FLOOD စာအုပ်။ ရေကြီး ပြဿနာရေးရာ စာများ ။ တွံတေး မြို့ မှ ဇီးဖြူကုန်း ရေတံခါး အမွှာ အကြောင်းသိကောင်းစရာများ

FLOOD စာအုပ်
ရေကြီး ပြဿနာရေးရာ စာများ

စာဖတ်သူများအတွက်

ဖတ်စရာ မှတ်စရာ
လေ့လာစရာ
ကြည့်စရာ သိစရာများ

FLOODS in Myanmar

ဝါဆို ဝါ ခေါင် ရေဖေါင်ဖေါင်
July August Rain and Floods

ေရကြီး ပြဿနာအဖြေရှာ ရေတွေဘယ်ကလာ

မြန်မာနိုင်ငံ အတွင်း ရေကြီးရေလျှံ ရေ လွမ်းမိုးမှု
ရေ ဘေး ပြဿနာများနှင့်
ရေဘေးကာကွယ်ရေးများ

ရေငန် ပင်လယ်ဒီရေ တက် ရောက်ရာ မြစ်ချောင်းများအနီး
စပါးစိုက် လ ယ်ယာမြေများတွင် ဖြစ်လေ့ရှိခဲ့သော
ရေကြီး နစ်မြုပ်မှု ပြဿနာများအပေါ်
ရေကြီး ပြဿနာများဖြေရှင်းရေးအတွက်
အလိုအလျောက် ရေသွင်းရေ ထုတ် နိုင်ပြီး
ရေချို များထိန်းထား နိုင်သည့်
ဆည်မြောင်းေရတံခါးကြီးများ၏ အခန်းကဏ္ဍ

မြန်မာတို့ရဲ့ဆည် မြောင်း များ

ရေတံခါးတို့ရဲ့အတွင်းရေး ( ၁ )

တွံတေး မြို့ မှ ဇီးဖြူကုန်း ရေတံခါး အမွှာ အကြောင်း
သိကောင်းစရာများ

ပြနိလည် ကူးယူ ဖေါ်ပြပါသည် .

ရည် ညွှန်း
အောက်ပါ
ayemyint.blog အင်wတာနက်e စာမျက်bနှာ page ကို နှိပိဖွင့်၍
လေ့ လာနိုင် ကြပါသည် ။

အေးမြင့် ( ညောင်တုန်း )

ရည်ညွှန်းစာ

မှတ်ဖွယ်မှတ်ရာ စာပဒေသာ
General Knowledges and Water Resources Management in Myanmar
Menu

SLUICE GATES MYANMAR.
မြန်မာ့ ဆည်မြောင်းရေတံခါးများ,

တွံတေးမြို့ တစ်ဖက်ကမ်း တွံတေးတူးမြောင်းဘေး မှာ တည်ဆောက်ခဲ့သော�ဆည်မြောင်း၏ ဇီးဖြူကုန်းရေတံခါးအမွှာ

ယခင်နှင့် ယခု�ဂြိုဟ်တု ဓာတ်ပုံများ

ရည်ညွှန်း

မောင်ကြုံတိုင်း၏ ဘဝအထွေထွေ
ဆည်မြောင်း ရေးရာ�စာပဒေသာ
ရေတံခါးတို့၏ အတွင်းရေးများ (၁) က / ခ / ဂ /

တွံတေးမြို့တစ်ဖက်ကမ်း တွံတေးတူးမြောင်းဘေးမှာဆည် မြောင်းကတည်ဆောက်ခဲ့ကြသော�ဇီးဖြူကုန်း ရေထုတ် ရေနုတ် ရေငန်တားရေချို ထိန်း နိုင်တဲ့ ဘက်စုံသုံး ရေတံခါးနဲ့�ကပ်လျက်မှာ တစ်ပြိုင် တည်း တည်ဆောက်ထားခဲ့ တဲ့�တွံတေးတူးမြောင်းမှ ရွှေမယင်းကွင်းထဲသို့ လှေသမ္ဗာန်တွေစက်လှေတွေ အချိန် မ ရွေး အလွယ်တကူ ဝင် ထွက် သွားလာနိုင်ဘို့အတွက် ရေယဉ် ဝင်ထွက်သွားလာနိုင်ဘို့တွဲဘက်တည်ဆောက်ထားခဲ့တဲ့ ရေယဉ်ဝင်ထွက်ရေတံခါးလဲရှိနေပါတယ်။

