၁။ ၂၀၀၀ ပြညိ့နှစ် မြန်မာ့ ရုပ် ရှင် ရာပြည့်
၂ ။ စာရေးဆရာ ဒါရိုက်တာ ဆရာ ကြီး ဦးသုခနှင့် ဆွေးနွေးခန်း ။https://youtu.be/SEnBcWFY9V4
၃ ။ ဦးသုခ ၏ အမေ နေ့ ဟော ပြော ပွဲ
၄။ ဒေါ်ခင်မျိုးချစ်၏ ဆရာကြီးဦးသုခအကြောင်း အသံ ဆောင်းပါး ။
၅။ ဦးသုခ ၏ ဂုဏ်ရည် မတူလို့လား (အပိုင်း(၁) အသံဇာတ်လမ်း
၆။ ဦးသုခ စီစဉ်ခဲ့သော ရဟန်းစားရသော ဆွမ်းတစ်နပ် ။ ရုပ်.သံဗီဒီယို ဇာတ်လမ်း ။
https://youtu.be/PGGVNFHJB0I ( Original version )
https://youtu.be/4Z-TyBD5Hc0 ( English Sub-title
၇။ ဦးသုခ၏ ရဟန်းမစားရသော ဆွမ်းတစ်နပ် ။ရုပ်.သံဗီဒီယို ဇာတ်လမ်း ။
၈။ ဦးသုခ ၏ ဘဝသံသရာ သီချင်း ။
၉။ ဦးသုခ ၏ ဇေယတု သဗ္ဗ မင်္ဂလာ ရှင်းတမ်း စာပေ ဟော ပြောပွဲ ။
၁၀ ။ ဇေယတု သဗ္ဗ မင်္ဂလာ ရှေးစာဆို ကျိုက်လတ် ဦးပြံုးချို ရေး တေး
၁ – https://youtu.be/VEHvnWP6mnw
စိုးစန္ဒာထွန်း၊
၂-https://youtu.be/cLTsb5ZAzq8
-ညိုလှိုင်အုန်း
၃- https://youtu.be/txwzU4Odhzs
မောင်မျိုးမင်း
၁၀။ ဦးသုခ ၏ တပါးသီလ ဇာတ်လမ်း
အပိုင်း(၁)
( အပိုင်း ၂ )
၁၁။ ဦးသုခ၏ အမေစားသော ထမင်းတစ်နပ် ၊ စာပေ ဟောပြောပွဲ ။
၁၂။ ဆက်စပ် ဗီဒီ ယို – အမေကပ်တဲ့ ဆွမ်းတစ်နပ်
ဗုဒ္ဓောရသ အရှင် က္ကုန္ဒာဏရီယ ၏ အမေကပ်တဲ့ ဆွမ်းတစ်နပ် ဇာတ်လမ်းကို ဒါရိုက်တာ မောင် မောင်မြင့် မှမှီ ငြမ်းရိုက်ကူးသည် ။ ( စီစဉ် သူ ဒေါ်နွဲ့နွဲ့စမ်း )
ရည် ညွှန်း
ဆရာ ကြီး ဦးသုခ အ ေကြာင်း ။
( Wikipedia မှ ကူးယူ ဖေါ်ပြပါသည် )
သုခ (ဒါရိုက်တာ)
ဝီကီပီးဒီးယား မှ
အ ညွှန်း သို့ ခုန်ကူးရန်
ရှာဖွေရန် ခုန်ကူးမည်
သုခ
စာရေးဆရာ၊ ဒါရိုက်တာ ဆရာကြီးဦးသုခ
မွေးဖွား
သိမ်းမောင်
၁၄ ဇန်နဝါရီ၊ ၁၉၁၀
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ စာဖြူစုကျေးရွာ
ကွယ်လွန်
၇ ဒီဇင်ဘာ၊ ၂၀၀၅ (အသက် ၉၅)
တက်ကြွလှုပ်ရှားနှစ်များ
၁၉၃၈ – ၂၀၀၅
မိဘ(များ)
ဦးစံခိုင် နှင့် ဒေါ်မျှင်
သုခ (၁၉၁၀-၂၀၀၅) သည် အလင်္ကာကျော်စွာဘွဲ့ရ စာရေးဆရာနှင့် ရုပ်ရှင်ဒါရိုက်တာ တစ်ဦး ဖြစ်သည်။
မာတိကာ
ကိုးကားဘဝအကျဉ်း[ပြင်ဆင်ရန်]
ငယ်ဘဝ[ပြင်ဆင်ရန်]
၁၉၁ဝပြည့်နှစ်၊ ဇန်နဝါရီလ(၁၄)ရက်၊ (၁၂၇၁-ခု၊တပို့တွဲလဆန်း(၅)ရက်၊သောကြာနေ့)တွင် ကျိုက်လတ်မြို့နယ်၊ စာဖြူစုကျေးရွာသူကြီး ဦးစံခိုင်၊ ဒေါ်မျှင်တို့မှ ဖွားမြင်သည်။ သာသမီး(၄)ယောက်အနက် အကြီးဆုံးဖြစ်သည်။ ငယ်မည်မှာ မောင်သိန်းမောင် ဖြစ်သည်။
ပညာရေး နှင့် လုပ်ငန်းအစ[ပြင်ဆင်ရန်]
၁၉၂၆တွင် ကျိုက်လတ်မြို့၊ အမျိုးသားကျောင်းမှ အလယ်တန်း အောင်မြင်ခဲ့သည်။ နောင်တစ်နှစ်၌ ဖျာပုံအမျိုးသားကျောင်းသို့ ပြောင်းရွှေ့ကာ အထက်တန်းပညာသင်ယူသည်။ အလယ်တန်းမှစ၍ ကဗျာ၊ ရတုများရေးသားစပ်ဆိုလာခဲ့ရာ အထက်တန်းကျောင်းသားဖြစ်လာသောအခါ ဝတ္ထုရေးရန် စိတ်သန်လာသည်။ နဝမတန်းအရောက်တွင် ကျောင်းမှထွက်ကာ ဖခင်ဦးစံခိုင် ရန်ကုန်တွင်တည်ထောင်သော အာဇာနည်ဂျာနယ်တိုက်တွင် လုပ်ရန် ရန်ကုန်သို့ထွက်ခွာခဲ့သည်။ ဂျာနယ်ပိတ်လိုက်ရသဖြင့် ကျိုက်လတ်သို့ ပြန်ခဲ့သည်။ ကျိုက်လတ်ပြန်ရောက်သောအခါ ကျိုက်လတ်ဆရာကြီးဦးဘမူ၏ အမျိုးသားကျောင်းတွင် မြန်မာစာပြဆရာအဖြစ်ဆောင်ရွက်ရင်း အမျိုးသားအောင်ပွဲနေ့များတွင် ကျင်းပသည့် ပဒေသာကပွဲများအတွက် ဇာတ်လမ်းရေးသားခြင်း၊ ကိုယ်တိုင်လည်းပါဝင်ကပြခြင်း၊ ဒါရိုက်တာလုပ်အဖြစ်ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
ရုပ်ရှင်နှင့် ပြဇာတ်နယ်ပယ်[ပြင်ဆင်ရန်]
၁၉၃၈တွင် ချစ်အမျှ ရုပ်ရှင်ဇာတ်ညွှန်းကို ရေးသား၍ ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၄၂ ဂျပန်ခေတ်တွင် ပြဇာတ်များကို ရေးသားတင်ဆက်ခဲ့သည်။ ကန်တော်မိတ်ရုံတွင် ဂုဏ်၊ ဂျိုတီရုံတွင် မေတ္တာနှင့်သစ္စာ၊ မြိုင်ရုံတွင် ဩော်မိန်းမ – ဩော်ယောက်ျား၊ မိန်းမနဲ့ယောက်ျား၊ ဩော် — လောက ပြဇာတ်များတင်ဆက်ခဲ့သည်။ စာရေးဆရာအသင်း ရန်ပုံငွေအတွက် ဝိဇယ ‘ပေါ်ဦး’ ပြဇာတ်များတွင် ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင်လည်းပါဝင်ကပြခဲ့သည်။ မောင်ဖေငယ် ပြဇာတ်အထူးလူကြိုက်များခဲ့သည်။ နောက်ပိုင်း ကာဌေးရုံတွင် ချစ်တော့ချစ်တယ်”၊ “ဝသုန်ဤမြေ၊ ဝင်းဝင်းရုံတွင် ကိုယ်ကြိုက်တာကိုယ်လုပ် ဇော်ရုံတွင် သားတို့ရုပ်ရည် ပြဇာတ်များကို ကိုယ်တိုင်အဓိကဇာတ်ဆောင်နေရာမှ ပါဝင်ကပြခဲ့သည်။
၁၉၄၈တွင် ချစ်အနုမြူ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် ပထမဆုံးရိုက်ကူးခဲ့ရာ ထိုကားအတွက် စာရေးဆရာ အသင်းက ချီးမြင့်သော ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆုရရှိသည်။ ၁၉၅၄တွင် ဩော်မိန်းမဇာတ်ကားဖြင့် ရုပ်ရှင်ထူးချွန်ဆုဖြစ်သော ဒါရိုက်တာဆုရရှိခဲ့သည်။ နှစ်နှစ်အကြာတွင် ဘဝသံသရာဇာတ်ကားဖြင့် ဒုတိယအကြိမ် ဒါရိုက်တာဆုရရှိသည်။
