မှတ်ဖွယ် မှတ်ရာ
စာပဒေသာ ( ၅၁ )

ဧရာ ဝ တီ မြစ်ရေနဲ့ အတူ မျောပါလာတဲ့
နုန်းတွေ အကြောင်း နဲ့
နုန်းတွေရဲ့ ကောင်’ကျိုး ဆိုးကျိုးများ ။
( က)
စစ်တောင်းမြစ်ဝ မုတ္တမပင်လယ်ကွေထဲက နုန်းတွေ ဘယ်ကလာတာလဲ
မြစ် ချောင်းတွေမှာရေစီးတဲ့အခါမှာ ရေထဲမှာနေရာဒေသအလိုက် တိုက်စားခံလာရတဲ့ နုန်းအနယ်အနှစ်တွေ ပါလာတတ်ပါတယ်
ရေထဲကနုန်းအနယ်တွေထဲမှာ အမျိုူအစား ၂ မျိုး ရှိပါတယ်။
(၁) မြစ်ရေထဲ မျောနေတဲ့ ရွှံ့ နုန်း ။
Suspended loads ရေအပေါ်ယံမှာပေါ့ပေါ့ပါးပါး မျောလွင့် နေတဲ့ အလွန်သေးငယ်သော ရွှံ့ဖုန်မှုန့် တွေက Fine silt ဖြစ်ပါတယ်။
ရေစီးနဲ့အတူ မြစ်ချောင်းတစ်လျောက်လုံးမျောပါသွားနေပြီး၊နောက်ဆုံးမှာပင်လယ်ထဲရောက်သွားပါတယ် ။ပင်လယ်ထဲမှာတော့ နေ့စဉ်ပင်လယ်ဒီရေတက်လိုက်ကျလိုက်မို့ ရောက်လာတဲ့နုန်းတွေက စုန်ချည်ဆန်ချည်ပင်လယ်ထဲမှာ လူးနေပါတယ်
ပင်လယ်ကမ်းရိုးတန်း မှ၂ မိုင်ခန့် အကျော်မှာ ပင်လယ် ရေနက်ပိုင်း Continental Shelf က ရှေ့မှာ ဆက် ရှိနေပါတယ် ။နုန်းတွေက ရေတိမ်ပိုင်းမှာ ဒီရေအတက်အကျနဲ့ လူးလာ နေပါတယ် ။အချို့နုန်းတွေ ရေနက်ပိုင်း ပင်လယ် ထဲ ဆင်း သွားတာရှိသလို ကမ်းရိုးတန်း တစ်လျောက် ရေတိမ်ပိုင်းမှာ လဲအများအပြား စုပုံ ရှိေ နကြ ပြန့် လွင့်နေ ကြပါတယ်။
နှစ်စဉ်မြစ် ချောင်းတွေက ဆင်းလာတဲ့နုန်းအနယ်အနှစ်တွေဟာ နှစ်ပေါင်းများစွာ မှန်မှန် ဆင်းလာနေတော့ နှစ်ပေါင်း ဆယ်ဂဏန်းမဟုတ် နှစ်ပေါင်းရာထောင်သောင်းခန့် ကမ္ဘာ့သက်တမ်း နဲ့အတူ ကြာ လာတဲ့အခါ ပင်လယ်ထဲက မုတ္တမပင်လယ်ကွေ့လို ကန် တော့ပုံ စစ်တောင်း မြစ် ဝမှာ ဧရာမနုန်းပြင် ကြီး ဖြစ် ပေါ် လာရတော့တာပါဘဲ။
(၂) မြစ် ရေအောက် မြစ် ကြမ်း ခင်းမှာ ရွေ့နေတဲ့ သဲနုန်း ။
မြစ် ချောင်းတွေထဲမှာ စီးဆင်းလာတဲ့ နောက်နုန်းအမျိုးအစားတစ်ခု က Bed Load ခေါ်ြမြစ်ကြမ်းပြင် မှာ ရေစီးနဲ့အတူ တစ်လိမ့် လိမ့် ရွေ့ ဆင်း မျောသွားနေတဲ့ ရေပေါ် မျောနေတဲ့ နုန်းနှစ်တွေထက် အလေးချိန်စီးတဲ့ ရေအောက် မြစ် ကြမ်ခင်းပေါ် မှာ လိမ့်သွားနေတဲ့ သဲ နုန်းတွေ Coerced grain sand particles တွေ ြဖြစ်ြ က ပါ တယ် ။
ချောင်းရေအောက်ကြမ်းပြင်မှာ လိမ့် ဆင်းလာနေရာက လမ်းမှာ အဟန့်အတားတွေ့ရင် စုပုံအနယ်ထိုင် သွား ပါ တယ်
