မြန်မာသံစဉ် ရေဒီယိုသီချင်းများ ( ၁၁) စင်ပေါ်က ဂန္ဓဝင် သီချင်းများပြည်လှဖေ ဓာတ်ပြားတေးများ စုစည်းမှု

youtube.com/watch

ပြည်လှဖေ

ဝီကီပီးဒီးယား မှ

Contents hide

• Beginning

• ငယ်ဘဝ

• အဆိုတော်ဘဝ
ထင်ရှားသောသီချင်းများ
မင်းသားဘဝ

• စောင်းတော်ရှင် ဇာတ်ကားအကျဉ်းချုပ်
တိုင်းပြည်ဝန်ထမ်းဘဝ
ဘဝနိဂုံး
ကိုးကား

ပြည်လှဖေ

ပြည်လှဖေသည် မြန်မာ့ဂီတလောကတွင် ထင်ရှားခဲ့သော အဆိုတော် တစ်ဦးဖြစ်သည့်ပြင် ရုပ်ရှင်မင်းသားတစ်ဦးလည်းဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် (၁၂၇၄)ခုနှစ်တွင် ပြည်မြို့၊ ကြိုးတန်းရပ်တွင် မွေးဖွားသည်။ မိဘများမှာ အရေးပိုင် ဦးခူးနှင့် ဒေါ်ကြင်စီတို့ဖြစ်ပြီး သား(၄)ယောက်၊ သမီး(၂)ယောက်အနက် တတိယသားဖြစ်သည်။ ငယ်စဉ်ကတည်းက အနုပညာဝါသနာကြီးခဲ့ပြီး ပြည်မြို့မှ နာမည်ကျော် ပညာရှင်ကြီးများ၏ ပညာရည်နို့ကို သောက်စို့ခဲ့ရသည်။ ပြည်လှဖေတို့ ညီအကိုလေးယောက်လုံး ဂီတဝါသနာကြီးကြသည်။ အကိုအကြီးဆုံး ကိုလှငွေမှာ ဘင်ဂျိုအတီးကောင်းပြီး အကိုလတ် ကိုလှရွှေမှာ တယောနှင့်ဆိုင်းဝိုင်းကို အတော်အသင့် နိုင်နင်းသည်။ ပြည်လှဖေ ကိုယ်တိုင်ကလည်း ပြည်မြို့မှာ နေစဉ်ကတည်းက တယောထိုးတတ်ခဲ့သည်။ ပြည်မြို့တွင် (၁၀)တန်းအောင်သည်အထိ ကျောင်းနေခဲ့သည်။

အဆိုတော်ဘဝ[ပြင်ဆင်ရန်]

ပြည်လှဖေသည် တက္ကသိုလ်တက်ရန် ရန်ကုန်သို့လာရင်း တက္ကသိုလ်မရောက်ဘဲ အေဝမ်းကုမ္ပဏီမှ သူငယ်ချင်း ကိုတင်မောင်နှင့် တွေ့ဆုံရာမှ အေဝမ်းကုမ္ပဏီ၏ လခစားဖြစ်ခဲ့သည်။ ၁၉၃၆ ခုနှစ်မှစတင်၍ အေဝမ်းတူရိယာအဖွဲ့အုပ်ချုပ်သူအဖြစ် လုပ်ကိုင်၍ အသံတိတ်ဇာတ်ကားများ၌ တီးမှုတ်ကြရသည်။ ၁၉၃၈ ခုနှစ် သဘင်ဝန်ဓာတ်ပြား ထုတ်လုပ်သောအခါ ဓာတ်ပြားအဆိုတော်ဖြစ်လာသည်။ ၁၉၃၉ မှစ၍ ပြည်လှဖေအမည်မှာ ကျော်ကြားခဲ့သည်။ လစဉ်ထုတ် အေဝမ်းသဘင်ဝန် ဓာတ်ပြားများ၌ တစ်ဦးချင်းအဆို၊ စုံတွဲအဆိုတို့ အဆက်မပြတ် လစဉ်ထုတ်ဝေဖြန့်ချိကာ ပြည်သူတို့အသည်းစွဲ အဆိုကျော်ဖြစ်လာသည်။ ရုပ်ရှင်မင်းသမီး အဆိုကျော် မေရှင်မှာ ပြည်လှဖေနှင့် တွဲဖက်အဆိုစုံတွဲ ဖြစ်ခဲ့သည်။

ထင်ရှားသောသီချင်းများ[ပြင်ဆင်ရန်]

