မြန်မာနိုင်င့မှာလုံးဝပြသခွင့်မပြုသောဇာတ်ကား
မြန်မာ့ဆည်းဆာ
https://youtu.be/48r-bIXzI3s?si=abNjJ49nLF4zzA_r
သြစတြီးယားသူလေး အင်းဂါးဆားဂျင့် (Inge Sargent) နဲ့ သီပေါစော်ဘွား စဝ်ကြာဆိုင်တို့ရဲ့ ရုပ်ရှင်ဆန်လှတဲ့ ဆုံတွေ့မှု။
မင်းသမီးလေးတစ်ပါး ဖြစ်ချင်လား” လို့ မေးရင် မိန်းကလေးတိုင်းက “ဟုတ်ကဲ့” လို့ ဖြေကြမှာပါ။ ဒါပေမဲ့ အဲဒီမင်းသမီးဘဝဟာ ရွှေနန်းတော်ထဲမှာ စံစားရတာမျိုးမဟုတ်ဘဲ ချစ်ရသူကို ဆုံးရှုံးလိုက်ရပြီး အသက်လုထွက်ပြေးခဲ့ရတဲ့ ဘဝမျိုးဆိုရင်ကော…
ဒီဗီဒီယိုမှာ Myanmar Era မှ တင်ဆက်ပေးမှာကတော့ –
သြစတြီးယားသူလေး အင်းဂါးဆားဂျင့် (Inge Sargent) နဲ့ သီပေါစော်ဘွား စဝ်ကြာဆိုင်တို့ရဲ့ ရုပ်ရှင်ဆန်လှတဲ့ ဆုံတွေ့မှု။
ရန်ကုန်ဆိပ်ကမ်းရောက်မှ ခင်ပွန်းဖြစ်သူက “မင်းသား” တစ်ပါးမှန်း သိလိုက်ရတဲ့ အခိုက်အတန့်။
၁၉၆၂ စစ်အာဏာသိမ်းမှုအပြီး ဗတ္တူမြို့ စစ်ဆေးရေးဂိတ်မှာ စဝ်ကြာဆိုင် ဘယ်လိုပျောက်ကွယ်သွားခဲ့သလဲ?
သီပေါဟော်နန်းထဲမှာ သမီးလေးနှစ်ယောက်နဲ့အတူ အကျဉ်းသားလို နေထိုင်ခဲ့ရတဲ့ မဟာဒေဝီရဲ့ ဘဝ။
Twilight over Burma စာအုပ်ရဲ့ နောက်ကွယ်က ကမ္ဘာကမသိသေးတဲ့ အမှန်တရားများ။
📌 မြန်မာ့သမိုင်းရဲ့ အလှပဆုံးနဲ့ အဆွေးရဆုံး အချစ်ဇာတ်လမ်းအကြောင်း အပြည့်အစုံသိဖို့ ဗီဒီယိုကို အဆုံးထိကြည့်ရှုပေးပါ။ Myanmar Era ကိုလည်း Subscribe လုပ်ထားကြပါဦး။
TwilightOverBurma #စဝ်ကြာဆိုင် #အင်းဂါးဆားဂျင့် #သီပေါစော်ဘွား #ရှမ်းပြည်နယ် #မြန်မာ့သမိုင်း #စဝ်သုစန္ဒီ #၁၉၆၂အာဏာသိမ်းမှု #ဖြစ်ရပ်မှန် #သမိုင်းမှတ်တမ်း #MyanmarEra #ဗဟုသုတ
https://youtu.be/-xpbVyE2Ov4?si=QLc8XCuRHiBDbbFN
တရံတခါက မဟာဒေဝီ စဝ် သု စန္ဓီ အသံစာအုပ် Twilight Over Burma
https://youtube.com/playlist?list=PLBi2Hpn8dSaJ5a-G7gwu87KqANdiBqoAp&si=28q6d0MK2rHOEK5K
Movie
https://youtu.be/LLikL4dHLsI?si=iri7kacD8PaBaa2W

