအပ် ၏။

မုန်တိုင်းဟူ၍ ခေါ်ဆိုထားပါလျှင် လေတိုက်နှုန်းသည် ယုတ်စွအဆုံး တစ်နာရီလျှင် မိုင် ၅ဝ ကျော်တိုက် ခတ်လျက် ရှိနေပြီ၊ တိုက်ခတ်တော့မည်ဟု သိအပ်၏။ ပေါ့ပါးရပ်ဟူ၍သာ ခေါ်ဝေါ်ထားလျှင် လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင် ၅ဝ အောက်သာ တိုက်ခတ်နေသည်။ မိုင် ၅ဝ ထက်ကျော်နိုင်မည်မဟုတ်ဟူ၍ ခွဲခြား၍လည်း သိအပ်၏။ မုန်တိုင်း၏ ဗဟို၌ ရံဖန်ရံခါ လေထု၏ ဖိနှိပ်အားသည် မိလိဗား ၉၆ဝ (ဝါ) လက်မ ၂၈.၃၅ ခန့်ရှိ တတ်၍ အပြင် စွန်း၌ မိလိဗား ၁ဝ၂ဝ (ဝါ) လက်မ ၃ဝ ့၁၂ ခန့်ရှိတတ် သည်။ အထူအပါးခြားနားခြင်း ဤမျှလောက်ရှိသော မုန်တိုင်း ၏ အချင်းသည် တစ်ခါတစ်ရံ မိုင်ပေါင်း ၆ဝဝ ခန့်ကျယ်ဝန်း နိုင်၏။ သို့ရာတွင် ရံဖန်ရံခါ မိုင်ပေါင်း ၁ဝဝ မှ ၂ဝဝ ခန့် အထိ သေးငယ်နိုင်၏။ ထိုတွင် မျှမက အငယ်ဆုံးအချင်းသည် မိုင် ၅ဝ မျှသာ ရှိတတ်သေး၏။

သို့သော် ပေါ့ပါးရပ်များ၌မူကား လေထဲ၏ အတွင်းအပြင် တို့၏ ဖိနှိပ်အားသည် မိလိဗား ၉၆ဝ နှင့် ၁ဝ၂ဝ ခန့် (လက်မ ၂၈.၃၅ နှင့် ၃ဝ.၁၂ ခန့်)ရှိမူ၊ လေဝဲကြီး၏ အချင်း သည် မိုင်ပေါင်း ၁ဝဝဝ ကျော်မှ ၂ဝဝဝ အထိရှိနိုင်၏။ လေဝဲ၏ အချင်းသည် ကြီးမားလျှင် ပြင်းထန်ခြင်းမရှိမူ၍ အချင်းသည်သေးငယ်သော် ပြင်းထန်ခြင်းရှိသည်ကို သတိ ပြုရာသည်။

မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကို ထိပါးသော လေမုန် တိုင်းမျိုးသည် အပူပိုင်းဒေသလေထုပေါ့ပါးမှုကြောင့် တဖြည်း ဖြည်း မုန်တိုင်းဖြစ်ပေါ်ရခြင်းဖြစ်သည်။ ထိုငြိမ်သက်နေသော မုန်တိုင်း၏ ဗဟိုကို မုန်တိုင်း ဗဟိုချက်ဟူ၍ခေါ်ဆိုသည်။ မြန်မာနိုင်ငံအနားတစ်ဝိုက်တွင် တဖြည်းဖြည်းလျော့လာ သည်ကိုတွေ့ရ၏။ လေသည် ရာသီအလိုက် တိုက်သင့်သော အရပ်မှမတိုက်ဘဲ၊ လက်ဝဲရစ်စ၍ရစ်လာ၏။ သို့ရာတွင် လေ သည် ဖြည်းညင်းစွာ တိုက်လျက် ပင်ရှိသေး၏။ လေဖိတူမျဉ်းသည် စက်ဝိုင်းသဏ္ဌာန်ဖြစ်လာ၏။ ဤ အချက်၌ လေထုမငြိမ်မသက်ဖြစ်နေသည်ဟူ၍လည်းကောင်း၊ လေဖိအား နည်းလှိုင်း သို့မဟုတ် လေဖိအားနည်းဧရိယာ ဖြစ်ပေါ်နေသည် ဟူ၍လည်းကောင်း ခေါ်ဝေါ်၏။ ထိုထက် လေဖိတူမျဉ်းများ ၂ ကြောင်း ၃ ကြောင်းခန့်ပေါ်လာပြီးလျှင် လေခပ်သုတ်သုတ်တိုက်၍ လက်ဝဲရစ်လှည့်သော လေစီးကြောင်းကို မြေပုံပေါ်၌ ပေါ်လွင် စွာ တွေ့ရမည်ဖြစ်ပါက လေမုန်တိုင်း အနုစားပျိုးနေသည်ဟု ခေါ်ဆို၏။ တိုက်ခတ်သောလေ၏ ပြင်းထန်မှုအပေါ်၌တည်၍ တစ်နာရီလျှင် ၃၅ မိုင်ထက် ကျော်လွန်စွာတိုက်ခတ်နေပါက မုန်တိုင်းဟူ၍လည်းကောင်း၊ တစ်နာရီလျှင် မိုင် ၆ဝ ကျော်တိုက်ခတ်နေ ပါက လေပြင်းမုန်တိုင်းဟူ၍လည်းကောင်း ခွဲခြားခေါ်ဝေါ်၏။ မုန်တိုင်း၏ ဗဟိုချက်နားတစ်ဝိုက်တွင် တစ်ခါတစ်ရံ လေသည် လုံးဝငြိမ် သက်နေကြောင်းတွေ့ရ၏။ စ၍ပျိုးသည်မှ လေမုန်တိုင်းအဖြစ်သို့ ရောက်ရန် ၃ ရက်၊ ၄ ရက်ခန့် ကြာတတ်၏။ သို့ရာတွင် ၂၄ နာရီအတွင်း အတော်ပြင်းထန်သော မုန်တိုင်းမျိုးလည်းချက်ချင်း လိုပင် ပေါ်ပေါက်တတ်သေး၏။