ရေတံခါး ၂ခုစလုံးက ရေတံခါး ရွ က်ကြီးတွေကို ဘာစက် ဘာဒီဇယ်ဆီ ဘာလျှပ်စစ်မှ မသုံး ရဘဲ သဘာဝ အလျောက် တက်�ကျနေတဲ့ ပင်လယ်ဒီရေအတက်အကျ၊ ရေတက်ရေကျ ကိုယူအသုံးချပြီးတည်ဆောက်ထားတဲ့ အလိုအလျောက် ဖွင့်ပိတ်နိုင်တဲ့ ရေတံခါး တွေဖြစ်ကြပါတယ်.

ပင် လယ်ဒိရေအတက်အကျကိုအသု့ံးချပြီူရေတံခါးရွက် တွေကို အလိုလိုဖွင့်ပိတ်နိုင်အောင် တီထွင်ကြံဆ ပြီး ဒီ ဇိုင်းပုံစံထုတ်ပေးခဲ့သူ ။ @တပည့်တွေကိုသင်ကြားပြသပေးခဲသူက ဆည် မြောင်းရဲ့စီနိယာဝါရင့်ဆည် မြောင်းအင်ဂျင်နီယာဆရာသမားကြီး
ဖြစ်သူ ဆည် မြောင်းမှာ ရှာမှရှား မြစိဝကျွန်းပေါ် ရေတံခါးပညာရှင် ကြီး ကွယ်လွန် သွားလေသူ ဆရာသမားကြီး ဦးထွေးမြင့် ဖြစ်ပါတယ်.။
အာရှနဲ့နိုင်င့တကာခေ့ခါရေးတွေ စာတန်းဖတ်ပွဲတွေကိုကျွန်တော် မကြာမကြာ သွားခဲ့ရာမှာ ကျွန်တော်တို့ ကဲ့သို့ အဘိုအလျောက်ဖွင့်ပိတ် ေ၇တံခါးစစန်တေေါတွေ့ရခဲပါတယ်.မေးလို့လည်းမသိကြ တာများခဲ့ပါတယ်.
ကမ္ဘာပေါ်က ေ၇တ့ခါးကြီးတွေအများစုက ဒီဇယ်ဆီသု့း သို့မဟုတ်။ ျှပ်စစ်ပါဝါသုံး,အဖွင့်အပိတ် လုပ်ကြတဲ့ေ၇တံခါးစနစ်တွေများကြတာသတိပြုမိခဲ့ပါတယ်
ခေတ် ကောင်းချိန် ကာလမှ ၇န်ကုန်တစ်ဖက်ကမ်းပနိးလှိုင်ချောင်းဝမှာ တည် ဆောက်မဲ့ ေ၇ဝ့ခါူကြီးကျုာလျှပ်စစ်နဲ့ေ၇တ့ခါးဖွင့်ပိတ်ဘို့ နယ်သာလန် ဒပ် ျ္ေရတ့ခါး ပညာရှင်တွေက ဒီဇိုင်းပုံစံထုတ်ပေးခဲ့ပါတယ်’တည်ဆောက်၇န် ရန်ပုံငွေ ၇ှာဖွနေဆဲ့နျုင်င့ ပျက်သုဉ်းသွားလို့ေ၇တံခါူတည်ဆောက်ေ၇းပခုပ်ကြီးရပ်စံသွားခဲ့ပါတယ်.’ယခုအခါ လှိုင်သာယာ ပန်းလှိုင်ဆေးရုံအနီး က ပန်းလှိုင်ချောင်ူဝ၎ျာ ရန်ကုန်နြစ်ထဲက နုတိးတွေ ဝင် ရောက်ပြီး ပန်းလှိုင် ချာင် တ ကောနေဆာ ချောင်းအကျယ် ကျဉ်းကျဉ်းခေူသာရှိနေပါတော့တယ် ။ မူလ ပနိးလှိုင်းချောင်းကျယ်ကြီးရဲ့
ရေ နုတ် ေ၇ထုတ် စနစ် တွေပျက်သွားခဲ့ပါပြီ ။

