မြန်မာတို့ရဲ့ဆည်မြောင်း ဆရာသမား ဒုဝန်ကြီးဦးအုန်းမြင့်ကွင်းဆင်းမှတ်တမ်း လမ်းညွှန် ချက်များ

မြန်မာတို့ရဲ့ဆည်မြောင်း

ဆည် မြာင်းရေးရာ စာပဒေသာ

ပြန်လည်ကူးယူဖေါ်ပြပါသည်

ဖတ်စရာ မှတ်စရာ ( ၁၅၅ )
ဆည် မြောင်းရေးရာ
စာပဒေသာ

ဆည် မြောင်း စီမံကိန်းများ အလိုက်
ဆည် မြောင်း ဒု – ဝန်ကြီး၏ ကွင်းဆင်းတွေ့ရှိချက်များ
လမ်းညွှန်ချက်များ
( ၂၀၀၈-၂၀၀၉ ကာလ )

ကွယ်လွ န်သူ ဆရာသမားကြီးဖြစ်သူ
လယ်ယာနှင့် ဆည် မြာင်း ဒု ဝန် ကြီး ဟောင်း ဦးအုန်းမြင့်၏
ဆည်မြောင်း လုပ်င န်းများဆိုင်ရာ လမ်းညွှန်ချက်များ ။

၂၀၀၉ မှာ ကျွန်တော် ဆည်မြောင်း ပင်စင်မယူခင် ကာလမှာ
ဆည်မြောင်း ရုံးချုပ် စီမံကိန်းနှင့်လုပ်ငန်း ဌာနစိတ်မှာ တာဝန်ကျခဲ့ စဉ် အချိန် က ယခင် ၁၉၇၇-၁၉၈၇ ကာလ အောက်မြန်မာပြည် ဧရာတိတိုင်း အောက်မြန်မာပည် စပါးစိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းပပိုင်း(၁) ဆည် မြောင်း စပါး စီမံကိန်း ဒီဇိုင်းနဲ့ ပုံထုတ်ရုံး မှာ တစ်ရုံးထဲ အတူ လုပ်ခဲ့ဘူးသူ ( ဆရာသမားက UK မှ Sir William Halcrow and Partners Co. နိုင်ငံခြားပညာ၇ှင် တွေနဲ့ပူးတွဲလုပ်နေရ သူ ဇလဗေဒ ဌာနစိတ်တာဝန်ခံ ) ဆည် မြောင်း ဝါရင့် စီနီယာအင်ဂျင်နီယာ ပညာရှင် ကြီး ဖြစ်တဲ့ (ကွယ်လွန် သူ) ဆရာသမား ဒုဝန်ကြီးဦးအုန်းမြင့်က တစ်တိုင်းပြည်လုံး ဆည်မြောင်းလုပ်ငန်းတွေစစ်ဆေးဘို့ ဆရာသမားရဲ့ဒုဝန်ကြီးကာလ ဘဝ တစ်လျှောက်လုံးမှာ ကွင်းဆင်းခရီးစဉ်တွေ များစွာ မနား၇အောင် အမြဲ သွားခဲ့ပြီး ဝန်ကြီးရုံးရောက်တာနဲ့
ခရီးသွားမှတ်တမ်း တွေ လမ်းညွှန်ချက်တွေကို ဆရာသမားက အကြွေးမထားဘဲ ချက်ခြင်း ရေးထုတ်တော့တာပါဘဲ။

ဆည်မြောင်းရုံးချုပ်မှာကျွန်တော်က ဆည်မြောင်းညွှန်ကြားရေးမှူးချုပ်ကို အထောက်အကူပေးနေရတဲ့ တစ်နိုင်ငံ လုံး ဆည်မြောင်းရဲ့ စီမံကိန်းနဲ့လုပ်ငန်းဌာနစိတ်တာဝန်ခံဖြစ်နေတော့ ဆရာသမား ဒုဝန်ကြီးရဲ့ ခရီးစဉ် လမ်းညွှန်ချက် တွေ ကို တစ်နိုင်ငံ လုံးက တိုင်းနဲ့ပြည်နယ် တာဝန်ခံ ဆည် မြောင်း ရုံးတွေ သိ၇ှိကြပြီး မိမိတို့အလုပ်ခွင် တွေမှာ လိုအပ် သလို ယူငင် အသုံးချနိုင်ကြရအောင် ဆရာသမားရဲ့ ခရီးသွားမှတ်တမ်းတွေ ၊ ဆည် မြောင်းဆိုင်ရာ ဒုဝန်ကြီးရဲ့ ကွင်းဆင်း လုပ်ငန်းလမ်းညွှနိချက်တွေ အားလုံးကို သဘောကျပြီး တစ်နိုင်ငံလုံးဆည်မြောင်းရုံးတွေကို တာဝန်ယူပြီး ဖြန်ဝေပေးခဲ့ပါတယ်။

