နာမည်ကျော် ရွှေ ကုက္ကိုလ် မြို့က စိတ်ဝင်စားစရာများ https://youtu.be/RKz9ERqk1kM?si=r8f4No2GL6sIWoE2။ နာမည်ကျော်ကြားတဲ့ ရွှေကုက္ကိုလ်မြို့က စိတ်ဝင်စားစရာမျာ
ရွှေကုက္ကိုလ်လို့ ပြောလိုက်ရင် အများအမြင်မှာ အလိမ်အညာလုပ်ငန်းတွေနဲ့ ဆက်နွယ်ပြီး အန္တရာယ် များတဲ့နေရာ တစ်ခုအနေနဲ့ ယေဘုယျအားဖြင့် နာမည်ဆိုးနဲ့ ထင်မြင်ကြပါတယ်။ အကြောင်းက ဒီနေရာမှာ ကာစီနိုလောင်းကစားဝိုင်းတွေသာမက ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ၊ လူကုန်ကူးဂိုဏ်းတွေ အစရှိတဲ့ မာဖီးယား ဆန်ဆန် မကောင်းမှုဒုစရိုက်မှန်သမျှ စုဝေးရာ အရပ်အနေနဲ့ လူအများသိထား ကြလို့ပါ။ လူအများသိထားသလိုပဲ အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေ လှည်ပတ်နေတာဟာ တကယ့်မြေပြင်မှာ ရှိနေတဲ့ ငြင်းမရတဲ့အချက်ပါ။ နိုင်ငံတကာရဲ့ စောင့်ကြည့်မှု အောက်မှာ ဖိအားတွေ ကြုံနေရပေမဲ့ ကျားဖြန့် အွန်လိုင်းငွေလိမ်တဲ့ လုပ်ငန်းဟာ အရှိန်အဟုန်နဲ့ ဆက်လက် လည်ပတ်နေဆဲပါ။ ဒီလို နာမည်ဆိုးတဲ့ ကျော်ကြားနေပေမဲ့ ရွှေကုက္ကိုလ် ဒေသကို ဝင်ရောက် လေ့လာလိုက်ရင် အပြင်လောက လူတွေ မသိနိုင်တဲ့ အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေလည်းရှိနေပါတယ်။ The Karen News 22 Nov 2025
မြဝတီက ကျားဖြန့် လုပ်ငန်းနဲ့ ကရင် လက်နက်ကိုင်များ ( ၇ုပ်/သံ )။ https://youtu.be/lac1CBdxppI?si=3SPLB00uebtjdNyN။ တရုတ်နယ်စပ်က ငွေလိမ်ခြံဝင်းတွေပိတ်လိုက်ပြီးတဲ့နောက် တရုတ်ရာဇဝတ်ကွန်ရက်တွေဟာ ကရင်ပြည်နယ်၊ ထိုင်းနယ်စပ်မှာ သိသိသာသာကြီးထွားလာပါတယ်။ အဲဒီ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို ဒေသတွင်း သတင်းတွေက အရင်ကလည်း ဖော်ပြရေးသားကြဖူးသလို မကြာသေးမီက စစ်ကောင်စီတပ်နဲ့ ကရင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ စဖြစ်ပွားခဲ့တဲ့ မြဝတီမြို့အရေးကြောင့် တဖန်ပြန် အာရုံစိုက်ခံလာရပြန်ပါတယ်။. ရွှေကုက္ကိုလ်အပါအဝင် ကရင်ပြည်နယ်က ငွေကြေးလိမ်လည်ဂိုဏ်းအများစုဟာ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့ BGF ထိန်းချုပ်ဒေသမှာ လှုပ်ရှားနေသလို သူနဲ့ သူ့လူတွေဟာ ကရင်ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီရေးကို အလေးမထားဘဲ ရာဇဝတ်လုပ်ငန်းတွေက အကျိုးအမြတ်အများဆုံး ရရှိရေးကိုပဲ အာရုံစိုက်နေကြောင်း အမေရိကန် Think Tank တခုဖြစ်တဲ့ USIP ရဲ့ ဆောင်းပါးတပုဒ်မှာ ဖော်ပြထားပါတယ်။. ရာဇဝတ်လုပ်ငန်းတွေအတွက် နေရာနဲ့ လုံခြုံရေးပေးရာမှာ ပါဝင်တဲ့ ဒါမှမဟုတ် အပြည့်အဝကြံရာပါဖြစ်တဲ့ ကရင်ဘက်က လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။ အဓိက လူပုဂ္ဂိုလ်အနေနဲ့ ကရင် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) ရဲ့ ခေါင်းဆောင်ပိုင်း ၃ ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုဗိုလ်မှူးကြီးမုတ်သုန်နဲ့ ဗိုလ်မှူး စောတင်ဝင်းတို့ ဖြစ်တယ် လို့ USIP က ဆိုပါတယ်။. “ တရုတ်ကြောင့် ငွေလိမ်ဂိုဏ်းများ ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်း” ဆိုတဲ့ အဲဒီဆောင်းပါးမှာ စောချစ်သူဟာ ရွှေကုက္ကိုလ် စီမံကိန်းက ဒေါ်လာ ၁၉၂ သန်းလောက် နှစ်စဉ်ရနေပြီး မြန်မာစစ်တပ်ကို ၅၀ ရာခိုင်နှုန်း ပေးရတယ်၊ အွန်လိုင်းငွေလိမ်လည်မှုဂိုဏ်းတွေက ရတဲ့ ငွေတွေနဲ့ ထောက်ပံ့ထားတဲ့ BGF စစ်သား အင်အားကလည်း ၈,၀၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။ The Irrawaddy News 2024
This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czech Republic.
ကျားဖြနိ့သတင်း The Irrawaddy News Editorial Talk. https://youtube.com/shorts/RV3UeGNtqkU?si=95nQl4lF-sxg1EPM
စစ်တပ်နှင့် BGF က ကျားဖြန့် နှိမ်နင်းနေခြင်းလော သက်သေများ ဖျောက် ဖျက်နေခြင်းလော https://youtu.be/6vHD0XVuxJo?si=PAW1wluFC5mKoAS0။ Myanmar Now News စစ်တပ်နှင့် BGFက ကျားဖြန့်နှိမ်နင်းနေခြင်းလော၊ သက်သေများဖျောက်ဖျက်နေခြင်းလော
……………..