ကြာ လာတော့ ရေ ပေါ်မှာမြင်ရတဲ့ သဲ သောင် ခုံ တွေ အထိ ဖြစ်သွားပါတော့တယ် ။
မြစ် ချော င်းတွေထဲ ရေနဲ့ မျောပါနေတတ်တဲ့ နုန်း အမျိုးအစား ၂ မျိုးရဲ့သဘာဝတွေပါ ။
( ခ )
ဧရာဝတီမြစ်ထဲ စီးဆင်းမျောပါနေတဲ့ နုန်းတွေရဲ့
ကောင်းကျိုးဆိုးကျိုး နဲ့
နုန်း တွေရဲ့ အဆိုးထဲက အကောင်းတွေ။
(၁)
ဧရာဝတီ မြစ်ကြောင်းတစ်လျောက် ၊ အထူးသဖြင့် မန္တလေး ပခုက္ကူအောက်ပိုင်း မြစ်ကြာင်း တစ်လျောက် မှာ မိုးရာသီရေကြီးတဲ့အခါ ဧရာဝတီမြစ်ရေကြီးတဲ့အခါ မြစ်ကမ်းပါးဘေးတွေရေလျံပါတယ် ။
အဆိုးထဲကအကောင်းက မြစ်ရေတွေ ထဲမှာ သဘာဝနုန်းမြေတွေပါလာတယ် ။
ရေကြီးတတ်လို့ လူမနေတဲ့ ရေလျံကွင်းတွေက နုန်းတင်မြေနုကွင်းတွေဖြစ် လာတယ် ။
မိုးအကုန်ဆောင်းရာသီမှာ ဆောင်းသီး နှံတွေ စိုက်ကြတယ် ။ဓာတ်မြေသြဇာတွေများများဝယ်ထည့်သုံးစရာမလိုဘူးလို့ ယူဆတယ် ။ပဲမျိုးစုံ ဖြစ်ထွန်းတယ် ။ဒါက ဧရာဝတီမြစ်ဘေး ကပ်လျက် ရေနက်ကွင်း ရေကြီးကွင်းတွေထဲက ဆောင်းသီးနံတွေအတွက် ကောင်းကွက် တစ်ချက်. ။
(၂)
အဆိုးထဲကအကောင်း နောက်တစ်ခုက ဧရာဝတီမြစ် ထဲမှာ မိုးကုန်တာနဲ့ နုန်းတင် မြေနုကျွန်းတွေ တစ် နှစ်တစ်နေရာပေါ်လာမြဲဖြစ် တယ်. ။ မြစ်ထဲက မြေနုကျွန်းတွေက တစ်နေရာထဲ အမြဲမရှိ ၊ နှစ် စဥ္ ရွေ့နေတယ် ..နေရာပြောင်းနေတတ်တယ် ။
မြေနုကျွန်းနုန်းမြေ တွေကောင်းသလားမပြောနဲ့
ရေကျနောက်စိုက် စပါးစိုက်ဘို့ နယ်ခံတွေ ဒေသခံတွေ မြေလုပွဲံ တွေ ဖြစ်ကြခိုက်ရန်ဖြစ် ပွါး တတ်ကြတယ် ။
ပဲခူးတိုင်းဆည်မြောင်းတာဝန်ကျစဥ် ဧရာဝတီမြစ်ထဲမှာပေါ်လာတဲ့မြေနုကျွန်းတွေ မလုမယက်ကြရအောင် တိုင်း၂ တိုင်း အစိုးရအဖွဲ့တွေ ဝင်ဖြေရှင်းညှိနှိုင်းပေးခဲ့ကြရတာတွေ တွေ့ဘူးကြုံခဲ့ဘူးပါတယ်။
နုန်းတင်မြေတွေက သဘာဝမြေသြဇာဓာတ်ကြွယ်ဝလို့ တန်ဘိုးကြီးတယ်။
မြေသြဇာသုံးရတာနည်းလို့ လူတွေနဲ့ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေတယ်။
မြစ်ထဲစီး ဆင်းမျောပါနေတဲ့ နုန်းတွေ ရဲ့ ကောင်းကျိုးဆိုးကျိုး နဲ့ အဆိုးထဲက အကောင်းတွေပါ ။
ရည် ညွှ န်း(၁)
ဦးကျော်ဦး Facebook post အ ပေါ ဦးလှဘော် မှတ်ချက်
