

ဆ၇ာကြီးဦးသုခ၏ ဘဝသံသရာ သီချင်း https://fb.watch/E0EjXEdSOE/?fs=e


ဆရာ ကြီးဦးသုခ၏ ဘဝသံသရာ သီချင်း Lyric and Music. https://youtu.be/qzgLw2BzY4M?si=4ZScIpSpsXGJ65Fc. ဘဝသံသရာ Lyric & Music
တေးပြုစာဆို ဦးဘသိန်း (မန္တလေး)
တေးသံရှင် ဦးသုခ
• ဘဝသံသရာ ဦးသုခ Lyric & Music
သီချင်းကောင်းကင် သီချင်းမိုးတိမ် New Music Collection. Credit to Ko Sein Mya for his Title & Music. ဦးဘသိန်း (မန္တလေး) ၏ ဘဝသံသရာ
(ဘ၀ သံသရာ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ)၂ …. (ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွာလာ)၂ ….. (လောဘရယ် ဒေါသရယ် မောဟရယ် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ ပျော်လိုက်ရွှင်လိုက် ငိုကာ ရယ်ကာ ဘယ်ဟာမတည်မြဲ ဖောက်လွှဲ ဖောက်ပြန် အကြောင်းကံ ကံမ္မသကာ)၂ ….. တွေ့ကြုံ ဆုံကွဲ တစ်ခရီးတည်း ဝမ်းနည်းဝမ်းသာ ဝိပ္ပလ္လာ (ဖြစ်ချင်တာလည်း မဖြစ်ရပါ မဖြစ်ချင်တာတွေလည်း ဖြစ်ရမှာ)၂ သုံးဆယ့်တစ်ဘုံ ဝဋ်အတွင်းရောက်တော့ ကရွတ်ကင်းလျှောက်တဲ့ တေးဘုမ္မာ အဲဒါ အဲဒါ အဲဒါ ဘဝသံသရာ …..
ဘ၀ သံသရာ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ …..
စကားပြော။ (ဘဝဆိုတာ သတ္တဝါတစ်ဦးရဲ့ ဇာတိကအစ မရဏအထိ အဲဒီကာလကလေးလို့ သိကြရပါတယ် အဲဒီဘဝဟာ တစ်ဘဝတည်းနဲ့အပြီးသတ်ကြမလား ဘဝပေါင်းများစွာ ရှည်လျားနေရတဲ့အတွက် သံသရာရယ်လို့ ဘုရားဟောတော်မူခဲ့ပါတယ် အဲဒီလို ဘဝသံသရာမှာ ဒီဘ၀ ဒီခန္ဓာ ဒီရုပ် ဟိုဘ၀ ဟိုခန္ဓာ ဟိုရုပ် ဗြဟ္မာ့ပြည် တဝင်းဝင်း ဝက်စားကျင်း တရှုပ်ရှုပ် ကာမဆိုတဲ့ စက်ခလုတ်ကြောင့် အရုပ်များ လှမ်းသလို လှမ်းနေရတာက)
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ …..
စကားပြော။ ( အဲသည်လို သံသရာမဆုံးမချင်း သွားကြရတာကဘယ်သူတွေရဲ့ ပယောဂပါလဲ စဉ်းစားကြည့်လိုက်တော့ )
သြော် လောဘရယ် ဒေါသရယ် မောဟရယ် အဝိဇ္ဇာ ပစ္စယာရာ သင်္ခါရာတဲ့ …..