၁၉၆၈၌ စကားပြောသောအသည်းနှလုံး ဇာတ်ကားရိုက်ကူး၍ ဒါရိုက်တာဆု ထပ်မံဆွတ်ခူးခဲ့သည်။ ၁၉၇၀ပြည့်တွင် ကျမမှာမိန်းမသား ဇာတ်ကားရိုက်ကူး၍ ဒါရိုက်တာဆု ချီးမြှင့်ခြင်း ခံရသည်။ ၁၉၇၃ တွင် ရိုက်ကူးသော ဘယ်သူပြိုင်လို့လှပါတော့နိုင် ဖြင့် အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့သည်။ ၁၉၇၅၏ ရွှေခြည်ငွေခြည်တန်းပါလို့ ဇာတ်ကားသည် ၎င်းကို ဆဋ္ဌမအကြိမ်မြောက် ရုပ်ရှင်ထူးချွန်ဆု၊ ဒါရိုက်တာဆုကို ရရှိစေခဲ့သည်။
ဗုဒ္ဓဘာသာတရားတော်များနှင့်ပတ်သက်၍ ရဟန်းစားရသော ဆွမ်းတစ်နပ်၊ ရဟန်းမစားရသော ဆွမ်းတစ်နပ်၊ တစ်ပါးသီလ ကဲ့သို့သော ရုပ်မြင်သံကြားဇာတ်လမ်းများရေးသား ရိုက်ကူးခဲ့သည်။
စာပေနယ်ပယ်[ပြင်ဆင်ရန်]
ဦးသုခသည် ရုပ်ရှင်နယ်ပယ်သာမက စာပေနယ်တွင်လည်း အထင်ကရစာရေးဆရာကြီးတစ်ဦးဖြစ်၍ စာအုပ်များစွာ ရေးသားထုတ်ဝေခဲ့သည်။ ၁၉၂၉တွင် စိန်သိန်းတန်အမည်ဖြင့် စံပယ်ပွင့် ဝတ္ထုရေး၍ ကဝိမျက်မှန်မဂ္ဂဇင်းတွင် ဖော်ပြခံခဲ့ရသည်။ စာမူခငွေ တစ်ဆယ်ကျပ်နှင့် မဂ္ဂဇင်း(၆)လဆု တို့ကိုရရှိခဲ့၏။ ၁၉၃၀ ပြည့်နှစ်၌ ရွှင်ပျော်ပျော်တိုက်ဝတ္ထုပြိုင်ပွဲတွင် မောင်သိန်းမောင်အမည်ဖြင့် မိန်းမသား ဝတ္ထုရွေးချယ် ခံရသည်။
၁၉၃၂ အသက်(၂၃)နှစ်အရွယ်တွင် ဖတ်ခဲ့မှတ်ခဲ့သော လောကီလောကုတ္တရာဆိုင်ရာ မှတ်စုများကို စတင်စုဆောင်းရေးသားခဲ့ရာ နောင်တွင် သုခမှတ်စု စာအုပ်အဖြစ် ထွက်ရှိခဲ့သည်။ ၁၉၃၄ တွင် ရွှင်ပျော်ပျော်တိုက်နှင့် လိုက်ဖက်စေရန် သုခ အမည်ခံယူသည်။ သုခအမည်ခံယူပြီးနောက်တွင် ဝတ္ထုအဆုံး၌ သုခိအတ္တာနံပရိဟရန္တု ဆုတောင်းကိုထည့်လေ့ရှိပြီး ရွှင်ပျော်ပျော်တိုက်အတွက် လုံးချင်းဝတ္ထုငယ်များ ရေးသားခဲ့သည်။ ထို့နောက် မိုက်မိတယ် လုံးချင်းဝတ္ထုထွက်ရှိခဲ့သည်။
၁၉၅၁၌ သုခဝတ္ထုတိုပေါင်းချုပ် စာအုပ်ထွက်ရှိကာ ထိုစာအုပ်ကို ၁၉၅၅၊ ၁၉၆၆၊ ၁၉၇၈၊ ၁၉၈၈ ခုနှစ်များတွင် ပြန်လည်ရိုက်နှိပ်ခဲ့သည်အထိ အောင်မြင်ခဲ့သည်။ ၁၉၅၇ မှ ၆၇ အထိ ရုပ်ရှင်နယ်၊ စာပေနယ်တွင် ကျင်လည်ခဲ့၍ စာအုပ်များစွာ ရေးသားခဲ့သည်။ ၁၉၉၄တွင် ရာမာခရစ္စနာ၏ သုတပုံပြင်များစာအုပ်ထွက်၍ တစ်နှစ်အကြာတွင် ရတနာသုတ် စာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ၁၉၉၇တွင် ချယ်လီအလှစာအလှ၊ စိတ်ဆိုသောစိတ်၊ သုခမှတ်စု၊ သုတရသဓမ္မစာစုံ၊ အမေ စသောစာအုပ်များ ရေးသားခဲ့၏။
ဘဝနိဂုံး[ပြင်ဆင်ရန်]
စာရေးဆရာ ဒါရိုက်တာကြီးဦးသုခသည် ၂၀၀၅-ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့ ဗုဒ္ဓဟူးနေ့မနက် ၁၁ နာရီ မိနစ် ၃၀တွင် အမှတ်(၂) စစ်ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ် ကျင်မေ၊ သား ကိုရဲအောင် (ကလောင်အမည် သုခ(သား)) တို့ ကျန်ရစ်ခဲ့သည်။
ဆောင်ရွက်ချက်များ[ပြင်ဆင်ရန်]
ဤအပိုင်းကို တိုးချဲ့ရေးသားရန် လိုအပ်သည်။
၁၉၈၃-၈၄နှစ်များ၌ ရန်ကုန်တိုင်း၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ တက္ကသိုလ်ဆရာလောင်း မွမ်းမံသင် တန်းတို့တွင် စကားပြောဟောနည်းပညာ၊ တရားဟောနည်းပညာ ဘာသာရပ်ပို့ချခဲ့သည်။ ဆရာကြီးဦးသုခ၏ လုံ့လထုတ်၍ ကြိုးပမ်းမှုဖြင့် ပြာသိုလပြည့်ကို မြန်မာနိုင်ငံ၏ အမေများနေ့အဖြစ် (၁၉၉၇)တွင် တရားဝင် သတ်မှတ်နိုင်ခဲ့သည်။ ၁၉၉၅ခုနှစ် မန္တလေးမြို့တွင် ဦးသုခ ဦးဆောင်၍ အမေများနေ့ အခမ်းအနားကို စတင်ကျင်းပနိုင်ခဲ့သည်။ ဒုတိယအကြိမ် အမေနေ့အခမ်းအနားတွင် ဆရာကြီးနဲ့အတူ သီတဂူဆရာတော်ပါ ကြွရောက်ဟောပြောခဲ့သည်။ [၁]
ဆရာကြီးဦးသုခသည် လုံးချင်းဝတ္ထုပေါင်း (အစောပိုင်းကာလက) ၁ဝဝမျှရေးခဲ့၍ ဝတ္ထုတိုပေါင်း(၂၀၀)ခန့် ရေးသားခဲ့သော်လည်း နောက်ပိုင်းတွင် ဘာသာရေးဆိုင်ရာများကိုသာ ဦးစားပေးခဲ့သည်။ ရုပ်ရှင်ကားပေါင်း (၃၃)ကားမျှ ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သည်။
ပါဝင်ဆောင်ရွက်ခဲ့သော အဖွဲ့အစည်းများ[ပြင်ဆင်ရန်]
•ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (ဝိုင်အမ်ဘီအေ)နာယက
•စေတီယင်္ဂဏအသင်း၊ နာယက
• တိပိဋက နိကာယသာသနာပြု ဥပဌာကအဖွဲ့ ဂုဏ်ထူးဆောင်နာယက။
• တိ-နိ စာအုပ်စာပေ အနုပညာနှင့် မော်ကွန်းအဖွဲ့ နာယက
•နာရေးကူညီမှုအသင်း (ရန်ကုန်) နာယက
ဂုဏ်ပြုမှုများ[ပြင်ဆင်ရန်]
၁၉၅၈ တွင် အလင်္ကာကျော်စွာ ဘွဲ့ကို ရရှိ၍ ၁၉၉၄ ဇန်နဝါရီလ(၄)ရက်နေ့တွင် မဟာသဒ္ဓမ္မ ဇောတိက ဘွဲ့တံဆိပ်ကို ချီးမြင်ခြင်းခံရသည်။ ၂၀၀၀ အောက်တိုဘာ ၂၆ ၌ ရန်ကုန်တက္ကသိုလ်မှ ဆရာကြီး ဦးသုခအား စာပေပါရဂူဘွဲ့(D.Litt) ပေးအပ်ချီးမြှင့်ခဲ့သည်။[၂]
ရေးသားပြုစုခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]
ဦးသုခ၏ ထင်ရှားသောစာအုပ်အချို့မှာ :
1. သုခမှတ်စု
2. အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ
3. မင်္ဂလသုတ်(အဖွင့်)
4. မေတ္တသုတ်
5. လောကနီတိ