ရှမ်းပြည်မြောက်ပိုင်းရှိ စော်ဘွားများ နန်းစိုက်ခဲ့ရာ သီပေါမြို့မှ သီပေါဟော်နန်း နှင့် Twilight Over Burma စာအုပ်ကြောင့် ကမ္ဘာကျော်တဲ့ လွမ်းမောဖွယ် အချစ်ဇာတ်လမ်းလေးထဲက ရှမ်းစော်ဘွားတစ်ဦးရဲ့ ကြင်ယာတော် သြစတေးလျသူ မဟာဒေဝီ တို့အကြောင်း
Viber Channel Link
https://invite.viber.com/?g2=AQA…
Telegram Channel Link
https://t.me/zarmanient
Zarmani Entertainment က ဗီဒီယိုတွေမှာ ကြော်ငြာထည့်လိုပါက အသေးစိတ်ကိုအောက်ပါဖုန်းနံပါတ်ကနေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
☎️ Phone – 09961999776 , 09793250382
https://youtu.be/zJtV_QOKq7Y?si=KaW-vvk5kvW8H4Wz
Twilight over Burma Full movie စဆုံး
https://youtu.be/LLikL4dHLsI?si=98i5WeTHuXor1QRE
မြန်မာ့ဆည်းဆာ Twilight Over Burma. My life as a Shan Princess
“At a gathering of foreign holders of U.S. scholarships, the Austrian student Inge catches the eye of a dashing young mining student from Burma, Sao Kya Seng. The adventurous Inge and the gentleman from a far-away country fall in love and marry. But it’s only at the lavish wedding ceremony in Sao’s homeland that Inge discovers Sao’s true identity: He is the ruling prince of the Shan state of Burma.
For Inge, it’s the start of a new, exotic life as a Shan princess. Aware of the many unwritten rules, Inge nevertheless tries to improve the lives of her subjects and often runs into problems among her own people: They are unwilling to challenge age-old conventions that discriminate against women and members of the lower classes.
After a coup staged by the Burmese military, Sao is imprisoned. With her forceful nature, Inge proves to be an ideal spokeswoman for her country and does everything she can to free him. Ultimately she and her children are forced to leave the country. With the Burmese Secret Service just one step behind, Inge catches a plane and flies to safety – but she will not sleep peacefully again until she finds her husband Sao.”
မြန်မာပြည်တွင်ပြသခွင့်မပြုသော
မြန်မာ့ဆည်းဆာတကယ့်ဖြစရပ်မှန် ဇာတ်ကား
https://youtu.be/48r-bIXzI3s?si=RiA1efoQDCFj_P7U
စိတ်ဝင်စားစရာဇာတ်ကားကောင်းများစွာကိုအမြဲတင်ဆက်ပေးမှာဖြစ်လို့ ကျမရဲ့channelလေးကို စောင့်မျှော်အားပေးကြပါအုံးရှင်
For those who like movies.
Our channel is perfect for anyone looking to quickly get a sense of a movie’s story, themes, and characters, without having to watch the entire film. We aim to make good films.
All credit for contents used in this video goes to the right owner.
Please, If you own any of the clips or images in this video and would like it removed, please send me an email me at eaintchitmay970@gmail.com before taking any legal action. I will gladly take down the video.
Thank you.
Copyright Disclaimer :
Under Section 107 of the Copyright Act 1976. Every Video, Audio, Footage, Image, etc in this content is under terms of fair use, Permitted by Copyright Statute.
မဟာဒေဝီသုဏန္ဒီရဲ့ဝမ်းနည်းကျေကွဲဘွယ်ဠဝအကြောင်း
https://youtu.be/DYuQ-6-qQr4?si=mV6fAwEtgcdOK40x
မောင်သန်းဆွေ ဘာသာပြန် အသံစ ာအုပ်။ https://youtu.be/FN6Yo2CYB4s?si=ViwQDoT-VEyNJrvv
DVB 27 o6 2011 interview VB TV broadcast – 27 June 2011 – Interview (re-upload by demand. due to some sound error in previous file) https://youtu.be/WgQkn52S4V4?si=EqAd2TcIfLQlBz-K. https://youtu.be/8Rg9FrKQeZ8?si=Iu5yQqs1_VeHa3dB. https://youtu.be/I8uralm4u50?si=3GCVOappet84aAqH။ https://youtu.be/Au-tk3GpcHE?si=TYgfm1cSXtGmSTWQ။ https://youtu.be/iY8mV5kEgLg?si=q08ta5h13VPXYIy_။ https://youtu.be/pzV7D2xGccQ?si=6h3aO_MlaCdcqgsq။ https://youtu.be/7SndpB4QWF4?si=yaX9A5jlvdcVPKo- https://youtu.be/FfITwQmnK24?si=aFZiEtIGXcJpiL4K။ https://youtu.be/LAH9PjoGPz8?si=strehWYKDvDwXX38။
အမေရိကန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့တဲ့ မဟာဒေဝီ စဝ်သုစန္ဒီကို ရည်စူးပြီးချင်းမိုင်ရောက် ရှမ်းအသိုင်းအဝိုင်းနဲ့ ကျန်ရစ်ခဲ့တဲ့ ဆွေတော်မျိုးတော်တွေက အောက်မေ့ဖွယ် ဈာပနအလှူ ပြုလုပ်ခဲ့ပါတယ်။ DVBTV #မဟာဒေဝီ_စဝ်သုစန္ဒီ #WhatsHappeningInMyanmarDVB TV – 12 02 2023။ https://youtu.be/NpMJlJEMo4s?si=Q6AQFIneBwQn9yDC။ https://youtu.be/WgQkn52S4V4?si=EqAd2TcIfLQlBz-K
မဟာဒေဝီ တစ်ပါး ၏ ရှာပုံတော် အစ အဆုံး အသံစာအုပ် မဟာဒေဝီတစ်ပါး၏ ရှာပုံတော် အစ အဆုံး စာဖတ်သူ – စအောင်နိုင်ဝင်း။ https://youtu.be/FN6Yo2CYB4s?si=j7bzdfBvT_BZXA4n. https://youtu.be/FN6Yo2CYB4s?si=DY6cr36oYuos4VVX
Twilight over Burma Full Movie (2015 ) https://youtu.be/PRjTUMjNy9g?si=4W1vPH7ZJLijw6dq
Twilight over Burma Full Movie မြန်မာ့ဆည်းဆာ https://youtu.be/LLikL4dHLsI?si=eeYDCVnl43n5hkUI။ ( Life as a princes of Burma )
မြန်မာ့ဆည်းဆာ Twilight Over Burma. My life as a Shan Princess
“At a gathering of foreign holders of U.S. scholarships, the Austrian student Inge catches the eye of a dashing young mining student from Burma, Sao Kya Seng. The adventurous Inge and the gentleman from a far-away country fall in love and marry. But it’s only at the lavish wedding ceremony in Sao’s homeland that Inge discovers Sao’s true identity: He is the ruling prince of the Shan state of Burma.
For Inge, it’s the start of a new, exotic life as a Shan princess. Aware of the many unwritten rules, Inge nevertheless tries to improve the lives of her subjects and often runs into problems among her own people: They are unwilling to challenge age-old conventions that discriminate against women and members of the lower classes.
After a coup staged by the Burmese military, Sao is imprisoned. With her forceful nature, Inge proves to be an ideal spokeswoman for her country and does everything she can to free him. Ultimately she and her children are forced to leave the country. With the Burmese Secret Service just one step behind, Inge catches a plane and flies to safety – but she will not sleep peacefully again until she finds her husband Sao.”

မှတ်ဖွယ်မှတ်ရာ
သမိုင်းရေးရာ
စာပဒေသာ ( ၅ )

သမိုင်းနောက်ခံ ရုပ်ရှင်ကားတွေနဲ့
ရုပ်ရှင် ဝါသနာအိုး ကျွန်တော်ု
On Shan National Day အတွက် Facebook ပေါ်က
ဆည်မြောင်း Facebook friend တစ်ဦးထံ သို့
သတင်းပေးဖြစ်တယ်
တိုက်တိုက် ဆိုင်ဆိုင်ပါဘဲ။
၁၉၆၂ နောက်ပိုင်းမှာ ပျောက်သွားခဲ့တဲ့ သီပေါစော်ဘွားရဲ့ ကြင်ယာတော် မဟာဒေဝီ( Inge sargent )
အသက်၉၀ ကျော်မှာ ယနေ့ ဆုံးသွားပြီ

