မှတ်ဖွယ် မှတ်ရာ
စာပဒေသာ ( ၅၂ )

“ Secrets of the Great Wall: Ancient China from Above “
Youtube Video by National Geographic
အာကာသနဲ့ကောင်းကင်ပြင်ကနေ မြင်ရ၊ရှာဖွေတွေ့ရှိခဲ့ကြတဲ့
တရုတ်ပြည် မှ ဧရာမ ၊ မဟာ ရံ တံတိုင်းကြီး ၏ လျှို့ ဝှက် ချက်များ ။
သမိုင်းကို အလေးထားတန်ဘိုးထားတဲ့
တရုတ်နိုင်ငံ။
ကမ္ဘာပေါ်မှာ အာကာသဂြိုဘ် တုကနေ မြင်ရတဲ့
ကမ္ဘာကျော် တရုတ် အုတ်တံတိုင်းကြီးနဲ့
ခေတ်သစ် ဒရုန်း ဝေဟင်ပျံ အဝေးထိန်း စက် လေယာဉ်တွေက မြင်ရတဲ့ အသေးစိတ် ပုံ ရိပ်များ ။
The Great Wall of China

တရုတ် ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့အတူ
နိုင်ငံတကာပညာရှင်တွေက
ခေတ်မီနည်းတွေ ဂြိုလ်တုပံုတွေ ဒရုန်း ယာဉ်တွေ ၊
ေရှးဟောင်းသုတေသန နည်းပညာ အသစ်တွေသံုးပြီး
သမိုင်းကို ဆက် လေ့ လာနေ ကြတယ် ။

ရှေး ကမသိခဲ့ တာတွေဆက်တွေ့ ခဲ့ကြတယ် ။
နောက်ခံ သမိုင်း ၊ လျှို့ဝှက်ချက်တွေ များစွာ သွားတွေ့တယ် ။


လက်ရှိ အထင်ကရ မဟာ အုတ်တံတိုင်းကြီးက
မင် မင်းဆက် လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ မတိုင်ခင် သက္ကရာဇ် ၁၅၀၀ ပတ်ဝန်းကျင်က ဆောက်ခဲ့တယ်။

ကျွန်တော်ကိုယ် တိုင် တရုတ်ပြည် ပီကင်းမြို့ကို တစ်ပတ်ခန့် အစည်းအဝေးတစ်ခု နဲ့ ရောက်ခဲ့ဘူးတော့ ၊
အခွင့်အရေးကို မလွတ်တန်း အ ချိန် ကို ကောင်းကောင်း အသုံးချခဲ့ တယ် .။
ပီကင်းမြို့ နားနီးတဲ့ တရုတ်တံတိုင်းကြိးကို ကိုယ် တိုင် သွားလေ့လာဖြစ်ခဲ့တယ် ။
ရှေး တရုတ် တွေ ရဲ့ ၊ အံ့မခန်း တည်ဆောက်ရေး မဟာ ဗျူဟာမြောက် စီမံကိန်းကြီး ပါ ။
အင်ဂျင်နီယာတစ်ဦးရဲ့စိတ်ကူးမှအပ ၊ သာမန်အတွေး ၊အမြင် အသိနဲ့ သာရောက်ခဲ့ မြင်ခဲ့၇ပါတယ် ။

