
ကမ္ဘာ့ဖလား
ဘောလုံးပွဲကြီကတော့
တစ် ချီ ပြီးသွားပြီ
မပြီးဆုံးနိုင် သေးတဲ့ ဘောလုံးပွဲတစ် ခုရှိနေတာ
ကမ္ဘာ့ဘောလုံးပွဲအပြီး
ဒီနေ့မှာ
တိုက်ဆိုင်စွာ သွားတွေ့တယ်
သံသရာ ဘောလုံးပွဲ
တဲ့

ဘောလုံးအသင်း ၂ သင်းအတွက်
ရှေ့တန်း၊အလယ်တန်း၊ နောက်တန်း
ဘေး ဘယ် ညာ
တီထွင် နေရာ ချထားပေးသူ
ဘောလုံးပွဲ ကစားကွက်တစ်ခုလုံးကို နေရာချပေးသူ
သစ္စာရှင် အမည် ခံ ဖေါ်ထုတ် တင်ပြပေးခဲ့သူကို
ကျေးဇူးတင်ရတယ်
ဗုဒ္ဓဘာသာဝင်တိုင်း သတိမူ ကြည့်သင့်တဲ့
ကြည့်နေရုံသာမဟုတ်
သင်ကိုယ်တိုင်
တဖက်ဖက်ကပါဝင်ခြေစမ်း ကစားသင့်တဲ့
မြန်မာ့ ဘောလုံးပွဲကြီး ဖြစ် တယ်
ဘယ်ဘက်က
သင် ဝင်ကန်မလဲ
နိဗ္ဗာန်သွားမလား
အပယ် လားမလား
နောင် သံသရာ ဘဝ အတွက်
အရှုံးအနိုင်
အဆုံးအဖြတ်ပေးမဲ့
ဘဝ သံသရာ ဘောလုံးပွဲ ကြီး ။