ရေယဉ် ဝင်ထွက်ရေတံ ခါး သာ လျင် ဖွင့်ပိတ်ဘို့လူအားအနည်းငယ်သုံးရတဲ့ ရေပြင် ညှိအဆောက်အုံ ရေတံခါးဖြစ်ပါတယ်

ရေတက်ရေကျကို ကြည့်ပြီးရေတံခါး တွေကို ဖွင့်ပိတ်ကာ လှေသင်္ဘောတေါဝင် ရ ထွက ်ရ လွယ်အာင် ရေတံခါးထဲက ရေနဲ့ အပြင် က ရေ တက်ရေကျ တွေ ကို ရေပြင် ညှိပြီးရေယဉ်တွေကို ဝင်ထွက် စေပါတယ်. ။�Navigational Lock Gate ကို ရေပြင်ညှိရေတံခါး ဟုလည်း ဆည်မြောင်းမှ မြန်မာလိုအမည်ပေးထားပါတယ်. ။

တွံတေး တူးမြောင်းမကြီး ဘေးနားကပ်လျက် ရေတံခါးတွေတည်ဆောက်ခဲ့ရာမှာ တူးမြောင်း ဘေးကရေတံ ခါး အောက်ခံမြေသား တွေ ပြော့ မပြော့ မာမမာ ကို ဆည် မြောင်း မိတ်ဆွေကြီး အလုပ် တကယ်လုပ်သူ ဘူမိ ပညာရှင် ကိုမြတ်သာကြီး နဲ့ မြေ�စမ်းသပ် စစ်ဆေး ခဲ့ရာမှာ ဖေါင်ဒေးရှင်မြေသားက အလွန်မာတဲ့�ဂဝံမြေသား ပါတဲ့ ရွှံစေး မြေ အမာစား ဖြစ်နေပါတယ် ။

လယ်ယာနဲ့ ဆည် မြာင်း ဝန်ကြီးကို အကြံပေးလုပ် နေသူ ဆည် မြောင်း ဆရာသမားကြီး ဦး ထွေးမြင့်ကို အောက်ခံမြေသားတိုင်းတာစစ်ဆေးတွေ့ရှိချက်တွေကို ကျွန်တော်တို့ က တင်ပြကြတော့ ဆရာသမားက အလွန် သဘောကျသွား ပြပြီး ၊ ရေတံခါး ဖေါ်င် ဒေး ရှင်း အောက်ခံ မြေ ကြီး ထဲမှာ တည်ဆောက်ခဲ့ကြတဲ့ အခြား ေ၇တံခါးတွေ လို အမာခဲသစ်သား ပိုင်တိုင်တွေ ရိုက်ပြီး ခံ ထား စရာမလိုတော့ဘူး ပြော ပါတယ်။

ေ၇တ့ံခါး မကြီးရဲ့ ရေ ထုတ် ရေ လမ်းကြောင်း ကို တွံတေးတူးမြောင်းထဲက ရေအထွက် လားရာ အတိုင် ချိန်ပြီး ေ၇ထုတ်�နိုင်အောင် ရေတံခါးတည်နေရာ အလျားအနံ တည်နေ၇ာကိုကျွန်တော်တို့ ေ၇ွးခြယ် ပနက်ရီုက် နေရာချကြပါတယ်။