6. သုခဝတ္ထုတိုပေါင်းချုပ်
7. ရာမာခရစ္စနာပုံပြင်များ
8. ကံကံ၏အကျိုး
9. ချယ်ရီအလှစာအလှ
10. သုတရသဓမ္မစာစုံ
11. စိတ်ဆိုသောစိတ်
ကိုးကား[ပြင်ဆင်ရန်]
1. ↑ မုဒိတာ (တောင်သာ) (5 January 2019)။ ပြာသိုလပြည့် အမေများနေ့။ 5 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 May 2020 တွင် ပြန်စစ်ပြီး။
2. ↑ The New Light of Myanmar (5 January 2019)။ Yangon University confers Doctor of Letters on Reactor Sayadaw of International Theravada Buddhist Missionary University, Sayagyi U Thukha။ “Speaking about Sayagyi U Thukha, the YU Rector said Sayagyi U Thukha is a prominent writer, movie director and Myanmar nationalist…”
•ကဏ္ဍများ: ၁၉၁၀ မွေးဖွားသူများ၂၀၀၅ ကွယ်လွန်သူများပထမ မြန်မာများမြန်မာ အမျိုးသား စာရေးဆရာများမြန်မာ ရုပ်ရှင် ဒါရိုက်တာများမြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရှင်များမြန်မာ စာရေးဆရာများ
• ဤစာမျက်နှာကို ၃ ဒီဇင်ဘာ ၂၀၂၁၊ ၁၂:၀၆ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်
သန်းဝင်းလှိုင် – ဆရာကြီး ဦးသုခ၏ ဘဝသံသရာ
on February 11, 2014 Moemakha. မိုးမခ
ဆရာကြီးဦးသုခ၏ ဘဝသံသရာ
သန်းဝင်းလှိုင်
ဖေဖော်ဝါရီ ၁၁၊ ၂၀၁၄
တစ်နေ့ကမြို့ထဲမှပြန်လာပြီးနောက် အေးအေးလူလူခြေပစ်လက်ပစ် ပက်လက်ကုလားထိုင်၌နားနေစဉ် ရေဒီယိုမှဆရာကြီးဦးသုခသီဆို သော“ဘဝသံသရာ” သီချင်းကိုကြားလိုက်ရသည်။ ကျွန်တော်သည်ချက်ချင်းထ၍ ရေဒီယိုကိုအသံကျယ်အောင်ဖွင့်လိုက်မိသည်။
“ဘဝသံသရာ….ရှည်လျားထွေပြား မနေမနား၊ တသွားတဲသွားကြတာ။ ခရီးပန်းတိုင်မရောက်မချင်း၊ တစ်ယောက်ဆင်းတစ်ယောက်တက် ဆက် လက်ထွက်ခွာလာ။
လောဘရယ်၊ ဒေါသရယ်၊ မောဟရယ်၊ အဝိဇ္ဇာ၊ သင်္ခါရာ။
ပျော်လိုက် ရွှင်လိုက်၊ ငိုကာ ရယ်ကာ၊ ဘယ်ဟာမတည်မြဲ၊ ဖောက်လွဲဖောက်ပြန်၊ အကြောင်းခံ ကမ္မသကာ။
တွေ့ဆုံ၊ ဆုံကွဲ၊ ခရီးခဲ၊ ဝမ်းနည်း၊ ဝမ်းသာ ဝိပ္ပလ္လာ။
ဖြစ်ချင်တာလဲမဖြစ်ရပါ။ မဖြစ်ချင်တာလဲဖြစ်ရမှာ။ ၃၁ဘုံဝဋ်အတွင်းရောက်တော့ ကရွတ်ကင်းလျှောက်တဲ့ တေဘုမ္မာ။
အဲဒါ….အဲဒါ ဘဝသံသရာ”
ကျွန်တော်သည်ထိုသီချင်းကို အကြိမ်ကြိမ်နားထောင်ခဲ့ဖူးသည်။ သို့သော်ထိုသီချင်းမှာကျွန်တော့်အဖို့မရိုးနိုင်ပေ။ နောင်လည်းဘယ်သော အခါမှရိုးနိုင်လိမ့်မည်မထင်။ ဘဝသံသရာသီချင်းသည် ကျွန်တော်တွင်အမည်မဖော်ပြနိုင်သောခံစားမှုတစ်ရပ်ကိုလည်း ခံစားနေရသလို ဘဝအသိတစ်ခုကိုလည်းပေးလျက်ရှိသည်။ လူ့ဘဝသည်မွေးဖွားလာသည့်အချိန်မှ သေဆုံးသည်အထိ မဆုံးနိုင်သောဘဝခရီးရှည်ကြီး တစ်ခုကိုမနားမနေလှုပ်ရှားသွားလာနေရသည့် သံသရာခရီးသည်တစ်ဦးနှင့်တူလှပေသည်။
လူ့ဘဝ၌လောကဇာတ်ဆရာ၏ စေခိုင်းချက်အရ ငိုချည်တစ်လှည့် ပြုံးချည်တစ်ခါ၊ အမျိုးမျိုးအဖုံဖုံမီးစင်ကြည့်၍ကနေရသည်။ လူ့ဘဝခရီး တစ်လျှောက်၌ကြုံတွေ့ခဲ့ရသော လောကဓံတရား၏အနိမ့်အမြင့်များ၊ အားတက်ဖွယ်၊ စိတ်ပျက်ဖွယ်၊ အောင်မြင်မှု၊ ဆုံးရှုံးမှုများသည်အမှန် စင်စစ်မမြဲသောတရားများပါတကားဟု အဆိုပါသီချင်းကကျွန်တော်ကိုအသိပေးလျက်ရှိသည်။ သီချင်းဆုံးသွားသော်လည်း ကျွန်တော်အ တွေးအမြင်များကားမဆုံးနိုင်သေးပေ။ မှန်ပေသည်။ လောက၌ဘယ်အရာမှမမြဲချေ။ မမြဲသောတရားသာလျှင်မြဲ၏။
ကျွန်တော်သည်ဘဝသံသရာသီချင်းကိုအကြောင်းပြုလျှက် ထိုသီချင်းကိုဖန်တီးခဲ့သူဆရာကြီးဦးသုခကို မကြာခဏပင်သတိရမိလေသည်။ ကျွန်တော်သည်ဆရာကြီးနှင့်မရင်းနှီးပေ။ ဆရာကြီးကိုလူချင်းသာမရင်းနှီးခဲ့သော်လည်း ဆရာကြီးရိုက်ကူးခဲ့သောရုပ်ရှင်များကိုကြည့်ဖူး သည်။ ဆရာကြီးကိုလည်းခရီးသွားဟန်လွှဲဆိုသလို စာပေဟောပြောပွဲများ၊ ဂုဏ်ပြုဧည့်ခံပွဲများ၌ အကြိမ်ကြိမ်တွေ့ဆုံဖူးသည်။ ထိုစဉ်ကပင် ဆရာကြီး၏အနုပညာစွမ်းဆောင်ချက်များနှင့် ဆရာကြီး၏အတွေးအခေါ်အယူအဆများကို အကြောင်းပြု၍လေးစားကြည်ညိုလျက်ရှိ သည်။
ထို့နောက် နှင်းဆီ ဗီဒီယိုမဂ္ဂဇင်းအယ်ဒီတာ“ထွဋ်မြတ်ထူးသူ”က ဆရာကြီးဦးသုခအကြောင်းကို ဆောင်းပါးတစ်ပုဒ်ရေး သားပေးရန် ပြောလာ ရာမှ ဆရာကြီးအားသွားရောက် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့လေသည်။ ယခုကဲ့သို့မျက်နှာချင်းဆိုင် စကားပြောဖူးသည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။ ယခင်ကဆရာကြီးကိုစာတွေ့အရလေးစားခဲ့ရာမှ ယခုကဲ့သို့ပထမဆုံးအကြိမ်မျက်နှာချင်းဆိုင်၍ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးနဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရသောအခါ ပို၍လေးစား စရာကောင်းရုံမျှမက ချစ်ခင်ကြည် ညိုစရာ ပုဂ္ဂိုလ်တစ် ယောက်အဖြစ် ရင်ထဲ၌လှိုက်လှဲစွာခံစားဖြစ်ပေါ်နေမိသည်။ ဆရာကြီးနှင့်ယခုကဲ့သို့တွေ့ဆုံရသော မင်္ဂလာအခါတစ်နေ့ ကိုလည်း ကျွန်တော့်ဘဝတစ် လျှောက်၌ ဦးနှောက်ကိုမေ့ပျောက်သွားသည့်တိုင် ကျွန်တော့်နှလုံးသားကထာဝစဉ်အမှန်ရနေမည်ဖြစ်လေသည်။