မုန်တိုင်းသည် အတော်အတန်ကြာကြာ တစ်နေရာတည်း၌ ဝပ်နေရာမှ ပြင်းထန်လာပြီးနောက် ယေဘုယျအားဖြင့် တစ်နာရီ လျှင် ၁၅ မိုင်မှ မိုင် ၂ဝ ခန့်ဖြင့် ရွှေ့လျားသွားလေ့ရှိ၏။ မြန်မာနိုင်ငံတစ်ဝိုက်၌ ပျက်စီးလောက်အောင် ပြင်းထန် သော မုန်တိုင်းများသည် ဧပြီလ အဦးအဆုံးကာလအတွင်းနှင့် မိုးဦးအကြား၌လည်းကောင်း နောက်တစ်ဖန် မိုးနှောင်းနှင့် ဒီဇင်ဘာလ အနှောင်းဆုံးကာလအကြား၌လည်းကောင်း ဖြစ်ပေါ်လေ့ရှိ၏။ မြန်မာနိုင်ငံမိုးလေဝသဌာနမှ အောက်ပါအတိုင်း အထိမ်း အမှတ်များကို ဆိပ်ကမ်းမြို့ကြီးများ၌ လေမုန်တိုင်းသတိပေး ချက် အထိမ်းအမှတ်အဖြစ်ဖြင့် လွှင့်တတ်၏။ အထိမ်းအမှတ် များမှာ ဝေးလံသော ပင်လယ်ပြင်၌ လေမုန်တိုင်းဖြစ်ပေါ်နေ ကြောင်း အထိမ်းအမှတ်နှင့် ဆိုင်ရာဆိပ်ကမ်းနား၌ ဖြစ်ပေါ်နေ ကြောင်း အထိမ်းအမှတ်ဟူ၍ နှစ်မျိုးရှိရာ ထိုအထိမ်းအမှတ် များကို ပုံတွင်ဖော်ပြထားသည်။

ဒေါက်တာဦးဘိုးအေး ဝေးလံသော အရပ်၌ဖြစ်ပေါ်နေကြောင်း အထိမ်းအမှတ်များမှာ –

1. တစ်ခုသောအရပ်၌မုန်တိုင်းဖြစ်ပေါ် နေဟန်ရှိကြောင်းနှင့်

2. တစ်ခုသောအရပ်၌ မုန်တိုင်းကျရောက်နေပြီတို့

ဖြစ်ကြ၏။
ဆိပ်ကမ်းနားတစ်ဝိုက်နှင့် သက်ဆိုင်သော ညွှန်ကြားချက် များမှာကား အောက်ပါအတိုင်းဖြစ်၏။