မြစ်ဝကျွန်းပေါ် အင်ဂျင်နီယာ ရေတ့ခါးပညာရှင် ဆရာသမား ကြီး က ရေတံခါးအောက် ခြေမှာ ပိုင်တိုင်တွေရိုက်ခံထားစရာမလိုဟုကျွန်တော်ကို ပြောခဲ့သော်လဲ ၊ ကျွန်တော်က အင်ဂင်နီယာ ပြီ ပြီ�ရေအား အဆောက်အဦ ဒီဇိုင်းတွေ ကိုအင်ဂျင်နီယာတွေ တွက်ကြချက်ကြ ဒီဇိုင်းပုံတွေ ထုတ်ကြရာမှာ ဘာအဆောက်အဦ မဆို အ ရှည် သဖြင့်ဘေးကင်း လုံခြုံ စိတ်ချ နိုင် ရေးမှာ တွက်လို့ရတဲ့ကိန်းဂဏန်း တွေ အတီုင်းအတိအကျ အသေမယူ ဘဲ အမြံတန်း Safety Factor လုံခြံုစိတ် ချရ ရေး အတွက် ပိုပိုသာသာ ထပ်တိုး�ထပ်ဆောင်း လုပ်လေ့ရှိ ကြတဲ့ အတီုင်း ရေတံခါး ထာဝရ လုံခြံုေ၇း Safety Factor အတွက် ရေတံခါး အောက်မှာ Pile ကျွန်းသစ်သားတိုင်တွေ ကို ထညိ့သွင်းရီုက်စရာမလိုလို့ ပုံမှန် မထည့်ပေမဲ့ အနည်းအကျဉ်း ကို ရေတံခါး ဖေါင် ဒေး ရှင် အောက် ခြေ�မှာ ခံထားရိုက် ခဲ့ပြီး ရေတံခါးအမှာ ၂ ခု လုံးကို ကျွန်တော်က တည်ဆောက်စေ ခဲံ့ ပါတယ်

ရေငန် တားနဲ့ရေ ထုတ် ရေချိုထိန်း ရေတံခါးကြီး ကို ဆည် မြောင်းတည်ဆောက်ရေးရုံး အမှတ် ( ၆ )မှ EE ကိုမျိုးဝင်းနဲ့ AE ကို ဇော် ဦးတိုက တာဝန်ယူ တည် ဆောက်ခဲ့ကြတာဖြစ်ပါတယ်။

ကပ်လျက် ရေယဉ် ဝင်ထွက် ရေတံခါးကို ကျွန်တော် ASE နဲ့ SAE ကိုသင်္ခါကျော်တို့က တာဝန်ယူတည်ဆောက်ခဲဲ့ကြပါတယ်။

ဇီးဖြူကုန်း ရေထုတ် ရေနုတ် တံခါးကြီးရဲ့ ရေထွက် လမ်းကြောင်းကို တွံတေးတူးမြေ င်း ရေကျချိန် ရန်ကုန် မြစ်ဘက် ပင်လယ် ဘက်သို့ ရေစီးရာ လမ်းကြောင်းအတိုင်း လိုက်လျောညီစွာ ရေထွက် စေခဲ့ ပြီး�ေ၇တ့။ခါးရဲ့ ရေထွက် လမ်းကြောင်းကို တွံတေးတူးမြောင်း ရေစီးကြောင်းနဲ့ လိုက်လျောညီအောင် ရေတံခါးေရထွက်ရန် ရေ ထုတ်မြောင်း နေရာကို ကျွန်တော် ရွေးခြယ် သတ်မှတ်ခဲ့တာ ဖြစ်တယ် ။

ရေတံခါး ကြီး ၂ ခုစလုံးရဲ့ အောက်ခံ မြေသားတွေက အလွန်�ခိုင်မာကျစ်လစ်နေတာမို့ရေစီးအားရေထုတ်အားရေထွက်အား�တွေ ကြောင့် ရေတံခါး ၂ ခုစလုံးရဲ့ ရေသွင်း ရေထုတ် မြောင်း�ဘေး မြောင်းကမ်းပါး ယံ တွေ ရေ တိုက်စား ခံရတာ မရှိသလောက် နည်းလို့ ဂြိုစ်တုဓာတ်ပုံပေါ်မှာ ရှာကြည့်လိုက်တဲ့အခါ တွံတေးတူးမြောင်းအထွက်မြောင်းက ရေစားမသွားဘဲ ရေလမ်းကြောင်းအကွေးအတိုင်း မပြို မပျက်ဘဲ အချွန်းပုံ စံအကွေးအတိုင်း ရှိနေတာ နောင်မှာ တွေ့ရှိခဲ့ရ ပါတယ်။

ဆည်မြောင်းကမြစ်ဝကျွန်းပေါ်မှာတည်ဆောက် ခဲ့ကြတဲ့ ရေတံခါးတွေအများအပြားကို ယခုကဲ့သို့ရေတံခါးအရှည်တည့်တန့်�ခိုင် မြံဘို့ အရေး အတွက် မြစ်ဝကျွန်ပေါ်အင်ဂျင်နီယာ ဆရာသမားကြီးဦးထွေးမြင့်ထံနည်းနာခခဲ့ ကြပြီး ဆရာသမားနဲ့ တိုင်ပင် ညှိနှိုင်းတည်ဆောက်ခဲ့ကြတာဖြစ်ကြပါတယ်