ထို့အပြင်ဆရာကြီး၌ချီးမွမ်းဖွယ်သူမတူထူးခြားသောအရည်အချင်းတစ်ခုကား မိမိကိုယ်ကိုဂုဏ်မဖော်၊ ဘဝင်မမြင့်ဘဲ အမြဲတမ်းနှိမ့်ချ၍ ဟန်မဆောင်ဘဲပြောလေ့ရှိသော ဂုဏ်ထူးတစ်ခုအကြောင်းကို ဆရာကြီးနှင့်စကားစမြီပြောပြီးနောက် ကျွန်တော်သိခဲ့ရပေသည်။
ဆရာကြီးသည်အသားအနည်းငယ်ညိုသော်လည်း ကြည်လင်ရွှင်ပြသောမျက်နှာအမူအရာနှင့် ဖျတ်လတ်သွက်လက်စွာသွားလာနိုင်သော ကြောင့် အရွယ်နှင့်မမျှအောင်နုပျိုနေသည်ဟုထင်ရသည်။ သို့သော်ကျန်းမာရေးကောင်းသော်လည်း ဝမ်းနည်းစရာကောင်းလှသည်ကား ဆရာကြီး၏မျက်စိများမကောင်းတော့ပေ။ စာကိုမဆိုထားဘိ လူကိုပင်အနီးကပ်ကြည့်မှမှုန်ဝါးဝါးသာ မြင်နိုင်စွမ်းရှိတော့သည်။
“မောင်ရင့်ကိုဆရာနောက်တစ်ခေါက်ဆိုရင် မှတ်မိချင်မှမှတ်မိမှာ၊ နို့ပေမယ့်မောင်ရင်နဲ့ခဏခဏတွေ့ဆုံနေရင်တော့ မောင်ရင့်အသံကို ကျက်မိပြီး ဆရာမှတ်မိနေမှာအမှန်ပဲ”ဟုဆိုသည်။
ဆရာကြီးသည်၁၉၈ဝပြည့်နှစ်မှစ၍ မျက်စိမျာတဖြည်းဖြည်းမှုန်လာသည်ဟုဆိုသည်။ ယခုအခါစာမဖတ်နိုင်၊ စာမရေးနိုင်တော့ပေ။ သ တင်းစာကိုပင်ဆရာကြီးသားကဖတ်ပြနေရသည်။
“တစ်ချိန်ကတစ်နေ့ကို၈နာရီလောက် စာရေးစာဖတ်၊ ရုပ်ရှင်ကြည့်၊ ဗီဒီယိုကြည့်တဲ့အကျိုးတွေပေါ့ကွာ”ဟုမျက်စိအားနည်းသွားပုံနှင့်ပတ် သက်၍ပြောပြသည်။ သို့ရာတွင်ဆရာကြီးသည်မျက်စိမကောင်း၍ ဇရာပိုင်းသို့ရောက်နေသော ရုပ်ခန္ဓာပင်ဖြစ်လင့်ကစား ဆရာကြီးစိတ် ဓါတ်အင်အားကားကြီးမားလှပေစွ။
ဆရာကြီးသည်ဦးသုခသည် အသက်အရွယ်ကိုငဲ့။ မျက်စိအားနည်းသည်ကို ဂရုမပြု၊ ရတနာသုံးပါးကိုဦးထိပ်ထားလျက် ဗုဒ္ဓသာသနာပြန့် ပွားရေးအတွက် ကြီးမြတ်သောစေတနာသဒ္ဓါကိုရှေ့တန်းတင်ကာ မိမိတတ်ကျွမ်းထားသော အနုပညာ၊ မလျော့သောဇွဲလုံ့လတို့ဖြင့် အ ထူးကြိုးစား၍ အပင်ပန်းခံကာ“ရဟန်းစားသောဆွမ်းတစ်နပ်”နှင့်“တစ်ပါးသီလ”စသည့် ရုပ်မြင်သံကြားဇာတ်လမ်း၂ကားကို အောင်မြင်စွာ စီစဉ်ရိုက်ကူးခဲ့သည်။
ဆရာကြီးဦးသုခသည် ယခင်မျက်စိကောင်းစဉ်က သရုပ်ဆောင်အမူအရာတို့ကိုသေချာစွာကြည့်ရှုလည်းကောင်း၊ ပြောဆိုသည်တို့ကိုသေ ချာစွာနားထောင်၍လည်းကောင်း သင်ပြနိုင်ခဲ့သည်။ ယခုမူအမှုအရာတို့ကိုမှုန်ဝါးဝါသာမြင်နိုင်တော့သည်။ သို့ရာတွင်ပြောပြသော စကား သံတို့ကိုဂရုပြုနားထောင်လျှက် အမူအရာကိုညွှန်ပြခဲ့သည်။
“ပြောတဲ့အသံမှန်ရင် သရုပ်ဆောင်တဲ့အမူအရာကလည်းမှန်တာပဲ၊ ပြောတဲ့အသံသဘာဝကျရင် အမူအရာကလည်းသဘာဝကျတာပဲ”ဟု ပြောပြသည်။ အဆိုပါရုပ်မြင်သံကြားဇာတ်လမ်းနှင့် နှစ်ကားလုံးကိုကြည့်ရှုရသော ရဟန်းရှင်လူအားလုံးလိုလိုပင်နှစ်သက်မဆုံးရှိကြသည်။ အချို့ထပ်မံ၍နှစ်ကြိမ်၊ သုံးကြိမ်ကြည့်ကြသည်။ အချို့ကဗီဒီယိုအခွေများကို တိုင်းတစ်ပါးသို့ရောက်ရှိသော ဓမ္မမိတ်ဆွေများထံလက် ဆောင်ပေးပို့ကြလေသည်။ အဆိုပါဇာတ်ကားနှစ်ကားစလုံးကို ဗုဒ္ဓဘာသာဝင်များသာမက ဗုဒ္ဓဘာသာဝင်မဟုတ်သောပုဂ္ဂိုလ်များပင် ကြည့်ရှုကြသည်ကိုတွေ့ရသည်။ ဤဇာတ်ကား၂ကားကိုကြည့်၍ ကျနော်သည်ဆွမ်းလှူရသောအကျိုးနှင့် စင်ကြယ်မွန်မြတ်သောသဒ္ဓါတ ရား၊ ငါးပါးသီလစောင့်ထိန်းပါက ရရှိလာမည့်အကျိုးကျေးဇူးကိုကောင်းစွာသိရှိနားလည်ခဲ့ရသည်။
ဆရာကြီးဦးသုခသည် “ရဟန်းစားသောဆွမ်းတစ်နပ်”ကို ရှေးဦးစွာ၁၉၆၆ခုနှစ်၊ အောက်တိုဘာလထုတ်မြဝတီမဂ္ဂဇင်း၌ ဆောင်းပါးအဖြစ်စ တင်ဖော်ပြခဲ့သည်။ ထို့နောက်မပျောက်ပျက်ရလေအောင်“ရာမခရှစ်ရှနပုံပြင်များစာအုပ်”တွင်နောက်ဆက်တွဲအဖြစ်ဖော်ပြခဲ့ပေသည်။ မြဝ တီမဂ္ဂဇင်း၌ဖော်ပြထားသော ဆရာကြီးဆောင်းပါးလေးကို ယခုတိုင်ကျွန်တော်မဂ္ဂဇင်းမှဖြုတ်၍ အမြတ်တနိုးသိမ်းဆည်းထားမိသည်။
ဆရာဦးသုခသည်တပါးသီလကို လက်ပံတန်းသခင်ကြီးမြင့်ရေးဖွဲ့၍ မြန်မာ့အသံမှစီစဉ်ထုတ်လွှင့်ခဲ့သော ရေဒီယို၊ အသံလွှင့်၊ ဇာတ်လမ်း ကိုအခြေခံ၍ ဇာတ်ညွှန်းပြန်ရေးကာရိုက်ကူးခဲ့ခြင်းဖြစ်သည်။ တစ်ပါးသီလဆိုသည်မှာ ဝိသုဒ္ဓိခုနှစ်ပါးအနက်အခြေခံကာ သီလဝိသုဒ္ဓိကိုသ ရုပ်ဖော်ထားခြင်းဖြစ်သည်။ လွန်စွာလေးနက်သော အတွေးအခေါ်တစ်ရပ်ကို ဆရာ့ပညာဖြင့်ရှင်းလင်းသိမ်မွေ့သွားအောင်ဖန်တီးရိုက်ကူး ပြထားသည်။
မူလက“ရဟန်းစားသောဆွမ်းတစ်နပ်”ဆောင်းပါးကိုရုပ်ရှင်ဇာတ်ကားအဖြစ်ရိုက်ကူးလျှင် ငြီးငွေ့ဖွယ်ဖြစ်နေလိမ့်မည်ဟု အစကကျနော်ထင် မြင်မိသည်။ သို့ရာတွင်ဇာတ်ကားပေါ်ထွက်လာသောအခါ ကျွန်တော်ထင်မြင်ချက်တို့တက်တက်စင်လွဲမှားသွားခဲ့ရသည်။ ဆရာကြီးသည် မူလဆောင်းပါးကိုဇာတ်ညွှန်းပညာဖြင့်ကျွင်းကျင်စွာရေးဖွဲ့၍ အံ့ချီးဖွယ်အနုပညာစွမ်းပကားဖြင့် မှတ်သားဖွယ်စိတ်ဝင်စားဖွယ်ကောင်း အောင် တသသစွဲမက်နေအောင်စီစဉ်ရိုက်ကူးသွားခဲ့သည်။