(၁) ဆိပ်ကမ်း၌ မိုးလေပြင်းထန်မည့်အကြောင်းလက္ခဏာ ရှိသည်။
(၂) ဆိပ်ကမ်း၌ လေမုန်တိုင်းအန္တရာယ်ရှိသည်။
(၃) ဆိပ်ကမ်း၌ မနီးမဝေးအရပ်ကို ဗဟိုပြု၍ အတော် အတန်ပြင်းထန်သော လေမုန်တိုင်းသည် ပင်လယ်မှကမ်း ခြေသို့ ဖြတ်ကျော်တော့မည်ဖြစ်ကြောင်း။
(၄) ဆိပ်ကမ်းပေါ်သို့သော်လည်းကောင်း နီးကပ်စွာသော်လည်းကောင်း အတန်ပြင်းထန်သော လေမုန်တိုင်းဖြတ်သွားတော့ မည် ဖြစ်ကြောင်း၊
(၅) ဆိပ်ကမ်းနှင့် အနီးမဝေးအရပ်ကို ဗဟိုပြု၍ လေပြင်း မုန်တိုင်းကြီး ပင်လယ်မှ ကမ်းခြေသို့ ဖြတ်ကျော်တော့မည် ဖြစ်ကြောင်း၊
(၆) ဆိပ်ကမ်းပေါ်သို့သော်လည်းကောင်း၊ အနီးကပ်စွာသော်လည်းကောင်း လေပြင်းမုန်တိုင်းကြီး ဖြတ်သွားတော့မည်ဖြစ်ကြောင်း၊
(၇) ဆိပ်ကမ်းနှင့် မိုးလေဝသဌာနတို့ ကြေးနန်းအဆက် အသွယ်ပြတ်နေသည်။ ဆိပ်ကမ်းအရာရှိသည် ဤဆိပ် ကမ်း၌ မိုးလေဝသ ဆိုးရွားလိမ့်မည်ဟု ယူဆကြောင်း။

Cyclogenesis (ဆိုက်ကလိုဂျင်နီး(စ်)စစ်)

Cyclogenesis (ဆိုက်ကလိုဂျင်နီး(စ်)စစ်) သည် ဆိုင်ကလုံးဖြစ်ပေါ်မှုနှင့် ပြင်းထန်လာခြင်း ဖြစ်စဉ်ကို ဖော်ပြသည်။ အပူလွန်ပိုင်းဒေသ မုန်တိုင်းများ၏ သိပ်သည်းဆသည် အပူချိန်နှင့် လေဖိအား ပေါ်တွင် မူတည်သည့်ဇုန်များ ဟုခေါ်သော တိုးမြှင့်လတ္တီတွဒ် အလယ်ပိုင်း အပူချိန်ခြားနားခြင်းများ၏ ကြီးမားသော နယ်ပယ်များတွင် လှိုင်းများကဲ့သို့ဖြစ်ပေါ်သည်။ ထိုဇုန်များသည် ဆိုင်ကလုံးလှည့်လည်ခြင်းပိတ်ပြီး အရှိန်မြှင့်တက်လာသည်နှင့် ရာသီဥတု လေစိုင်ဆုံများ ဖြစ်ပေါ်စေရန် ကျုံ့ခြင်းကိုဖြစ်စေသည်။

၎င်းတို့၏ အဆင့်ဆင့် ဖြစ်စဉ်နောက်ပိုင်းတွင် မုန်တိုင်းများသည် လေအေးထုပါဝင်သော ဗဟိုချက် စနစ်များကဲ့သို့ ပိတ်လိုက်ကြသည်။ မုန်တိုင်းတစ်ခု၏ ၂ မှ ၆ ရက်အထိ အဆင့်ဆင့် ဖြစ်စဉ်အား ကရကဋ်ရာသီ၏ ရွေ့လျားမှု သို့မဟုတ် အပူလျော့ပိုင်း အမြန်စီးဆင်းသည့် ကျဉ်းမြောင်းသော လေစီးကြောင်းကို လမ်းကြောင်းပေးနိုင်သည်။ ရာသီဥတု လေစိုင်ဆုံများသည် သိပ်သည်းဆ မတူညီသည့် လေဒြပ်ထုနှစ်ခုအား ပိုင်းခြားထားပြီး အရေးပါဆုံးသော မိုးလေဝသဖြစ်ရပ်များနှင့် ဆက်စပ်လျက်ရှိသည်။

လေစိုင်ဆုံတစ်ခုဖြင့် ပိုင်းခြားခြင်းခံရသည့် လေဒြပ်ထုများသည် အပူချိန် သို့မဟုတ် စိုထိုင်းမှု တို့တွင် ခြားနားနိုင်သည်။ အလွန်အေးသော လေစိုင်ဆုံ များသည် ထုံးစံအားဖြင့် ကျဉ်းမြောင်းသော မိုးသက်မုန်တိုင်းများနှင့် ပြင်းထန်သော ရာသီဥတုတို့၏ လှိုင်းများကို ပုံပေါ်စေပြီး ထိုအဖြစ်ပျက်တွင် မိုးသက်မုန်တိုင်းလိုင်းများ သို့မဟုတ် နှင်းပေါက် နှင်းစက်လိုင်းများမှ အလျင်ဦးစွာ ကျရောက်နိုင်သည်။ ၎င်းတို့သည် လှည့်လည်သည့် အလယ်ဗဟို၏ အနောက်ဘက်တွင် ဖြစ်ပွားပြီး ယေဘုယျအားဖြင့် အနောက်မှအရှေ့သို့ ရွေ့လျားသည်။

နွေးထွေးသော လေစိုင်ဆုံများသည် ဆိုင်ကလုံး ဗဟိုချက်၏ အရှေ့ဘက်တွင် ဖြစ်ပွားပြီး အလွှာလိုက် ဆီးနှင်းကျခြင်း နှင့် မြူကျခြင်း တို့မှာ အလျင်ဦးစွာ ဖြစ်ပေါ်လေ့ရှိသည်။ ၎င်းတို့သည် ဆိုင်ကလုံးလမ်းကြောင်း၏ ရှေ့တွင်စော၍ ဝင်ရိုးစွန်းဘက်သို့ ရွေ့လျားသည်။ ပိတ်ဆို့နေသော လေစိုင်ဆုံများသည် ဆိုင်ကလုံးဗဟိုချက်၏အနီးရှိ ဆိုင်ကလုံးသက်တမ်း ဖြစ်စဉ်အဆင့်ဆင့်တွင် နောက်ကျမှဖြစ်ပွားပြီး ဆိုင်ကလုံးဗဟိုချက် ပတ်ပတ်လည်ကို လွှမ်းခြုံထားလေ့ရှိသည်။

အပူပိုင်းဒေသ ဆိုင်ကလုံးဖြစ်ပေါ်ခြင်းသည် အပူပိုင်းဒေသ ဆိုင်ကလုံးများ၏ တိုးတက်မှုဖြစ်စဉ်ကို ဖော်ပြသည်။ အပူပိုင်းဒေသ မုန်တိုင်းများသည် အဓိကကျသော မိုးသက်မုန်တိုင်းလှုပ်ရှားမှုမှ ထုတ်လွှတ်လိုက်သော အောင်းပူ ကြောင့်ဖြစ်ပေါ်ပြီး ၎င်းတို့သည် လေနွေးဗဟိုချက်များဖြစ်သည်။ ဆိုင်ကလုံးများသည် သင့်လျော်သော အခြေ အနေများ အောက်တွင် အပူလွန်ပိုင်း၊ အပူလျော့ပိုင်းနှင့် အပူပိုင်း အဆင့်တို့အတွင်း၌ ကူးပြောင်းခြင်း ပြုလုပ်နိုင်သည်။ အလယ်အလတ်အဆင့် မုန်တိုင်းများသည် မြေပြင်ပေါ်တွင် နွေးထွေးသော လေဗဟိုချက် ရှိသည့် မုန်တိုင်းများဖြစ်ပေါ်ပြီး၊ လေဆင်နှာမောင်း ဖြစ်ပေါ်ခြင်းဆီသို့ ဦးတည်နိုင်သည်။ ရေဆင်နှာမောင်းများ သည်လည်း အလယ်အလတ် မုန်တိုင်းများမှ ဖြစ်ပေါ်နိုင်သော်လည်း တည်ငြိမ်မှုမရှိဘဲ ဒေါင်လိုက်နိမ့်ကျသော လေပြောင်းလဲနှုန်း၏ ပတ်ဝန်းကျင်မှ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

