SINGER MYANMAR မောင်သိန်းဝင်း။ ။လက်ရွေးစင် မြန်မာသံစဉ် သီချင်းကောင်းများ ။ ၂ / ၂

အဆိုတော် မောင်သိန်းဝင်း နဲ့ အေဝမ်း တင်တင်လှ တို့ မောင်နှ ပြောပြတဲ့ https://youtu.be/Xwz5tpLDEKg?si=zrEBaEOTZkppurx0။ မာမာအေးသီချင်းတွေကြိုက်ပြီး အနုပညာလောကကို ဝင်ခဲ့တယ်” ဆိုတဲ့
အဆိုတော်အေဝမ်းတင်တင်လှက အဆိုတော်ထား ကျတော့ ကျွန်မရဲ့ထမင်းရှင်လို့
ပြောပြတဲ့ အေဝမ်းတင်တင်လှနှင့် အဆိုတော်မောင်သိန်းဝင်းတို့ မောင်နှမ.. အေဝမ်းတင်တင်လှ #အဆိုတော်မောင်သိန်းဝင်း #မာမာအေး #interview #myanmarnews #news #todaynews #အနုပညာmedia #myanmarcelebritynews #myanmarcelenews #singer။ မာမာအေး ထားတို့ အကြောင်းပြောတဲ့ အေဝမ်းတင်တင်လှ။ https://youtu.be/3U_QwQd039g?si=Gng7KvJze54BQJ7P။ အပွင့်လင်းဆုံးပြောရရင် ကျွန်မရဲ့အမျိုးသားက သီချင်းဆိုတာကို မကြိုက်ခဲ့ပါဘူး။ မဆိုနဲ့လို့ပြောပေမယ့် သူမရှိတဲ့အခါတော့ ဆိုဖြစ်ခဲ့တာပေါ့နော်။ ကျွန်မက ဘာမှ မတတ်မြောက်ပေမယ့် ဆရာသမားတွေ လက်တွဲခေါ်လို့သာ သီချင်းဆိုဖြစ်ခဲ့တာပါ “။ ….. လို့ပြောပြလာတဲ့ မြန်မာသံ တေးသံရှင်ကြီး အန်တီ အေဝမ်း တင်တင်လှ နှင့် တွေ့ဆုံခြင်း။ MediaQueenTV #MQTV။ MyanmarGandawinSinger #A1TinTinHla။ မြန်မာသံတေးသံရှင်ကြီး။ အေဝမ်းတင်တင်လှ။ MQTVCelebrityNews။ MQTVCelebrityInterview။ အမျိုးသား ” မကြိုက်လို့ သီချင်းပြန်မဆိုခဲ့ဘူး … “အေဝမ်း တင်တင်လှ”

fb.watch/iRTtA3mheH/ https://youtu.be/jMHOohiXdSA

https://fb.watch/jGKpxJaxz8/

ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ မှ စန္ဒယား တင်ဝင်းလှီုင် နှင့် မောင်သိန်းဝင်း ၊

မင်းတစ်ယောက်တော့ အသည်းကွဲရလိမ့်မယ် ၊ တေးရေး သန္ဒရား လှ ထွတ် ၊တေးဆို မောင်သိန်းဝင်းနှင့် တင်မိုးခိုင် https://youtu.be/lLzMRglNndQ?si=Rf3S7hCs-cMbS6q8။ တေးပြုစာဆို စန္ဒရားလှထွတ် ၏ မင်းတစ်ယောက်တော့အသည်းကွဲရလိမ့်မယ်
တေးသံရှင် မောင်သိန်း၀င်း တင်မိုးခိုင်
• မင်းတစ်ယောက်တော့အသည်းကွဲရလိမ့်မယ…
Radio Alive Collections ချစ်တယ်ချစ်တယ် သူဒါတွေပြောတယ် မခွဲနိုင်ဘူးကွယ် သူဆိုပြန်သေးတယ် အချစ်ရယ်အသည်းရယ် သူခေါ်ကာပဲကွယ် နောက်တော့မှ အသည်းခွဲသွားလေတယ် တစ်နေ့မမြင်ရင်လည်းကွယ် မနေနိုင်ပါဘူးတဲ့ တွေ့ရင်ချွဲတယ် ကွယ်ရာမှာမေ့တယ် မခင်သည်းရယ် လူတွေကပြောတယ် မင်းတစ်ယောက်တော့ အသည်းကွဲရလိမ့်မယ် ….. မယုံပါဘူး အစကတော့ဒါတွေကိုကွယ် မင်းကိုချစ်တာပဲကိုယ်နားလည် ဒါပေမယ့်လည်း တစ်စတစ်စနှင့် သိလာတယ် ဟန်ပန်တွေမူမမှန်တယ် ချစ်တယ်ချစ်တယ် သူဒါတွေပြောတယ် မခွဲနိုင်ဘူးကွယ် သူဆိုတာပဲကွယ် မခင်သည်းရယ် လူတွေကပြောတယ် မင်းတစ်ယောက်တော့ အသည်းကွဲရလိမ့်မယ် ….. ။ https://youtu.be/lLzMRglNndQ?si=Rf3S7hCs-cMbS6q8

