Tidal Silt Loads Along the Coast Line in Ayeyarwady Delta and Sittaung River Mouths

www.facebook.com/573223149/posts/10159730900183150/

မြန်မာပြည် စစ်တောင်းမြစ်ဝက ရဲ့ လက်ဝဲ/လက်ျာ ချောင်းမြောင်းတွေထဲမှာ

ပင်လယ် ရေငန် နဲ့အတူ နုန်းတွေ ဘာကြောင့် အများအပြား ဝင် လာ ရတာလဲ ။

မှတ်ဖွယ် မှတ်ရာ

စာပဒေသာ ( ၅၀ )

စစ်တောင်းမြစ်ဝနဲ့

ဧရာဝတီမြစ်ကျွန်ပေါ် ဒေသ

ကမ်းရိုးတန်းထဲ ဝင်လာတဲ့ ချောင်းတွေထဲ

ပင်လယ် ဒီရေတက်လာရင်

နုန်းတွေ ပါလာတတ်တာ

ဘာကြောင့်လဲ ။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ

ဂြိုလ်တုပေါ်မှ Nikon D5 zoom camera ဖြင့်

အနီးကပ် ဆွဲယူရိုက်ယူရရှိသည့်ပုံ

ဧရာဝတီ ပင်လယ်ကမ်းရိုးတန်းနှင့်

စစ်တောင်းမြစ်ဝကြီးတစ်ခုလုံး တွင်

မြန်မာမာပြည်ထဲမှ နှစ်ပေါင်း ရာထောင် အတွင်း

နုန်းများစုပုံ နေသည့်ပုံေ ပါ်လွင်ပါသည်။

ဦးကျော်ဦး ပြန်လည် မျှဝေထားတာပါ။

နုန်းပြင်ကြီး၏ အလွန် ပင်လယ်ထဲ တစ်နေရာတွင် Contental Shelf ခေါ် ပင်လယ်ရေအောက်ကြမ်းပြင် ရုတ်ချည်း နိမ့်ဆင်းသွားသည့် နေရာသည် ပင်လယ်ကမ်ရိုးတန်းတစ်လျောက် ရှိနေပါသည်

ပင် လယ်ရေနက်ပိုင်းငါးများရှင်သန် နေထိုင်ကျက်စားကြပါသည်

သို့ဖြစ်ပေရာ

နေ့စဥ်ပင်လယ်ဒီရေ အတက်အကျရှိနေသော မြစ်ချောင်းများသို့

အထူးသဖြင့် လစဥ် ပင်လယ် ဒီ ရေထရက်များတွင်

ပင်လယ်နုန်းများ ပင်လယ်ရေနှင့် အတူပါလာခါ

ချောင်း တွင်းပိုင်းချောင်းများထဲ သို့ ဝင်ရောက်ပါသည်

ချောင်းထိပ်၂ဘက်စလုံးနုန်းပါလာသော ပင်လယ်ဒီရေများ ဝင်ရောက်ပါက ချောင်းလယ် တစ်နေရာတွင် ဆုံတွေ့ ခါ ရေဆိုင် ( ဒီဆိုင် ) နေရာဖြစ်ပေါ်ပြီး နုန်းများအနယ်ကျထိုင်ပါတော့သည်။

ရန်ကုန်တိုင်းကော့မှူးမြို့ နယ် ရှိ သခွတ်ပင်ချောင်းကောရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပါသည် ။

လွန်ခဲ့သောနှစ်ပေါင်း၁၀၀ ကျော်က ချောင်းအဖြစ် မီးသင်းဘောများ ဝင်ထွက်သွားလာနေခဲ့သောချောင်း သည် နုန်းတက် တိမ်ကောသွားခဲ့ခြင်းဖြစ်ခဲ့ရပါသည်။

ပင် လယ် ဒီရေ နုန်းများနှင့်ပတ်သက်သော

လက်ငင်း အတွေ့အကြုံများ

ပင်လယ်နား နီးသော ရေငန်ပိုင်းဒေသ .ရေချို ရေငန် စပ် ဒေသချောင်းများတွင် နွေအခါ နွေ စပါးစိုက်ပျိုး ရေးအတွက် မိမိကိုယ်တိုင် သထုံ ခရိုင် ဆည်မြောင်း တွင် ၁၉၈၇ – ၁၉၉၁ အတွင်း ၅ နှစ် ခန့် နှစ်စဉ် ချောင်းပိတ်လုပ်ငန်းများလုပ်ခဲ့ဘူး ပါသည်။

စစ်တောင်းမြစ်ဝ ပင်လယ် ကမ်းရိုး တန်းဒေသ သထုံ မြို့ အထွက် တံတားဖြူချောင်းခေါ် သထုံချောင်းတွင် နွေ စပါး ရေ ရရှိ ရေးအတွက် သင့်လျော်ရာနေရာ ချောင်းအလယ် ခန့်တွင် ချောင်းပိတ်တမံတည်ဆောက်ခဲ့ဘူးပါသည် ။