မြကလောင်ရေးသည့် ဇွဲ သီချင်း၊

မြို့မငြိမ်းရေးသည့် နတ်သျှင်နောင် သီချင်းနှင့် မေ့ပါနိုင် သီချင်း၊

ဂျူဗလီစိန်ရေးသည့် နဂါးနိုင်မင်း သီချင်းနှင့် မင်းမဟာဂီရိ သီချင်း၊

ရွှေပြည်အေး ရေးသည့် ချစ်မိုးစွေ သီချင်းနှင့် ကဉ္စနသီချင်း၊

စိန်ဝေလျှံရေးသည့် ပပဝင်းဝင်း သီချင်း၊

အေဝမ်းဆရာညှာရေးသည့် မေတ္တာဂုဏ် သီချင်း၊

ဂုဏ်တော်ဖွင့် သီချင်းနှင့် သုဝဏ္ဏသျှံ သီချင်း၊

သဟာယ ဆရာတင်ရေးသည့် ဂုဏ်မြင့်သူ သီချင်းနှင့် မာနရှင် သီချင်း၊

စစ်ကိုင်း ဆရာကြည်ရေးသည့် ရှင်သီဝလိ သီချင်း၊

စန်းသော်တာ ရေးသည့် ရွှေတံငါ သီချင်း၊

ရဲရဲတောက် တို့ဗမာ

မင်းသားဘဝ[ပြင်ဆင်ရန်]

ပြည်လှဖေသည် ရုပ်ရှင်မင်းသားအဖြစ် စောင်းတော်ရှင် ရုပ်ရှင်ဇာတ်ကား တစ်ကား၌သာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး သူ၏ သရုပ်ဆောင်မှုမှာလည်း တစ်ကားဆို ဆိုသလောက် ထူးချွန် ပြောင်မြောက်ခဲ့သည်။ စစ်ပြီးခေတ်တွင် အေဝမ်းရုပ်ရှင် အသိုက် အဝန်းဖြစ်သော လျှပ်စစ် ရုပ်ရှင်မှ ဒါရိုက်တာမောင်တင်ယု ရိုက်ကူးသော ကပ္ပလီ ဇာတ်ကားတွင် မောင်တင်မောင် (အေဝမ်း ဦးတင်မောင်)နှင့်အတူ ပါဝင် ရိုက်ကူး ခဲ့သေးသည်။ အဆိုတော်ကြီး ပြည်လှဖေသည် စောင်းတော်ရှင် ဇာတ်ကား တစ်ကား တည်းဖြင့်ပင် အဓိက သရုပ်ဆောင် မင်းသားကောင်း တစ်ဦးအဖြစ် ပြောင်မြောက်စွာ စွမ်းဆောင်ခဲ့လေသည်။

စောင်းတော်ရှင် ဇာတ်ကားအကျဉ်းချုပ်[ပြင်ဆင်ရန်]

စောင်းတော်ရှင်ဇာတ်ကားမှာ လူအများသိကြသည့် ဦးရှင်ကြီး ဇာတ်လမ်းဖြစ်၏။ မောင်ရှင်၏မိခင်မှာ သားဖြစ်သူ ရှင်ပြုရန် ငွေရှာအသွား အစ်မဖြစ်သူက ဓနရှင်ပီပီငေါက်ထုတ်လိုက်၏။ မောင်ရှင်မှာ အဒေါ်ဖြစ်သူအပေါ် စိတ်ကွက်သွားလေ၏။ သို့နှင့် ဆင်းရဲသားသားအမိမှာ မျက်နှာငယ်နှင့် ပြန်လာခဲ့ကြသည်။ မောင်ရှင်သည် မိခင်တားသည့်ကြားက ကိုယ့်အားကိုယ်ကိုးကာ ထင်းခုတ်သွားသော လှေတွင်အလုပ်သမားအဖြစ် လိုက်ပါသွားလေသည်။

မိန်းမလှကျွန်းရောက်ပြီး လှေသူကြီးနှင့် လှေထိုးသားများက မောင်ရှင်ကို လှေစောင့်အဖြစ် ထမင်းချက်ရန် လှေပေါ်တွင် ထား၍ထင်းခုတ်သွားကြသည်။ မိန်းမလှကျွန်းတွင် မိန်းမလှနတ်များကြီးစိုး၍ မောင်ရှင့်အနေဖြင့် လုံးဝသီချင်းမဆိုရန်၊ မတီးမမှုတ်ရန် မှာခဲ့သည်။ အနုပညာသမား မောင်ရှင်မှာ ဝှက်ယူလာသော လက်စွဲတော်စောင်းလေးထုတ်၍ တီးတော့သည်။ စောင်းတီးခတ် သီချင်းဆိုလိုက်သည်နှင့် မိန်းမလှကျွန်းစောင့် နတ်သမီးလေးများပေါ်လာကာ မောင်ရှင်၏ဂီတတွင် နစ်မျောကခုန်ကြ၏။ ထင်းခုတ်နေစဉ်ရက်များအတွင်း မောင်ရှင်၏ဂီတဖြင့် နတ်သမီးများ နေ့တိုင်းပျော်ပါးနေကြပြီး မောင်ရှင်ကို စွဲလမ်းနှစ်သက်နေကြတော့သည်။ သို့နှင့် ထင်းခုတ်ကိစ္စပြီး၍ မောင်ရှင်တို့ လှေပြန်အလှည့်တွင် နတ်သမီးလေးများက လှေကိုမထွက်နိုင်အောင် ဆွဲထားကြသည်။