တည်ဆောက်ခဲ့ကြသောရေတံခါးများစွာဟာ နှစ် ပေါင်းများစွာကြာပြီး ယနေ့ ယခု တိုင်�ရေ ထုတ် ရေနုတ် ရေငန်တား ရေချိုထိန်း တဲ့ ဘက်စုံ အလုပ်တွေကို ကောင်းကောင်း လုပ်နေကြကြောင် စုံစမ်းမေးမြန်းသိ ရှိနေရပါတယ်ခင်ဗျား ။

ကျွန်တော်က ကျွန်တော်နှင့်ရေတံခါးများစာအုပ် ထုတ်မည့်အကြောင်းဆရာ့ကို ပြောခဲ့ဘူး တော့ ဆရာသမားက ခင်ဗျားစာအုပ် နာမည် စာဖတ်သူတွေ စိတ်ဝင်စားကြမှာမဟုတ်ဘူး။ ,�ရေ တံခါးတို့၏ အတွင်းရေးဟု စာအုပ် အမည်ပြောင်းရန် အကြံ ပေးခဲ့သူ အသက် ၈၆ နှစ်ခန့် မှာ ဆရာသမားအိမ်မှာ မိမိ ရှေ့ တွင်ပင် ကွယ်လွန် ဆုံးပါး သွားခဲ့ သူ ဆည်မြောင်းဆရာ သမားကြီး ဦးထွေးမြင့်နှင့် ဆရာသမားကြီးနှင့် အတူနှများစွာ အတူ လက်တွဲအလုပ် လုပ်ခဲ့ကြသူ ရေတံခါးဒီဇိုင်းပညာရှင် ကွယ် လွန်သွားလေသူ တပည့် ကျော်ကိုတင်ထွန်း သို့ အမှတ်ရ သတိရ စွာဖြင့်�အမှတ်တရ –

အေးမြင့် ( ညောင်တုန်း )
�16 June 2025
17 November 2025 ( edited )

ရည် ညွှန်း
၁။ Youtube video ရုပ်သံ Sluice Gate ဇီးဖြူကုန်း ရေတံခါး အကြောင်း YIT အင်ဂျင်နီယာ သားငယ် သို့ ရှင်းလင် ချက် video Link
�https://youtu.be/tgobdVid0tI

ဇိးဖြူကုန်းေရတံခါး တည် ဆောက်ခဲ့ပုံSluice Gate အကြောင်းရှင်းလင် ချက်များ ။ Youtube video ရုပ်သံ Link

၂။ တွံတေးမြို့ တစ်ဖက်ကမ်း တွံတေးတူးမြောင်းဘေး မှာ တည်ဆောက်ခဲ့သော�ဆည်မြောင်း၏ ဇီးဖြူကုန်းရေတံခါးအမွှာ
ယခင်နှင့် ယခု ဂြိုဟ်တု ဓာတ်ပုံများ

၃ ။ ၂၁ ရာစုရဲ့ အာရုဏ် ဦး / ဆည်မြောင်း ရေတံခါးသီချင်းများ မြန်မာ(၆) + အင်္ဂလိပ် (၄) ပေါင်း ၁၀ ပုဒ် များထဲမှ �ရွှေမယင်းရဲ့ အာရုဏ်ဦး/ ဇီးဖြူကုန်းရေတံခါး သီချင်း

Youtube video ရုပ်/သံ Link
https://youtu.be/jM9Xa9ySsqQ?si=x4wDvGrstvooMjCi

မှတ်ဖွယ်မှတ်ရာ
လေ့လာစရာ
ကြည့်စရာ သိစရာ

မြန်မာတို့ရဲ့ဆည် မြောင်း

သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်အလွန် ကာလ
၂၁ရာစု ရဲ့အာရုဏ် ဦး ခေတ်များဆီမှ
မြန်မာ တို့ရဲ့ ဆည် မြောင်း