မေ့ပါနိုင် ( တေးရေး မြို့မငြိမ်း) https://youtu.be/tIF5BMrBMOk?si=5S3rlTY1FZJ4jHN6

လွမ်းမိသည့် လမ်းလေးတွေ ( Lyric Video) https://youtu.be/jnoIlwGWyHU?si=1etMHUkWMVQEdiA9. Song – Lwan Mi Thi Lan Lay Tway (လွမ်းမိသည့် လမ်းလေးတွေ)
Artist – Mg Thein Win (မောင်သိန်းဝင်း)
Composer – Shwe Ahthit
Band – Myat Soe

မျက်လုံးချင်း စကားပြောနေပြီ ?ရေး -ဦးကျော့မှူး ၊ အတီး စန္ဒရားတင်ဝင်းလှိုင် https://youtu.be/bdd_DkLLQTg?si=xkAGgun6KjPY_bwI si=xkAGgun6KjPY_bwI. ၁၉၆၉ ခုနှစ် မှာ မတ်လမှာ မောင်သိန်းဝင်း သီဆိုခဲ့သော မျက်လုံးချင်း စကားပြောနေပြီ သီချင်း အကြောင်း အနှစ် ၂၀ ကြော်အကြာမှ သိလို့ အမှတ်တ၇တွေ ပြောပြတဲ့ အဆိုတော်မောင်သိန်းဝင်း ၏ရှင်းပြချက် (၁၉၆၉-မှ ၂၀၀၀ ) မူရင်း ဂျပန် တယော အလက် ၂၀၀ String Orchestra. တီးလုံး သီချင်း တေးလုံး အမည် လေပြေလေညှင်း မျက်လုံးချင်း စကားပြောနေပြီ မူရင်းဂျပန် သီချင်း https://youtu.be/SOv5jmx8eK0?si=fIm8FPxSDWaDRLu1။ မောင်သိန်းဝင်း၏ရှင်းပြချက်။ https://youtu.be/ClLGVA_cydc?si=Xm3wkAIyOQXCuXgR။ “ မျက်လုံးချင်း စကားပြောနေပြီ’ ဆိုတဲ့သီချင်းက စသီဆိုစဉ် ဂျပန်တီးလုံးဆိုတာပဲသိတယ်။ ဒါကို တ‌ယောဦးတင်ယုနောက်ပိုင်း အေဝမ်းရုပ်ရှင်ဒါရိုက်တာဦးတင်ယု ယူလာတဲ့သီချင်း။တယောအလက်(၁၀၀) လောက်နဲ့ တီးခတ်ထားတဲ့ သီချင်းပါ။ နှစ်(၂၀)ကျော်ကြာမှ ဒီသီချင်းနာမည်(ဂျပန်နာမည်)ကို သိရတယ်…။သူ့အဓိပ္ပာယ်ကတော့….” မောင်သိန်းဝင်း။ အဆိုတော် ၏ မြန်မာ့ဂီတဠောက မြန်မာသံစဉ်သီးချင်းတွေ ပြန်ဆိုတေးတွေအကြောင်း ရှင်းပြချက် https://youtu.be/bdd_DkLLQTg?si=5uEeO8WdcFHoEUoU။ https://youtu.be/Jeu5Cm2EB3o?si=YjLn8wQp5joRtllu။ စာတနိးထိုး https://youtu.be/Jeu5Cm2EB3o?si=xzWnHfgSoivVLLvO။ https://youtu.be/zXghk_E5deI?si=LNkGYUKTobY2m3B2