သူ့ဘဝ အကြောင်းသူကိုယ် တိုင် ရေးသားမှတ်တမ်းတင်ခဲ့တြ့ စာအုပ်ကို ရုပ်ရျင်ရီုက်ကူးခဲ့တယ်.
ရုပ်ရှင် ကို ယခင် Facebook ကတစ်ဆင့် နဲ့ YouTube video တွေမှာနမူနာအတိုလေးတွေသာ
တစ်ပိုင်းတစ်စ ကြည့်ခဲ့ဘူးတယ်

အသက်ကြီးရင့်နေတဲ့ သူမရဲ့ အင်တာဗျူး တွေမှာ မြန်မာလို့ ကောင်းကောင်း ပြော ခဲ့ တာလဲ အင်တာနက် YouTube ဗီဒီယိုတွေမှာ ကြည့်ခဲ့ ဘူးတာကြာပြီ။
သူမရေးတဲ့ သူ့ကိုယ်ရေးစာအုပ်ကိုလဲ တစ်စွန်းတစ်စ မြည်းစမ်း ဖတ်ခဲ့ ဘူးတယ်။
မြန်မာဘာသာပြန် စာအုပ်လဲ့ရှိနေပါတယ်။

သူမစာအုပ်ကို ရုပ်ရှင်ပြန်ရိုက်တဲ့
Twilight Over Burma ရုံတင် ရုပ်ရှင်ကားကြီးထွက်ပေါ်ခဲ့တယ်
ရန််ကုန်မှာရုံတင်ပြခွင့်မပြုခဲ့ပါဘူး။
ယခု link ရလို့အစဆုံးကြည့်နိုင်ပြီ။


အဝေးတစ်နေရာ
လမ်း ပေါ် မှာမို့
အိမ်ရောက်ရင် TV အကြီး နဲ့ သီပေါစော်ဘွားဇနီး
ကိုယ်တိုင်ရေးစာအုပ်ပါ ဇာတ်လမ်းကို ရုပ်ရှင်မှာကြည့်လို့ ရပြီ။

ကျွန် တော့် ဇနီးသည်နဲ့ ကြည့်မြင်တိုင်မှာ တစ်ကျောင်းထံမှာ နှစ်ပေါင်းများစွာ အတူ တစ်ကွ ၊တရင်းတနှီး ဆ၇ာမ လုပ်ခဲ့သူ မိတ်ဆွေရန်ကုန် က ဆရာမ ရဲ့ သမီးပို့ပေးတဲ့ တပိုတွဲလ ထမနဲ တွေ မနေ့ကရလို့ သား၂ယောက်အိမ် woodland နဲ့ Lakeside ကို ကိုယ်တိုင် Delivery လိုက်ပို့နေပါတယ်

ယခု အပတ် ထဲ ၉/၂/၂၀၂၃ နေ့ မှာ တော့
Balentine Day အမှတ်တရ နဲ့
၂၅ နှစ်ငွေရတုသဘင် အမှတ်တရအဖြစ်
ကြိုက်လို့ ယခင်မကြာခနလဲ ကြည့်ခဲ့ဘူးပြီးသားရုပ်ရှင် Titanic ရုပ်ရှင် ကား ကြီး ကို ပြန်လည် ရုံတင် ပြသ ပါ တော့မယ်။

ယခုအခါ မှာ တေ့
မူလ ရုပ်ရှင်ကား ဟောင်း ကားကောင်း ကြီးကို
Laser စနစ်အပြင် True Digital 4K စနစ်နဲ့ အရုပ်ရောအသံတွေကို ပါ၂၅ နှစ် အကြာ နောက်ပိုင်းပေါ်လာတဲ့ ရုပ်/သံနည်းပညာ ခေတ်မီ စ နစ်တွေနဲ့ မူရင်းဒါရိုက်တာ ကြီး James Cameron
ကိုယ်တိုင်စီစဉ်ဖန်တီးထားပါတယ်။

သူကိုယ်တိုင် သူ့ ၇ဒပ်ရှင်ကြည့် ၌ရိသတ် တွေကို
ယခု ရုပ်ရှင်အကြောင်း မိတ်ဆက်စကားပြောခဲ့တာ
မကြာသေးဘူး။
ရုံးတက် ရက်နေ့လည်ရုပ် ရှင် ရုံ ပြပွဲတွေမှာ
ခေါင်းဖြူ စွယ်ကျိုး အဖိုးအို Senior Longterm visa ရသူ
တွေကို ရုံဝင်ကြေး ထက် ဝက် ပေး ပါတယ်.
လောလောဆည်တော့
Twilight Over Burma မြန်မာသမိုင်း နောက်ခံ ရုပ်ရှင် ကားကြီး ကို ယခုတောကြည့်လို့ ရပါတော့မယ် ။

စာရေးသူ သီပေါ မဟေသီ Inge sargent ကတော့ ယနေ့ ကွယ်လွန်သွားခဲ့ ပြီ
အေးမြင့် ( ညောင်တုန်း )
၇/၂/၂၀၂၃
၈/၂/၂၀၂၃
ရည်ညွန်း(၁)
Facebook မှာပေါ်လာတဲ့
အသက် ၉၀ ကျော် သီပေါစော်ဘွား
ကွယ်လွန်ကြောင်း သတင်း ( ပူးတွဲလျက်)

ရည်ညွန်း(၂ )
ကိုသိန်း – တိုကျို kothein-Tokyo ၏ Facebook post 7 Feb 2023
အပြီးတိုင် နုတ်ဆက်ခဲ့ရပါပြီ သုစန္ဒီ ။

ရည် ညွှန်းစာများ ( ပူးတွဲ လျက် )
ရည်ညွန်း(၁)
Facebook မှာပေါ်လာတဲ့
အသက် ၉၀ ကျော် သီပေါစော်ဘွား
ကွယ်လွန်ကြောင်း သတင်း ( ပူးတွဲလျက်)
ရှမ်းပြည် နောက်ဆုံး သီပေါစော်ဘွားရဲ့ ဇနီး
မြန်မာလိုကောင်းကောင်းပြောတတ်သူ
ဩစရီး ယန်း Austrian သူ
အသက် ၉၁ နှစ်မှာ ကွယ်လွန်ပြီ
မြန်မာ့သမိုင်းဝင်
ရှမ်းပြည်သမိုင်းထဲက
ခေတ်ပညာတတ် သီပေါ စောဘွားနဲ့
သူ့တို့ ဇနီးမောင်နှံ တို့ အကြောင်းကို
ရသမြောက်drama ရုံတင် ရုပ်ရှင်ကားကြီးရှိခဲ့တယ်