စစ်အာဏာသိမ်းချိန်မှစ၍ ၎င်း၏လုံခြုံရေးစိတ်မချရသဖြင့် ကရင်ပြည်နယ်မြို့တော် ဘားအံမြို့သို့ လာခဲလှသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် နေ့ချင်းပြန် ရောက်လာပြီး၊ စစ်ကော်မရှင်၏ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များကို “KK Park နေရာအား တပ်မတော်အနေဖြင့် ရှင်းလင်းဆောင်ရွက်နေပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အပြီးပြတ်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောဆိုခဲ့သည်။ ထိုပြောဆိုချက်အရ KK Park ကို ရှင်းလင်းရန် မင်းအောင်လှိုင်ကိုယ်တိုင် အမိန့်ပေးခဲ့သည်မှာ ပေါ်လွင်သည်။. ဤနေရာတွင် KK Park ကို မင်းအောင်လှိုင်နှင့် စောချစ်သူ ပူးပေါင်း၍ မိုင်းခွဲဖျက်ဆီး အစဖျောက်ပစ်ခြင်းက မှန်ကန်သောလုပ်ရပ် ဟုတ်ပါ၏လော။ နိုင်ငံတကာရာဇဝတ်မှုခင်းများစွာ ကျူးလွန်ထားသောနေရာ၊ ကျားဖြန့်ရာဇဝတ်ဂိုဏ်းများ ရာဇဝတ်မှုများ မည်ကဲ့သို့ ကျူးလွန်ထားသည်ကို သက်သေအထောက်အထားများ၊ DNA များ စနစ်တကျ စုဆောင်း မှတ်တမ်းတင် လေ့လာဖော်ထုတ်ခြင်းမရှိဘဲ၊ KK Park ကို မိုင်းခွဲဖျက်ဆီး ရှင်းလင်းမှုသည် ကျားဖြန့်နှိမ်နင်းခြင်းထက် ကျားဖြန့်သက်သေခံပစ္စည်းများ ဖျောက်ဖျက်ခြင်းက အဓိကရည်ရွယ်ချက် ဖြစ်နေမည်လား ဆိုသည့် သံသယဖြစ်ဖွယ် မေးခွန်းလည်း ရှိနေပါသည်။. အမေရိကန်အစိုးရက DKBA ခေါင်းဆောင် ၄ ဦးကို အရေးယူခြင်း၊ မြဝတီမြို့ တရုတ်ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းမည့်တပ်ဖွဲ့ SCSF ဖွဲ့စည်းခြင်း ကြေညာသည့် တစ်နေ့တည်းတွင် စစ်ကော်မရှင်က KK Park ကို မိုင်းခွဲဖျက်ဆီး ရှင်းလင်းနေကြောင်း အသေးစိတ်သတင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးတွင် တိုက်ဆိုင်သည်ဟု မရှိ ဆိုရိုးစကားအရ အမေရိကန်အစိုးရလက်ထဲ KK Park မှ ရာဇဝတ်သက်သေများ ရောက်သွားမည်ကို မင်းအောင်လှိုင် ကြောက်ရွံ့နေသလား စဉ်းစားစရာ ဖြစ်ပါသည်။. မင်းအောင်လှိုင်၏ ထိုလုပ်ရပ်သည် တရုတ်ကျားဖြန့်ဂိုဏ်းများ၏ နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်ရာနေရာမှ သက်သေခံ အထောက်အထားများကို အစဖျောက်ခြင်းဖြစ်ပြီး၊ ယင်းသည် ကျားဖြန့်ဂိုဏ်းများထံမှ အကျိုးအမြတ် တိုက်ရိုက်ခံစားရယူထားသော စစ်တပ်နှင့် စစ်တပ်လက်အောက်ခံ BGF/KNA တို့၏ ပါဝင်ပတ်သက်မှု သက်သေ အထောက်အထားများ မကျန်ရစ်စေရန် အပြီးအပြတ်ရှင်းလင်းခြင်းလည်း ဖြစ်သည်။. ကိုးကန့်ပြည်သူ့စစ် ခေါင်းဆောင် ဝေဆန်းက ကျားဖြန့်ငွေလိမ်ဂိုဏ်းများ ထူထောင်ကျူးလွန်သလို၊ စောချစ်သူ သည်လည်း ရွှေကုက္ကိုမြို့သစ်တွင် တရုတ်ကျားဖြန့်ဂိုဏ်းများကို အကာအကွယ်ပေးပြီး နိုင်ငံတကာအွန်လိုင်း ငွေလိမ်လုပ်ငန်း ရာဇဝတ်မှုများ ကျူးလွန်နေခြင်းဖြစ်သည်။ တရုတ်အစိုးရ
ဖမ်းဝရမ်းထုတ်ချိန်တွင် ဝေဆန်းက မင်းအောင်လှိုင်၏ ဌာနချုပ် နေပြည်တော်သို့ ရောက်သွားခဲ့သော်လည်း၊ နောက်ဆုံးတွင် မင်းအောင်လှိုင်ကိုယ်တိုင် တရုတ်အစိုးရထံ အပ်နှံခဲ့ပြီး၊ နေပြည်တော်လေဆိပ်မှတစ်ဆင့် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည်။. ယခုတစ်ဖန် စောချစ်သူသည် မင်းအောင်လှိုင်၏ အကာအကွယ်ရရှိနေပုံမှာလည်း အထင်အရှားပင်။ တရုတ်ကျားဖြန့်ဂိုဏ်းများ ကင်းရှင်းသော မြဝတီမြို့ ဖြစ်နိုင်သလား ဆိုသည့် မေးခွန်းက စောချစ်သူသည် ဒုတိယမြောက် ဝေဆန်း ဖြစ်လာနိုင်သလား၊ BGF သည် ကိုးကန့်ပြည်သူ့စစ် ကြုံတွေ့ခဲ့ရသော ကံကြမ္မာမျိုး ကြုံတွေ့နိုင် သလား ဆိုသည့် မေးခွန်းနှင့် တိုက်ရိုက်အချိုးကျ နေပါသည်။. စောချစ်သူ၏ ကံကြမ္မာက စိတ်ဝင်စားစရာ ကောင်းလာပါသည်။ ယခုအခါ တရုတ်အစိုးရသည် စောချစ်သူ၏ စီးပွားဖက်ဖြစ်သော၊ ရွှေကုက္ကိုမြို့သစ်ကို တည်ဆောက်သူဖြစ်သော ရှီကျီကျန်းကို ထိုင်းအစိုးရထံမှ လွှဲပြောင်းရရှိသွားပြီ ဖြစ်သည်။ ရှီကျီကျန်းထံမှ စောချစ်သူ ကျူးလွန်ထားသော ပြစ်မှုများ၏ သက်သေအထောက်အထားများ တရုတ်အစိုးရ ရရှိ သွားပါက စောချစ်သူကို ဝေဆန်းကဲ့သို့ ဖမ်းဝရမ်းထုတ်မည်လား၊ သို့တည်းမဟုတ် စောချစ်သူကို ဖမ်းဝရမ်း ထုတ်ရန် ပြင်ဆင်နေသော ထိုင်းအစိုးရက လက်ဦးမှု ရယူမည်လား၊ သို့တည်းမဟုတ် အမေရိကန်အစိုးရ၏ SCSF ၏ ဖမ်းဆီးအရေးယူခြင်း ခံရမည်လား၊ မင်းအောင်လှိုင်ကိုယ်တိုင် စစ်တပ်ပါဝင်ပတ်သက်ထားသော ကျားဖြန့်အမှုကို ဖုံးဖိရန် စောချစ်သူကို အစဖျောက်ရန် ကြိုးပမ်းမည်လား စောင့်ကြည့်လေ့လာစရာ ကောင်းလှသည်။. မြဝတီနယ်စပ်က တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို အကာအကွယ်ပေးထားသော လက်နက်ကိုင်တပ်ဖွဲ့များထဲ စစ်တပ်ကိုယ်တိုင် ပါဝင်ပတ်သက်နေသည်ကို မင်းအောင်လှိုင် ဆက်လက် “ဘူးခံ” ငြင်းဆိုဦးမည်လား၊ ကျားဖြန့်ငွေများ စစ်တပ်စီးပွားရေးလုပ်ငန်းများထဲ မည်မျှစီးဝင်နေသနည်း စသည့် အရေးကြီးသော မေးခွန်းများ ရှိနေပါသေးကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။. Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။
အမေရိကန် လွှတ်တော်မှ စစ်ကောင်စီကို ထိုးနှက်ချက် ၊ MOGE နှငိ့ MEB ပိတ်ဆျု့မှု နီးစပ်ခါပြီလား https://youtu.be/8Sx0QaqNhQc?si=sWE4DsTHmpe728rV မြန်မာနိုင်ငံ၏ ပိုမိုနက်ရှိုင်းလာနေသည့် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် အမေရိကန်ပြည်ထောင်စုက အချိန်သိပ်မကျန်တော့ကြောင်း ပြတ်သားစွာ သတိပေးလိုက်ပါပြီ။ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ ကြားနာပွဲတွင် ဥက္ကဋ္ဌ Bill Huizenga နှင့် လွှတ်တော်အမတ်များက စစ်ကောင်စီအပေါ် ပိုမိုပြင်းထန်သည့် ဖိအားပေးမှုများ လုပ်ဆောင်ရန် တောင်းဆိုလိုက်သည်။ #BurmaCrisis #MyanmarNews #USSanctions #SaveMyanmar #NUG #မြန်မာ့အရေး#အမေရိကန်အရေးယူမှု။ စစ်ကောင်စီ#MOGE#MEB#ကျားဖြန့်#Quad။ ရဲ ဘော် ET News
ရွှေကုက္ကိုလ် ဘယ်လိုစခဲ့ပြီး ဘယ်လို ဆုံးမလဲ ယနေ့ အခြေအနေ ၂၀၂၅ ဧရာဝတီ၊ နိုဝင်ဘာ ၂၂၊ ၂၀၂၅။ https://youtu.be/PXIYvkpAhJk?si=6Bwunnkgth-dpniw
ဒုစရိုက်မြို့တော် ေ၇ါှကုက္ကို၏ ဇစ်မြစ်ကိုလှနိကြည့်ခြင်း https://youtu.be/kpR_sVWQW4o?si=NAUH3iPl7ISwJvVF။ ဒုစရိုက်မြို့တော် ရွှေကုက္ကို၏ ဇာစ်မြစ်ကို လှန်ကြည့်ခြင်း
……………
အင်တာနက်က လိမ်လည်မှုများပြုရာ ကျားဖြန့်မြို့တော် ရွှေကုက္ကိုမြို့သစ်စီမံကိန်းဟာ နိုင်ငံတကာရာဇဝတ်မှုဇာတ်လမ်းတစ်ခုဖြစ်လာခဲ့ပါပြီ။ ဒါပေမယ့် ဒီအကြောင်းနဲ့ပတ်သက်ပြီး မီဒီယာတွေ၊ နိုင်ငံတကာ သတင်းတွေဖော်ပြနိုင်တာထက် အခြေအနေတွေဟာ ပိုပြီးရှုပ်ထွေးလာနေပါတယ်။
ရွှေကုက္ကိုမြို့သစ်စီမံကိန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ အစပျိုးခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ရဲ့ တရားဝင် ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်ရခဲ့တဲ့ စီမံကိန်းတစ်ခုပါ။
၂၀၁၈ ခုနှစ်အတွင်း ရွှေက္ကိုမြို့သစ်စီမံကိန်းပထမအဆင့်ကို MIC က ခွင့်ပြုခဲ့ပါတယ်။ ဒီအဆင့်မှာ ထိုင်း−မြန်မာ နယ်စပ်အနီးမှာရှိတဲ့ ကရင်ပြည်နယ်အတွင်း မြေဧက ၂၅ ဧကပေါ်မှာ အမေရိကန်ဒေါ်လာ ၂၂ ဒဿမ ၅ သန်း တန်ဖိုးရှိ ခမ်းနားတဲ့ အဆောက်အအုံ ၅၉ လုံး ဆောက်လုပ်ခွင့်ရတယ်လို့ သတင်းဌာနများစွာက ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ဒီလို ဆောက်လုပ်ခွင့်ရတာဟာ စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)နဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေပါတယ်။ BGF ဟာ ရွှေက္ကိုမြို့သစ်စီမံကိန်းနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီး ရွှေက္ကိုမြို့ အနီးဝန်းကျင်ဒေသကို ထိန်းချုပ်ထားပါတယ်။