ပုဂံလမ်းက သီချင်းသည် https://youtu.be/mhJ7nVK9Gf0?feature=shared

အတူးရဲ့အသက် -တေးဆို မောင်သိန်းဝင်း ၊ရီရီသန့် https://youtu.be/4UCo7EcuZNY?si=Mdm5yCyC89in7dHM

မပြိုသည့်မိုး တေးပြုစာဆို composer စန္ဒရား လှထွဋ်။ https://youtu.be/cvTPWA7it2Q?si=IWIK-jB_2wTGFmpO။ https://youtu.be/DFvf0I23A-4?si=RQuDrbSQ9-x7qTC- မြန်မာ့ရုပ်၇ှင်ရာပြည့်အထိမ်းအမှတ် https://youtu.be/S84vUV35YMA?si=EsJ9Yu0jaqkYkyP4။ ပန်းသာရရုပ်၇ှင် ဝင်းဖေ၏ မ မြိုသည့်မိုး ရဒပ်၇ှင်သီချင်း ဗဖာ်ဝမိး ခင်သနိးနု

ချစ်သောချစ်သူ ။ တေးရေး ရေနံမြေ ကြည်စိုး၊ ဂီတမှူး စန္ဒရား တင်ကိုကို https://youtu.be/lrU4SVWviiQ?si=fHKlDdHV9UXt2ubM။ https://youtu.be/bFuSV3Y1aw4?si=aJBVUQaCCC2_9BBW။ https://youtu.be/LjFaP98iVOg?si=gf5wDH2jhioBhEu_. https://youtu.be/blGYgcW__nk?si=BesLdldBQ11ZYF3n. Provided to YouTube by TuneCore. ချစ်သောချစ်သူ · မောင်သိန်းဝင်း စိန်ရတုသီချင်းများ. ℗ 2024 MRTV. Released on: 2024-08-29 Auto-generated by YouTube.

ယဉ်ညို (စာသား စာတန်းထိုး ) တေးပြုစာဆို ရေ နံ မြေ သက်ဝေ https://youtu.be/b2SS2nJLZi8?si=oNZkXraBvb8TwoYW။ ပန်းငုံဖူး မှူးထိပ်ခေါင် လှများစံကျွန်း ရွှန်းရွှန်းမြ ငွေလနှယ်ထွန်း…. ပန်းငုံဖူး မှူးထိပ်ခေါင် လှများစံကျွန်း ရွှန်းရွှန်းမြ ငွေလနှယ်ထွန်း …. ညိုစိမ့်စိမ့် လှများလှနိုင်လွန်း မြင်သူသည်းထဲခိုက် နောက်ကျူပြေသည့်ကွန်း ပြုံးဆင့်ဆင့် တင့်လှသည် နှုတ်ရွှေခွန်း …..
ပြာညိုသွယ် ရွှန်းရည်ဖြာ အကြောစိမ့်ဖန်ဝါ အလှစုံသူ့ထံရောပြွန်း လှများတန်ဆောင် အခေါင်အလှပုံသွန်း လှသည်ဆိုသော အလှများတစ်ဖက် ရောပြွန်း …..
ယဥ်ညိုတစ်ယောက်တည်း တစ်ဖက်စွန်း ဘယ်ဘယ်ခါမှမနွမ်း ယဥ်ညိုယဥ်ညို တွေ့ခက်မြင်လိုနေ့ဆက် တေးညက်ညက် ရေးဆက်ရည်ညွှန်း အနက်ထင်ပါစေ ယဥ်ညို ပြာလဲ့လဲ့ မြမြရွှန်းရွှန်း ….. ။ ပန်းငုံဖူး မှူးထိပ်ခေါင် လှများစံကျွန်း ရွှန်းရွှန်းမြ ငွေလနှယ်ထွန်း.... ပန်းငုံဖူး မှူးထိပ်ခေါင် လှများစံကျွန်း ရွှန်းရွှန်းမြ ငွေလနှယ်ထွန်း .... ညိုစိမ့်စိမ့် လှများလှနိုင်လွန်း မြင်သူသည်းထဲခိုက် နောက်ကျူပြေသည့်ကွန်း ပြုံးဆင့်ဆင့် တင့်လှသည် နှုတ်ရွှေခွန်း ..... ပြာညိုသွယ် ရွှန်းရည်ဖြာ အကြောစိမ့်ဖန်ဝါ အလှစုံသူ့ထံရောပြွန်း လှများတန်ဆောင် အခေါင်အလှပုံသွန်း လှသည်ဆိုသော အလှများတစ်ဖက် ရောပြွန်း ..... ယဥ်ညိုတစ်ယောက်တည်း တစ်ဖက်စွန်း ဘယ်ဘယ်ခါမှမနွမ်း ယဥ်ညိုယဥ်ညို တွေ့ခက်မြင်လိုနေ့ဆက် တေးညက်ညက် ရေးဆက်ရည်ညွှန်း အနက်ထင်ပါစေ ယဥ်ညို ပြာလဲ့လဲ့ မြမြရွှန်းရွှန်း ..... ။

