တရာတိပည်ကဆည် တွေ
စံချိန်တင်ရေကြီးမှုများဖြစ်ပေါ်နေတဲ့ တရုတ်နိုင်ငံမှာ သက်တမ်းရင့်ဆည်များ၏ကြံံ့ခိုင်မှုများအပေါ် စိုးရိမ်မှုများမြင့် တက်လာတယ်လို့သိရပါတယ်
https://youtu.be/moNPbdivCog?si=7EsoMtgTCE8O4-be
Eleven Broadcasting Exclusive Interview to Senior Irrigation Engineer Advisor to 3 Minisers of Ministry Irrigation and Agriculture in about 2010
https://youtu.be/Sk5o_1Ovnlc?si=3LsrhC9E7OwVRnjH
ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၁ခုမှာ ရေဘေးအန္တရာယ်တွေဖြစ်ပွားခဲ့ပြီး မိုးသည်းထန်တာတွေကနေ ဒေသအနှံ့မှာ ဆောက် ထား တဲ့ဆည်တမံတွေမှာ သတ်မှတ်ရေလှောင်ပမာဏပြည့့်ပြီး ရေပိုလွှဲတွေကနေ ရေထုတ်လွှတ်တာတွေကြောင့် ဆည် တမံအနီးနားတွေမှာ နေထိုင်သူတွေအတွက် စိုးရိမ်မှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ ဒါ့ကြောင့် ဆည်တွေတည်ဆောက်ထား တာ မှာ ကောင်းကျိုး၊ဆိုးကျိုးရလဒ်နှိုင်းယှဉ်တဲ့အခါ ဘယ်ရလဒ်ကပိုများနေလဲ၊ မတည်ဆောက်ခင်မှာ EIA၊ SIA ပြုလုပ်ဖို့ ဘယ်လောက်အရေးကြီးလဲ ၊ မလုပ်ခဲ့ဘူးဆိုရင် နောက်ဆက်တွဲတွေက ဘာတွေဖြစ်ပေါ်နိုင်လဲနဲ့ပတ်သက်ပြီး မေးမြန်းထား ပါတယ်။ ဆည်မြောင်းဦးစီးဌာနက အငြိမ်းစားညွှန်ကြားရေးမှူး၊ အောက်မြန်မာပြည် ရေတံခါးဒီဇိုင်းပညာရှင် ဦးထွေးမြင့် ကိုမေးမြန်း ခဲ့ပါတယ်။
ရေကျော်ပြီး မကျိုးတာဘာနဲ့တူလဲဆိုတော့ အနုမြူဗုံးကိုချလိုက်ပြီး အောက်မှာမကွဲသလို မျိုးပဲ။ ဆည်တမံ မြေသား တမံ ရေကျော်တယ်ဆိုတာ ဆည်မြောင်းဌာနမှာ သူ့ထက်ပိုကြီးလေးတဲ့ပြသနာမရှိဘူး။
ဆည်တွေမှာ ကြိုတင်အသိပေး တဲ့စနစ်မရှိတဲ့ အတွက် ဆည်အောက်က ရွာတွေက ၀န်ထမ်းလေးတွေကိုမေးပြီး ပြေးသင့် လို့ပြေးတာရှိတယ်၊ မပြေးသင့်ပဲပြေး တာရှိတယ်။ ဒါ့ကြောင့်ကြိုတင်အသိပေးတဲ့စနစ် Early Warning ကို မဖြစ်မနေ ထားရမယ်။
တစ်လကို ဆည်တစ်ဆည်ဆောက်ဆိုပြီး လုပ်ခဲ့တော့ နည်းမှာတော့မဟုတ်ဘူး။ ဆောက်ခဲ့တဲ့ဆည်တွေကလည်း ရာနဲ့ချီရှိ တယ် လေ။ အရည်အသွေးကိုပမာဏ မထားပဲ အရေအတွက်ကို ပမာဏထားလို့ ဆည်တွေကအကျိုးပြုတာ ၆၆.၈ % ပဲထိရောက်တယ်လို့ အစီရင်ခံစာတင်ထားတာတွေ့ရ တာပေါ့။
ဆည်တွေအောက်မှာ မြို့ကြီးတွေရှိရင်တော့ ကြောက်စရာကောင်းပါတယ်။

ကမ္ဘာပေါ်က အန္တရာယ်အရှိဆုံးဆည် ၁၀ခု