တကယ်တော့ ရွှေကုက္ကိုစီမံကိန်းဟာ မြန်မာနိုင်ငံအတွင်း အုပ်ချုပ်ရေး မအောင်မြင်မှုကို ပြနေတဲ့ ကြီးမားတဲ့ ဥပမာ တစ်ခုပါပဲ။ မတူညီတဲ့ နိုင်ငံရေးဘောင်တစ်ခု အုပ်ချုပ်မှုစနစ်တစ်ခုအောက်ကနေ စတင်စဉ်းစားခဲ့ပေမယ့် နိုင်ငံဟာ အာဏာရှင်စနစ်သို့ ပြန်ရောက်သွားတဲ့အခါ ဒီစီမံကိန်းဟာ ပြည်တွင်းအဖွဲ့အစည်းများသာမက နိုင်ငံခြားသားများအတွက်ပါ ကြီးမားတဲ့အန္တရာယ်ပေးနိုင်တဲ့ စီမံကိန်း ဖြစ်လာနေပါတယ်။
တင်ဆက် – ဟန်လင်း Myanmar Now News
ကျားဖြနိ့ ဘယ်လိုပေါ်ခါလဲ . မြန်မာ အကြမိးဖျင်တပ်နဲ့ ဘယ်လိုပတိသက်လဲ ။ https://youtu.be/Hp5CkgvWWxQ?si=Nn6hF18yZipCzwfl WY သတင်းဆောင်းပါး
မြန်မာမှာ ကျားဖြန့်ကြီးထွား လာမှု နဲ့ အရေး ယူခဲရမယ့် သူတွေ ကို ဥပဒေအရ ဖေါိထုတ်ခြင်း ။ https://youtu.be/MRGL6R9Opd4?si=NA_xg05YppKeenei။ မြန်မာမှာ ကျားဖျန့်ကြီးထွားလာမှု နဲ့ အရေးယူခံမယ့်သူတွေကို ဥပဒေအရ ဖေါ်ထုတ်ခြင်း – ရှေ့နေကြီးဦးကြီးမြင့် သုံးသပ်သည်။ ထိုင်းမြန်မာနယ်စပ် မြန်မာဘက်ခြမ်း မြဝတီဒေသမှာ ကျားဖျန့် လိမ်လည်တဲ့ ဂိုဏ်းတွေ ကြီးထွားလာနေရာ အမေရိကန်က ဒေသတွင်း DKBA အဖွဲ့ခေါင်းဆောင် ၄ ဦးကို ကျားဖျန့်နဲ့ ဆက်စပ်ပြီး ဒဏ်ခတ်ပိတ်ဆို့ လိုက်သလို၊ မြန်မာ အပါအဝင် အရှေ့တောင် အာရှမှာ ကျားဖျန့် တိုက်ဖျက်ရေး အဖွဲ့ကိုပါ ဖွဲ့စည်းလိုက်ပါတယ်။ တဘက်မှာလည်း မြန်မာစစ်တပ်ဟာ DKBA BGF တို့နဲ့အတူ ကျားဖျန့်နှိမ်နင်းရေး ကို အပူ တပြင်းနဲ့ အရေးတယူ ဆောင်ရွက်နေပါတယ်။ ဒီတော့ ဒီကျားဖျန့်ဂိုဏ်းတွေ မြန်မာမှာ ကြီးထွားလာမှု အတွက် ဥပဒေအရ အရေးယူခံရမယ့် သူတွေဟာ ဘယ်သူတွေ ဖြစ်မလဲဆိုတာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကို ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေ ရှုထောင့်ကနေ မေးမြန်း တင်ဆက်ထား ပါတယ် THN Public Media သက်ထွေးနိုင် ( သက်ထွေးနိုင် )
ကျားဖြန့်ဘုရင် တရုတ်ပြ ်ပြန်ပို့ခံရတာက ဗိုလိချစ်သူနဲ့ စစ်ခေါင်းဆောင်အတွက် အိပ်မက်ဆိုးလား Mizzima TV (ရုပ်သံ ) 91,238 views Premiered on 13 Nov 2025 #ကျားဖြန့်ဘုရင်#တရုတ်ပြည်#ဗိုလ်ချစ်သူဂျူချန်း။ https://youtu.be/7yPbARkVYZQ?si=wTOBdydUdin2rygN။ ထိုင်း-မြန်မာနယ်စပ် မြဝတီ ရွှေကုက္ကိုလ်မြို့သစ်ရဲ့ ပဲ့ကိုင်ရှင် ကျားဖြန့်ဘုရင်လို့ တင်စားကြတဲ့ ရှဲကျိကျန်း ကို ထိုင်းအစိုးရက တရုတ်ကို မနေ့က လွှဲပြောင်းပေးလိုက်ပါတယ်။ ရှဲကျိကျန်းဟာ စစ်အုပ်စုလက်အောက်ခံ BGF နဲ့ ပူးပေါင်းပြီး ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေနဲ့ နာမည်ကြီးတဲ့ ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို တည်ဆောက်ခဲ့သူပါ။ BGF ခေါ် KNA ဟာ သူတို့ထိန်းချုပ်နယ်မြေတွေကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၉၂ သန်း လောက်ရရှိနေပြီး စစ်အုပ်စုကတော့ အဲ့ဒီဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းအထိ ရရှိနေတယ်လို့ USIP ရဲ့ ၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ထုတ် အစီရင်ခံစာမှာ ပါရှိပါတယ်။
ကျားဖျန့် “ သတင်းစာ ရှင်းလင်းပွဲ ဗိုလ်ချုပ် စောချစ်သူ နဲ့ အထူးမေးမြန်း ခန်း https://youtu.be/z1iJo10tj_8?si=-PEq3gwtMbhKO5qe ဖေဖေါ်ဝါရီ ၁၇ / ၂၀၂၅ သက်ထွေးနိုင်င် သတင်းထောက် မှ မေးမြန်းစုံစမ်းချက် ရွှေကုက္ကိုလ် ကျားဖြနိ့နှိမ်ဣင်းရေးနဲ့ စောချစ်သူ ဖမ်းဝရမ်းက လွတ်မလား ။ -ရှေ့ဆက် အလားအလာ https://youtu.be/wnu5EhYJmO8?si=Zc8e2Q_6IL–6ORJ သက်ထွေးနိုင်င် သတင်းထောက် မှ မေးမြန်းစုံစမ်းချက် 15 Feb 2025 ရွှေကုက္ကိုလ် ကျားဖျန့်နှိမ်နင်းရေးနဲ့ စောချစ်သူ ဖမ်းဝရမ်းက လွတ်မလား. ရှေ့ဆက် အလားအလာ… (ကိုစတီဗင်စန်းယု သုံးသပ်သည်). ဖေဖေါ်ဝါရီ ၁၄ မှာ ဗိုလ်ချုပ်စောချစ်သူ ဦးဆောင်တဲ့ BGF ကနေ ရွှေကုက္ကိုလ်မှာ ကျားဖျန့် နှိမ်နင်းရေး စီမံချက် ဆောင်ရွက်ခဲ့ပြီး လူကုန်ကူးခံရသူတွေ အများအပြားကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။