ချစ်သောည -မောင်သိန်းဝင်း မာမာ အေး ( တေးရေး ဘိုကလေးတင့်အောင် မောင်ကိုကို https://youtu.be/OIEWhhjhgWI?si=QZH13qvvqmnrGqk_။ ပြန်လည်၍တွေ့ကြရာဝယ် ( တေးရေး ဂီတလုလင် မောင်ကိုကို ) ဆို- မောင်သိန်းဝင်း မာမာ အေး။ https://youtu.be/Vv12jTQ790w?si=PNvkO570LMwtY_55။ ပြန်လည်၍တွေ့ကြရာဝယ် (ငယ်ကျွမ်းဆွေ) Lyric & Music
• ပြန်လည်၍တွေ့ကြရာဝယ် မောင်သိန်း၀င…
တေးရေး ဂီတလုလင်မောင်ကိုကို
တေးဆို မောင်သိန်း၀င်း မာမာအေး

စိတ်ကြိုက် (ပ) မြန်မာသံစဥ် သီချင်းများ။ https://youtu.be/OB62KcdT-qI?si=FZ8AuMo4MFySAJaF

လမင်းတစ်ရာ နှစ်ရာ သာသည့်နှုန်း တေးရေး ? https://youtu.be/cSX9tg0JQho?si=icN8t_3U-mY0gRFL. https://youtu.be/cSX9tg0JQho?si=v7-MXOv3heodkYJL

နှလူံးသားကို အလှဆင်ပါ မောင်သိနိးဝင်းနှင့် စုပေါင်းဆို ၊ နှလုံးသားကိုအလှဆင်ပါ။ တေးရေး – ဥက္ကလာခင်စော သံစဥ် – ကိုကျော်ညွန့်။ ၁၉၇၀ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ တွင် မိုးအဖွဲ့မှ ထုတ်လွှင့်သည်။ https://youtu.be/bcXWSo0UXYU?si=3NOZfFHEmDHg9bvo

