My Dogs at FMI Home: Life of a Family Dog Named Beauty ( 2011-2023) of late 11+years old dog

အမေနဲ့ သူ့သမီး ငယ်ရွယ်စဉ်က ချစ်ရည်လူးပလူးနေကြပုံ ခုတော့ မိသားစု တွေထဲမှာသားအမိ ၂ ကောင်စလုံးမရှိကြတော့ အမေ Mercy က ၃/၁/၂၀၂၂ မှာကွယ်လွန် ဆုံးပါးခဲ့ပြီးနောက် တစ်နှစ်အကြာ ၁၀/၂/၂၀၀၃ နေ့မှာ ။သမီး ခွေးမကလေး မချော Beauty ဆုံးပါးသွားခဲ့ရရှာတယ် လူ့ဘဝသံသရာတစ်ကွေ့မှာ ခနတာ ဝင်လာဆုံတွေ့ခဲ့ကြပြီး
သတ္တဝါတွေအားလုံးရဲ့ဘဝသံသရာခရီးကို သူတို့ ၂ ကောင် ဆက်နှင်သွားခဲ့ကြတယ် ။ ဘဝသံသရာထဲက သတ္တဝါတစ်ခု ကံတစ်ခုပါဘဲလေ။

In commemoration of a family sag named Beauty who passed away on 10 February2023

၂၀၂၃ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ ညနေ ၄နာရီ ၁၅ တွင် ကွယ်လွန်သွားလေသူ ခွေးမကလေး မချော ( Beauty) ကို အမှတ်ရ လွမ်းဆွတ်စွာဖြင့် ဖေါ်ပြပါသည် ။

အမေနဲ့ သူ့သမီး ငယ်ရွယ်စဉ်က ချစ်ရည်လူးပလူးနေကြပုံ ခုတော့ မိသားစု တွေထဲမှာသားအမိ ၂ ကောင်စလုံးမရှိကြတော့ အမေ Mercy က ၃/၁/၂၀၂၂ မှာကွယ်လွန် ဆုံးပါးခဲ့ပြီးနောက် တစ်နှစ်အကြာ ၁၀/၂/၂၀၀၃ နေ့မှာ ။သမီး ခွေးမကလေး မချော Beauty ဆုံးပါးသွားခဲ့ရရှာတယ် လူ့ဘဝသံသရာတစ်ကွေ့မှာ ခနတာ ဝင်လာဆုံတွေ့ခဲ့ကြပြီး
သတ္တဝါတွေအားလုံးရဲ့ဘဝသံသရာခရီးကို သူတို့ ၂ ကောင် ဆက်နှင်သွားခဲ့ကြတယ် ။ ဘဝသံသရာထဲက သတ္တဝါတစ်ခု ကံတစ်ခုပါဘဲလေ။

လူကိုခင်တတ်ကြတဲ့
သနားစရာ သတ္တဝါကလေးတွေ
လွန်ခဲ့သော ၇ နှစ်ကျော်
ခလေးငယ်တွေ ငယ်ရွယ်စဉ် ကာလ .

သူတို့မောင်နှမ ၅ ကောင်ထဲက
အချောဆုံးအလှဆုံး
ငြိမ်သက်ပြီးေးအအေးနေတတ်ဆုံး
ခွေးမချောလေး မိချော Beauty
၁၀/၂/၂၀၂၃ နေ့ဒီနေ့မှာ
ကွယ်လွန်သွားခဲ့ရရှာတယ်
သနားစရာပါ

သူ့အမေက
လွန်ခဲ့သောနှစ် ၃/၁/၂၀၂၂ နေ့ မှာ
ဆုံးပါးခဲ့တယ်

သူတို့အဖေ Paul အကောင်က တက်တတ်ချက်တတ် မကြာခန ဖြစ်ပြီး နောက် မှာ သူတို့အမေ Mercy အရင် ၂ နှစ်ကျော်ကတည်းက ဆုံးပါးသွားခဲ့ပါတယ်.

သူတို့မိသားစုတွေထဲမှာသားသမီး ၅ ကောင်ရှိရာမှာ သမီး ၂ ကောင်အနက် Beauty ခေါ် မိချောကလေး က သူ့အမေကို အခင်တွယ်ဆုံး အမြဲလိုလို သူ့အမေနားမှာ ပွတ်သီးပွတ်သပ် တပူးတွဲတွဲ ကနွဲ့ကယ နေလေ့ ရှိတတ်တယ်

သံယောစင် တွယ်နေတတ်ကြတဲ့ သားအမိ၂ ကောင်

မိချောလေးက သူ့မောင်နှမတွေနဲ့လဲ ဝေးဝေးနေ ၊အေးအေးနေတတ်တဲ့ကောင်မလေး

တစ်ခါတလေ ပန်းအိုးပေါ် မှာ တစ်ကောင်ထဲ တစ်ကိုယ်တော် တက်ထိုင်နေတတ်သေးတယ်

အခြား ခွေးတစ်ကောင်ကောင်ခေါ်ပြီးအပြင်လမ်းလျှောက်ထွက်ရင် သူကလဲ ထွက်လမ်းလျှောက်ပါချင်လို့ ခြံတံခါး ဝ အထိလိုက်လာတတ်တယ် .အလှည့်ကျ ၅ ကောင်စလုံး တစ်ကောင်ပြီးတစ်ကောင် ခေါ်ပြီး မကြာခန ခြံပြင်ထွက် လမ်းလျှောက် ထွက် ခဲ့ ပါတယ် ။

