မောင်ကျော်ဇော၏ အလွမ်းသူချင်းပွဲတော် ခက်ခက်မိုးဦး
မောင်ကျော်ဇော၏ အလွမ်းသူချင်းပွဲတော် 13 videos
https://youtube.com/playlist?list=PLKUC3XNAg389ffGpdnUzmK7_tCD-o9-bY&si=Y8rlZeHv6R4I5UAz
https://youtu.be/eWRemhntFUM?si=I792-UVXnBJvbhLK
ဝီကီပီးဒီးယား မှခင်ညွန့်ရည်မွေးဖွားဇန်နဝါရီ ၇၊ ၁၉၅၁
မြစ်သားမြို့ ၊ မန္တလေးတိုင်းဒေသကြီးကွယ်လွန်ဖေဖော်ဝါရီ ၂၀၊ ၂၀၂၅(အသက် ၇၄)
ရန်ကုန်မြို့အလုပ်အကိုင်အဆိုတော်တူရိယာတေးသံရှင်
ခင်ညွန့်ရည် (၇ ဇန်နဝါရီ ၁၉၅၁-၂၀ ဖေဖော်ဝါရီ ၂၀၂၅) သည် မြန်မာသံ အမျိုးသမီးတေးသံရှင် တစ်ဦးဖြစ်သည်။ချစ်အရိပ် တေးသီချင်းဖြင့် မြန်မာ့ဂီတလောကတွင် စတင်လူသိများ ထင်ရှားအောင်မြင်လာသူဖြစ်သည်။သူသည် ဆန်းသစ်လာသည့် မြန်မာသံများကို ကြိုဆိုတတ်သူ၊ ရှေးမူအတိုင်းလာသည့် မြန်မာသံများကိုလည်း မပစ်ပယ်တတ်သူအဖြစ် ထင်ရှားသည်။[၁]ယင်းအပြင် အညာသူ တစ်ဦး အဖြစ် မိမိကိုယ်ကို ပြောဆို ဂုဏ်ယူတတ်သည့် တေးသံရှင်တစ်ဦးလည်းဖြစ်သည်။
ဘဝအစ
မန္တလေးတိုင်း၊ကျောက်ဆည်ခရိုင်၊မြစ်သားမြို့ တွင် ဖခင်ဖြစ်သူ ဦးငြိမ်းရ+ မိခင်ဖြစ်သူ ဒေါ်တင်လှ တို့မှ မွေးဖွားခဲ့သည်။မွေးချင်း ၈ဦး အနက် သတ္တမမြောက် သမီးဖြစ်သည်။မြန်မာသံကို ချစ်မြတ်နိုးသူ အညာသူ ခင်ညွန့်ရည် သည် ၁၉၈၀ခုနှစ် ဝန်းကျင်ကာလကစပြီး မြန်မာ့ဂီတလောကထဲသို့ စတင်ဝင်ရောက်လာသည်။ စန္ဒရားချစ်ဆွေ ၏ ချစ်အရိပ် သီချင်းဖြင့် ပထမဦးဆုံး ဓါတ်ပြားရသည်။စတူဒီယိုခေတ်ကာလ မြန်မာသံ ပထမဦးဆုံး မိုးမခတေးစီးရီး ဖြင့် လူပိုသိ စပေါက် ခဲ့သည်။ထိုတေးစီးရီးကို လွစ္စလမ်း နေ မဟာနန္ဒာမောင်မျိုးဝင်းက ငွေကြးစိုက်ထုတ်စီးရီးသွင်းကာ ကုမုဒြာတေးသံသွင်းက ဖြန့်ချီပေးခဲ့သည်။ ထိုကာလသည် ကက်ဆက်ခွေခေတ်ဦးကာလလည်းဖြစ်ရာ မြန်မာသံ သီးသန့်သီဆိုသူ တေးသံရှင် ခင်ညွန့်ရည်သည် ကက်ဆက်ခွေပေါင်း ၁၀၀ ကျော်အထိ ထွက်ရှိခဲ့သည်။တေးရေးဆရာ အလွမ်းသီချင်းရေးတဲ့မောင်ကျော်ဇော ရေးသည့် သီချင်းစာသား၊စန္ဒရား တင်ဝင်းလှိုင် ၏ သံစဥ်များနှင့် တွဲဖက်ခြင်းကြောင့်လည်း သီဆိုတေးသီချင်းများမှာ ပိုမိုအောင်မြင်ခဲ့သည်။ခင်ညွန့်ရည်သည် ပရိသတ်၏ အားပေးမှုကို အရှိန်တန့်ခြင်းမရှိ၊အနိမ့်အမြင့် အတက်အကျမရှိဘဲ ခံခဲ့ရသည်။ထိုထဲ ဗိုလ်ရှုသဘင်၊ ပါတော်မူ၊အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း၊ ဇာတိမာန် နှင့် သုံးရောင်ခြယ် စသည့် အမျိုးသားရေးတေးသီချင်းများသည် လူပိုသိများသည်။ ချစ်အရိပ်၊ ဆောင်းအမီ၊ တိမ်ပလီ နွေနှောင်း၊ လက်ပံပွင့်ကောက် အရောက်လာမယ်၊ နှင်းဆီမလေး ချစ်ပုံပြင်၊ ပန်းနဲ့ပေါက်တာလည်းနာချင်တယ် အစရှိသည့် တေးသီချင်းများ သီဆိုမှုကလည်း ပရိသတ်၏ နှစ်ခြိုက်အားပေးမှု ရရှိခဲ့သည်။သူသည် အလွမ်းသီချင်းရေးသည့် တေးရေး မောင်ကျော်ဇော ၏ တေးသီချင်းများကို အများစု သီဆိုတတ်သည်။