ရေနက်ကွင်းရဲ့ နှလုံး သား

ဝါရင့်ဆည် မြောင်းစိနီယာအင်ဂျင်နီယာ ပညာရှင်ကြီး,
ကွယ်လွန် သူ ဆည် မြောင်း ဆရာသမားကြီး ဦးထွေးမြင့်၏
လမ်းညျွန်သင်ကြားပြသမှုများဖြငိ့
ဆည်မြောင်း တပည့်အပေါင်းက
စုပေါင်းညီညာအောင်ကြောင်းဖြာဖြင့်

စိမီမံကိနိးကာလ ၆ နှစ်ကျော် အတွင်း
ဘယ် နိုင်ငံခြား အကူအညီ ဘာတစ်ခုမျှမပါဝင် ဘဲ
မြန်မာအင် ဂျင်နိယာများ အသွမ်းဖြင့်
ကိုယ်တိုင် ဖန်တီးတည်ဆောက်
အကောင်အထည်ဖေါ်ခဲ့ကြသော
မြန်မာ ဆည် မြောင်းအင်ဂျင်နီယာများ၏ စွမ်းပကား

ညောင်တုန်း ကျွန်း ေ၇နက်ကွင်း လယ်ယာမြေ ဖေါ်ထုတ်ရေးစီမံကိန်း ကြီး

၁။ ယနေ့တိုင်

စီမဲကိန်းနယ်မြေများဖြစ်ကြသော မအူပင် မြို့ နယ် နှင့် ညောင်တုန်းမြို့ နယ်အတွင်း တွင်
မူလက စပါးစိုက် တောင်သူများအတွက် အဓိကထားလျက်
ညောင်တုန်းကျေါနိးရေနက်က်ကွင်းများ ထဲမှ စပါးစိုက်ခင်းများ ရေကြီးေရလွှမ်း သက်သာစေရေးများကို ကောင်းစွာ ဆောင်ရွက် ပေးနိုင်ခဲ့ပြီး စပါးနှင့်အခြားသိးနှံများကောင်းစွာစိုက်ပျိုးဖြစ်ထွန်း အောင်မြင် ကြစေခဲ့ရုံသာမက

၂ ။ နောင်အခါ ၊
ယခုအခါ
ဧရာဝတီတိုင်ကြီးတစ်ခုလုံးရှိ ငါးမွေးမြူရေး ငါး ကန် စုစုပေါင်း၏ ၆၀ ရာနှုန်းခနိ့ ကျော်အထိ (စင်ကာပူနိုင်ငံတစ်ခုလုံး ခန့် ကျယ်ဝန်း သော ) ညောင်တုနိးကျွနိး ကြီး တစ်ကျွန်းလုံးထဲတွင် ရှိနေကြသော ေ၇နက်ကွင်းများရေကျသွားသဖြင့်ထွက် ပေါ် ခါ ခဲ့သော ငါးမွေးမြူရေး ကန်များ၏ သားငါးထုတ်လုက်ရေးမှာ

ဒေသ နေပြည်သူအပေါင်း၏ စားနပ်ရိက္ခာဖူလု့စေရေး အတွက်ပါ မမျော်လင့်ဘဲ မတွက်ဆခဲ့ဘဲ
တစ်ချက်ခုတ် နှစိချက်ပြတ် ဖြင့်
မထင်မှတ် ဘဲ အထူးအောင်မြင် လျက် ရှိ နေကြောင်း
တွေ့ရှိ သိရှိ ကြားသိနေရပါတယ်။ .

ဝမိးသာ ကျေနပ် ကြည်နူးစရာကြီးပါ ။

ဆည် မြောင်း အင်ဂျင်နီယာယာတွေ
မိမိ နိုင့်အတွက် ကိုယ်ထူကိုယ်ထ ကြိုးစားအားထုတ် ခဲ့ကြရကျိုး နပ်ခဲ့ကြရ သဖြင့်
နိုငိင့နေ ပြည်သူတေေါအတွက်
အထူးကျေနပ် ဝမ်းသာကြည်နူး ဖြစ် နေမိရပါ တယ်.

မေတ္တာဖြင့်

အေးမြင့် ( ညောင်တုန်း )
17 November 2025