ဖွဲ့စည်းတည်ဆောက်ပုံ

ဆိုင်ကလုံး အားလုံးအတွက် တူညီသော ဖွဲ့စည်းတည်ဆောက်ပုံ သွင်ပြင်လက္ခဏာ အရေအတွက် အတော်များများရှိသည်။ ၎င်းတို့သည် လေဖိအားနည်း ရပ်ဝန်းများ ဖြစ်သောကြောင့်၊ ၎င်းတို့၏ ဗဟိုချက်သည် နေရာဒေသအတွင်းရှိ အနိမ့်ဆုံးသော လေထုဖိအားရှိသည့် ဧရိယာဖြစ်ပြီး သက်တမ်းစေ့သော အပူပိုင်း ဆိုင်ကလုံးများတွင် မျက်စိ ဟူ၍သိကြလေ့ရှိသည်။ ဗဟိုချက်အနီးအနားတွင် ဖိအားပြောင်းလဲခြင်းအား (ဆိုင်ကလုံး အလယ်ဗဟိုအတွင်းရှိ ဖိအားကို ဆိုင်ကလုံးပြင်ပရှိဖိအားနှင့် နှိုင်းယှဉ်ပါက) နှင့် လမ်းကြောင်းလွဲသွားရာမှ ပေါ်ထွက်လာသောအား တို့သည် အနီးစပ်ဆုံးသော ဟန်ချက်ညီမျှခြင်းတွင် ရှိရမည်ဖြစ်ပြီး၊ သို့မဟုတ်ပါက ဖိအားခြားနားခြင်း၏ ရလဒ်တစ်ခုအနေဖြင့် ဆိုင်ကလုံးသည် ၎င်းကိုယ်တိုင်အပေါ်တွင် ပြိုပျက်သွားလိမ့်မည်။ လမ်းကြောင်းလွဲသွားရာမှ ပေါ်ထွက်လာသော အားသက်ရောက်မှု၏ ရလဒ်တစ်ခုအနေဖြင့် ကြီးမားသော ဆိုင်ကလုံးပတ်လည်တွင် လေစီးကြောင်းသည် မြောက်ကမ္ဘာလုံးခြမ်းတွင် နာရီလက်တံပြောင်းပြန်နှင့် တောင်ကမ္ဘာလုံးခြမ်းတွင် နာရီလက်တံ လည်သကဲ့သို့ လှည့်လည်သည်။ (သို့သော်ငြားလည်း အပြင်တိုက်လေဝဲ တစ်ခုသည် မြောက်ကမ္ဘာလုံးခြမ်းတွင် နာရီလက်တံအတိုင်းနှင့် တောင်ကမ္ဘာလုံးခြမ်းတွင် နာရီလက်တံပြောင်းပြန်အတိုင်း လှည့်လည်သည်။)

ဖြစ်ပေါ်ပုံ

ဖြစ်ပေါ်ပုံ

အစဦး အပူလွန်ပိုင်း လေဖိအားနည်း ဧရိယာများသည် ပုံရိပ်ပေါ်ရှိ အနီရောင် အစက်နေရာများတွင် ဖြစ်ပေါ်သည်။ ၎င်းသည် ထုံးစံအတိုင်း ဆိုင်ကလုံး တိုးတက်ဖြစ်ပေါ်မှုဖြစ်စဉ်၏ အစောပိုင်း အဆင့်အတွင်း ဂြိုဟ်တုတွင် တွေ့မြင်ရသည့် သစ်ရွက်ပုံသဏ္ဌာန် တိမ်ဖြစ်ထွန်းခြင်းပေါ်သို့ ထောင့်မတ်ကျသည် (ထောင့်မှန် ထောင့်တစ်ခုဖြစ်ခြင်း)။ လျင်မြန်စွာစီးဆင်းသော ကျဉ်းမြောင်းသည့် လေစီးကြောင်း အပေါ်အဆင့်၏ ဝင်ရိုးတည်နေရာကို အပြာရောင် ဖျော့ဖျော့ဖြင့် ဖော်ပြထားသည်။

ဆိုင်ကလုံး တိုးတက်ဖြစ်ထွန်းမှုဖြစ်စဉ် နှင့် အပူပိုင်းဒေသ ဆိုင်ကလုံး တိုးတက်ဖြစ်ထွန်းမှုဖြစ်စဉ်