ဒီတော့ မြဝတီဒေသ ကျားဖျန့်လုပ်နင်း ပပျောက်သွားနိုင်မလား…
အခုလို BGF ရဲ့ ဆောင်ရွက်ချက်အပေါ် စောချစ်သူကို ဖမ်းဝရမ်း ထုတ်ဖို့ ကြိုးပမ်းနေတဲ့ ထိုင်းအာဏာပိုင်တွေ အနေနဲ့ ကျေနပ်နိုင်မလား…
တရုတ်သဘောထားကရော ဘယ်လို ရှိနိုင်မလဲ…
စတဲ့ မကြာခင် ဆက်ဖြစ်လာနိုင်မယ့် ကျားဖျန့်နှိမ်နင်းရေး အလားအလာ အကြောင်း ထိုင်းမြန်မာအရေးကျွမ်းကျင်သူ ကိုစတီဗင်စန်းယု က သုံးသပ်တင်ဆက်ထားပါတယ်။ Kk Park က ကျားဖြန့် တွေ ဘယ်ကို ရောက်သွားသလဲ https://youtu.be/GcwQ3t7nRD8?si=dj5JavcZgrNLVN-g။ KNU ရဲ့ကျားဖြန့်တွေရှိတဲ့ KK PARK ကို တပ်မတော်ထိန်းချူပ်ခဲ့ပေမယ့်
ကျားဖြန့်ခေါင်းဆောင်တွေက အချိန်မီရွေ့သွားကြပါတယ်။ unionnewschannel #myanmarnews #naypyitaw #သတင်း #htoomaung 24 Oct 2025
“ကမ္ဘာကြီးက အော်ပြီ “ – မြန်မာနယ်စပ် က ကျားဖြန့် နှမ်မ်နင်းရေးနောက်ကွယ်BBCNEWS.Myanmar https://youtu.be/pzLN29W0qxE?si=WOL19m7WClTCbJ3u
အမေရီကန်က ကရင် ပြည်နယ် ကို ကျားဖြန့် စစ်ဆင်ရေး စပြီ ။ https://youtu.be/101K16zPW4w?si=143AA-Z1B-uVA3ni။ အမေရိကန်အစိုးရက အရှေ့တောင်အာရှဒေသရှိ လိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ ငွေကြေးခဝါချမှု ကွန်ရက်များကို တိုက်ဖျက်ဖို့အတွက် Scam Center Strike Force ဆိုတဲ့ အသစ်ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးကို နိုဝင်ဘာ ၁၂ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဒီအဖွဲ့ဟာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားမှာရှိတဲ့ အွန်လိုင်းလိမ်လည်မှုစခန်းတွေကို ပစ်မှတ်ထားပြီး DKBA တပ်ဖွဲ့နဲ့ ခေါင်းဆောင် ၄ ဦး (စောစတီး၊ စောစိန်ဝင်း၊ စောဆန်းအောင်၊ စိုင်းကျော်လှ) ကိုပါ အမေရိကန်အဖွဲ့အစည်း OFAC မှ ဒဏ်ခတ်စာရင်းထဲ ထည့်လိုက်ပါတယ်။
On November 12, 2025, the U.S. government announced the formation of the “Scam Center Strike Force”, a new multi-agency task force to dismantle Southeast Asia’s online fraud and money-laundering networks.
The operation targets scam compounds in Myanmar, Laos, and Cambodia, and the OFAC sanctions include Myanmar’s DKBA leaders — Saw Stee, Saw Sein Win, Saw San Aung, and Sai Kyaw Hla — for their collaboration with the junta in online scam operations.
This marks a major escalation in international efforts to hold Myanmar-linked crime syndicates accountable. #အမေရိကန်ဒဏ်ခတ်မှု #DKBA #Myanmar #ScamCenterStrikeForce #USSanctions #OFACTreasury #JusticeDepartment #CryptoFraud #OnlineScam #MoneyLaundering #မြန်မာစစ်တပ် #ကရင်တပ်ဖွဲ့ #SoutheastAsia #CyberCrime #HumanTrafficking #TransnationalCrime #TreasuryDepartment #MyanmarPolitics #GlobalSecurity #FinancialCrimes #အွန်လိုင်းလိမ်လည်မှု #ကျားဖြန့်တိုက်ဖျက်ရေး
ရွှေကုက္ကိုလ် ထဲက ကျားဖြန့် တစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက် https://youtu.be/bAcHgOsG0ng?si=qq-5Pbf37v_4MQCh။ လက်ရှိ ကျားဖြန့်နှိမ်နင်းရေးဟာ တကယ်လား၊ အယောင်ပြလား၊ နောက်ကွယ်က ထုထည်က ဘယ်လောက်ကြီးမားသလဲ၊ ရွှေကုက္ကိုလ်ထဲက ကျားဖြန့် ကုမ္ပဏီ ၂ ခုမှာ လပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူးသူတယောက်နဲ့ ကျနော် မေးမြန်းထားပါတယ်။ သူက အောက်ခြေ ဝန်ထမ်းမဟုတ်ဘဲ အလယ်အလတ်အဆင့် ရာထူးနဲ့ အလုပ်လုပ်ခဲ့သူပါ။ နားဆင်ကြပါခင်ဗျား။ Mratt Channel