လုပ်စရာအလုပ် ဟူသမျှကို စိကာစဉ်ကာ တစ်ခုပြီးတစ်ခု ကိုချက်ခြင်းလုပ်တတ်တဲ့ ဆရာသမားဒုဝန်ကြီး ဦးအုန်းမြင့် ( မာစတာ အုန်း) ရဲ့ အလေ့အကျင့်ကို နှစ်သက် သဘောတွေ့ပြီး နမူနာယူကာ ကျွန် တော် ကလဲ ဆရာသမားရဲ့ဆည် မြောင်းလမ်းညွှန်ချက် ရုံးစာတွေကို ချက်ခြင်းထွက်အောင် အောက်ကရုံးတွေကို မဆိုင်းမတွ ချက်ခြင်း ထုတ်ပြန်ပေးခဲ့ပါတယ် ။ အကြွေး မထားခဲ့ပါဘူး။ ဆည် မြောင်းရုံးချုပ်ဆိုတာကလဲ တစ်နိုင်ငံလုံ အလုပ်တွေ အတွက် စီမံခန့်ခွဲပေးနေ၇တာတွေကများလို့ အလုပ်တွေကိူအကြွေးထားလို့မရဘူး။ အလုပ်ကတော့များတာပေါ့။ ကျွန်တော်ဆျုလျင်နေပြည်တော် ဆည်မြောင်းရဒံချုပ်မှာ တာဝန်ကျနေခဲ့စဉ် ၁ နှစ် ခွဲကျော် ၂ နှစ်နီးပါး မှာ ညနေ၅ နာရီးအများဝန်ထမ်းတွေရဓံးဆင်းကြပေမဲ့ရဒံမဆင်းနျင်သေးဘဲ ရဒံ အခန်းထဲမှာတစ်ကိုယ်တော် နေ့တစ်ဓူဝ ဆည် မြောင်းအလုပ်တွေကို ဆက် လုပ်နေ စီမံ ခနိ့ခွဲ နေလိုက်တာ ည ၇ နာရီကျော် ၈ နာရှခနိ့မဖျ နေထိုင်ရာအဆောင်ကိုပြနိ ခဲ့ရတာများခဲ့ပါတယ်.. နေပြည်တော်ရဲ့ ကား မ်းကျဘ်ကြီးတွေပေါ်မှာ ကျွနိတော့်ကားတစ်ီးတည်းလို သာရှိ နေ တတ်ခဲ့ပါတယ်.

ဆည်မြောင်းရုံးချုပ်မှာ တာဝနိကျ နေကြသူ လူကြီးလုပ်နေကြသူတွေ အထက်အောက် လူကြီး တွေ အများက ရူံးဆင်းချိန် မှာ ရုံးမ ဆင်းနိင်ကြ သေးဘဲအလုပ်တွေဆက်လုပ်နေကြရတာများခဲ့ကြပါတယ်..

ဆရာသမား ဆည်မြောင်း ပညာရှင် ပညာတတ် လူတော် ကြီးဖြစ်သူ ဒုဝန်ကြီးဦး အုန်းမြင့်ရဲ့ ဆည်မြောင်းလမ်းညွှန်ချက်စာတွေကို မိမိကိုယ်တိုင် နည်းယူစရာဆည်မြောင်းအလုပ်စာတွေမို့ ရုံးစာတွေ အားလုံး ကို ကိုယ်ပိုင် စုပေါင်းသိမ်းဆည်းထားခဲ့ပါတယ်