ဆိုင်ကလုံး တိုးတက်ဖြစ်ထွန်းမှုဖြစ်စဉ် ဆိုသည်မှာ လေထုအတွင်းတွင် (လေဖိအားနည်းဒေသတစ်ခု) ဆိုင်ကလုံး လည်ပတ်မှု ဖွံ့ဖြိုးတိုးတက်လာခြင်း သို့မဟုတ် အင်အားပြင်းထန်လာခြင်းဖြစ်သည်။ ဆိုင်ကလုံး တိုးတက်ဖြစ်ထွန်းမှုဖြစ်စဉ်သည် ကွဲပြားခြင်းနားသည့် ဖြစ်စဉ်များစွာအတွက် ပေါင်းရုံးထားသည့် အခေါ်အဝေါ်ဖြစ်ပြီး ၎င်းတို့မှ အားလုံးသည် ဆိုင်ကလုံး အမျိုးအစားအချို့၏ တိုးတက်ဖွံ့ဖြိုးမှုအဖြစ် အဖြေထွက်သည်။ ၎င်းသည် စကေးအငယ်စားမှ စကေးအကြီးစားအထိ စကေးအများအပြားတွင် ဖြစ်ပွားနိုင်သည်။ အပူလွန်ပိုင်းဒေသ ဆိုင်ကလုံးများသည် ၎င်းတို့၏ သက်တမ်းဖြစ်စဉ်အဆင့်ဆင့်တွင် နောက်ပိုင်းတွင် လေအေးဝင်ရိုး ဆိုင်ကလုံးများအဖြစ် မပိတ်ဆို့မီ ရာသီဥတုလေစိုင်ဆုံများ တစ်လျှောက်တွင် လှိုင်းများကဲ့သို့ဖြစ်ပေါ်သည်။

အပူပိုင်းဒေသ မုန်တိုင်းများသည် အဓိကကျသော မိုးသက်မုန်တိုင်းလှုပ်ရှားမှုမှ ထုတ်လွှတ်လိုက်သော အောင်းပူကြောင့် ဖြစ်ပေါ်ပြီး ၎င်းတို့သည် လေနွေးဗဟိုချက်များဖြစ်သည်။ အလယ်အလတ်အဆင့် မုန်တိုင်းများသည် မြေပြင်ပေါ်တွင် နွေးထွေးသော လေဗဟိုချက်ရှိသည့် မုန်တိုင်းများဖြစ်ပေါ်ပြီး၊ လေဆင်နှာမောင်း ဖြစ်ပေါ်ခြင်းဆီသို့ ဦးတည်နိုင်သည်။ ရေဆင်နှာမောင်းများသည်လည်း အလယ်အလတ် မုန်တိုင်းများမှ ဖြစ်ပေါ်နိုင်သော်လည်း တည်ငြိမ်မှုမရှိဘဲ ဒေါင်လိုက်နိမ့်ကျသော လေပြောင်းလဲနှုန်း၏ ပတ်ဝန်းကျင်မှ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

ဆိုင်ကလုံး တိုးတက်ဖြစ်ထွန်းမှု ဖြစ်စဉ်သည် ဆိုင်ကလုံး အားနည်းခြင်း သို့မဟုတ် ပျက်ပြယ်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်ပြီး လေဖိအားများရပ်ဝန်းများ—အင်တီဆိုင်ကလုံး ဂျင်နီး(စ်)စစ်ဖြစ်ပေါ်ခြင်းနှင့် ဆက်စပ်နေသည့်အပြင် တိုက်လေဝဲတူညီသောအရာ (လေဖိအားများစနစ်) တစ်ခုရှိသည်။ လေဖိအားနည်းသော မျက်နှာပြင်တွင် ဖြစ်ပေါ်ပုံနည်းလမ်းများစွာရှိသည်။ မြေမျက်နှာပြင် အနေအထားသည် မြောက်မှတောင်သို့ သွယ်တန်းနေသော တောင်တန်းအတားအဆီး၏ အရှေ့ဘက်တွင် လေဖိအားများရပ်ဝန်းစံနစ် အနိမ့်ပိုင်း-မျက်နှာပြင်ကို သိပ်သည်းစေသောအခါ လေဖိအားနည်းသော ရပ်ဝန်းတစ်ခုကို အားပြုသည်။