ကျားဖြန့် ငွေလိမ်ဂိုဏ်း အကြောင်း Wikipedia။ ကျားဖြန့် သို့မဟုတ် ကျားဖျန့်ဟူ၍ လူသိများသည့် အသုံးအနှုံးမှာ တရုတ်ဘာသာစကား – 诈骗 (Zhàpiàn) ၏ အသံထွက်ဖြစ်သည်။ အဓိပ္ပာယ်အရ လိမ်လည်မှုများ၊ ငွေကြေးလိမ်လည်မှုများ၊ ဖြားယောင်းသွေးဆောင်မှုများကို ခေါ်ဆိုခြင်းဖြစ်သည်။ အင်္ဂလိပ်ဘာသာစကားအရ Fraud ဖြစ်သည်။[၁]။ ကျားဖြန့်၏ အနက်အဓိပ္ပာယ်မှာ တရုတ်ဘာသာစကားအရ လိမ်လည်မှုဖြစ်သော်လည်း တရုတ်နိုင်ငံအပါအဝင် အရှေ့တောင်အာရှတွင် ကျားဖြန့်ကို နားလည်ထားကြသည်မှာ အွန်လိုင်း သို့မဟုတ် အင်တာနက်ကို အသုံးပြု၍ လိမ်လည်ခြင်းဖြစ်သည်။ အွန်လိုင်းငွေလိမ်လုပ်ငန်းဟုလည်း နားလည်ထားကြသည်။[၂][၃][၄]။ ကျားဖြန့်လုပ်ငန်းသည် ကမ္ဘောဒီယား၊ လာအို၊ ဖိလစ်ပိုင်နှင့် မြန်မာ အစရှိသည့် အရှေ့တောင်အာရှနိုင်ငံများ[၅]တွင် ကြီးမားကျယ်ပြန့်စွာ အခြေစိုက်၍ လည်ပတ်နေသော လုပ်ငန်းများဖြစ်သည်။ ကျားဖြန့်လုပ်ကိုင်သူများသည် လူကုန်ကူးမှု၊ လက်နက်မှု၊ မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှု၊ ရာဇဝတ်မှုများ ထူပြောရာ နယ်စပ်ဒေသများတွင် အခြေတည်လေ့ရှိကာ မြန်မာစစ်တပ်က အာဏာသိမ်းထားသော မြန်မာနိုင်ငံကဲ့သို့ နိုင်ငံများ၌ စစ်အာဏာရှင်များနှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များ၏ အကာအကွယ်ပေးမှုအောက်တွင် လုပ်ငန်းလည်ပတ်လေ့ရှိကြသည်။[၆][၇] ကျားဖြန့်လုပ်ငန်းများသည် ၂၀၂၀ ခုနှစ်၊ ကိုဗစ်-၁၉ရောဂါကူးစက်မှု ကမ္ဘာ့ကပ်ကာလအတွင်းနှင့် ကမ္ဘာ့ကပ်ကာလပြီးနောက်ပိုင်း ပိုမိုဖွံ့ဖြိုးလာကာ[၈][၅] ယခုအခါ နိုင်ငံပေါင်းချုပ် အွန်လိုင်းငွေကြေးလိမ်လည်မှု အသင်းကြီး ဖြစ်နေကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က ဆိုထားသည်။[၉]။ နိုင်ငံပေါင်းစုံမှ ပညာတတ်ပြီး ဘာသာစကားကျွမ်းကျင်သည့် လူငယ်များစွာသည် မြင့်မားသော လစာမက်လုံးဖြင့် လူကုန်ကူးခံရကာ ကျားဖြန့် အွန်လိုင်းငွေကြေး လိမ်လည်သည့်လုပ်ငန်းတွင် လုပ်ကိုင်ရန် အတင်းအကျပ် ဖိအားပေးလုပ်အားစေခိုင်းခံနေကြရသည်။[၂][၆][၉][၅][၇] အထူးသဖြင့် တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ မလေးရှား၊ နီပေါ၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ အစရှိသည့် အာရှနိုင်ငံများနှင့် အာဖရိကနိုင်ငံများမှ အလုပ်ကောင်းနှင့် လစာကောင်း လိုအပ်နေကြသည့် ပညာတတ်လူငယ်လူရွယ်များစွာမှာ ကျားဖြန့်လုပ်ငန်းအတွက် လူကုန်ကူးခံနေကြရသည်။[၅][၂] အကြီးအကျယ် နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်ခံနေရပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေကြရသည်။[၂][၆][၅][၈][၉][၃][၄][၇] ကျွန်ပြုခိုင်းစေမှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ ရာဇဝတ်မှုများနှင့် ကျားဖြန့်လုပ်ငန်းမှာ ဒွန်တွဲလျက်ရှိသည်။[၁၀][၇]။ လူမှုကွန်ရက်တွင် သားကောင်ရှာဖွေခြင်း၊ အွန်လိုင်း၌ အမျိုးသမီးအဖြစ် အကောင့်အတုဖန်တီးပြီး အနောက်နိုင်ငံမှ အွန်လိုင်းသုံးစွဲသူ အမျိုးသားများကို ခရစ်တိုကာရန်စီ ဟုခေါ်ဆိုသည့် ဒစ်ဂျစ်တယ် ငွေကြေးများ လွှဲပြောင်းလာအောင် ဖြားယောင်းခြင်း၊ လိမ်လည်သော ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အချစ်ဇာတ်လမ်းများဖြင့် ဖြားယောင်းသွေးဆောင်ခြင်း၊ ဂိမ်းအပလီကေးရှင်း (App) အတုများ၊ ဝက်ဘ်ဆိုဒ်စာမျက်နှာ (Website) အတုများ၊ ကုမ္ပဏီလုပ်ငန်းအတုများဖြင့် ငွေကြေးအမြတ်အစွန်းများ မက်လုံးပေး၍ လိမ်လည်ခြင်းစသဖြင့် ကျားဖြန့်ပုံစံမျိုးစုံ ရှိနိုင်သည်။[၅][၃][၂][၆][၇]ကျားဖြန့်လိမ်လည်ခံရမှုကြောင့် ဒေါ်လာဘီလီယံနှင့်ချီပြီး နစ်နာနေသောကြောင့် တရုတ်နိုင်ငံက အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး ဖမ်းဆီးနှိမ်နင်းမှုများ ဆက်တိုက်ဆိုသလို ပြုလုပ်နေလျက်ရှိပါသည်။[၃]။ ကိုးကား
- What does 诈骗 (Zhàpiàn) mean in Chinese?