CHINA AND ME :
” Visiting the Great Wall of China “
I am with two tourist of old Australian couples of 82 years old each when I visited the Great Wall of China in a mini bus on 11 November 2014 .
I arrived at Beijing on 10 November 2014 ,early in the morning .
I have three free holidays before my NEXUS ( Water ,Food !energy Solution ) Symposium in Beijing on 13-15 November 2014 organized by IWA and IUCN .
My personnel tour plans :
10 November 2014—-Summer Palace
11 November 2014: Great Wall of China
12,Nivember 2014 : Tiamen Square and Forbidden City
13-15 Nivember 2014. Symposium
16 Nivember 2914 : Return home to Yangon at Night
ယခု National Geographic အဖွဲ့ကြီးက စီစဉ်ထုတ်လွှင့်ပြတဲ့
မှတ်တမ်း ဗီဒီယို ကြည့်တော့မှ
ယခင်မသိတာတွေ အသစ်အဆန်းတွေ
မထင်မှတ်လောက်အောင် ပိုမို ကြီးကျယ် တဲ့
လက် ရှိတံတိုင်းထက် ရှေးကျ တဲ့ ကန္တာ၇လွင်ပြင် ထဲမှာ ဆောက်ခဲ့ကြတဲ့
ရွံံတွေ သဲတွေ ကောက်ရိုးမျှင် တွေနဲ့ အထပ်လိုက် အလွှ ာလိုက် တည်ဆောက်ခဲ့ကြတဲ့
မိုင်းပေါင်းများစွ ာရှည်လျားတဲ့ မြေသားတရုတ် တံတိုင်းကြီး ကို ထပ်တွေ့ ခဲ့ကြတယ် ။
အံ့ရော ။

ဒါကအင်ဂျင်နီယာတစ်ဦးရဲ့အမြင်၊
အဒီကကျတာက စစ်ရေးမဟာ ဗျူဟာကျကျ ၊
ရှေး ဘုရင်တွေခေတ်အဆက်ဆက် မှာ ဆင့်ကဲ ဆင့်ကဲ ကောင်းအောင် ပို လုပ်ခဲ့ကြတာ ကို သွားတွေ့တယ် ။
စစ်ရေးမှာရျေ.တရုတ်တွေ သာခဲ့သလိုဘဲ ။
အိမ်နီးချင်း အားကောင်းတဲ့ မွန်ဂို တွေရဲ့ရန်ကို ကာကွယ် ခဲ့ကြတယ် ။
( ရှေးတရုတ် ပညာရှီ Sun Tzu ရေးခဲ့တဲ့ Art of War စစ်သေနင်္ဂ ဗျဟာ နည်းပညာ ၊
စစ် နည်းပညာ စာအုပ်ကို သတိရလိုက်တယ် )

လက်ရှိအုတ်တံတိုင်းကြီးရဲ့ အဆုံး မှာ
ကြီးကျယ်စွာ တည်ဆောက်ထားတဲ့
အုတ်တံတိုင်း နံရံ ၂ ထပ် နဲ့ ကာရဲထားဝဲ့
ဧရာမ ခံတပ် အဆောက်အဦး ကြီး တစ်ခုရှီတယ် ။
သုတေသနပညာရျင်အဖွဲ့က ဆက် လေ့လာလိုက်တော့ သူနဲ့တစ်ဆက်တည်း မြေသားတံတိုင်းကြီးကို မိုင်ပေါင်း ရှည်လျားစွားထပ်တွေ့ခဲ့ကြတယ် ။

လက်ရှိ အုတ်တံတိုင်း ကြိးပင် ျင်
မူလ ဟန်မင်းဆက် ခေတ် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော် ၃၀၀ BC ခေတ်ခန့်က တည် ခဲ့တဲ့
မြေသား တံတိုင်း လမ်းကြောင်းပေါ်မှ ာဘဲတည်ဆောက်ခဲ့တ ဖြစ်နေတာ သွားတွေ့တယ်
တရုတ်ပြည်က တွေ့ရတဲ့ အုတ်တံတိုင်းကြီးကို ကမ္ဘာ့ ဂြို ်တုပဲုပေါ် မှာတင် ဆွဲပြပြီး
တောင်ဘက် ၊အနောက်ဘက် အထိ မျဉ်းလိုင်းဆွဲပြထားတာ
ကန္တ,ရလွင်ပြင်တွေကို ဖြတ်သန်းလာ လိုက် တာ ပါကစ္စတန် ၊အာဖဂန် နစ္စတန် နိုင်ငံတွေ အနားပင် ရောက် နေသလိုတွေ့ရတယ် .
အံံ့ရော ။