မြန်မာပြည်မှာ ရုံတင် ပြသခွင့်မရခဲ့ သောရုပ်ရှင်ကား အမည်. ။
Twilight Over Burma ( စော်ဘွား ဇနီး ရေးခဲ့တဲ့ စာအုပ်အမည်. )
( တိုက်ဆိုင်စွာ သူ့စာသား အသုံးအနှုန်းပုံစံ အတိုင်း
Twilight Over Wetland ရေနက်ကွင်းရဲ့ လင်းေ ရာင်ခြည် ဆည် မြောင်းပညာပေး ရေတံခါးသီချင်းတွေ ၉ ပုဒ် ခန့် ကို
မိခင် ဆည် မြောင်းမှာ သက္ကရာဇ် ၂၀၀၀ တန်းကျင်ကာလတွေမှာ ကိုယ် တိုင် အလုပ်လုပ်နေစဉ် ကျွန် တော် စတင်ပြီးစိတ်ကူးပုံ ဖေါ် ခါ MRTV မြန်မာ့အသံအတွက် ရုပ်/သံ သီချင်းတွေ တာဝန်ခံ စီစဉ် ဖန်တီးပေး ခဲ့ဘူးတယ်. )
#TwilightOverBurma ရုပ် ရှင်ကားကြီး ရဲ့
နောက်ခံသမိုင်း အကြောင်း

1960 ခုနှစ်လောက်က ရှမ်းစော်ဘွားတစ်ဦးရဲ့အဖြစ်အပျက်ကိုပြန်လည်ရိုက်ကူး ပုံဖော်ထားတဲ့ဇာတ်ကားလေးပါ။
Twilight over Burma: My life as a Shan Princess ဆိုတဲ့ ဝတ္တုလေးကို ရုပ်ရှင်ရိုက်ကူးထားတာဖြစ်ပါတယ်။

ရှမ်းစော်ဘွား စဝ်ကြာဆိုင် နဲ့ချစ်ဇနီး မဟာဒေဝီ( Inge sargent )ရဲ့ romantic ဆန်လှတဲ့ချစ်ခရီးစတင်ပုံကနေ
ရှမ်းစော်ဘွားမှန်းကို လက်ထပ်ပွဲမှသိသွားခဲ့ရတဲ့ ဩစတေးလျနိုင်ငံသူလေးဟာ
ကြိုတင်မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ ဒါ့အပြင်နိုင်ငံရေးအခင်းအကျင်းတွေနဲ့
ရင်နာစရာကွဲကွာသွားရတဲ့မိသားစုအကြောင်းစတဲ့
တကယ့်အဖြစ်အပျက်များကို ရိုက်ကူးထားတဲ့
အလွန်ကြည့်ကောင်းမယ့်ဇာတ်ကားလေးဖြစ်ပါတယ်

#AlphaPremium
လင့်ပျက်ဖိုအလားလားများပါတယ်
🤗🤗😀🤗🤗

Facebook ပေါ်ကရတဲ့သတင်း –
သီပေါမဟေသီ ကောင်းရာဘုံဘဝရောက်ပါစေ

======================
ဒီဝတ္ထုလေးက စာရေးသူရဲ့ဖြစ်ရပ်မှန် အကြောင်းကို ရေးထားတဲ့ စာအုပ်လေးပေါ့။သီပေါစော်ဘွားလေးနဲ့ မဟာဒေဝီ စဝ်သုစန္ဒီ ခေါ် အင်ဂျီ အီဘားဟတ် တို့ရဲ့တကယ့်ကို လွမ်းစရာပုံပြင်
ဆန်ပြီး ကြည်နူးဖွယ် ကြေကွဲစရာ တွေနဲ့ပြည့်နှက်နေတယ်။

စာအုပ်ရဲ့ အစမှာ သြစတီးယားနိုင်ငံ၊ဗီယင်နာမြို့၊’ စလော့
လူဒန်’ ဆိုတဲ့ ဇိမ်ခံ ဟော်တယ်ကြီး တခုရဲ့ ဧည့်ခန်းထဲကို နောက်ဆုံးသော မျှော်လင့်ချက်တွေ နာကျည်းမူတွေ နဲ့ အတူ သမီးလေး ၂ယောက်ကို လက်ဆွဲပြီး ၀င်လာတဲ့ အမျိုးသမီးငယ် တယောက် နဲ့ စထားပါတယ်။

အဲဒီ အမျိုးသမီးကတော့ တချိန်တုန်းက သီပေါနယ်
သူနယ်သားများ ကချစ်ခင်လေးစားခဲ့ကြတဲ့ ရှမ်းမင်းသမီးတပါး ဖြစ်ခဲ့တဲ့ သြစတီးယားနိုင်ငံသူ အင်ဂျီ ဖြစ်ပြီး သူလက်ဆွဲလာတဲ့ ကလေး ၂ယောက်ကတော့ မာယာရီနဲ့ ကိန္ဒရီ ဆိုတဲ့ ရှမ်း-သြစတီးယန်း ကပြား သမီးလေး ၂ယောက်ပါ။
သူတို့ တွေ့ဖို့ ကြိုးစားခဲ့တဲ့ သူကတော့ ဥရောပါမှာ ဇိမ်ခံရင်း ဆေးကုဖို့ ရောက်နေတဲ့..မြန်မာပြည်က ဗိုလ်ချုပ်ကြီး ဦးနေ၀င်း ဖြစ်တယ်။

အဖြစ်အပျက်တွေက လေး ငါး ဆယ်နှစ် ကြာနေပြီ ဖြစ်ပေမဲ့ အင်ဂျီ မှာ သူ့ခင်ပွန်းသည်ရဲ့ ကံကြမ္မာ ဘယ်လို အဆုံးသတ်ခဲ့ရတယ် ဆိုတာ သိဖို့အတွက်..ဇွဲမလျော့ပဲ တောက်လျှောက် ကြိုးစားနေခဲ့တယ်။
အခုလည်း သတ္တိတွေ အပြည့်နဲ့ လူကိုယ်တိုင် မျက်နှာချင်းဆိုင် မေးဖို့ သူ ရောက်လာခဲ့ပြန်တယ်။
ဒါပေမဲ့ အခန်းထဲက တာ၀န်ရှိသူကြီးက အခန်းတစ်ခန်းအတွင်းသို့ သုတ်သီသုတ်ပြာ ဝင်လိုက်တယ်။