ဘရဏီ MTV ( စာသား စာတမ်းထိုး ) https://youtu.be/tw3NJn-je0c?si=8ahCBRlnDO02kSa8။ ဘရဏီ MTV (စာသား စာတမ်းထိုး)
တေးပြုစာဆို ရွှေပြည်အေး
တေးသံရှင် မောင်သိန်းဝင်း
• ဘရဏီ မောင်သိန်း၀င်း MTV (စာသား စ…
Myanmar MTV (စာတမ်းထိုး Closed Captions) Collection။ ( Full Credit to Dr. Khin Haw for his Video Collection)။ ခင်စရာ .. မင်စရာ .. ရူပါရုံ ချောသူသက်လျာ ကြင်နာစွာ မောင့်စိတ်ထဲမှာ ချစ်မိတာ ကြိုက်မိတာ စေတနာ .. ဝေဖြာ .. ခင်သူဇာ လှပျိုမျက်နှာ အသည်းထဲမှာစွဲကာ ထာဝစဉ်သာ ခင်တာ .. ဂေါ်သဇင်ပန်း ပွင့်လန်း နန်းဥယျာဉ်မှာ .. ချူချင်သော်လည်း စိတ်ထဲ ရဲသွေးမဝင်ပါ .. ခင်နှမသက်လျာ .. သနား .. ကြင်နာ .. ခွင့်ပေးဖို့ရာ တောင်းပန်ရတာ .. သဒ္ဓါဟုန်ဇော မနော ပြောလို့မကုန်ပါ .. ခင်မင်သူကလေး ချစ်ရေး တွေးမိပြန်တာ .. ရွှေပါးအပ်ကာ .. စကား .. ချိုစွာ .. စောင့်စားသူမောင့်ကို ကြည်ဖြူစေချင်တာ …။ ချစ်မေတ္တာ ဖြိုးကြွကာ .. မိုးကျမယ် လှသူဇာ .. ကြည်နူးစွာ ဖူးစာဖက်နဲ့ အကြောင်းဆက်နိုင်အောင်သာ အို .. ဒေဝါ သိကြား မစ ပါ …။ ဘရဏီပုံနှုန်း ပြုံးလျက်မူရာ ခုံးမျက်စချီကာ .. စန္ဒာလမင်း အဆင်းနဲ့တူစွာ ဝင်းဝင်းပပဖြာ .. ဘရဏီပုံနှုန်း ပြုံးလျက်မူရာ ခုံးမျက်စချီကာ .. စန္ဒာလမင်း အဆင်းနဲ့တူစွာ ဝင်းဝင်းပပဖြာ .. ကြည်လင်ပေတာ .. မြင်ရသူ ချစ်ချင်စရာ .. တော်ဝင်သူပါ နန်းထိုက် ပန်းမကိုဋ်ညှာ .. အသားဝါရွှေသွေး .. မွှေးလို့ကြည်စွာ ပန်းပန်းရနံ့တွေဖြာ .. ခင်ခင်ပျိုနှမ လှရက်ပေတာ .. ချစ်မိကြိုက်မိစရာ …။ ချစ်မေတ္တာ ဖြိုးကြွကာ .. မိုးကျမယ် လှသူဇာ .. ကြည်နူးစွာ ဖူးစာဖက်နဲ့ အကြောင်းဆက်နိုင်အောင်သာ အို .. ဒေဝါ သိကြား မစ ပါ