နိဂုံးချုပ်ချင်
ပြောချင် ၊’ဆိုလိုချင်တာက
ဘိုး ၊ဘေး၊ ဘီဘင် တရုတ်တွေရဲ့ အကြောင်း ၊
သမိုင်းကြေင်း ကို
လက်ရှိ တာဝနရှိသူ အုပ်စိုးသူတွေကိုယ် တိုင်
ပစ်မထားပဲ့
သုတေသနပညာရှင် တွေကို အားပေး တဲ့အချက် ပါ.။
သမိုင်းမှာ က ဘယ် နေရာ ဘယ် နိုင်ငံမဆို ဖြစ်ခဲ့ ၊ပျက်ခဲ့ ၊ကောင်းခဲ့၊ ဆိုးခဲ့တာတွေ ပါစမြဲပါ ။
ဘာမဆို ကောင်းတာ ၊ဆိုးတာ ဒွန်တွဲနေစမြဲပါ။
နိုင်ငံဖွံ့ဖြိုးတိုးတက် ရေး၊ ပြည်သူတွေရဲ့ ဘဝ အေးချမ်း တည်ငြိမ်သာယာရေး ၊
နိုင်ငံတော်ပြည်အရေးတွေ ဆောင်ရွက် ကြရာ မှာ ၊
ကောင်းတာတွေ ကို ယူလာ တတ်ပြီး ၊ ရှေ့မှာ ပိုကောင်းအောင် တီထွင် ကြံဆ ဖန်တီးတတ်ကြဘို့သာ လိုအပ်ပြီး ၊
ဆိုးတာ ၊မကောင်းတာ၊မလုပ်သင့်တာတွေကို ဆက် ယူ မလာဘို့နဲ့ ၊ နောက်မှာ ၊သမိုင်းထဲမှာဘဲ ချန်ထားခဲ့ ဘို့ သာ လို အပ် ပါမယ် .။
ဒါကြောင့် –
သမိုင်းတန်ဘို့ထားတဲ့နိုင်ငံအများအပြားဟာ ၊
ယနေ့ကမ္ဘာကြီးမှာ ရှေ့တန်းမှာနေပြီး ၊ဖွံ့ ဖြိုးတိုးတက် စည် ကားနေကြပါတယ် ။
ဒါ ကြောင့် –
နိုင်ငံတည်ထောင် ရာမှာ လဲ ၊ သမိုင်းတွေကို မဖျောက်သင့်ဘဲ ၊
သမိုင်း သင်ခန်းစာတွေ ယူတတ်ကြ ဘို့ဘဲလို အပ် မယ် လို့ ယူဆပါ ကြောင်း၊
အတွေးပေါ်လာမိပါတယ် ။
အေးမြင့် (ညောင်တုန်း )
၆/၅/၂၀၂၂
ရည်ညွှန်း ( ၁)
Youtube Video of The Great Wall of China by National Geographic
“ Secrets of the Great Wall: Ancient China from Above “
ရည် ညွှန်း(၂)
Great Wall of China by Wikipedia in English and Myanmar Translation.
“ Great Wall of China”
From Wikipedia, the free encyclopedia
“တရုတ်ပြည်မှ မဟာရံတံတိုင်းကြီး”
(ဝီကီပီးဒီးယား မှ)
တရုတ်ပြည်မှ မဟာရံတံတိုင်းကြီး (simplified Chinese: 长城; traditional Chinese: 長城; pinyin: Chángchéng; literally “Long wall”) or (simplified Chinese: 万里长城; traditional Chinese: 萬里長城; pinyin: Wànlǐ Chángchéng;