ပျဉ်းမနား တဆရ ဆဝည်ဆောက်ရေး ၅ ရုံး ဆည်မြောင်းတည်ဆဆောက်ရေးတာဝနခံ စီနီယာကြီး ဦးမြင့်သန်း ( နောင်မှာ မန္တလေးတိုင်း တွင် ဆည်မြောင်’နဲ့ေ၇အရင်းအမြစ် ဝန်ကြီးလုပ်ခဲ့သူ) ကလဲဆည်မြောင်းပညာရှင် ပညာတတ် လူတော် အင်ဂျနီယာကြီး တစ်ဦးမို့ ညွှန်ကြားရေး မှူး SE ဦးမြင့်သန်းက လဲ ဆရာသမားဦး အုန်း မြင့် ရဲ့ ဆည်မြောင်း ညွှန်ကြားချက်စာတွေကိုစုစည်း ပြီး A4 စာရွက်နဲ့ ကူးယူကာ စာအုပ်ချုပ်ခဲ့ဘူးတယ် ။သူ့ရုံးကတပည့်တွေမိတ်ဆွေတွေကိုဦးမြင့်သန်းက ပေး ဝေခဲ့ဘူးပါတယ်။

ယခု ဆည်မြောင်းဦးကြည်စိုးကာ CD pdf copy လုပ်ပြီး email နဲ့ ဖြန့် ဝေပေး မယ်သိရလို့ လွန်စွာဝမ်းသာ မိရပါတယ်

မှတ်သားစရာ ဆည်မြောင်းအကြောင်း ဆရာသမားရဲ့ နည်းပေးလမ်းပြ လမ်းညွှန်ချက်တွေက ဆည် မြောင်းအင်ဂျင်နီယာတိုင်း သိထား သင့်တဲ့အကြောင်းအရာ တွေ ပါ။

မိမိဆည် မြောင်းလုပ်သက် ၃၅ နှစ်စ် ကာလ အတွင်းမှာ ဆည်မြောင်းမှာ ဘယ်သူမှ ဆရာသမားကဲ့သို့ သူ့လိုမရေးနိုင် မလုပ်နိုင်ခဲ့ကြသူတွေကများပါတယ်.ရှိတော့ရှိတယ် နည်းပါတယ်.ရှားပါတယ်.
တစ်ခေတ်တစ် ချီန်က ကျွန်တော်တို့၇ဲ့ မြန်မတို့ရဲ့ ဆည်မြောင်းပါ

ပုံ တွေနဲ့ဆရာ့လက်ရေး ပုံကြမ်းတွေနဲ့အတူ ဆရသမားသွားခဲ့တဲ့ သက်ဆိုင်ရာ ဆည်တမံ တွေ ရေတံခါးကြီးတွေ ဓာတ်ပုံ တွေ ဝေဝေဆာဆာ နဲ့ တူတူတန်တန် စာအုပ်ကြီး တစ်အုပ် ကျွန် တော် ဖြစ်စေချင် ၊လုပ်ချင်နေခဲ့တာကြာပါပြီ. ။

အကြောင်းအရာ တွေ တူရာစု အခန်းတွေခွဲပြီး စာအုပ်ဖြစ်အောင်လုပ်ဘို့ကောင်းတယ်။
ယခု ဆည်မြောင်းဦးကြည်စိုး က တိုင်းနဲ့ပြည်နယ်အလိုက် တူရာစု လုထားပုံ ရလို့ အားရကျေနပ် ဝမ်းသာမိရပါတယ်။

ကွယ်လွန်သူဆရာသမားကြဖိး ဒုဝန်ကြီး ဦးအုန်းမြင့်သို့ အမှတ်ရစွာဖြင့်

အေးမြင့် ( ညောင်တုန်း)
၂၅ ဇုလိုင်လ ၂၀၂၄
13 December 2025 ( edited )

ရည်ညွှန်း

ဆည် မြောင်း ဦး ကြည်စိုး၏ Facebook post 15 August 2019

ဒု ဝန်ကြီး ဦးအုန်းမြင့် စီမံကိန်း အလိုက် လမ်းညွှန်မှာကြားချက် စုစည်းမှု
လေ့လာလိုလျှင် email address ပို့ထားပေးပါ
အချိန်ရသလို ပို့ထားပေးပါမယ်

ရည်ညွှန်း
ကြည်စိုး ဆည်မြောင်း Fb post 15 Aug 2019
ဒု ဝန်ကြီး ဦးအုန်းမြင့် စီမံကိန်း အလိုက် လမ်းညွှန်မှာကြားချက် စုစည်းမှု
လေ့လာလိုလျှင် email address ပို့ထားပေးပါ
အချိန်ရသလို ပို့ထားပေးပါမယ်