လှေသူကြီးသည် သူတို့ထုံးစံအတိုင်း မည်သူ့ကြောင့် လှေမထွက်နိုင်သည်ကို မဲချရာတွင် ကံဆိုးသူမောင်ရှင် မဲကျလေတော့သည်။ မောင်ရှင်အား ရေတွင် အရှင်လတ်လတ်ချရစ်ကာ လှေထွက်သွားသည်။ နတ်သမီးကလေးများက မောင်ရှင်အားပွေ့ယူကာ ကျွန်းပေါ်သို့ ခေါ်သွားကြသည်။ မောင်ရှင်သည် အရှင်လတ်လတ်ပင် နတ်စိမ်း ဖြစ်သွားသည်။

ပြည်လှဖေ ပါဝင်သော စောင်းတော်ရှင် ဇာတ်ကားကိုလည်း တေးဂီတဇာတ်ကား(Musical Film)ဟု ခေါ်ရပေမည်။ ပို၍ထူးခြားသည်က ရာဇဝင်ဇာတ်လမ်းကိုမှ တေးဂီတရုပ်ရှင် ဖြစ်နေခြင်းပေတည်း။ မင်းသား၊ မင်းသမီးမှာ ပြည်လှဖေနှင့် မေရှင်တို့ဖြစ်ရာ ထိပ်တန်းအဆိုတော်စုံတွဲဖြစ်နေ၍လည်း ပို၍ ထူးခြားသည်။ ဇာတ်ဝင်ခန်းတိုင်း အံဝင်ခွင်ကျ တေးဂီတများကို သီဆိုသရုပ်ဆောင်ဖော်ကျူးခဲ့ကြသည်။

တိုင်းပြည်ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

ပြည်လှဖေသည် ၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွား၍ အင်ဂျင်နီယာသိပ္ပံကျောင်းတက်ခဲ့ပြီး ပြန်လာသောအခါ ရုပ်ရှင်၊ ဂီတ၊ အနုပညာအလုပ်ကို လုံးဝမလုပ်တော့ဘဲ တပ်မတော်တွင်း ဝင်သွားသည်။ နှစ်ပေါင်း(၂၀)ကျော် အမှုထမ်းပြီး ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ရောက်ရှိခဲ့သည်။ ထို့နောက် မြေယာကျေးလက်ကော်ပိုရေးရှင်းတွင် အထူးအရာရှိ (စက်မှုလယ်ယာ) အဖြစ် ပြောင်းရွေ့အမှုထမ်းရသည်။ ယင်းနောက်တွင် အမှတ်(၂) စက်မှုဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့တွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ပြည်လှဖေသည် ကျန်းမာရေးချို့ယွင်းလာသဖြင့် အင်္ဂလန်နိုင်ငံတွင် ဆေးသွားကုရာ ၁၄.၀၃.၁၉၉၀ အင်္ဂလန်မှာပင် ကွယ်လွန်အနိစ္စရောက်ခဲ့ရလေသည်။ ၁၆.၀၃.၁၉၉၀ ရက်နေ့တွင် ထိုနိုင်ငံ၌ပင် သင်္ဂြိုဟ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

• ခင်နှင်းယု၏ ဘကြီးမှိုင်းနှင့် စောင်းတော်ရှင် ဆောင်းပါး၊၁၉၇၂ ခု၊ မတ်လထုတ် ရှုမဝ၊

• စိန်သွေး၏ ရုပ်ရှင်မင်းသားကြီး ပြည်လှဖေ ၁၉၉၁ ခု၊ ဖေဖော်ဝါရီထုတ် မြဝတီ၊

• သန်းလှိုင် ပထမခေတ်ဟောင်းသီချင်းပေါင်းချုပ်

<img src=”//my.wikipedia.org/wiki/Special:CentralAutoLogin/start?type=1×1″ alt=”” title=”” width=”1″ height=”1″ style=”border: none; position: absolute;” />

ကဏ္ဍများ: မြန်မာ အမျိုးသား အဆိုတော်များ၁၉၉၀ ကွယ်လွန်သူများ

ဤစာမျက်နှာကို ၁၄ မတ် ၂၀၂၂၊ ၀၄:၂၁ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။

။ ပြည်လှဖေ

By Khaing Su Latt and ကိုမေ ယာ in မြန်မာဂန္တဝင်သီချင်းများ (Files)