ဤသည်နှင့်ပတ်သက်၍ ဆရာကြီးက-“အဲ့ဒါဇာတ်ညွှန်းဆရာပဲကွ၊ ဇာတ်ညွှန်းဆိုတာဝထ္ထုအထဲမှာပါတာကို ဖြုတ်တန်ကာဖြုတ်ပစ်ရတယ်။ မပါတာကိုလည်း ဖြည့်စွက်ထည့်သင့်ကထည့်ရတယ်။ ဝတ္ထုအထဲကစကားပြောတွေ၊ နောက်ခံတွေ၊ ဇာတ်ဆောင်လှုပ်ရှားမှုတွေကို တစ် သဝေမတိမ်းပြန်ရေးထားရင် အဲဒါဇာတ်ညွှန်းကောင်းမဟုတ်ဘူး။ ဒါကြောင့်ဝတ္ထုရဲ့ဇာတ်လမ်းဦးတည်ချက် အရသာမပျက်ရင်တော်ပြီ။ ဇာတ်ညွန်းပညာအရရုပ်ရှင်ပညာနဲ့ရိုက်လို့ရအောင် ပီပီပြင်ပြင်ရေးဖွဲ့တတ်ဖို့လိုတယ်”။
“ပြောရရင်တော့အရှည်ကြီးပေါ့ကွာ။ ဝတ္ထုရဲ့အမြုတေရတနာကို ထုတ်ဖော်ပြီးပြနိုင်တာဟာဇာတ်ညွှန်းပဲ။ မလိုအပ်တဲ့ခဲရာခဲဆစ်တွေကို ကျော်လွှားနိုင်တာဟာလည်းဇာတ်ညွှန်းပဲ။ ဝတ္ထုရဲ့အရသာ သရုပ်ဆောင်သူတွေရဲ့အရသာကို တင်းပြည့်ကျပ်ပြည့်ချဲ့ထွင်ပေးနိုင်တာ လည်းဇာတ်ညွှန်းပဲ။ ကုန်ကုန်ပြောရရင်ရုပ်ရှင်ဇာတ်ကားတစ်ကား ကောင်းမကောင်းဆိုတာဇာတ်ညွှန်းအပေါ်မှာလုံးဝမှီတည်နေတယ်လို့ ဆရာထင်တယ်”။ အဲဇာတ်ညွှန်းကောင်းကောင်းရေးဖွဲ့ဖို့ဆိုတာလည်း ရုပ်ရှင်ပညာကိုလည်းသုံးပုံနှစ်ပုံလောက်တတ်သိနားလည်ဖို့လိုတယ် ကွဟု ဇာတ်ညွှန်းပညာရပ်နှင့်ပတ်သက်၍ရှင်းလင်းပြောပြသည်။”
ဒါနဲ့ဆရာသုခ“ဇာတ်ညွှန်းဆု”ချီးမြှင့်ဖို့စီစဉ်နေတယ်ဆိုတာဟုတ်ပါသလား။ ကျွန်တော်၁၆-၁-၉၄ကြေးမုံထုတ်သတင်းစာမှာလည်း မြေနီသ စ္စာရဲ့သုခဇာတ်ညွှန်းဆုဆောင်းပါးတစ်ပုဒ်ဖတ်လိုက်ရတယ်။
“အိမ်းဟုတ်တယ်ကွ။ ဒါနဲ့ပတ်သက်လို့ဆရာနည်းနည်းရှင်းပြချင်တယ်။”
“ဟုတ်ကဲ့အမိန့်ရှိပါဆရာကြီး။”
“ဆရာမြန်မာရုပ်ရှင်ဇာတ်ညွှန်းပညာကို ဖွံ့ဖြိုးတိုးတက်မြင့်မားစေတဲ့ စေတနာဆန္ဒပြုလိုက်တာပါ။ စာပေဗိမာန်စာမူပြိုင်ပွဲလိုပေါ့ကွာ။ ပထမ ဆုံးဇာတ်ညွှန်းရွေးချယ်ရေးကော်မတီတစ်ခုဖွဲ့ရမယ်။ အဲ့ဒီကော်မတီမှာဆရာမပါဘဲ စာပေနဲ့စာနယ်ဇင်းပုဂ္ဂိုလ်တွေ၊ ရုပ်ရှင်အစည်းအရုံး ပုဂ္ဂိုလ်တွေ၊ မြန်မာစာပေအဖွဲ့ကပုဂ္ဂိုလ်တွေ၊ ဗွီဒီယိုအခြေခံအဖွဲ့မှပုဂ္ဂိုလ်တွေ၊ ရုပ်ရှင်မြှင့်တင်ရေးမှပုဂ္ဂိုလ်တွေ၊ ဇာတ်ညွှန်း ဇာတ်လမ်းစိစစ် ရေးမှပုဂ္ဂိုလ်တွေပါဝင်ရမှာဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ကနေလူသိများထင်ရှားတဲ့ဝထ္ထု၊ ပြီးတော့ဇာတ်ညွှန်းရေးဖွဲ့လို့ကောင်းတဲ့ဝထ္ထုကို ရွေးချယ် သတ်မှတ်ပေးရပါ့မယ်။ ရွေးချယ်ထားတဲ့အဲ့ဒီဝထ္ထုကိုမှ ဇတ်ညွှန်းရေးဖွဲ့ဖို့ဖိတ်ခေါ်ပြီး ယှဉ်ပြိုင်စေရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်ဝင်ရောက် ယှဉ်ပြိုင်လာတဲ့ဇာတ်ညွှန်းတွေအားလုံးကို ဆုရွေးချယ်ရေးအဖွဲ့က မူရင်းဝထ္ထုနဲ့ချိန်းထိုးစိစစ်ရွေးချယ်ပြီး ဆုချီးမြှင့်ပေးရမှာဖြစ်ပါတယ်။ ဆု အမျိုးအစားပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုခွဲခြားသတ်မှတ်ချင်ရင်လည်သတ်မှတ်ပေါ့ကွာ။”
ဆရာကြီးဦးသုခသည်စင်စစ်စာပေလောကမှ ရုပ်ရှင်လောကသို့ကူးပြောင်းလာသူဖြစ်သည်။ ဤနေရာ၌ဆရာအကြောင်းကိုအနည်းငယ် ရှင်းပြလိုပေသည်။ ဆရာကြီးဦးသုခသည်ကျိုက်လတ်ဇာတိဖြစ်သည်။ ၁၉၁ဝပြည့်နှစ်၊ ဇန်နဝါရီလ၁၄ရက်(မြန်မာသက္ကရာဇ် ၁၂၇၁ခုနှစ်၊ တပို့တွဲလဆန်း၅ရက်)သောကြာနေ့နံနက်၇နာရီ၃ဝမိနစ်တွင်ဖွားမြင်ခဲ့သည်။ ဆရာကြီးမိဘများမှာရွာသူကြီးဦးစံခိုင်နှင့်ဒေါ်မှင်ဖြစ်ပြီးသား သမီး၄ ယောက်အနက်သားကြီးသြရသဖြစ်သည်။ ဆရာကြီး၏အမည်အရင်းမှာဦးသိန်းမောင်ဖြစ်သည်။ ငယ်စဉ်ကကျိုက်လတ်မြို့ရှိ အမျိုးသားအလယ်တန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ ဆရာကြီးသည်ကျောင်းသားဘဝကပင် ကျောင်းကပွဲများ ၌သရုပ်ဆောင်၊ ညွှန်ကြားသူအဖြစ်ပါဝင်ကာ အနုပညာဗီဇကိုပြခဲ့သည်။ ထို့နောက်ဖျာပုံမြို့အထက်တန်းကျောင်းသို့ပြောင်းရွှေ့ သင်ကြားသည်။ သို့သော်ကျောင်းသားဘဝကပင် စာရေးဆရာဖြစ်လိုသဖြင့် ပညာဆက်လက်မသင်ကြားတော့ပဲ ၉တန်းအထိ သာပညာဆည်းပူးပြီးနောက် ကျောင်းမှထွက်လိုက်တော့သည်။ ဆရာကြီးသည်မိမိထက်တော်သူ၊ တတ်သူအားလုံးကို ဆရာတင်၍တပည့်ခံသည်။ ဘုရားကိုးဆူဆရာနောက်သို့နှစ်ပေါင်းများစွာလိုက်၍နည်းခံခဲ့ရာ အဟောအပြောပညာတို့ကိုရရှိခဲ့သည် ဟု ဆိုသည်။
ထို့နောက်စာပေများကိုတစိုက်စိုက်မတ်မတ်လေ့လာကာ ကဝိမျက်မှန်မဂ္ဂဇင်းတွင် “စံပယ်ပွင့်”ဝတ္ထုကို စတင်ပုံနှိပ်ဖော်ပြခြင်းခံရချိန်မှစတင် ၍ စာပေလောကသို့ခြေစုံပစ်ဝင်ရောက်တော့သည်။ စံပယ်ပွင့်ဝတ္ထုကိုစတင်ပုံနှိပ်ဖော်ပြခံရစဉ်က ဆရာ့အသက်သည်၁၉နှစ်သာရှိသေး သည်။ ထိုစဉ်ကသုခအမည်ကိုမခံယူသး။ “စိန်သိန်းတန်”ကလောင်အမည်ဖြင့်သာရေးဖွဲ့လျက်ရှိသည်။ ထို့နောက်ရွှင်ပျော်ပျော်မဂ္ဂဇင်းတွင် “မိုက်မိတယ်”ဝထ္ထုတိုမှစ၍ “သုခ”ကလောင် အမည်ဖြင့် စတင်သုံးစွဲခဲ့သည်။
“ဆရာသုခကလောင်အမည်ကိုယူခဲ့တာကတော့ ရွှင်ပျော်ပျော်မဂ္ဂဇင်းမှာဝထ္ထုတို၊ ဆောင်းပါးတွေရေးနေတုန်း ရွှင်ပျော်ပျော်(ပျော်ပျော်ရွှင် ရွှင်)ဖြစ်ဖို့ကသုခရှိမှဖြစ်မယ်။ သုခရှိမှလည်းရွှင်ပျော်ပျော်(ပျော်ပျော်ရွှင်ရွှင်)ဖြစ်နိုင်မယ်ဆိုပြီး ဗျူပ္ပတ်သဘောနဲ့ယူခဲ့တာပါ”ဟု သုခက လောင်အမည်မှည့်ခဲ့ပုံနှင့်ပတ်သက်၍ ပြောပြသည်။