အလယ်အလတ် စကေးဖြစ်သော အပူသယ်ဆောင်သည့် စနစ်များသည် အစဦးကတည်းက နွေးသောဝင်ရိုးဖြစ်သည့် လေဖိအားနည်း ရပ်ဝန်းများတွင် ဖြစ်ပွားနိုင်သည်။ အနှောင့်အယှက်သည် လေစိုင်ဆုံ တစ်လျှောက်တွင် လှိုင်းကဲ့သို့ ဖြစ်ပေါ်ခြင်း တစ်ခုအနေဖြင့် ကြီးထွားနိုင်ပြီး လေဖိအားနည်းရပ်ဝန်းသည် ထိပ်များဆီသို့ ဦးတည်လိမ့်မည်။ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ၊ လေဖိအားနည်းရပ်ဝန်း ပတ်လည်တွင် စီးဆင်းခြင်းသည် ဆိုင်ကလုံးကဲ့သို့ ဖြစ်လိမ့်မည်။ ဤလှည့်လည်နေသော စီးဆင်းခြင်းသည် ဝင်ရိုးစွန်းလေအေးများကို လေဖိအားနည်းရပ်ဝန်း၏ အနောက်တွင် ၎င်း၏ လေအေးလေစိုင်ဆုံ လမ်းကြောင်းမှတဆင့် အီကွေတာဘက်သို့ တွန်းပို့ပြီး လေနွေးများသည် လေနွေးလေစိုင်ဆုံ မှတဆင့် လေဖိအားနည်းရပ်ဝန်း ဝင်ရိုးစွန်းဆီသို့ တွန်းပို့လိမ့်မည်။ လေအေးလေစိုင်ဆုံသည် လေနွေးလေစိုင်ဆုံထက် ပို၍လျင်မြန်စွာရွေ့လျားပြီး ၎င်းကို `အမီလိုက်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုင်ကလုံးအနောက်တွင် သိပ်သည်းဆမြင့်မားသော လေထုမွှေ့ခြင်းကြောင့် ကျဉ်းမြောင်းသော နွေးသည့် အပိုင်းကို ရရှိစေခြင်းကြောင့် ဖြစ်သည်။ ဤအခြေအထားတွင် ထရိုဝယ်(လ်) ဟုသိထားသည့် ပူနွေးသောလေထုသည် လေဖိအားများ ရပ်ဝန်းနှစ်ခုကြားရှိ လေဖိအားနည်းရပ်ဝန်း၏ လေနွေးအတွင်းသို့ လေနွေးထုကို အပေါ်သို့တွန်းပို့ရာမှ ပိတ်ထားသော လေစိုင်ဆုံ တစ်ခုဖြစ်ပေါ်လာသည်။

အပူပိုင်းဒေသ ဆိုင်ကလုံးများ

အပူပိုင်းဒေသ ဆိုင်ကလုံးများ

အပေါ်တက်နေသောလေရှိ ရေခိုးငွေ့သိပ်သည်းခြင်းမှ ထုတ်လွှတ်သော စွမ်းအင်ကြောင့် ဖြစ်ပေါ်သည့် အပူပိုင်းဒေသ ဆိုင်ကလုံးများသည် သမုဒ္ဒရာရေနွေးများအပေါ်တွင် မှန်ကန်သော တုံ့ပြန်မှုကွင်းဆက် တစ်ခုကို ဖြစ်ပေါ်စေသည်။ အပူပိုင်းဒေသ မုန်တိုင်းဖြစ်ထွန်းမှုဖြစ်စဉ်သည် လေထုအတွင်းတွင် အပူပိုင်းဒေသမုန်တိုင်း တစ်ခု၏ ဖွံ့ဖြိုးတိုး တက်မှုနှင့် အင်အားကောင်းလာခြင်းကို ဖော်ပြသည့် နည်းပညာပိုင်းဆိုင်ရာ အသုံးအနှုန်းဖြစ်သည်။ အပူပိုင်း ဒေသ မုန်တိုင်းဖြစ်ထွန်းမှု နည်းလမ်းသည် အလယ်အလတ်ပိုင်း လတ္တီတွဒ်တွင် ဖြစ်ပွားသည့် မုန်တိုင်းဖြစ်ထွန်းမှု နည်းလမ်းနှင့် ထင်ထင်ရှားရှား ကွဲပြားခြားနားသည်။ အပူပိုင်းဒေသ မုန်တိုင်းဖြစ်ထွန်းမှုတွင် သင့်လျော်သော လေထု ပတ်ဝန်းကျင်အတွင်း၌ သိသာထင်ရှားသည့် အပူသယ်ဆောင်ခြင်းကြောင့် နွေးထွေးသော-ဗဟိုချက် ဆိုင်ကလုံး ဖွံ့ဖြိုးတိုးတက်မှု ပါဝင်သည်။