သူ့ဇနီး ဒေါ်ခင်မေသန်း ရောက်လာပြီး “He’s resting, he’s not so well.(သူ အခု ကောင်းကောင်းနေမကောင်းလို့ အနားယူနေပါတယ်)” လို့ ဖြေလိုက်တယ်။
ဒီအဖြေ စကားက အခြေအမြစ်မရှိ သလို ဘယ်လိုမှ ဆက်သွားစရာလည်း မရှိတော့တဲ့ ငရဲကလာတဲ့ အလိမ်အညာ လမ်းဆုံးစကားတခုသာ ဖြစ်တယ်ဆိုတာ သူသိပေမဲ့ အခု ထက်ထိလည်း သူ့ခင်ပွန်း အလောင်း ကို မတွေ့ခဲ့ရ။

တကယ်တော့ ငယ်ရွယ် ထက်မြတ်တဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ဟာ ၁၉၆၂ ခုနှစ် စစ်အာဏာ အသိမ်းမှာ တခြားသော တိုးတက် ထက်မြတ်တဲ့ တိုင်းရင်းသားခေါင်းဆောင် များနည်းတူ လက်စဖျောက် ခံခဲ့ရတယ်။

အချိန်က ၁၉၅၁ ခုနှစ်။ ကော်လိုရာဒို ပြည်နယ်ရဲ့ ဒန်ဗာ ဆိုတဲ့မြို့လေးက Colorado School of Mines မှာ.. ကျောင်းလာ
တက်ကြတဲ့..အာရှတိုက်သား မိုင်းအင်ဂျင်နီယာ ကျောင်းသားလေး နဲ့ exchange student အနေနဲ့ ခဏ ရောက်နေတဲ့ သြစတီးယား နိုင်ငံသူလေး တို့ ချစ်ခင်စုံမက်သွားကြတဲ့
သာမာန် အချစ်ဇာတ်လမ်းလေး တခုလိုပါပဲ။

အဲဒီတုန်းက ကျောင်းအုပ်ကြီးကလွဲလို့.. ဒီ အင်ဂျင်နီယာ
ကျောင်းသားလေးဟာ အာရှတိုက်က ဘုရင်ငယ်လေး တပါး ဆိုတာ ဘယ်သူမှ မသိစေအောင် သူကိုယ်တိုင်က သိုဝှက်ထားခဲ့တယ်တဲ့။
သူတို့ ၂ယောက် လက်ထပ်ပြီးတော့ အင်ဂျီက ယောင်နောက်ဆံထုံးပါ.. လိုက်လာခဲ့တယ်။
သူတို့ သဘော်င်္ကြီး ရန်ကုန် ဆိပ်ကမ်းကို ကပ်ကာနီးလို့ အလံတွေ ပုဝါတွေ တရမ်းရမ်း ဗုံမောင်းသံ တညံညံ နဲ့
ဆိပ်ကမ်းပြည့် ကြိုနေကြတဲ့ ရှမ်းလူမျိုးတွေကို မြင်တော့မှ…. “There is something I have to tell you, my dear.” လို့
ပြောလိုက်တဲ့ ခင်ပွန်းသည်ရဲ့ စကားအဆုံးမှာ… သူမဘ၀ဟာ အရှင်လတ်လတ်ကနေပြီး မင်းသမီးတပါး ဖြစ်သွားခဲ့ရပြီး တပြိုင်တည်းမှာပဲ ရှုပ်ထွေးလာနိုင်မဲ့ သူ့ အနာဂါတ်ကိုလည်း အာရုံရမိလိုက်တယ် လို့ အင်ဂျီက လွမ်းဆွတ် ထားပါတယ်။
သူတို့ မောင်နှံ သီပေါ ဟော်နန်းကို ရောက်တဲ့ အချိန်ကစပြီး အဲဒီ နယ်တခွင်မှာ ပြုပြင်ပြောင်းလဲ ရေးတွေ
ဖြစ်လာတော့တယ်။

စပ်ကြာဆိုင်က..သူကိုယ်တိုင် လူဖြစ်ခဲ့တဲ့ မြေရှင်ပဒေသရာဇ် စနစ်ကြီး ကို ပြောင်းလဲဖို့ ကြိုးစားရင်း သူ့ရဲ့ ရှမ်းအမျိုးသားတွေကို ဒီမိုကရေစီ စနစ်ဆီ လမ်းခင်းပေးခဲ့တယ်။

မြေယာတွေ ကို ပြည်သူ့ဆီ ပြန်ရောက်အောင်
လုပ်ပေးခဲ့တယ်။

သူသင်ခဲ့တဲ့ ပညာတွေနဲ့ ဒီဒေသ ရဲ့ အသက်သွေးကြော
တွင်းထွက် သယံဇာတတွေ ကို အောင်အောင်မြင်မြင် ထုတ်ဖော်နိုင်ခဲ့တယ်။

သြစတြေလျ နိုင်ငံက..ဘူမိဗေဒ ပညာရှင်တွေ ငှားပြီး တိုင်းတာ ရှာဖွေရေး တွေကို အကောင်းဆုံးအဆင့် နဲ့လုပ်တယ်..။
နိုင်ငံခြားက မျိုးစိတ်အသစ်တွေ ၀ယ်ယူပြီး စိုက်ပျိုးမွေးမြူရေးတွေကို စက်မူ နည်းပညာတွေနဲ့ မြှင့်တင်ပေးခဲ့တယ်။

အင်ဂျီ ကိုယ်တိုင်လည်း စာသင်ကျောင်းတွေနဲ့ အမျိုးသမီး
ကဏ္ဍ တွေကို ကိုယ်ဖိ ရင်ဖိ ဆောင်ရွက်ခဲ့တယ်။