ဆရာကြီးသည် မိမိ၏စာပေအရေးအသားများကို ၁၉၂ဝပြည့်နှစ်ကပင် လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့သော ဆရာကြီးပီမိုးနင်း၊ ဆရာဇေ ယျ၊ ဆရာမြမျိုးလွင်နှင့်ဆရာဉာဏတို့၏ ရေးနည်းရေးဟန်များကိုအတုယူခဲ့သည်ဟုဆိုသည်။
“ဆရာပီမိုးနင်းဟာဝါကျတိုတိုနဲ့လိုရင်းကိုပွင့်ပွင့်လင်းလင်းရေးတယ်ကွယ့်။ လူ့ဘဝ လူ့စရိုက်ကိုမဖုံးမကွယ်ဖော်ပြတတ်တယ်။ ဇာတ်လိုက် ဆိုလို့အပြစ်ကင်းစင်တဲ့သူတော်ကောင်းဖြစ်ချင်မှဖြစ်မယ်။ လူဟာလူပဲဖြစ်တာမို့ သူတောင်းစားဟာသူဌေးသမီးထက် စိတ်ကောင်းချင် ကောင်းမယ်။ ဒါမှမဟုတ်သူဌေးသမီးလိုသူလည်းဖောက်ပြန်ချင်ဖောက်ပြန်မယ်။ သူ့ဇာတ်လမ်းကိုပျော်ရွှင်စွာမင်္ဂလာရှိရှိနဲ့ အဆုံးသတ်ချင် မှသတ်မယ်။ ဒါကြောင့်ဆရာပီမိုးနင်းရဲ့နည်းကိုဆရာမှီးတဲ့အခါ မှီးခဲ့ပါတယ်။”
ဆရာဇေယျကတစ်မျိုးတစ်ဘာသာကွယ့်။ ဆီဆိုင်တဲ့ဇာတ်ကွက်မှာ သီချင်းနဲ့ကဗျာကိုကာရန်တည့်အောင်ထည့်သွင်းတတ်တယ်။ ဆရာ ဇေယျရေးခဲ့တာမြတ်လေးရွှေဓါးဗိုလ်တို့ ပေဖူးလွှာ တွေကိုမောင်ရင်ဖတ်ဖူးတယ်မဟုတ်လား။ အဲ့ဒီဝထ္ထုတွေမှာ သီချင်းကဗျာနဲ့သာ ဇာတ်ကွက်ကိုဖော်ပြသွားပါတယ်။ ဆရာကိုယ်တိုင်လည်း သီချင်းကဗျာကိုဝါသနာပါတာမို့ ဆရာဇေယျနည်းကိုအတုယူခဲ့ပါတယ်။
ဆရာမြမျိုးလွင်ကျတော့ အရပ်သုံးစကားလုံးပေါကြွယ်ဝလှပါတယ်။ ကတ်သီးကတ်သပ်ဥပမာ ဥပမေယျလေးတွေနဲ့ခနဲ့တတ်တယ်။ တစ်ခါ တရံတစ်ယောက်တည်းက စကားပြောတွေနဲ့ခနဲ့တတ်တယ်။ အချို့ဝထ္ထုတွေမှာဆိုရင် တစ်ယောက်တည်းကစကားပြောနဲ့ ဇာတ်ကွက်ကို ဖော်သွားတာဟာ စာမျက်နှာလေးငါးမျက်နှာအထိရှည်လျားနေပေမယ့် မခြောက်သွေ့အောင်ဝိဘတ်အမျိုးမျိုးနဲ့ တန်ဆာဆင်သွားတာကို ဖတ်ရပါတယ်။ ဒါကြောင့်ဆရာမြမျိုးလွင်ကို “စကားလုံးဘုရင်”လို့တောင်ဆရာခေါ်ချင်တယ်။’
“ဆရာဉာဏကတော့တစ်မျိုးကွယ့်။ စကားလုံးကိုလည်းဂရုမစိုက်၊ သီချင်းကဗျာကိုလည်းအရေးမထား၊ သဘာဝကိုလည်းအမွှန်းမတင်၊သူ မြင်တဲ့လောကရဲ့ထိုးလို့တန်းလန်းတွေကို အရွဲ့တိုက်ပြချင် သရော်ချင်တယ်။ သူ့အရေးအသားအတွေးအခေါ်တွေက သတ္ထုကိုသတင်းစာ ဆန်ဆန်သူပြောချင်တာကိုပြောပြတာပဲ နောက်ဆရာဉာဏရဲ့ထူးခြားမှုက သူတစ်ပါးသတိမမူမိတဲ့လောကမှာ နေ့စဉ်ဖြစ်ပျက်နေတဲ့အ ကြောင်းအရာလေးတွေ၊ အခြားသူတွေအတွက် ဘာမှမဟုတ်အရေးမကြီးတဲ့ အဖြစ်အပျက်ကလေးတွေကို ကတ်ကတ်သတ်သတ်ပေါက် ပေါက်ရှာရှာမြင်တတ်ပြီး အဲ့ဒီအချက်တွေကိုပုံကြီးချဲ့ပြီး လူ့လောကကြေးမုံပြင်မှာ ထူးအောင်ဆန်းအောင်ရေးဖွဲ့နိုင်စွမ်းတယ်။ သူ့ဝတ္ထုတွေ ကြောင့်ဆရာ့မှာသင်ခန်းစာရလိုက်တယ်။ ဝတ္ထုဆိုတာဖေတော့ မောင်တော့ အပျော်အပါးအလွမ်းအဆွေး၌သာ နစ်မွန်းနေစေရမှာမဟုတ် ဘူး။ ခေတ်ကိုမျက်စိမပြတ်လေ့လာပြီး အမှားကိုမြင်နိုင်စွမ်းရှိရမယ်ဆိုတာတွေကိုရခဲ့ပါတယ်”ဟု ပြန်ပြောင်းပြောပြသည်။ ဤနည်းအား ဖြင့်ဆရာကြီးသည် ဝတ္ထုပေါင်း၂ဝဝကျော်ကိုရေးသားခဲ့သည်။
ဆရာကြီးဦးသုခသည် မြန်မာစာပေနှင့်အင်္ဂလိပ်စာပေနှစ်ရပ်လုံးကို ကောင်းစွာကျွမ်းကျင်သူဖြစ်သည်။ ဆရာကြီးသည်ဂျပန်၊ အနောက်ဂျာ မနီ၊ ချက်ကိုစလိုဗက်ကီးယား၊ ရုရှား၊ မြောက်ကိုးရီးယား၊ စင်္ကာပူ၊ ဖိလစ်ပိုင်နိုင်ငံများသို့သွားရောက်လေ့လာဖူးသည်။ ဂျပန်နိုင်ငံသို့ငါးကြိမ် တိုင်တိုင်သွားရောက်လေ့လာခဲ့ဖူးသည်။ မြန်မာစာပေနှင့်ပတ်သက်၍ ပျို့၊ လင်္ကာ၊ ဧချင်း၊ ရတု၊ ရကန်၊ ဇာတ်၊ ဝထ္ထု၊ ရာဇဝင်တို့ကိုလေ့ လာသည်။ မြန်မာသဒ္ဒါ၊ သဂြိုလ်တို့ကိုလည်း လေ့လာလိုက်စားသည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာဆိုင်ရာကျမ်းများ၊ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းများကိုခြေခြေမြစ်မြစ်လေ့လာသလို ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ အဘိဓာန်ကျမ်း၊ ဆန်းကျမ်းစသည့် လောကီဗဟုသု တ စာပေအစုစုတို့လည်း နှံ့နှံ့စပ်စပ်လေ့လာခဲ့သည်။
ထို့ကြောင့်ဆရာကြီးဦးသုခမြန်မာစာပေနှင့်ပတ်သက်၍ မည်မျှလေ့လာလိုက်စားခဲ့သည်ကို ၁၉၇ဝပြည့်နှစ်ကထုတ်ဝေခဲ့သော ကျမ်းပေါင်း ၃ဝဝ နီးပါးမှကောက်နှုတ်ရေးသားဖော်ပြထားသည့် သုခမှတ်စုစာအုပ်သည်သက်သေခံလျက်ရှိသည်။ အဆိုပါစာအုပ်သည် စာပေသမား များအတွက်သာမဟုတ်ဘဲ ယဉ်ကျေးမှုသမားများ၊ ဘာသာရေးလိုက်စားသူပုဂ္ဂိုလ်များ၊ ဆေးဆရာများ၊ ဗဟုသုတလိုလားသည့်ကျောင်းသား ကျောင်းသူများအတွက် ထာဝရလက်စွဲပြုထားရမည့် စာအုပ်ဖြစ်ပေသည်။ ထို့နောက်ဆရာကြီး သည်လူထုကိုဗဟုသုတပေးရာ၌ ရုပ်ရှင်ကပို၍အစွမ်းထက်သည်ဟုယူဆခဲ့သည်။ ဤသို့ဖြင့်စာရေးခြင်းထက် ရုပ်ရှင်ရိုက်ကူးခြင်း၌ အာရုံစိုက်လာသည်။
ရုပ်ရှင်လောကသို့ ပထမဆုံးဇာတ်ညွှန်းရေးဆရာဘဝဖြင့်ဝင်ရောက်ခဲ့သည်။ ဇာတ်ညွှန်းပညာကိုမူဆရာကြီးသည် သူ၏ဆရာရင်းဖြစ်သူ အေဝမ်းဦးတင်မောင်ထံတွင် လေ့လာဆည်းပူးခဲ့သည်။ ၁၉၃၈ခုနှစ်တွင် သူ၏ပွဲဦးထွက်ဇာတ်ညွှန်းဖြစ်သည့် “ချစ်အမျှ”ကိုအေဝမ်းဦးတင် မောင်ကပင်ရိုက်ကူးခဲ့သည်။ ဆရာကြီးသည်စုစုပေါင်းဇာတ်ညွှန်း ၁၅ပုဒ်ခန့်ရေးသားခဲ့သည် ဟုဆိုသည်။