အပူပိုင်းဒေသ မုန်တိုင်းဖြစ်ထွန်းမှုအတွက် အဓိကလိုအပ်ချက် ခြောက်ရပ်ရှိသည်။ လုံလောက်သော နွေးထွေးသည့် ပင်လယ်ရေမျက်နှာပြင် အပူချိန်များ၊ လေထုမတည်ငြိမ်မှု၊ ကမ္ဘာမြေမျက်နှာပြင် အနိမ့်ဆုံးအလွှာ၏ အနိမ့်ပိုင်းမှ အလယ်အလတ် မျက်နှာပြင်အတွင်း၌ မြင့်မားသောစိုထိုင်းမှု၊ လေဖိအာနည်း ရပ်ဝန်းတစ်ခုကို ဖြစ်ပေါ်စေရန် လုံလောက်သော ယိမ်းယိုင်ခြင်းမှ ဖြစ်ပေါ်လာသောအား၊ ရှိပြီးသားဖြစ်သော အနိမ့်ပိုင်းမျက်နှာပြင်ဆုံချက် သို့မဟုတ် အနှောင့်အယှက်နှင့် အနိမ့်ပိုင်းဒေါင်လိုက် လေတိုက်နှုန်း အပြောင်းအလဲ တို့ဖြစ်သည်။ နှစ်စဉ် ကမ္ဘာတစ်လွှားတွင် ပျမ်းမျှအားဖြင့် အပူပိုင်းဒေသ မုန်တိုင်းပြင်းအား၏ အပူပိုင်းဒေသဆိုင်ကလုံးများ ၈၆ ကြိမ်ဖြစ်ပွားပြီး ၄၇ ကြိမ်သည် hurricane (ဟာရီကိန်း) / typhoon (တိုက်ဖွန်း) ပြင်းအားအဆင့်နှင့် ၂၀ သည်ပြင်းထန်သော အပူပိုင်းဒေသ ဆိုင်ကလုံး များဖြစ်လာသည် (Saffir-Simpson Hurricane Scale (ဆာဖာ-ဆင်ဆမ်(န်) ဟာရီကိန်းစကေး) တွင် အနည်းဆုံး အုပ်စုအဆင့် ၃ ပြင်းအားတွင်ရှိသည်)။

လေတိုက်နှုန်း အရှိန်နှင့်/သို့မဟုတ် အမြင့်ပေါ်လိုက်၍ ဦးတည်ချက် (“လေတိုက်နှုန်းအပြောင်းအလဲ”) ကြီးကြီး မားမား ပြောင်းလဲခြင်းသည် မမြင်ရသောပြွန်နှင့်တူသည့် အလိပ်များအတွင်း လှည့်နေသည့်လေထု၏ အနိမ့်ပိုင်း၏ အစိတ်အပိုင်းများကို ဆင်သောအခါ အလယ်အလတ် ဆိုင်ကလုံးများ ဖြစ်ပေါ်သည်ဟု ယုံကြည်ကြသည်။ မိုးသက်မုန်တိုင်း၏ အပေါ်ဘက်ကို အပူသယ်ဆောင်ခြင်းသည် ဤလှည့်လည်နေသော လေထုကိုအပေါ်သို့ ဆွဲတင်ပြီး အလိပ်၏ အပေါ်ဘက်သို့ ဦးတည်နေခြင်း (မြေပြင်နှင့် ပြိုင်လျက် အနေအထားမှ ထောင့်မတ်ကျခြင်းဆီသို့) ကိုစောင်းစေကာ အပေါ်သို့တက်ရောက်သည့် တစ်ခုလုံးကို ဒေါင်လိုက်အတိုင်အဖြစ် လှည့်လည်စေသည်။ အလယ်အလတ် မုန်တိုင်းများသည် ပုံမှန်အားဖြင့် အတန်အသင့် နေရာကွက်၍ ဖြစ်ပွားသည်။ ၎င်းတို့သည် စကေးအကြီးစား (ကီလိုမီတာရာပေါင်းများစွာ)နှင့် စကေးအငယ်စား (မီတာရာပေါင်းများစွာ) အတွင်းတည်ရှိသည်။ ရေဒါဓာတ်ပုံ စသည့်ပုံရိပ်ကို ထိုအင်္ဂါရပ်များအား ခွဲခြားဖော်ထုတ်ရန် အသုံးပြုသည်။

ကိုးကား

ပြင်ပလင့်ခ်များ

Fundamental of Physical Geography: The Mid-Latitude Cyclone

Glossary Definition: Cyclogenesis Archived 30 August 2006 at the Wayback Machine.

<img src=”//my.wikipedia.org/wiki/Special:CentralAutoLogin/start?type=1×1″ alt=”” title=”” width=”1″ height=”1″ style=”border: none; position: absolute;” />

ကဏ္ဍများ: မိုးလေဝသမုန်တိုင်းများသဘာဝဘေးအန္တရာယ်များ

ဤစာမျက်နှာကို ၁၆ မေ ၂၀၂၃၊ ၀၀:၄၆ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s