ပြည်လှဖေ

အရေးပိုင် ဦးခူးနှင့် ဒေါ်ကြင်စီတို့မှ ဖွားမြင်သည့် သား(၄)ယောက် သမီး(၂)ယောက်တွင် ပြည်လှဖေသည် တတိယသားဖြစ်သည်။ သက္ကရာဇ် ၁၂၇၄ခုနှစ်တွင် ပြည်မြို့ ကြိုးတန်းရပ်တွင် မွေးဖွားသည်။ ငယ်စဉ်ကတည်းက အနုပညာဝါသနာကြီးခဲ့ပြီး ပြည်မြို့မှ နာမည်ကျော် ပညာရှင်ကြီးများ၏ ပညာရည်နို့ကို သောက်စို့ခဲ့ရသည်။ ပြည်လှဖေတို့ ညီအကိုလေးယောက်လုံး ဂီတဝါသနာကြီးကြသည်။ အကိုအကြီးဆုံး ကိုလှငွေမှာ ဘင်ဂျိုအတီးကောင်းပြီး အကိုလတ် ကိုလှရွှေမှာ တယောနှင့်ဆိုင်းဝိုင်းကို အတော်အသင့် နိုင်နင်းသည်။ ပြည်လှဖေ ကိုယ်တိုင်ကလည်း ပြည်မြို့မှာ နေစဉ်ကတည်းက တယောထိုးတတ်ခဲ့သည်။ ပြည်မြို့တွင် (၁၀)တန်းအောင်သည်အထိ ကျောင်းနေခဲ့သည်။ တက္ကသိုလ် တက်ရန် ရန်ကုန်သို့လာရင်း တက္ကသိုလ် မရောက်ပဲ ၊ အေဝမ်းကုမ္ပဏီသို့ ရောက်သွားပြီး၊ သူငယ်ချင်း ကိုတင်မောင်နှင့် တွေ့ဆုံရာမှ အေဝမ်းကုမ္ပဏီ၏ လခစား ဖြစ်ခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် စတင်၍ အေဝမ်းတူရိယာအဖွဲ့ကို အုပ်ချုပ်သူအဖြစ် လုပ်ကိုင်ကာ အသံတိတ်ဇာတ်ကားများ ၌ တီးမှုတ်ကြရသည်။ ၁၉၃၈ ခုနှစ် သဘင်ဝန်ဓာတ်ပြား ထုတ်လုပ်သောအခါ ဓာတ်ပြားအဆိုတော်ဖြစ်လာခဲ့သည် ။ ၁၉၃၉ မှစ၍ ပြည်လှဖေ၏ နာမည်မှာ ကျော်ကြားခဲ့သည်။ လစဉ်ထုတ် အေဝမ်းသဘင်ဝန် ဓာတ်ပြားများ ၌ တစ်ဦးချင်းအဆို စုံတွဲအဆိုတို့ အဆက်မပြတ် လစဉ်ထုတ်ဝေ ဖြန့်ချိကာ ပြည်သူတို့ အသည်းစွဲ အဆိုကျော်ဖြစ်လာသည်။ ရုပ်ရှင်မင်းသမီး အဆိုကျော် မေရှင်မှာ ပြည်လှဖေနှင့် တွဲဖက်အဆို စုံတွဲဖြစ်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားပြီး အင်ဂျင်နီယာ သိပ္ပံကျောင်းတက်ခဲ့သည်။ ပြန်လာသောအခါ ရုပ်ရှင်၊ ဂီတ၊ အနုပညာအလုပ်ကို လုံးဝမလုပ်တော့ပဲ တပ်မတော်ထဲသို့ ဝင်သွားသည်။ တပ်မတော်တွင် နှစ်ပေါင်း(၂၀) ကျော်မျှ အမှုထမ်းပြီး ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ ရောက်ရှိခဲ့သည်။ ထို့နောက် မြေယာကျေးလက် ကော်ပိုရေးရှင်းတွင် အထူးအရာရှိ(စက်မှုလယ်ယာ) အဖြစ် ပြောင်းရွေ့ အမှုထမ်းရပြန်သည်။ ထို့နောက် အမှတ်(၂) စက်မှုဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့တွင် ဒုတိယဝန်ကြီး အဖြစ် အမှုထမ်းခဲ့ပြီး၊ ကျန်းမာရေးချို့ယွင်းလာသဖြင့် အင်္ဂလန်နိုင်ငံတွင် ဆေးကုသွားရသည် ။ ၁၄.၀၃.၁၉၉၀ အင်္ဂလန်မှာပင် ကွယ်လွန်အနိစ္စရောက်ခဲ့ရလေသည်။

ရည်ညွန်းချက် – ဗိုလ်ကလေးဦးတင့်အောင် ရေးသားပေးပို့သည်။