စကားပြော။ (အရင်းစစ်လိုက်တော့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာဆိုတဲ့အတိုင်း စုံလုံးကန်းတဲ့ အဝိဇ္ဇာကြောင့်သင်္ခါရဆိုတဲ့ ပြုပြင်တာတွေ စီမံတာတွေ ခံနေရတာပါပဲဒါကို ဘဝတိုင်း ဘဝတိုင်း ကောင်းတာလေးတွေ တွေ့တော့ ပျော်လိုက်ကြ မြူးစရာလေးတွေ့တော့ ရွှင်လိုက်ကြ ဒုက္ခဆင်းရဲတွေ့တော့ ငိုလိုက်ကြ ကိုယ်လိုချင်တာလေးရတော့ ရယ်လိုက်ကြ ဒါပေမယ့် ဘယ်ဟာမှ မမြဲကြပါဘူးတွေ့တယ် ကြုံတယ် ဆုံတယ် ကွဲတယ် ဝမ်းနည်းဝမ်းသာ ဝိပ္ပလ္လသတရားတွေမို့ဖြစ်ချင်တာလည်း ဖြစ်ချင်မှ ဖြစ်ကြမယ် မဖြစ်ချင်ပါဘူးဆိုလဲလည်း မဖြစ်မနေ ဖြစ်ကြရမယ် အဲဒီလို တေးဘုံမ္မိက ဝဋ်ဒုက္ခဆိုတဲ့ သုံးဆယ်တစ်ဘုံက လွတ်ကင်းအောင် ဇွတ်အတင်းထွက်နိုင်ဖို့ကလဲ သန်းခေါင်လကွယ် တောအုပ်အလယ်လမ်းမှားနေကြတဲ့ ခရီးသွားများသဖွယ် ကရွတ်ပေါ် ကင်းများလျှောက်သလိုဝိုင်းကြီးပတ်လည် ဘဝမဆုံးပဲနဲ့ဒုက္ခတုံးကြီး ရင်ဝယ်ပိုက်နေကြရတဲ့အတွက်ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာတွေရင်ဝယ်ပိုက်နိုင်အောင် ကြိုးစားကြဖို့)
သုံးဆယ်တစ်ဘုံ ဝဋ်အတွင်းရောက်တော့ ကရွတ်ကင်းလျှောက်တဲ့ တေဘုမ္မာ အဲဒါ အဲဒါ အဲဒါ ဘဝသံသရာ …. ။
ဘဝသံသရာ တေးဆို မောင်ေ၄ာင်ကြီး https://fb.watch/E0E3xzBXGL/?fs=e စာသား ဦးသုခ ၊ သံစဉ် မန္တလေး ဦးဘသိန်း၊ ဆိုင်း-ရွာစားကြီးစိန် လှမြိုင် ၊
ရီရီခင်ဆို သံသရာခရီးသည် https://youtu.be/0PIMRVuKmGc?si=5DS9TeVrQ7N3AKs0။ သံသရာခရီးသည် https://youtu.be/-4hm98sSd5E?si=m__2EnP3PbFBek4f။ သံသရာခရီးသည်=than thaya khayi: theရေး- မြို့မဦးရင်လေးနှင့် မြို့မကိုဘိုခင်၊
ဆို- ချိုချို ပြုံး၊ Ref: Cho Cho’s video. Maun Njan။ သံသရာခရီးသည် – တေး ရေး-မြို့ မ ကိုဘိုခင် +ဦးရင်လေး တေးဆို – ရွှေရည် နိုင်လင်း https://youtu.be/hJrGdDr4YFI?si=ywRisU2h2wVyRefW။ ဝိုင်းလှမင်းအောင် ဆို သံသရာခရီးသည် ၊ https://youtu.be/nO13Ih_eKPw?si=L25gDSbFMx3XNPBN
ဤလူ့ဘုံ ၊ တေးသံရှင် မြကေခိုင် ) တေးရေး- မုဒုံ ဦးဟန်သိန်း https://youtu.be/n5zYfvm5HW0?si=IkABm6SnIY7gK08h
မေတ္တာဖြန်းမှ လန်းဆန်းမယ် -တေးရေး-စန္တယားလှထွဋ် ရတနာဦးနှင့်အဖွဲ့ ( Lyric ) https://youtu.be/jBOPDvqYtBo?si=5bR2AW8mxeNSMiKG
မေတ္တာသံဝေ ၊ တေးဆို -ဟေမာနေဝင်း https://youtu.be/BvRzVrfWlFs?si=xBwXLrv__gVt4k5G