- ကျားဖျန့်၊ လောက်ကိုင်နဲ့ ဒေသတွင်းနိုင်ငံသားတွေပါ အဓမ္မစေခိုင်းခံနေရတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း
- ဖမ်းဆီးမှုများရှိနေသည့်ကြားက အွန်လိုင်းငွေလိမ်လုပ်ငန်းများ ဆက်လက်ကြီးထွားနေ
- ကြံ့ခိုင်ရေးအမတ်ဟောင်းနှင့် မိသားစုကို ကျားဖြန့်အမှုဖြင့် စစ်ကောင်စီ ဖမ်းဝရမ်းထုတ်။ 15 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 December 2023 တွင် ပြန်စစ်ပြီး။
- Fraud factory
- အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ – မြန်မာနယ်စပ်မြို့တွေက ငွေလိမ်ဂိုဏ်းတွေ လူငယ်တွေကို အသုံးချနေ
- ကူကယ်ရာမဲ့ ကျားဖြန့် သားကောင်များ။ 19 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 December 2023 တွင် ပြန်စစ်ပြီး။
- တရုတ်မြေအောက်လောကနဲ့ သောင်ရင်းမြစ်ဘေးက နယ်စပ်ဖြတ်ကျော် ရာဇဝတ်လုပ်ငန်းများ
- တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား
- လက်ကျန် ကိုးကန့်သစ္စာခံများကို ဖမ်းပေးရန် တရုတ်က စစ်ကောင်စီကို ရာဇသံပေး။ 15 December 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 December 2023 တွင် ပြန်စစ်ပြီး။
ကျားဖြန့် https://youtu.be/ZVU9gMuezOw?si=7Y9UQpq7Mb6EYx9z
ကျားဖြန့် ငွေလိမ်ဂိုဏ်း အန္တရာယ် ဘယ်သူတွေ တာဝန် အရှိဆုံးလဲ ? ကျားဖြန့် ငွေလိမ်ဂိုဏ်း YouTube DVB TV News 21 May 2025 https://youtu.be/ZnHAluXVvfU?si=MgS4JGA2YL3bJHMS။ 🚨 ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်လို့ DVB က ပြုလုပ်ထားတဲ့ စစ်တမ်းအချက်အလက် စုစည်းတင်ပြချက် 🚀
ကျားဖြန့် လျှို့ဝှက်ချက်က ဘာလဲ၊ ကျားဖြန့်တွေ ဘယ်လို အလုပ်လုပ်ကြသလဲ https://youtu.be/AFYBoaHf8kM?si=TRctCVXp2vYstDbd
KK Park ကျားဖြန့် စင်တာတွေကို နောက်ကွယ်မှာ တဝတ်တခိုး ထောက်ပံ့ ပေးနေတဲ့ တရုတ်အစိုးရ https://youtu.be/lli667ixzTY?si=STDo4-rX-1ZvyF8_
မြန်မာကို အဓီက ဦးတည် ထားတဲ့ အမေရိကန် ကျားဖြန့် နှိမ်နင်းရေး တပ်ဖွဲ့ https://youtu.be/oHaCSji7uuk?si=dT7poZWLEMh8ykCJ။ မြန်မာအပါအဝင် အရှေ့တောင်အာရှက ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့အတွက် အမေရိကန်က ကျားဖြန့်နှိမ်နင်းရေး အထူးတပ်ဖွဲ့အဖြစ် (Scam Center Strike Force) ကို နိုဝင်ဘာ ၁၂ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။ ဒီတပ်ဖွဲ့ကို ကိုလံဘီယာ က အမေရိကန်ရှေ့နေရုံး၊ တရားရေးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လျှို့ဝှက်အေဂျင်စီတွေ အပါအဝင် အမေရိကန် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ (FBI) က အဖွဲ့ဝင်တွေ၊ ကိုယ်စားလှယ်တွေနဲ့ ရှေ့နေတွေလည်း ပါဝင် တယ်လို့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ဒီတပ်ဖွဲ့ဟာ အမေရိကန်နိုင်ငံသားတွေဆီက နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ချီ လိမ်လည်ခိုးယူနေတဲ့ အရှေ့တောင်အာရှ၊ အထူးသဖြင့်တော့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူတွေ၊ နောက်ကွယ်က ကြိုးကိုင်နေသူတွေကို နှိမ်နင်းပြီး ဥပဒေအရ အရေးယူနိုင်ဖို့လို့ ဆိုပါတယ်။ မြန်မာ #ဧရာဝတီ #ကျားဖြန့် #အမေရိကန် #ကျားဖြန့်နှိမ်နင်းရေးအထူးတပ်ဖွဲ့ #ScamCenterStrikeForce #DKBA #WhathappensInMyanmar။ အမေရိကန် ကျား ဖြန့် နှိနမ်ဣင်းရေး အဖွဲ့ မြန်မာနိုင်ငံ မှာ ဘာလုပ် မလဲ https://youtu.be/aaEkzUjCi7M?si=fTtr2eM7yhnQjQSi။ အမေရိကန် ကျားဖျန့်နှိမ်နင်းရေး အဖွဲ့ မြန်မာနိုင်ငံမှာ ဘာလုပ်မလဲ – ကိုစတီဗင်စန်းယု နဲ့ မေးမြန်းခန်း။ ‘’စာမတတ်ဘူးပဲ ပြောပြော… မသိဘူးဘဲ ပြောပြော… တကမ္ဘာလုံး ပွက်လောရိုက်နေတဲ့ ကိစ္စ…’’။ ကိုစတီဗင်စန်းယု (ထိုင်းအရေးကျွမ်းကျင်သူ) အမေရိကန် က DKBA ကို ကျားဖျန့် လိမ်လည်မှုတွေ နဲ့ ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လိုက်တဲ့ တချိန်တည်းမှာပဲ ကျားဖျန့်နှိမ်နင်းရေး “Scam Center Strike Force” ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာခဲ့ ပါတယ်။ ဒီအဖွဲ့ ကနေ မြန်မာ ကမ္ဘောဒီးယား လာအို နိုင်ငံတွေက