တမံတည်ဆောက်ပြီး မိုးအကုန် နွေရာသီ ၂လ/၃လ ခန့် အတွင် း စစ်တောင်းမြစ် ဝ ပင်လယ် ကမ်းရိုးတန်း သထုံ ချောင်းပင်လယ်ဝမှ ပင်လယ် ရေငန်များတက်လာသည့်အခါတိုင်း၊ ပင်လယ် ရေ ငန် နုန်းများပါလာလေ့ရှိရာတွင်၊ ချောင်းပိတ်တမံ ၏အောက်ဘက် ရေငန် ချောင်းဘက် ပိုင်းတွင် နုန်း တင် ကျန်ခဲ့သည့် ပင်လယ် ရေငန်နုန်းများ၏ထုထယ်ပမာဏသည် အဆမတန် များပြားပေရာ ၊ နွေ ရာသီအတွင်း ရာ သီကုန် ,မိုးမကျမီ အ ချိန် တွင် ကမ်းလုံး ပြည့် နီးနီးနုန်းများတက်ခဲ့သည်ကို သထံုခရိုင် ဆည်မြောင်းတွင် ၅ နှစ်ခန့်တာဝနိကျစဉ် ကာလအတွင်း နှစ်စဉ် ကိုယ် တို င်မျက်မြင် တွေ့ခဲ့ရဘူးပါသည် ။

ထိုအချိန် က စစ်တောင်း မြစ်ဝ ရှိ နုန်း ပြင် ကြီးကို ဂြိုလ် တုပုံ ပေါ် တွင် တွေ့ရသည့်အတိုင်း ရှိနေသည်ကို မသိခဲ့သေးပါ။

ပင်လယ် မှတက်လာသောဒီရေတွင် သထုံ ဒေသ၌ နုန်းအလွန်များသည်ဟု သာမန်အသိသာ ရှိခဲ့ပါသည် ။

ဧရာဝတီမြစ်ဝကျွန် းပေါ် ဒေသများတွင် တာဝန်ကျစဉ် ပင်လယ် ရေငန်နုန်းများစွာ ဝင်သော ချော င်းများ စွာအတွင် သွားလာခဲ့ ၊ေနွစပါး စိုက်ပျိုးရေအတွက် ချောင်းပိတ် တမံများ လည်း ထပ်မံ လုပ်ခဲ့ဘူးပေရာ ၊

ရန်ကုန် ၊ပဲ ခူး ၊ ဧရာဝတီတိုင်းများရှိ ချောင်းများထက် သထုံ ခရိုင် အတွင်း ပင်လယ် ဝနားရှိ ချောင်းအများ စု ထဲ သို့ ဝင်လာသော ပေင်လယ် ရေငန် နုန်းထု က ပိုမိုများပြားကြောင်း လုပ်ငန်း ကွင်းဆင်းအတွေ့အကြုံ များ အရ အထူးသတိပြု မိခဲ့ပါသည် ။

အေးမြင့် ( ညောင်တုန်း )

၃/၅/၂၀၂၂

ရည် ညွှန်း

ဦးေ ကျာ် ဦး ရဲ့ ၃/၅/၂၀၂၂ Facebookပေါ်က ပုံ နဲ့ စာ

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၂ တွင် နိုင်ငံတကာ အာကာသ စခန်းမှ ရိုက်ယူခဲ့သည့် ဧရာဝတီ မြစ်ရေတွင် ပါလာသည့် နုန်းအနည်များ ပင်လယ်တွင်းအထိ ထိုးထွက် ရောက်ရှိနေသော ပုံကို အမေရိကန် အာကာသ အဖွဲ့အစည်း (နာဆာ)က ၂၀၁၉ ခုနှစ် မေ ၂၄ ၌ ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့သည်၊ ယင်းပို့စ်အား ကွန်မန့်ရေးသူ ၆၀၀ ကျော်ရှိရာ မြန်မာများလည်း ပါဝင်သည်၊ မှတ်ချက် အများစုမှာ beautiful, amazing, awesome, colorful စသည်တို့ ဖြစ်သည်။

Tun Winn အကောင့်ပိုင်ရှင်က အများနှင့် မတူစွာ ကွန်မန့်ပေးသည်မှာ သတိပြုဖွယ် ကောင်းလှသဖြင့် သူရေးသည်ကို ဆီလျော်အောင် ပြန်ဆို၍ အောက်ပါအတိုင်း မျှဝေပါသည်။

“ဒီပုံကို တင်ပြီး နာဆာ ပေးချင်တဲ့ သတင်းစကားက ဧရာဝတီ မြစ်ကြော တလျှောက်က အပေါ်ယံ မြေသားတွေ၊ အော်ဂဲနစ် ကြွယ်ဝတဲ့ မြေဆီတွေ အားလုံးနီးပါးဟာ အတိုက်စားခံရပြီး ဧရာဝတီထဲကို ရောက်၊ ပြီးတော့မှ ပင်လယ်ထဲကို ရောက်လာခဲ့တယ် ဆိုတာကိုပါ။ လောဘကြီးလွန်းတဲ့ ခရိုနီတွေနဲ့ လာဘ်စားတဲ့ ဝန်ထမ်းတွေကြောင့် စက္ကန့်နဲ့အမျှ သစ်တောတွေ ပြုန်းနေကြလို့ မြန်မာနိုင်ငံရဲ့ အဖိုးတန် မြေသားတွေ ပင်လယ်ထဲအထိ မျောပါ ဆုံးရှုံးနေတယ်ဆိုတဲ့ အရှိတရားကို မြင်တတ်ကြပါဗျာ၊ ဒီဆိုးရွားတဲ့ ဖြစ်စဉ်ကို ဘယ်လို ကာကွယ်ကြမလဲ ဆိုတာကို စဉ်းစားကြပါ ပြင်ဆင်ကြပါ။ beautiful, amazing, awesome, colorful စသဖြင့် မပြောကြပါနဲ့။ “