ဗမာလုံခြည်နဲ့ ဆံထုံးနဲ့ နေထိုင် ဆင်ယင်ခဲ့တဲ့ အင်ဂျီ တဖြစ်လဲ သုစန္ဒီမင်းသမီးကို အားလုံးက အလေးထား လေးစားခင်မင်ကြတယ်။ အဲဒီ ရပ်ရွာတွေမှာဆို သူတို့ မောင်နှံပုံကို ဘုရားစင်မှာတင်ပြီး ကိုးကွယ်တာမျိုးတောင် ရှိခဲ့တယ်တဲ့။

ဒါပေမဲ့ လူကောင်းလူတော် တွေကို ၀မ်းပမ်းတသာ ကြိုဆို လက်ခံလေ့ မရှိတဲ့..ဒီမြေ ဒီရေ ဒီထုံး ဒီအမုန်းတွေနဲ့ အတူ ၁၉၆၂ ခု နှစ် မတ်လ ရဲ့ နိုင်ငံရေး မုန်တိုင်း ထဲမှာပဲ တောင်ကြီးမြို့လွှတ်တော်ညီလာခံ က အပြန် ဘယ်မှာ ပျောက်ဆုံး
သွားမှန်း မသိတဲ့ သီပေါ စော်ဘွား စပ်ကြာဆိုင် ကို
ယနေ့ထက်ထိ ဘယ်သူမှ ပြန်မတွေ့ကြရတော့ပါဘူး။

အဲဒီ အချိန်မှာ လူမမယ် သမီး ၂ယောက်နဲ့ ကျန်ခဲ့တဲ့ အင်ဂျီ ကို သီပေါဟော်မှာပဲ..အစောင့်အကြပ် ထူထပ်စွာ နဲ့ အကျယ်ချုပ် ထားခဲ့တယ်။

ဘာကိုမှ မကြောက်တတ်ခဲ့တဲ့ အင်ဂျီ ကလည်း..သူ့
ဆက်သွယ်နိုင်သမျှ အရာရှိ စစ်အာဏာပိုင် မှန်သမျှ ထံ
လိုက်လံ စုံစမ်းခဲ့ပေမဲ့.. “I am writing this secretly. I am being locked up in the army lockup at Ba Hto .Miss you all. Conditions here are not clean. Hope to see you soon.
Cheer up yourself! I am still OK. Love, Sao Kya Seng.” )(
(ကိုယ့်ကို ဗထူးစစ်တပ် တစ်နေရာမှာ ဖမ်းထားကြတယ်၊ အခုထိ ကိုယ် ကောင်းကောင်းမွန်မွန် ရှိပါတယ်)ဆိုတဲ့ လျှို့ဝှက်စွာ ရောက်လာတဲ့..စာလေးတစောင်ကလွဲလို့..ဘာသဲလွန်စ မှ မရခဲ့တော့ဘူး။

၂ နှစ်လောက်..အားမလျှော့တမ်း စုံစမ်း နေခဲ့ရင်း နောက်ဆုံးမှာတော့ သူ့အတွက် အန္တရယ်တွေ ဝိုင်းနေတဲ့ တစိမ်းပြင်ပြင် ဖြစ်လာတဲ့ အခြေအနေတွေကြောင့် သြစကြီးယားသံရုံးရဲ့ အကူအညီနဲ့ သမီးလေး ၂ ယောက်အတွက် နိုင်ငံကူးလတ်မှတ် အတု လုပ်ပြီး မြန်မာနိင်ငံထဲက ခိုးထွက် လာခဲ့တော့တာ ကနေ့အထိ အခု စာအုပ်ကို ရေးသားဖြစ်တဲ့ အထိပေါ့။

ဒီစာအုပ်ကို ဒုတိယ အိမ်ထောင်ဖြစ်တဲ့ ခင်ပွန်းသည်ရဲ့ အားပေးတိုက်တွန်းမူ နဲ့ ရေးသားထုတ်ဝေခဲ့တာဖြစ်ပြီး..အလင်းရောင် ပျောက်ကွယ်ရင်း..မှောင်စပြုနေတဲ့ ဗမာပြည်ရဲ့
ဖိနှိပ်ကန့်သတ်မူတွေကို ကမ္ဘာက သိအောင်
နောက်သူ့ခင်ပွန်းစပ်ကြာဆိုင် ရဲ့ သူ့မြေသူ့ရေ အပေါ် တာ၀န်ကျေခဲ့ပုံ နိုင်ငံရေး အမြင်ကျယ်ခဲ့ပုံတွေ လူသားဆန်ခဲ့ပုံတွေကို မှတ်တင်းတင် ရစ်ဖို့ပါလို့ ဆိုထားပါတယ်။

ဒီစာအုပ်ကို ၁၉၉၄ မှာ ဟာဝိုင်ယီတက္ကသိုလ် စာအုပ်တိုက်က..ပုံနှိပ်ခဲ့ပါတယ်။ စာအုပ်ရဲ့ အတွင်းအဖုံးမှာ အမေရိကန်မှာ အခြေချ နေထိုင်နေတဲ့.. စာရေးသူ -အငြိမ်းစားကျောင်းဆရာမ ကြီး အင်ဂျီရဲ့ မဟာနဖူး ဆံထုံး မြင့်မြင့်ကြီးနဲ့ ဓါတ်ပုံ ကို ကြက်သရေ ရှိစွာ မြင်ရနိုင်ပါတယ်။
Burma lifeline ဆိုတဲ့ ဖောင်ဒေးရှင်းတခုကိုလည်း
အင်ဂျီ နဲ့ သူ့ဒုတိယခင်ပွန်းက မတည်ဖွဲ့စည်းထားတယ်လို့
သိရပါတယ်။

“He had the same spirit as the present king of Thailand,
he worked hard and he was incorruptible and honest.”(စဝ်ကြာဆိုင် စော်ဘွားလေးက ထိုင်းဘုရင် ဘူမိဘောလိုပဲ၊ အလုပ်ကြိုးစားတယ်၊ ရိုးသားဖြောင့်မတ်တယ် ၊အဲ့အခါတုန်းက ကျုပ်တို့ နယ်သူနယ်သားအားလုံး ဆန်အကောင်း စားကြရတယ်၊ အခုများတော့ အစိုးရက အတင်းအကျပ် စိုက်ခိုင်းနေတာနဲ့ အညာက တင်ပို့ရောင်းချတဲ့ ဆန်ညံ့ဆန်ဖျင်းတွေပဲ စားနေကြရတယ်။) လှပခဲ့သော အတိတ်ရွှေထီးအရိပ် ကို တမ်းတနေသော ရှမ်းနယ်သူနယ်သားများ။
ဖတ်မိသလောက် မျှဝေသည်။
မူရင်းရေးသားသူအား လေးစားလျက်
ဇာတ်ကားကြည့်လိုသူများအတွက် လင့်