ကျားဖျန့် ဂိုဏ်းတွေကို နှိမ်နင်းရေး လုပ်ဆောင်မှာ ဖြစ်တယ်လို့ ဖေါ်ပြလိုက် ပါတယ်။ မြန်မာနိုင်ငံက ပစ်မှတ်တွေ ကတော့ မြဝတီတောင်ဘက်က KK Park အပါအဝင် နေရာ ၃ ခုကို အတိအကျဖေါ်ပြထားပါတယ်။ DKBA ခေါင်းဆောင်တွေ ကတော့ ဒီကျားဖျန့် လုပ်ငန်းတွေကို သူတို့ မသိကြောင်း နဲ့ နားမလည်ကြောင်း တုန့်ပြန်ထားပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် အမေရိကန် နှိမ်နင်းရေး အဖွဲ့ကနေ မြန်မာနိုင်ငံက ကျားဖျန့်နေရာ ၃ ကို ဘာတွေ ဘယ်လို ဆောင်ရွက်မှာလဲ – ဘယ်အတိုင်းအတာ အထိ လုပ်ဆောင်မှာလဲ ဆိုတာ ထိုင်းအရေး ကျွမ်းကျင်သူ ကိုစတီဗင်စန်းယု ကို မေးမြန်းတင် ဆက်ထား ပါတယ်။ ထိုင်းက တရုတ်ကို ပြန်ပို့မယ့် ရှိကျီကျန်း နှင့် KK Park ကို ဝင်စီးမှု နောက်ကွယ် -ကိုစတီ၍်စန်းယု https://youtu.be/HkiLrzP3NcM?si=rJmVBmlSu1jwfBEu။ ကိုစတီဗင်စန်းယု (ထိုင်းအရေး ကျွမ်းကျင်သူ)။ ကရင်ဒေသမှာ ကျားဖျန့်လုပ်ငန်းကို မျိုးစေ့ချပေးသွားတဲ့ လက်ရှိ ထိုင်းနိုင်ငံက ဖမ်းဆီးထားတဲ့ တရုတ် သူလျှို ရှီကျင်ကျန်း ကို တရုတ်ဆီ လွှဲပြောင်းပေးဖို့ ထိုင်း အခြေခံဥပဒေ ခုံရုံးက သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ အခုလို သတင်းထွက်ပေါ်လာတဲ့ အချန် မြန်မာ စစ်တပ်ဟာ ထိုင်းမြန်မာ နယ်စပ် မြဝတီမြို့အနီးက KK Park နေရာကို ဝင်စီးနင်းပြီး ကျားဖျန့် လုပ်ငန်းမှာ ရှိနေကြတဲ့ လူ ၂ ထောင် ကျော်ကို ပြန်လွှတ်ပေး ခဲ့ ပါတယ်။ ဒါဟာ သီးခြားစီ ဖြစ်ပေါ်လာတဲ့ သတင်းလား… တိုက်ဆိုင်မှုလား… တခုနဲ့ တခု ပတ်သက်ဆက်နွယ်နေ မလား ဆိုတာ ထိုင်းအရေးကျွမ်းကျင်တဲ့ ကိုစတီဗင် စန်းယူ ကို မေးမြန်း တင်ဆက်ထားပါတယ်။ သုံးသပ်ချက်အခြေအနေတွေ အရ ထိုင်းမြန်မာ နယ်စပ် ကရင်ပြည်နယ်မှာ ကျားဖျန့်တွေ လျော့ကျ ကင်းစင် သွားနိုင် မလား ဆိုတာကိုလည်း ဆွေးနွေး တင်ဆက်ထားပါတယ်။
လင်းယုန်ကြီး အစာကောက် ပြီဟ့BGF တရုတ် အစိုးရ နဲ့ စစ်ခေါင်းဆောင်တွေ အကုန် နား ကားပြီ https://youtu.be/fbM2alY–MI?si=00F2VJ_KVihcrDp5
အမေရိကန် ကြေညာချက် – မြန်မာ့ လိမ်ခည်မှု စင်တာများ နှင့် DKBA. BGF ခေါင်းဆောင်များ အား ဖျက်ဆီးရန် https://www.youtube.com/live/H79aDEB8t-o?si=b2KmP1xbSiOlngzO
မြဝတီ ကျားဖြန့် တွေကို စစ်တပ် က စီးနင်း ရခြင်း အကြောင်းရင် ။ Mratt Channel https://youtu.be/OAPcjabR2go?si=X1njggOW3tn3uqWP. ကျားဖြန့်တွေအပေါ် အမေရိကန်ရဲ့ အာရုံစိုက်လာမှု၊ ပြီးတော့ အာဏာသိမ်းစစ်တပ်က မြဝတီ KKPark ကို အယောင်ပြဝင်စီးတာ၊ ဒါ့အပြင် ဒီ KKpark ထဲ အလုပ်သမားတွေ နေရာပြောင်းရွှေ့တာတွေနဲ့ တဖက်မှာတော့ ဗိုလ်မှူးကြီး စောချစ်သူရဲ့ မိတ်ဆွေကြီး ကျားဖြန့်ခေါင်းဆောင် ရှဲကျစ်ကျန်းနဲ့ ပတ်သက်တဲ့ နောက်ဆုံးရသတင်းတချို့အကြောင်း ဒီနေ့ ပြောမှာပါ။
ကျားဖြနိ့ ကို သာမန် လူတွေနားလည် အောင် ရှင်းပြခြင်း။ သိန်းရာကျော်အောင်ဘာလို့အလိမ်ခံရတာလဲ။ https://youtu.be/FReYpN98D6U?si=yH_eLe37C5P39vFH အွန်လိုင်းပေါ်မှာ ကြားဖူးတဲ့ Trade, Bitcon, Crypto, AI , Deepseek စတဲ့ နာမည်တွေ နဲ့ သာမန်လူတွေကို ပစ်မှတ်ထား ပြီး လိမ်လည်မှုတွေ လုပ်နေတာပါ။ သူတို့ လိမ်လည်တာတွေက script နဲ့ လာတာပါ။ ကျနော်တို့ Call Center တွေကို ဖုန်းဆက်ရင် တစ်ဆင့်ခြင်း လာသလိုပဲ။ ကျားဖြန့်တွေကလဲ တစ်ဆင့်စီ လာတာပါ။ အဲတော့ အစပိုင်းမှာ Trade စိတ်ဝင်စားရင် Trade နဲ့ မြူဆွယ်၊ Youtube subscribe စိတ်ဝင်စားရင် Youtube ၊ TikTok Shop Order ဆို TikTok Shop Order ဆိုပြီး ဖြည်းဖြည်း ချင်း mission လေးတွေ လုပ်ခိုင်း ပြီးရင်ပိုက်ဆံ ထုတ်ပေးမယ်။ ပြီးရင် Game Plan တွေနဲ့ ဒါလေး ထည့်ရင် ဆို ဘယ်လောက် စသဖြင့်ပေါ့။ မဟုတ်ရင်လဲ ဒီ coin လေး ဝယ်ထား စျေးတက်တော့မှာ ဘယ်လောက်သွင်း ပေါ့။ တကယ်တမ်း အကုန်လုံးက သူတို့ Network ထဲမှာပဲ အကွက်ကျကျ လုပ်သွားတာ များပါတယ်။ ဒီလို တွေ မဖြစ်ဖို့က ကိုယ့်ဆီမှာ အခြေခံ Knowledge ရှိဖို့လိုပါတယ်။ တရားဝင် website address တွေက ဘာလဲ? တရားဝင် App တွေကို Play Store, App Store တွေက Download ရမယ် စသဖြင့် သိထားရင် အလိမ်ခံရဖို့ ရာခိုင်းနှုန်း နည်းပါတယ်။ ကျားဖြန့် #online