သို့သော်ဆရာကြီးသည့် ရုပ်ရှင်လောကသို့မရောက်မီကပင် ပြဇာတ်လောက၊ ဇာတ်သဘင်လောကတို့၌ ၁၉၄၄ခုနှစ်မှစ၍ စစ်ပြီးကာလအ စောပိုင်းနှစ်များကာလအထိ ကျင်လည်ကျက်စားခဲ့သည်။ ဆရာပါဝင်ကပြခဲ့သော ပြဇာတ်အားလုံးလိုလိုပင် သမိုင်းဝင်ရာဇဝင်ဇာတ်တော် များဖြစ်သည်။ ပြဇာတ်ညွှွန်းများကိုလည်းဆရာကိုယ်တိုင်ရေးသားခဲ့သည်။ ပြဇာတ်တိုင်းလိုလိုပင် ဗုဒ္ဓဘာသာနှင့်မြန်မာ့ယဉ်ကျေးမှုကိုအ လေးပေးဖော်ပြထားသည်။
“ဆရာရုပ်ရှင်လောကသို့ မရောက်မီကပင် ပြဇာတ်မင်းသား၊ ပြဇာတ်ဒါရိုက်တာ၊ ဇာတ်မင်းသား၊ လူကြမ်း၊ လူရွှင်တော်အစုံလုပ်ခဲ့ဖူးပါ တယ်။ ပြီးတော့မဟာဂီတသီချင်းကြီး အပိုဒ်၁၀၀လောက် တစ်ချိန်ကရခဲ့တယ်ဆိုရင် ယုံချင်မှယုံကြလိမ့်မယ်။ အဲ့ဒီတော့ဆရာအနေနဲ့ ဘယ်လောက်အရှက်နည်းသလည်းဆိုတာကို မောင်ရင်စဉ်းစားကြည့်ပေတော့ကွာ။ နို့ပေမယ့်အဲ့ဒီအတွေ့အကြုံအားလုံးဟာ ရုပ်ရှင်ဘက် မှာ အတော်ကလေးကိုအထောက်အပံ့ရခဲ့တယ်။”
ထို့နောက်ဆရာကြီးဦးသုခသည် ပထမဆုံးရုပ်ရှင်မင်းသားအဖြစ် “ချစ်မုန်းမာန်”ဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဆရာကြီးသရုပ် ဆောင်ခဲ့သည့်ဇာတ်ကားများအနက် “ဘဝသံသရာ”ဇာတ်ကားကိုအတော်လူကြိုက်များခဲ့သည်။ ထိုဇာတ်ကားသည်ဆရာကြီးအနေဖြင့် နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့သောဇာတ်ကားဖြစ်သည်။
ဆရကြီးကိုယ်တိုင်ရိုက်ကူးခဲ့သော ပထမဆုံးအသံတိတ်ရုပ်ရှင်ဇာတ်ကားတစ်ကား“အချစ်အဏုမြူ”ဖြစ်သည်။ ၎င်းဇာတ်ကားကို၁၉၄၈ခုနှစ် ကပင်ရိုက်ကူးခဲ့ပြီး တက္ကသိုလ်မျိုးချစ်၊ ခင်အုံးမြင့်တို့ကပါဝင်သရုပ်ဆောင်ခဲ့ကြသည်။ ထို့နောက်တစ်ချိန်ကအထူးအောင်မြင်ခဲ့သောပြ ဇာတ်ကို “သြော်မိန်းမ”အမည်ဖြင့်၁၉၅၄ခုနှစ်တွင် ရိုက်ကူးခဲ့ရာအထူးလူကြိုက်များခဲ့သည်။ အဆိုပါဇာတ်ကား၌ဆရာကြီးသည် ရုပ်ရှင်ဒါ ရိုက်အကယ်ဒမီဆုကို ပထမဆုံးအကြိမ်ရရှိခဲ့သည်။ ယင်းနောက်၁၉၅၆ခုနှစ်တွင်ရိုက်ကူးခဲ့သော “ဘဝသံသရာ”၊ ၁၉၆၈ခုနှစ်တွင်ရိုက်ကူး ခဲ့သော “စကားပြောသောအသည်းနှလုံး”၊ ၁၉၇၀ပြည့်နှစ်ကရိုက်ကူးခဲ့သော “ကျွန်မမှာမိန်းမသား”၊ ၁၉၇၃ခုနှစ်ကရိုက်ကူးခဲ့သော “ဘယ် သူပြိုင်လို့လှပါတော့နိုင်”၊ ၁၉၇၅ခုနှစ်ကရိုက်ကူးခဲ့သော “ရွှေချည်ငွေချည်တန်းပါလို့” ဇာတ်ကားများတွင်ဒါရိုက်တာဆုများအသီးသီးရရှိခဲ့ သည်။ မြန်မာ့ရုပ်ရှင်သက်တမ်းတလျှောက်၌ ဒါရိုက်တာဆု၆ဆုရရှိသူဟူ၍ ဆရာကြီးတစ်ဦးတည်းသာရှိသည်။
ထို့ပြင်ဆရာကြီးသည် “ချစ်သွေးသစ္စာ”ဇာတ်ကားအတွက် ရုပ်ရှင်ဝါသနာအိုးများအဖွဲ့ချီးမြှင့်ခဲ့သော သူရဿတီကြေးရုပ်ရှပ်ထုကို ဆရာ ကြီးအပြင် ရုပ်ရှင်မင်းသားကြီးမောင်တင်နှင့်ဒေါ်မေသစ်တို့လည်းရရှိကြသည်။ ဆရာကြီးရိုက်ကူးခဲ့သော “သြော်မိန်းမ၊ ဘဝသံသရာ၊ စ ကားပြောသောအသည်းနှလုံး၊ ဘယ်သူပြိုင်လှပါတော့နိုင်၊ ရွှေခြည်ငွေခြည်တန်းပါလို့”စသည့်ဇာတ်ကားများသည်လည်း ရုပ်ရှင်ဇာတ်ကား ဆုအသီးသီးရရှိခဲ့သည်။
ထိုမျှသာမကသေး ဆရာကြီး၏ပြောင်မြောင်လှသော ညွှန်ကြားမှုအောက်မှအောက်ပါသရုပ်ဆောင်များကိုလည်း အကယ်ဒီမီရွှေစင်ရုပ်တု များဆွတ်ခူးစေခဲ့သည်။ “ဘဝသံသရာ”ဇာတ်ကားတွင်အကောင်းဆုံးသရုပ်ဆောင်မှုအတွက် ဇေယျ၊ “ကျွန်မမိန်းမသား”ဇာတ်ကားတွင်အ ကောင်းဆုံးသရုပ်ဆောင်မှုအတွက် တင်တင်နွဲ့၊ “ရွှေခြည်ငွေခြည်တန်းပါလို့”ဇာတ်ကားတွင် အကောင်းဆုံးသရုပ်ဆောင်မှုအတွက် ခင်ယု မေ၊ ယင်းဇာတ်ကား၌ပင်အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုအဖြစ် ဒေါ်မေနွဲ့၊ “စကားပြောသောအသဲနှလုံး”ဇာတ်ကားတွင် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုအဖြစ်ဦသိန်းမောင်၊ “ဘယ်သူပြိုင်လို့လှပါတော့နိုင်”ဇာတ်ကားတွင် အကောင်းဆုံးဇာတ်ပို့ဆုအဖြစ်အံကျော်၊ “အကာ ကအချစ် အနှစ်ကမေတ္တာ”ဇာတ်ကားတွင်အမျိုးသားဇာတ်ပို့ဆုအဖြစ်ကောလိပ်ဂျင်နေဝင်း၊ ကျော်ဟိန်း၊ ဒေါ်ခင်စိန်တို့ကအသီးသီးရရှိခဲ့ သည်။
ဆရာကြီးသည်ဤသို့ရုပ်ရှင်လောက၌ လျှမ်းလျှမ်းတောက်အောင်မြင်မှုရရှိခဲ့သော်လည်း ဆရာကြီး၏အနှစ်သက်ဆုံးအလုပ်ကား စာရေးခြင်း အလုပ်ပင်ဖြစ်သည်။ အထူးသဖြင့်ဆရာကြီးသည် ဇရာပိုင်းသို့ရောက်ရှိလာသောအခါ ဓမ္မရသကိုလူတိုင်း နက်နက်ရှိုင်းရှိုင်းသိစေချင်သော စေတနာကြောင့်ဓမ္မရသဆိုင်ရာ ကျမ်းစာအုပ်ပေါင်းများစွာ ရေးသားပြုစုခဲ့သည်။ ဆရာကြီးရေးသားပြုစုခဲ့သည့် ဓမ္မရသစာအုပ်များအနက် သုခမှတ်စု၊ ရာမာခရစ်ရှနာသုတ္တန်များ၊ မေတ္တာသုတ်၊ မင်္ဂလာသုတ်၊ ရတနာသုတ်၊ အကျော်ဒေးယျဗုဒ္ဓသမီးတော်များ၊ ဓမ္မရသအလှမျိုးစုံ စာမျိုးစုံ၊ ဓမ္မကထာစာပဒေသာ၊ စိတ်ဆိုသောစိတ်၊ လောကနီတိအဖွင့်၊ ပဉ္စနာဒီပနီ သုခ၏သုခ စာအုပ်များသည်အကြိမ်ကြိမ်ရိုက်နှိပ်ခဲ့ရသည်။