Delta develop ဖြစ်တာကောင်းတဲ့ Advantage လို့ဆိုနိုင်ပေမဲ့ Watershed erosion ကတော့ ဆိုးကျိုးများပါတယ်၊ မြေဆီလွှာဆုံးရှုံးတာ၊သစ်တောပြုန်းတည်းတာ၊ desertification ဖြစ်ပေါ်တာနဲ့မြစ်ကြောင်းသဲနုန်းပို့ချမှုကြောင့်မြစ်ကြမ်းပြင်မြင့်တက်ပြီးရေကြီးမှုတွေပိုမိုဖြစ်ပေါ်တာ၊ Navigation အခက်အခဲတွေဖြစ်ပေါ်စေတာတွေဟာဆိုးကျိုးအဆက် consequencesတွေဖြစ်ပါတယ်၊ ဒါကြောင့်သဘာဝကို Balance ဖြစ်အောင် conserve ပြုလုပ်ဘို့အရေးကြီးပါတယ်။း
ရည် ညွှ န်း( ၂ )
ဦးကျော် ဦး Facebook အပေါ် Ye Htet ရဲ့ comment
အဆိုးထဲက အကောင်းက
ဒီနုံးမြေတွေကို အသုံးချနိုင်အောင် ကြိုးစားရမယ်
မြစ်ကြောင်းသန့်ရှင်းနိုင်အောင်ကြိုးစားမယ်
တက်လာသမျှ အစိုးရတွေ အသုံးကျနိုင်ဖို့ပဲ လိုတယ်
ရည်ညွှန်း (၃) ဦးကျော်ဦးရဲ့ Facebook post ( 3/5/2022)

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၂ တွင် နိုင်ငံတကာ အာကာသ စခန်းမှ ရိုက်ယူခဲ့သည့် ဧရာဝတီ မြစ်ရေတွင် ပါလာသည့် နုန်းအနည်များ ပင်လယ်တွင်းအထိ ထိုးထွက် ရောက်ရှိနေသော ပုံကို အမေရိကန် အာကာသ အဖွဲ့အစည်း (နာဆာ)က ၂၀၁၉ ခုနှစ် မေ ၂၄ ၌ ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့သည်၊ ယင်းပို့စ်အား ကွန်မန့်ရေးသူ ၆၀၀ ကျော်ရှိရာ မြန်မာများလည်း ပါဝင်သည်၊ မှတ်ချက် အများစုမှာ beautiful, amazing, awesome, colorful စသည်တို့ ဖြစ်သည်။
Tun Winn အကောင့်ပိုင်ရှင်က အများနှင့် မတူစွာ ကွန်မန့်ပေးသည်မှာ သတိပြုဖွယ် ကောင်းလှသဖြင့် သူရေးသည်ကို ဆီလျော်အောင် ပြန်ဆို၍ အောက်ပါအတိုင်း မျှဝေပါသည်။
“ဒီပုံကို တင်ပြီး နာဆာ ပေးချင်တဲ့ သတင်းစကားက ဧရာဝတီ မြစ်ကြော တလျှောက်က အပေါ်ယံ မြေသားတွေ၊ အော်ဂဲနစ် ကြွယ်ဝတဲ့ မြေဆီတွေ အားလုံးနီးပါးဟာ အတိုက်စားခံရပြီး ဧရာဝတီထဲကို ရောက်၊ ပြီးတော့မှ ပင်လယ်ထဲကို ရောက်လာခဲ့တယ် ဆိုတာကိုပါ။ လောဘကြီးလွန်းတဲ့ ခရိုနီတွေနဲ့ လာဘ်စားတဲ့ ဝန်ထမ်းတွေကြောင့် စက္ကန့်နဲ့အမျှ သစ်တောတွေ ပြုန်းနေကြလို့ မြန်မာနိုင်ငံရဲ့ အဖိုးတန် မြေသားတွေ ပင်လယ်ထဲအထိ မျောပါ ဆုံးရှုံးနေတယ်ဆိုတဲ့ အရှိတရားကို မြင်တတ်ကြပါဗျာ၊ ဒီဆိုးရွားတဲ့ ဖြစ်စဉ်ကို ဘယ်လို ကာကွယ်ကြမလဲ ဆိုတာကို စဉ်းစားကြပါ ပြင်ဆင်ကြပါ။ beautiful, amazing, awesome, colorful စသဖြင့် မပြောကြပါနဲ့။ “