Pyae Edward Sao Facebook post / 7/2/2023

ကမ္ဗောဇရဋ္ဌမဟာဝံသသီရိသုဓမ္မရာဇာ အုန်းဘောင်လေးမြို့အရှင်မဟာရာဇာသခင်ကြီးဘုရား သီပေါစော်ဘွားကြီး စဝ်ကြာဆိုင်၏ မဟာဒေဝီ။ စဝ်ကိန္နရီ ၊ စဝ်မာယာရီတို့၏မယ်တော်ဖြစ်သော စဝ်သုစန္ဒီ @ Inge Sargent သက်တော် (၉၁) နှစ်သည် ၆.၂.၂၀၂၃ တနင်္လါနေ့တွင် အမေရိကန်နိုင်ငံ ကော်ရိုလာဒိုရှိစံအိမ်၌ လူ့ပြည်ငြီး၍ နတ်ရွာသို့ပြောင်းလဲစံမြန်းတော်မူကြောင်း ကြားသိရသည့်အတွက် သီပေါစော်ဘွားအနွယ်တော်များ ဆွေတော်မျိုးတော်များနှင့်ထပ်တူ နှမျောဝမ်းနည်းရပါကြောင်းနှင့် ကုသိုလ်တော်အစုစုတို့ကိုအမျှဆက်သလိုက်ရပါသည်။

——-
ရည်ညွန်း(၂ )
ကိုသိန်း – တိုကျို kothein-Tokyo ၏ Facebook post 7 Feb 2023
အပြီးတိုင် နုတ်ဆက်ခဲ့ရပါပြီ သုစန္ဒီ ။
ဒီနေ့ (၆-၂-၂၀၂၃)စိတ်မကောင်းသတင်းလေးကြားရသည်။
သီပေါ နောက်ဆုံးစော်ဘွားစဝ်ကြာဆိုင် ၏ကြင်ယာတော် မဟာဒေဝီ
စဝ်သုစန္ဒီ(အင်ဂျီအဲဗားဟတ်)နတ်ရွာစံ ကန်တော်ကုန်ကွယ်လွန်သွားကြောင်းသိရသည်။စိတ်မကောင်းပါ။

သီပေါစော်ဘွားလေး စဝ်ကြာဆိုင် သည်၁၉၄၉တွင်သတ္တုအင်ဂျင်နီယာပညာသင်ယူရန် အမေရိကန်နိုင်ငံကိုလိုရာဒိုပြည်နယ် ဒင်ဗာမြို့ရှိ အင်ဂျင်နီယာသိပ္ပံကျောင်းသို့ရောက်သည်။ပညာသင်ရင်း ဩစတြီးယားသူ အင်ဂျီ အဲဗားဟတ် နှင့်တွေ့ဆုံမေတ္တာသက်ဝင်လက်ထပ်ခဲ့ကြသည်။ဘွဲ့ရပြီးနောက် ၁၉၅၄တွင်ယောင်နောက်ဆံတုံး ပါမြဲထုံး အရ မောင်တော့်နောက်လိုက်ခဲ့သည်။ရန်ကုန်ဆိပ်ကမ်းသင်္ဘောဆိုက်တော့မှ အိုးစည်ဗုံမောင်းတွေနဲ့လာကြိုသော စော်ဘွား၏ပရိသတ်ကိုတွေ့ပြီးရင်သတ်ရှု့မောအံ့ဩခဲ့ရသတဲ့။မောင်တော်ကကြိုမပြောခဲ့။

စော်ဘွားနှင့်အတူ သီပေါနယ်ဖွံ့ဖြိုးရေး အတွက်ကြိုးစားခဲ့သည်။စဝ်ကြာဆိုင်က ဖဆပလ အဖွဲ့ချုပ်မှ သီပေါလွှတ်တော်အမတ်အဖြစ်အရွေးခံရသည်။စိုက်ပျိုးရေးကိုလည်းစိတ်ဝင်စားသူရယ်မို့ သီပေါနယ်ခေတ်မီစိုက်ပျိုးရေးလုပ်သည်။ပညာရေး၊လူမှုရေး၊ဘာသာရေးဆိုင်ရာကိစ္စရပ်များကိုအထူးကြိုးစားခဲ့သည်။အင်ဂျီ(သုစန္ဒီ)ကလည်းရှမ်း၊မြန်မာဘာသာ စာ၊စကားကြိုးစားလေ့လာသင်ယူပြီးစော်ဘွားကိုပံ့ပိုးပေးခဲ့သည်။သမီးလေး၂ဦးဖွါးမြင်ခဲ့သည်။

သူမခင်မျာ (၂-၃-၁၉၆၂)ဗိုလ်ချုပ်ကြီးနေဝင်း၏တော်လှန်ရေးကောင်စီမှအာဏာသိမ်းအပြီးထဲကပျောက်ဆုံးသွားသော မောင်တော် စော်ဘွားစဝ်ကြာဆိုင်ကို တနေ့ပြန်လာနိုးနှင့်စောင့်စားခဲ့ရသည်မှာနှစ်လရှည်ကြာ။သတင်းစကားလေးပင် ယနေ့တိုင်မရခဲ့။စော်ဘွား၏မိန့်မှာထားချက်အရ သုစန္ဒီ ကသမီးလေး၂ဦးကိုခေါ်ကာနိုင်ငံခြားသို့ထွက်ခွါခဲ့ရသည်မှာ ယနေ့တိုင်ဖြစ်တော့သည်။ပြည်ပထွက်ဖို့အရေးဆရာမကြီးဒေါ်ခင်မျိုးချစ်ကများစွာကူညီပေးခဲ့ကြောင်းသိရသည်။ထွက်ခွါစဉ်က သူမ၏လက်မှ လက်ထပ်လက်စွပ်လေးပင်ချွတ်ထားခဲ့ရရှာသည်။