သို့ကလိုဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နေသောကြောင့် ဆရာကြီးအား၁၉၄၄ခုနှစ်တွင် နိုင်ငံ တော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်ကိုပေးအပ်ချီးမြှင့်ခဲ့သည်။ ဆရာကြီးသည်ဤသို့ဓမ္မရသ စာပေများ ရေးသားပြုစုနေရသည်ကို အားရကျေနပ်မှုမရှိဘဲ မျက်စိအားနည်းနေသည့်ကြားမှပင် ဆက်လက်သာသနာပြုစိတ်ဓါတ်အပြည့် အဝဖြင့် “ရဟန်းစားသောဆွမ်းတစ်နပ်”ဇာတ်ကားကို ဆက်လက်၍ရိုက်ကူးခဲ့သည်။ အဆိုပါ“ရဟန်းစားသောဆွမ်းတစ်နပ်”ဗီဒီယိုဇာတ် ကား၌ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် မြတ်သစ်၊ အံ့ကျော်၊ ဇော်လင်း၊ ချိုပြုံး၊ လှဖေကြီး၊ ပလာတာတို့ပင်ပါဝင်သရုပ်ဆောင်ထားသည်။
“ဆရာကြီးဦးသုခ၏ရုပ်ရှင်အနုပညာများကိုမည်သူတွေက ဆည်းပူးနေသလည်း”ဟုကျွန်တော်ကမေးသောအခါ-
“ဟုတ်တိပတ်တိသင်မယ့်သူတယောက်မှမရှိပါဘူးမောင်ရာ၊ ခုခေတ်လူတွေဟာ ဆရာတို့ခေတ်လိုမဟုတ်တော့ဘူး။ ကိုယ်မသိတဲ့ပညာ ရပ်တခုကို ကိုယ့်ထက်တတ်သိနားလည်တဲ့သူတယောက်ဆီမှာ သွားရောက်လေ့လာဆည်းပူးရမှာကို ကျားမြီးဆွဲရမှာထက်လန့်ကြ ကြောက်ကြတယ်။ အဲ့ဒီတော့အဲ့ဒီလိုလူမျိုးတွေပညာမရတာဟာ ဘာဆန်းသလည်းမောင်ရာ။ အဲကြုံတုန်းပြောရအုံးမယ်။ ချီးကျူးစရာ ကောင်းတဲ့ပုဂ္ဂိုလ်တစ်ယောက်တော့ တလောကဆရာ့ဆီလာပြီး ဇာတ်ကောင်တကောင်ရဲ့စရိုက်ပီပြင်အောင် ဘယ်လိုရိုက်ရမလည်းဆိုပြီး ဆရာဆီနည်းလာခံတယ်။ ဆရာလည်းတတ်သိသလောက်တော့ သူ့ကိုရှင်းပြလိုက်ပါတယ်။ သူကတော့ဆရာ့တပည့်မဟုတ်ဘူး။ သူ လည်းအောင်မြင်နေတဲ့ဒါရိုက်တာတစ်ယောက်ပါပဲ။”
“ဘယ်သူလည်းဆရာ၊ ကျွန်တော်သိလို့မရဘူးလား။”
“မောင်ရင်သိမလားမသိဘူး။ နေထွက်သောညတို့၊ တစ်ခါကတစ်ဘဝတို့ဇာတ်ကားတွေမှာ အကယ်ဒမီသုံးထပ်ကွမ်းရထားတဲ့ လူငယ်ဒါ ရိုက်တာမောင်တင်ဦးဆိုသူပါပဲ။ သူ့ရဲ့ပညာလိုချင်တဲ့ဆန္ဒကိုဆရာလေးစားချီးကျူးမိပါတယ်ကွာ”
ဆရာကြီးသည်သားဖြစ်သူအလုပ်လုပ်ရာဂျပန်သို့ ခေတ္တသွားရောက်လည်ပတ်ခဲ့ရာမှ ဂျပန်လူမျိုးများမေလ၁၀ရက်နေ့တွင် နှစ်စဉ်ကျင်းပ လေ့ရှိသော “မိခင်နေ့(Mother Day)ပူဇော်ပွဲကို နှစ်ခြိုက်သဘောကျခဲ့သည်။ မြန်မာပြည်သို့ပြန်ရောက်ရာတွင် ဟောပြောပွဲများတွင်လည်း ကောင်း၊ စာပေရေးရာများတွင်လည်းကောင်း၊ မိခင်၏ကျေးဇူးဂုဏ်ကိုဖော်ကျူးရေးသားဟောပြောလျှက် နှစ်စဉ်ပြာသိုလပြည့်နေ့ကို “မိခင် နေ့”အဖြစ်သတ်မှတ်ပူဇော်နိုင်ရန် ကြိုးပမ်းလှုံ့ဆော်ခဲ့သည်။ ဆရာကြီးဆန္ဒမှာအမေတစ်ဦးတယောက်၏မွေးနေ့မဟုတ်၊ ပုဂ္ဂလိကဓိဋ္ဌာန် တစ်ဦးတစ်ယောက်၏မိခင်တစ်ဦးဦးကိုသာပူဇော်ခြင်းမျိုးမဟုတ်။ အသိအမှတ်ပြုခြင်းမျိုးမဟုတ်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသ နိုင်ငံမရွေး၊ သားတို့သမီးတို့၏မိခင်တစ်ဦးစီကို သားသမီးအသီးသီးက ပူဇော်ကန်တော့ခြင်းမျိုးဖြစ်စေလိုခဲ့သည်။ ထို့အပြင်အမေဟူရာ၌ ဥစ္စဓနပေါများခြင်း၊ ဆင်းရဲခြင်း၊ ဂုဏ်ရှိခြင်း၊ ဂုဏ်မဲ့ခြင်း၊ အမျိုးမြတ်ခြင်း၊ အမျိုးနှိမ့်ခြင်း၊ ပညာရှိခြင်း၊ ပညာမဲ့ခြင်း၊ ရုပ်ရည်တင့်တယ်ခြင်း၊ မ တင့်တယ်ခြင်း၊ ကိုယ်ကျင့်တရားပြည့်ဝခြင်း၊ ကိုယ်ကျင့်တရားချို့ငဲ့ခြင်း၊ ကျန်းမာခြင်း၊ မကျန်းမာခြင်း၊ မိခင်တို့၏ဝတ္တရားကျေပွန်ခြင်း၊ မိ ခင်တို့၏ဝတ္တရားပျက်ကွက်ခြင်း စသည်တို့ကိုပဓာနမထား“အမေသည်အမေသာဖြစ်သည်”ဟူသောယုံကြည်ခြင်းမျိုးဖြစ်စေလိုခဲ့ပေသည်။
ဆရာကြီးဦးသုခသည် ဗုဒ္ဓကလျာဏယုဝအသင်း(ဝိုင်အမ်ဘီအေ)၏နာယက၊ စေတီယင်္ဂဏအသင်းနာယက၊ တိပိဋကဋိကာယ သာသနာ ပြုဥပဌာပကအဖွဲ့၏ ဂုဏ်ထူးဆောင်နာယကတာဝန်များဆောင်ရွက်ခဲ့သည်။ တိ-နိစာအုပ်အနုပညာမော်ကွန်းအဖွဲ့၏နာယကအဖြစ်လည်း ကောင်း၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏နာယကအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့သည်။
၂၀၀၁ခုနှစ်၊ အောက်တိုဘာလ၂၆ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ အပ်နှင်းခြင်းခံခဲ့ရသည်။ ဆရာကြီးဦးသု ခသည် ၂၀၀၅ခုနှစ်၊ ဒီဇင်ဘာလ၇ရက်နေ့၊ ဗုဒ္ဓဟူးနေ့နံနက်၁၁နာရီတွင် အမှတ်(၂)တပ်မတော်ဆေးရုံကြီး၌ကွယ်လွန်ခဲ့သည်။ ကွယ်လွန် စဉ်ကဆရာကြီးသည်အသက်၉၆နှစ်ရှိပြီဖြစ်သည်။ ကွယ်လွန်ချိန်၌ဇနီးဒေါ်ကျင်မေ၊ သားသမီး၄ယောက်၊ မြေး၁၈ယောက်ကျန်ရစ်ခဲ့သည်။
မည်သို့ဆိုစေဗုဒ္ဓသာသနာတော်ပြန့်ပွားထွန်းကားရေးစိတ်ဓါတ်အပြည့်အဝဖြင့် ဓမ္မရသစာပေများကိုလည်းကောင်း၊ ဓမ္မရသဗီဒီယိုဇာတ် ကားများကိုလည်းကောင်း၊ စဉ်ဆက်မပြတ်ထုတ်လုပ်ရန်ကြိုးပမ်းဆောင်ရွက်ခဲ့သော ဆရာကြီး၏အနုပညာစွမ်းဆောင်ချက်များသည် နှစ် ပေါင်းများစွာနိုင်ငံနှင့်ပြည်သူတို့၏ အကျိုးသက်မှုများကို ကျေနပ်ဝမ်းမြောက်ပီတိဖြစ်နေလိမ့်မည်ဟု ထင်မြင်မိခဲ့ပါသည်။
သို့သော်……ဆရာကြီးဦးသုခသည် ၂ဝဝ၅ခု ဒီဇင်ဘာလ ၇ ရက်နေ့တွင်ကွယ်လွန်သွားခဲ့သော ကြောင့် နှမြောတသဝမ်းနည်းနေမိပါ တော့သည်။