အမေလုပ်သူကလဲ သူ့ခလေးတွေ ၅ ကောင်ထဲမှာ အချစ်ဆုံးလို့ပင်ပြောလို့ရတယ်

ခုတော့ သူ့အမေနောက်ကို မိချောလေးလိုက်သွားပြီ ။

အင်ဂျင်နီယာ ဖြစ်ပေမဲ့ အသဲနုသူ အနုပညာသမား မို့ စိတ်ထိခိုက်ရပါတယ်

သတ္တဝါတစ်ခု ကံတစ်ခု လို့သာ
ဖြေသိမ့်ရပါတော့တယ်။https://youtu.be/h2H9rAmYYts

ရည် စူး အလှူ ဒါန

မနေ့က ကွယ်လွန်သွားလေသူ
Beauty မိချောလေးအတွက်ရည်စူးပြီး
FMI ချမ်းမြေ့ပသောပင်ကျောင်း ဆရာတော် ဦးဝါသယနဲ့ တွေ့ပြီး
ယနေ့
နေ့လည်ဆွမ်းကပ်ပါတယ်

သံသရာတစ်ကွေ့မှာလာဆုံတွေခဲ့ကြပြီး
၁၀နှစ်ကြော်ကြာတဲ့အထီ အတူနေလာခဲ့ကြခါ
တစ်ဦးပေါ်တစ်ဦး
သံယောစင်လေးတွေ ငြီတွယ် ခဲ့ကြပြီးနောက်
၁၀/၂/၂၀၂၃ ညနေက
မမျော်လင့်ဘဲ ကွယ်လွန်သွားတဲ့
သနားစရာကောင်းလှတဲ့
Beauty လို့ မွေးပြီးစကပင်နာမည်ပေးခဲ့တဲ့
မွေးချင်း ၅ ကောင်ထဲမှာ
အချောအလှ ဆုံး ခွေးမကလေး
မိချောမလေး တစ်ကောင်
ရောက်လေရာ နောက်ဘဝသံသရာ အဆက်ဆက် မှာ
ကောင်းရာ မွန်ရာဘုံဘဝတွေမှာ သာ ပျော်မွေ့စွာ ရောက်နေပါစေ ကြောင်း
ဆုတောင်းလျက်

မွေးတစ်နေ့ သေတစ်နေ့

ခလေးတွေ ၅ ကောင် မွေးစအချိန် ရက်သား နို့စို့ အရွယ်မှာ အမေမာစီ Mercy က သူ့ခလေးတွေ နို့တိုက်နေစဉ် သူ့အနားဝင်လာတဲ့ Beauty မခေချာ ခွေးမကလေးကို လက်နဲ့ ဖမ်းအုပ်ခါ လျာနဲ့ ပိတ်သပ် လျက်ပေးခဲ့တာသွားတွေ့ရပါတယ်.

ခုတော့ သားအမိ ဖြစ်တဲ့ မိသားစုတွေထဲမှာအမေမာစီနဲ့ သမဖိးချောလေး မချော ကလေး တို့ခင်ဗျာ မရှိရှာကြတော့ပါ.

ဘဝသံသရာထဲက မွေးတစ်နေ့ သေတစ်နေ့

သတ္တလောကမှာ မည်သူမျှ မလွန်ဆိုင်နိုင်ကြတဲ့ အဖြစ်တွေမို့

တရားနဲါသာဖြေကြရပါတော့မယ်.https://youtu.be/X5MWf9_MHls

ေမွးတစ်နေ့ ၊

သေတစ်နေ့ https://youtu.be/X5MWf9_MHls

ခလေးတွေကြီးလာချိန်

ခလေးတွေကြီးလာချိန် ကစားနေကြ Canal Diggers at the Home of an Irrigation Engineer

3/1/2022 နေ့မှာအမေMercy မာစီ အသက် ၁၃ နှစ် ကျော်ခန့်မှာ ဆံုးပါးခဲ့တယ်။ အမေ မာစီမဆံးမဖိ လွန်ခဲ့သော ၂၀၂၂ ဆန်း ကပုံ.

သူ့သမီးချောကလေး Beauty မချော ခွေးမကလေး ခင် ဗျာ 10/February 2023 မှာ အသက် ၁၁ နှစ်ကျော်ကျော် ၁၂ နှစ်ခန့် အရွယ် မှာ ဆုံးသွားရှာခဲ့တယ်

အမေဖြစ်သူ Mercy မာစီမဆုံးမီက Beauty မချော ခွေးမကလေးနဲ့အတူ သားအမိ ၂ ကောင် ပလူးပလဲ ချစ် နေလိုက်ကြပုံက

အမေလုပ်သူက ကျန်သားသမီးတွေထပ် Beauty မချောကလေးကို ပို ယုယ တယ် .

မချော ကောင်မကလေးကလဲ သူ့အမေနားမှာဘဲ အေးအေးနေတတ်ခဲ့တယ်.

ခုတော့ သူ့အမေသွူ ရာလမိးကို သားသမီးတွေ ၅ ကောင် အထဲမှာ အစောဆုံး လိုက်ပါသွား ခဲ့ တယ် .

သိတ် မကောင်းစရာ

စိတ်ထိခိုက်ခဲ့ရပါတယ်.

ငယ်တယ်ဘဲထင်နေခဲ့တာ

မွေးတစ်နေ့ သေတစ်နေ့

အေးမြင့် ( ညောင်တုန်း)

14 February 2023

( 4 days after Beauty passed away and left us all forever )