Tomb Raider ,the action Movie

ရုပ်ရှင် လောက

၂၀၁၈ မှာ ကြည့်ခဲ့ရသော ရုပ်ရှင်

Tomb Raider
An Action Movie

ဒီရုပ်ရှင်ကို မေလ ၁၆ ရက်နေ့ မှာ ကမ္ဘာအဝှမ်း ရုံတင်ချိန်မှာ ရန်ကုန် Junciton City ရုံတွေမှာ မုဒြာ ကားနဲ့ အပြိုင်ရုံတင် ပြနေပြီ ။

မတ်လ ၁၈ ရက် မုဒြာ ကားကို ကြည့်ဖြစ်တော့ ရုံတင်ပြနေတဲ့ Tomb Raider
ရုပ်ရှင်ကားကြော်ငြာကို သတိပြုမိခဲ့တယ်။ ကြားဘူးပြီးသား ရုပ်ရှင်ကား နာမည် ။ခု
မင်းသမီးကို မသိ ၊အသစ် ။သာမန် ကားလို့ဘဲ ထင်ထားခဲ့တယ် ။မုဒြာကို မဲနေတာလဲပါမယ်။

စင်္ကာပူရောက်တိုင်း ရုပ်ရှင်ကားတွေ ရွေး
ကြည့်တတ်လို့ ရုံတင် ပြနေတဲ့ ကားတွေထဲ က မတ်လထဲက ဆက်ပြီး ပြသနေဆဲ Tonb Raider ကိုမှ ဒီနေ့ ရွေးကြည့်ဖြစိ
တယ် ။ ပြသချိန် ၂ နာရီခန့်ဆိုတော့ ည၉:၃၀ ပွဲ အိပ် ငိုက်မှာစိုးခဲ့သေးတယ်။

ကြည့်လိုက်တော့မှ လွန်ခဲ့သော ၁၇ နှစ် ခန့် ၂၀ရာစုနှစ်အကုန် ၂၁ ရာစုနှစ်အကူး ၂၀၀၁ ခုနှစ်က ကြည့်ခဲ့ဘူးတဲ့ Lara Croft: Tomb Raider ကားနဲ့ ၂၀၀၃ ခုမှာက်ရိုက်ပြခဲ့တဲ့ နောက်ဆက်တွဲ ဒုတိယကား Lara Croft Tomb Raider : The Cradle of Life နဲ့ အဲဒီကားတွေမှာ
စကြည့်ခဲ့ဘူးပြီး သဘောတွေ့ခဲ့တဲ့ Action သရုပ်ဆောင် Angelina Jolie ကို ပြန်သတိရလိုက်တယ် ။ ဂျိ ုလီကို ရုပ်ရှင်ပရိသတ်တွေ ပို စွဲစေခဲ့ပြီး သူ့ကို ဟောလိဝုဒ် ရုပ်ရှင်စင်မြင့်မှာ ပို နာမည်ကြီသွားစေဓဲ့တယ်လို့ ပြောနိုင်တယ်။

ဒီနေ့ ကြည့်လိုက်ရတဲ့ ၂၁ ရာစု Tomb Raider ကားမှာလဲ မင်းသမီးက
ရွက်ကြမ်းရေကြို မျက်နှာပေးရုပ်
ရည်နဲ့ လူသ်နည်း မင်းသမီး ဖြစ်သော်လဲ သူမတူအောင် Lara ဇာတ်ရုပ်ကို လှုပ်ရှား သရုပ်ဆောင်သွားတာတွေ ဟာ သူ့ရှေ့က ဂျိ ုလီကို မီရုံသာမက ပိုများပိုနေမလားဘဲ။၂ နာရီကား ကြာတယ်မထင်ဘဲ ပြီးသွားတယ် ။
ပရိသတ်ကို ဆွဲဆောင်မှ ုအပြည့်ပေးသွားတယ်။ ၂၀ ရာစု အကုန် Tomb Raider ကားတွေကိုမီရုံမက သာတယ်လိုါ့
တောင် ပြော ရမလို

ဟောလိဝုဒ်ရုပ်ရှင်လောကမှာ ဒီလိုဘဲ ရုပ်ရှ ဇာတ်လမ်း ဆက်တွေ မကြာမကြာ ဆက်ရိုက်ပြကြတယ် ။အများစုက သူ့ထက်သူ လူစွမ်းကောင်း ပို့ပီး ကောင်း
သည်ထက်ကောင်း လာတာ များတယ်
ကျသွားတာတွေလဲ တခါတခါတွေ့ရတယ် ။
မုဒြာကားကိုကြည့်မိတော့လဲ ရုပ်ရှင်သရုပ်ဆောင် မင်းသားမင်းသမီးတွေ
လူသိများ နာမည်ရတာ အဓိကမ ဟုတ်ဘဲ ရုပ်ရှင်လောကမှာ ဇာတ်လမ်းဇာတ်ကွက်နဲ့ ပြသပုံ ပြသနည်းကသာ အခရာကျပါလားဆိုတ ာသတိပြ ုမိခဲ့တယ်။

ဒီနေု့ ကြည့်ဖြစ်လိုက်တဲ့ ရုပ်ရှင်ကားက ကျွန်တော့်အမြင် ကို ထောကိခံနေပါတယ်။

အေးမြင့် (ညောင်တုန်း )