ဘဝနိဂုံး
သူသည် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ကျန်းမာရေးချို့ယွင်းလာသည်။၂၀၂၄ ခုနှစ် မေလ ၂၉ရက်က ရန်ကုန်မြို့၌ ပြုလုပ်သည့် သူ နှင့် အလွမ်းသီချင်းရေးသည့် တေးရေး မောင်ကျော်ဇော တို့၏ ဂီတဂုဏ်ပြုပွဲသို့ ကိုယ်တိုင် နောက်ဆုံးတက်ရောက်ခဲ့ပြီး ထိုဂုဏ်ပြုပွဲတွင် ကျန်းမာရေးအခြေအနေကြောင့် သီချင်းတစ်ပုဒ်လုံးကိုပင် အပြည့်အဝမသီဆိုတော့ဘဲ ရပ်တန့်ခဲ့ရသည်။[၂] နောက်ပိုင်းတွင် ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၀ရက် ည ၁၁ နာရီ ၅မိနစ် တွင် ရန်ကုန်ဆေးရုံကြီး၌ အဆုတ်ကင်ဆာဝေဒနာဖြင့် ကွယ်လွန်သည်။[၃]
ပုဂ္ဂိုလ်ရေးဘဝ
သူသည် အိမ်ထောင်သည် တစ်ဦးဖြစ်သည်။ခင်ပွန်းဖြစ်သူ ဦးထွန်းထွန်း နှင့် အိမ်ထောင်ကျပြီး သမီးတစ်ဦး ထွန်းကားသည်။ ပိုးအိဖြူ (ခ) တေးသံရှင် အိုပြည့်ရှင် မှာ ၎င်း၏ သမီးဖြစ်သည်။[၄]
သီဆိုခဲ့သောသီချင်းများ နှင့် တေးစုများ
- ချစ်အရိပ် သီချင်း
- စိန်စီထားသောအလွမ်းများ တေးစု
- ဆောင်းအမီ တေးစု
- ဇာတိမာန် တေးစု
- ဇာတိမာန် (၂) တေးစု
- နှင်းကိုပြန်လွှတ်လိုက်ပါ တေးစု
- ပန်းဆယ်ပွင့်နှလုံးသားအိမ် ေးစု
- ပန်းပန်လျက်ပါ တေးစု
- မိုးမခအလွမ်း တေးစု
- ရေမြေဆုံးစေတော့ တေးစု
- ရှေးခေတ်ပုဂံပြည် နှင့် ကဗျာသီချင်းများ တေးစု
- သို့ … မိုးရိပ်ဧည့်သည် တေးစု
- ဟိုး … ဝေးဝေးက နှင်း တေးစု
ကိုးကား
- မြန်မာသံဆိုတာ သူ့ရေစီးနဲ့သူ အမြဲတမ်းရှင်သန် နေမှာပါပဲ- မြန်မာသံ တေးသံရှင် ခင်ညွန့်ရည်။ Popular Journal (၂၄ ဇန်နဝါရီ ၂၀၁၇)။ ၂၁ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- တေးရေး အလွမ်းသီချင်းရေးတဲ့ မောင်ကျော် ဇောနှင့် တေးသံရှင် ခင်ညွန့်ရည်တို့အား ဂီတ ဂုဏ်ပြုပွဲကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်း မြို့နယ်ရှိ M 3 FOOD CENTER တွင် ကျင်းပ။zannewsmyanmarentertainmentnews (၂၉ မေ ၂၀၂၄)။ ၂၀ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည့် မြန်မာသံအဆိုတော် ခင်ညွန့်ရီ၏ နာရေးအား ရေဝေးသုသာန်တွင် ပြုလုပ်မည်။ Eleven Media Group (၂၁ ဖေဖော်ဝါရီ ၂၀၂၅)။ ၂၁ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ဂန္ထဝင်တေးသံရှင်ကြီး ခင်ညွန့်ရည်ရဲ့ ကျန်းမာရေးအကြောင်းတစေ့တစောင်း။ MT News (၃၀ မေ ၂၀၂၄)။ ၂၁ ဖေဖော်ဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