သုစန္ဒီ က သူ့ဘဝဇာတ်လမ်းလေးကို “အင်ဂျီဆာဂျင့် “ကလောင်အမည်ဖြင့် Twilight Over Burma ( မှုန်ရီဆိုင်းတိုင်းမြန်မာ)စာအုပ်ကိုအင်္ဂလိပ်ဘာသာဖြင့်၁၉၉၄တွင်ရေးသားထုတ်ဝေခဲ့သည်။ဆရာဦးဝင်းဖေကမြန်မာဘာသာပြန်ဆိုခဲ့သည်။ထိုလွမ်းမောဖွယ်ဇာတ်လမ်းလေးကို ၂၀၁၅ ဒီဇင်ဘာတွင်ရုပ်ရှင်အဖြစ်ရိုက်ကူးဖြန့်ဝေခဲ့သည်။သို့သော် မြန်မာနှင့် ထိုင်းတွင်ပြသခွင့်ပိတ်ပင်ခဲ့သည်။သို့သော် ဘာသာပေါင်းများစွာဘာသာပြန်ခဲ့ကြသည်။အင်တာနက်မှာရှာဖွေကြည့်နိုင်သည်။ထို့အတွက် ကမ္ဘာကျော်သည်။သီပေါဟော်ကိုပြတိုက်လုပ်ထားသည်။ကမ္ဘာလှည့်များစည်ကားသည်။ကျနော်လဲရောက်ခဲ့သည်။

အရင်ကျောက်မဲနေစဉ်ကသီပေါဘက်ရောက်ရင် တင်းနစ်ကစားဖေါ် အကိုတက္ကသိုလ်ရဲအောင်နှင့်တွေ့သည်။အကိုကလာရှိုးသိန်းအောင်နှင့် စိန်ပေါလ်ကျောင်းမှာဘော်ဒါအတူနေခဲ့သူ။သီချင်း အဆိုကောင်း၊အရေးကောင်း။

သူ့ရဲ့ ကျောင်းအပြီးနောက်ဆုံး နှုတ်ဆက်ပွဲမှာတနေ့တည်းသူရေးစပ်သီဆိုခဲ့သောသီချင်းလေး ကိုမှတ်မိနေသည်။ကျနော် တို့ ရွှေမန်းသားအကြိုက်။
“ မန်းမြေမှာ လေးနှစ်တာ ပညာဆည်းပူးခဲ့ရာ ။ပြုံးလို့ပျော်ရွှင်စွာအပေါင်အသင်းများနဲ့သာ။ ဘုရားကြီးနဲ့ အိမ်တောရာ ၊ တနင်္ဂနွေနေ့တိုင်း၊ ဆီမီးကပ်လှူတာ။

ရေလွှာဖွေးဖွေးကျုံးနဘေးမှာ ရှုခင်းကသာယာ။မန်း သီတာ လူငယ်လူကြီး အလည်ရောက်လို့လာတာ။ ကြည့်ရှုစရာစုံစွာရွှေမန်းတောင်ကစည်ကားလို့နေတာ။
လေးနှစ်ပြည့်ခဲ့ရာ မြင်းလှည်းလေးပေါ်မှာ ဘူတာကြီးဘက် ကိုယ်ထွက်ခဲ့ရတာ။ကျောင်းတော်ကြီးကိုလေတစ်ခါ နောက်ဆုံးအနေနဲ့ကိုယ်ကြည့်မိတယ်ကွာ။
နှုတ်ဆက်ခဲ့ပြီ မန်းဌာနီ ရထားကြီးထွက်လုပြီ။မေ့လို့မရတဲ့ မန်းပျိုမဒီ
တရွေ့ရွေ့ထွက်ခွါ ကိုယ်ပြန်သွားရပြီ။

ဪသီချင်းလေးကိုကျနော် တိုးတိုးလေးဆိုမိသည်။

သီပေါဟော် ရောက်တော့ အကို ရဲအောင် က “ကိုယ့်အမေဒေါ်ခင်လှ နဲ့သုစန္ဒီ က(မက်ဂီနဲ့အင်ဂျီ)ဆိုပြီးအရမ်းရင်းနှီးကြတာ။မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းဖွဲ့ပြီး တောလက်ကျေးရွာအနှံ့ကားတစီးနဲ့ နယ်လှည့် ကူညီပေးခဲ့ကြတာ။” ပြီးတော့ဆက်ပြောသေးသည်။

“၁၉၆၂ မှာ ကုလအထွေထွေ အတွင်းရေးမှုးချုပ် ဦးသန့်ရဲ့အကို ၊ ဦးခန့်သီပေါရောက်လာတယ်။ကိုယ်တို့အိမ်မှာတည်းတယ်။နောက်ရက်လောက်မှာသုစန္ဒီနဲ့ကလေး၂ယောက်ကို သူ ရန်ကုန်ခေါ်သွားတယ်။စော်ဘွားကိုများတွေ့ရမလားလို့။မြူနှင်းတွေကျနေတဲ့ မနက်ခင်းလေးမှာပေါ့။ကိုယ့် ရင်ထဲကနုတ်ဆက်လိုက်ခဲ့မိတယ်။အဲ့ဒါနောက်ဆုံးတွေ့ခဲ့ရတာပါ။ “နုတ်ဆက်ခဲ့ပြီ သုစန္ဒီ” လို့သီချင်းလေးရေးဖြစ်ခဲ့တယ်”တဲ့။

ဪ အကိုရဲအောင် ရေ ။
အခုတော့ ကျနော်တို့ သုစန္ဒီကို အပြီးတိုင်နုတ်ဆက်ခဲ့ရပါပြီ ဗျာ။

သုစန္ဒီ တစ်ယောက် ကောင်းရာသုဂတိလားပါစေ။
ကိုသိန်း ( တိုကျို ) (၆-၂-၂၀၂၃)
အင်တာနက်မှပုံအများစုကိုစုစည်းဖေါ်ပြပေးပါ၏။
မြန်မာ့ဆည်းဆာ တကယ့်ဖြစ်ရပ်မှန် ဇာတ်ကား မြန်မာနိုင်င့မှာ ပြသခွင့် မပြုတဲ့ ဇာတ်ကား https://youtu.be/48r-bIXzI3s?si=XoI_dHtQsqpoX4Op
—-https://youtu.be/Au-tk3GpcHE?si=_nAlbo4I1lc6QRl6
