ဆီးချိုသမားတွေအတွက်အထူးဖေါ်စပ် ထုတ်လုပ်ထားတဲ့ ကမ္ဘာကျော် Abbott USA Co ရဲ့ Glucerna အဟာရမှုန့် ဘူး

တွေးမိတွေးရာ ရေးမိရေးရာ ( ၁၅၀ )
( ကျန်းမာရေး ) အစာလည်းဆေး

ဆီးချိုသမားတွေအတွက် အထူးဖေါ်စပ် ထုတ်လုပ်ထားတဲ့ ကမ္ဘာကျော် Abbott USA Co ရဲ့ Glucerna အဟာရမှုန့် ဘူး နဲ့ ဆီးချို သမားတွေစားဘို့ Low GI Glucose Index အချိုဓာတ် လျော့ထားတဲ့ ပေါင်မုန့်ကြမ်း ကို နုရွနေအောင် ဖန်တီးပြုလုပ်ထားတဲ့ ပေါင်မုန့်ကြမ်း

ဆီချိုသမားတွေကို ကာဘိုဟိုက်ဒရိတ်နည်းတဲ့ဆန်ကြမ်း ဂျုံကြမ်းတွေစားသင့်ကြောင်း ဆီးချိုကျန်းမာရေးပညာပေးတွေမှာ မကြာခန တွေ့နေရပါတယ်

လူတွေသိထားတဲ့ Ensure အဟာရမှုန့်ထုတ်လုပ်တဲ့ USA Abbott ကုမ္ပဏီကြီးက
ဆီးချိုသမားတွေအတွက် သီးသန့် မီဝဲဘို့ Glucerna အဟာရမှုန့်ကို မကြာသောနှစ်တွေကထုတ်လုပ်ဖြန့်ချီခဲ့တယ်
တကမ္ဘာလုံးအတိုင်းအတာအရ ဆီးချိုဖြစ်သူ ဦးရေက လူဦးရေအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကျော် တစ်ဝက်ကျော်ကျော် ဆီးချိုရှိနေကြလို့ ဆီးချို သမားစျေးကွက်က
မသေးလှဘူး
အစာလည်းဆေး ဆိုသော်လည်း ဘာမှ အလကားမရ
ပစ္စည်းကောင်းလေ စျေးကောင်းလေ တန်ဘိုးရှိလေ စျေးကြီးလေ
ကမ္ဘာကြီမှာ စျေးတွေ တန်ဘိုးတွေက နည်းလှသည်မဟုတ်
ကျန်းမာရေးကို ငွေနဲ့ပေးဝယ်နေကြရတယ်
ဆရာသမားတစ်ဦးထံကရတဲ့သတင်းအရ USA Abbott ပညာရှင် ကုမ္ပဏီကြီးက
သက်တန်း ၇၀ ကျော် ရှိနေတဲ့ အဖွဲ့ကြီး ဖြစ်တယ် ၁၉၄၈ ၀န်းကျင်ကာလတွေ ကတည်းက တည် ရှိနေခဲ့တာသိလိုက်ရတယ်
ဆည် မြောင်းနဲ့ဆက်စပ် သတင်းသိရတာက မြန်မာ ပြည်လွတ်လပ်ရေးရပြီချိန်
ဦးနုအစိုးရလက်ထက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စစ်ဒဏ်ခံခဲ့ရတဲ့နိုင်ငံပြန်လည်ထူထောင်ရေး လုပ်နေစဉ် ဘက်ပေါင်းစုံမဟာစီမံကိန်းအတွက်
အမေရိကန်အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ KTA အဖွဲ့က မြန်မာပြည်ကိုလာကူတယ်
ဘာတွေလုပ်သင့်တယ် ကွင်းဆင်းလေ့လာခဲ့ကြရာမှာ ကျွန်တော်တို့ခေတ် ဆည်တမံတွေဆောက်ခဲ့ကြတာ Abbot Co ကမူလပထမ တစ်နိုင်ငဲလုံးရှာထားတဲ့ဆည်ဆောက်သင့်တဲ့နေရာတွေဖြစ်တယ် ဆည်မြောင်းမှာ KTA Report တွေက
ကျွန်တော်တို့အတွက်အားထားရတဲ့ စာအုပ်တွေအင်ဂျင်နီယာ ပညာတွေ ပါဝင်ခဲ့တယ်
KTA အဖွဲ့ ရဲ့ အတ်ကောက်စာလုံး ထံကနောက်ဆုံး A က Abbott ကုမ္ပဏီလို့ USA နေသူ ဆရာသမား Dr Ohn ထံက သိခဲ့ရပါတယ်
ဆီးချိုသမားအတွက် Glucerna အဟာရမှုန့် ကို Abbott ကထုတ်လုပ်ထားတာ။ သိထားတော့ ပိုအထင်ကြီးသွားတယ် ပုံမှန် ဝယ်သုံးဖြစ်နေတော့တယ်
စျေးကတော့ ကျွန်တော်တို့ မြန်မာ အတွက် မသေး လှ

အစာလဲဆေး နောက်တမျိုး ဝယ်စားဖြစ်တာက ဆီးပိုးပြသနာမဖြစ်အောင် ဆီးပြသနာ ကာကွယ်ပေးတဲ့ ကျန်းမာရေးအထောက်အကူပြု ဘယ်ရီ သီးမျိုးစုံတွေထဲက
Cranberry ခရန်ဘယ်ရီသီးတွေ ဝယ်စား ဖြစ်နေပါတယ်။

အေးမြင့် ( ညောင်တုန်း)
၁၇ နိုဝင်ဘာ ၂၀၂၂