သခွတ်ပန်း (စာသားစာတန်းထိုး) https://youtu.be/tWXnD4hOwqE?si=pst81fyBA-sF4iOT သခွတ်ပန်း/ကသစ်ပန်း MTV (စာသား စာတမ်းထိုး)
တေးပြုစာဆို မြို့မငြိမ်း
တေးသံရှင် မောင်သိန်းဝင်း
• သခွတ်ပန်း မောင်သိန်း၀င်း MTV (စာ…
Myanmar MTV (စာတမ်းထိုး Closed Captions) Collection။ (Full Credit to Dr. Khin Haw for his Video Collection)။ ဂီတစာဆို မြို့မငြိမ်း ၏ သခွတ်ပန်း/ကသစ်ပန်း။ နတ်စည်ငယ်လေ ပုစွန့်လက်ရိုး အာလမ္ဗရာ
ကျော်ဟွမ်းသံဝါ ဆော်ရွမ်းညံစာစာ ..
တိမ်ယံအာကာ နီလာပြင်ဆိုင်း သင်တိုင်းခြုံလွှာ
အုံ့မှိုင်းညိုပြာ .. မိုးထက်ကယ် ဝဠာ ကိုးရပ်နယ်မှာ
တိမ်ခိုးယှက် မိုးစက်ကလေးတွေရွာ …. ဝေဆာ .. သခွတ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ
အသူရာ .. ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့
စစ်ထွက်တဲ့အခါ…
အုံ့ကာလေ တဖွဲဖွဲ … ရွာလေ တသည်းသည်း …။ လွဲခဲ့ကြရရှာ နတ်တို့နတ်ရွာ ဝတိံသာ
သူရိန်တွေဟာ ဝေယံဘုံသာ နန်းမြင့်
ကသစ်ပန်းပွင့် ရတုဖြာ .. သဘင်ပွဲ အပြုမှာ
သြော် လွဲခဲ့ကြရရှာ နတ်တို့နတ်ရွာ ဝတိံသာ
သူရိန်တွေဟာ ဝေယံဘုံသာ နန်းမြင့်
ကသစ်ပန်းပွင့် ရတုဖြာ .. သဘင်ပွဲ အပြုမှာ
အို ..
သခွတ်ဖြူစွာ အပွင့်ကိုသာ မြင်တော့မှ
ဝတိံတွင် မဟုတ်ပါလား ဟရို့ရယ် သေနင်ဗျူဟာ
နတ်အသူရာမင်းငယ်လေး… စစ်ခင်းလုမယ်လာ
ရှေးရှုဝတိံသာ .. ဝေဆာ .. သခွတ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ
အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့
စစ်ထွက်တဲ့အခါ …
အုံ့ကာလေ တဖွဲဖွဲ .. ရွာလေ တသည်းသည်း …။ အာလိန်ငါးဆင့် နဂါးနှင့် ဂဠုန်ရံ
ဂုမ္ဘာန် ယက္ခ စတုမဟာရာဇာ မခံနိုင်ညားလို့
သိကြားထွက်တဲ့အခါ ….
တွက်ရင် သိန်းခြောက်သောင်း ရှစ်ထောင့်ယူဇနာ
ဝရဇိန်လွှတ်ခါ မြင်းမိုရ်ကိုပင် ..
သူခွင်းချင် ထွင်းလို့ ဖောက်နိုင်တာ ..
နတ်မြင်းတစ်ထောင်ကတဲ့ ရထားဝေဇယန္တာ ….
ရန်ဖန်မာန်တင်းတာက ဆင်တော် သုမိတ္တာ ..
ရဲ တံခွန်လွှား ၃၃ ပါး သိကြားနယ်ပါ
နေ လ နတ်သား လေးပါး စစ်အင်္ဂါ ….
ပင်လုံးကျွတ် သခွတ်ပွင့်ချိန်မှာ….. ဝေဆာ .. သခွတ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ
အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့
စစ်ထွက်တဲ့အခါ …
အုံ့ကာလေ တဖွဲဖွဲ .. ရွာလေ တသည်းသည်း …။ နှစ်တိုင်းပင် သခွတ်ပွင့်ချိန်မှာ .. သိကြားနဲ့ အသူရာ ….
သားမက်နဲ့ ယောက္ခမ ဘောက်ကျလို့လည်း အားမရနိုင်ရှာ
နှစ်တိုင်းပင် သခွတ်ပွင့်ချိန်မှာ .. သိကြားနဲ့ အသူရာ ….
သားမက်နဲ့ ယောက္ခမ ဘောက်ကျလို့လည်း အားမရနိုင်ရှာ
ဒါကို အားမကျဖို့ မယားအလှ တောင်းပန်မှာ ..
ယောက္ခမဆိုတာ တည့် အောင် ပေါင်း .. ကျောင်း ကို ထုတ်
ဥပုသ်ရက်ရှည် စောင့်ခိုင်းမှာ ….. ဝေဆာ .. သခွတ်ဖြူပင်မင်း ငွေအဆင်းပွင့်ချိန်မှာ
အသူရာ ဒေါသထွက်လို့ မြင်းမိုရ်ထက်သို့ တက်လို့
စစ်ထွက်တဲ့အခါ …
အုံ့ကာလေ တဖွဲဖွဲ .. ရွာလေ တသည်းသည်း … ။

ချစ်သူတစ်ယောက် ရှိခဲ့ဖူး သည် တေးရေး မောင်ကျော်ဇော https://youtu.be/5FQGJHJ_ptI?si=gt6Cb3RghBRPYYIG

နှလုံးသားကို အလှဆင်ပါ တေးရေး ဥက္ကလာ ခင်စော သံစဉ် ကိုကျော်ညွန့် တေးဆို မောင်သိန်းဝင်းနှင့်အဖွဲ့ https://youtu.be/Q0klT4etRSU?si=bg7E3xOPNQzXHYdr