အဓိပ္ပာယ်အားဖြင့် “၁၀၀၀၀ လီ (里 ၁ လီ = ၁/၃ မိုင်) ရှည်လျားသော တံတိုင်းကြီး”) သည် တရုတ်နိုင်ငံမှ အတွဲလိုက် တည်ဆောက်ထားသော မြေကတုပ် နှင့် ကျောက်ကတုပ်များဖြစ်ပြီး ဘီစီ ၆ရာစု မှ အေဒီ ၁၆ရာစုအတွင်း တရုတ်မင်းဆက် အဆက်ဆက်တို့လက်ထက်တွင် တရုတ်အင်ပါယာ၏ မြောက်ဘက်နယ်စပ်ကို ရှုန်းနူ (匈奴 Xiong-nu) တို့၏တိုက်ခိုက်မှုမှ ကာကွယ်ရန် တည်ဆောက်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ပြုခဲ့ကြသည်။
မဟာရံတံတိုင်းဟု ရည်ညွှန်းသော အချို့တံတိုင်းများမှာ ဘီစီ ၅ရာစုကပင် စတင်တည်ဆောက်ခဲ့ကြသည်။

အထင်ရှားဆုံးတံတိုင်းမှာ တရုတ်၏ ပထမဆုံးအင်ပါယာ ချင်ရှီဟွမ် (秦始皇 Qin Shi Huang) ၏လက်ထက် ဘီစီ ၂၂၀- ၂၀၀ကြားတွင် တည်ဆောက်ခဲ့ပြီး ယခုအခါ အနည်းငယ်သာ ကြွင်းကျန်ရစ်တော့သည်။ ထိုတံတိုင်းမှာ ယခုလက်ရှိတည်ရှိနေသော မင်မင်းဆက် (明朝 Ming Dynasty) လက်ထက်တွင် တည်ဆောက်ခဲ့သော တံတိုင်း၏ မြောက်ဘက် အလွန်ဝေးလံသော နေရာတွင် တည်ရှိသည်။[၁]

မဟာရံတံတိုင်းကြီးသည် အရှေ့ဘက် ဆန်းဟိုင်ကွမ်း (山海關 Shan-hai-guan) မှ အနောက်ဘက် လော့ပ်နော်(羅布泊 Lop Nur) အထိ မိုင်ပေါင်း ၄၀၀၀ (ကီလိုမီတာ ၆၄၀၀) ခန့် ရှည်လျားသည်။[၂]
မွန်ဂိုးလီးယားအတွင်းပိုင်း၏ တောင်ဘက်နယ်စပ်တလျှောက်ကို လခြမ်းပုံသဏ္ဌန်ရစ်ပတ်ထားပြီး စုစုပေါင်း မိုင်ပေါင်း ၄၁၆၀ (၆၇၀၀ကီလိုမီတာ) အထိရှည်လျားသည်။

အထွဋ်အထိပ်သို့ရောက်ရှိနေသော အချိန်ကာလအတွင်းတွင် မင်တံတိုင်းကို လူပေါင်း တစ်သန်းကျော်က စောင့်ကြပ်ခဲ့သည်။ [၃]
တရုတ်လူမျိုးပေါင်း ၂သန်းမှ ၃သန်းအထိ ရာစုနှစ်နှင့်ချီသော တံတိုင်းတည်ဆောက်မှု စီမံကိန်းလုပ်ငန်းအတွင်း သေဆုံးခဲ့သည်ဟု ခန့်မှန်းရသည်။[၄]
ရည် ညွှန်း(၃ )
“The Art of War by Ancient Chinese Writer Sun Tzu “
From Wikipedia, the free encyclopedia”
မြန်မာဘာသာပြန်
သေနင်္ဂ ဗြူဟာ အတတ်ပညာ ။ ချစ်နိုင် ( စိတ်ပညာ)
တရုတ်ပြည်မှ မဟာရံတံတိုင်းကြီး
ဝီကီပီးဒီးယား မှ ဓာတ်ပုံများ