နိုင်ငံ တော် ပြည်အရေး
ဖက်ဒရယ် ဒီမို ကရေစီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကြီး ဆီသို့
( ကွယ်လွန်သူ ) တေးပြုစာဆို ကြှီး စန္ဒရား လှထွတ် ၏
သူမကွယ်လွန်မီ
ခေတ်ဟောင်းခေတ်ကောင်းချိန် ကာလ က
သူရေး စပ် သီကုန်းပေးသွား ပြီး
( ကွယ်လွန် သူ ) မြန်မာ သံစဉ် ဂန္တဝင် အဆိုတော်ကြီးများက
နိုင့်ငံ နေ တေးဂီတချစ်သူ နိုင်ငံ ချစ်သူ ပြည်သူတွေအတွက်
သီဆို ဟစ်ကြွေး သွားခဲ့ကြသော
စန္ဒရားလှထွတ်၏
နိုင်ငံ အနာဂတ်အရေး
နိုင်ငံအရေး
အတွေးနဲ့ အရေး
မြန်မာ သံစဉ် ဂန္တဝင် သီချင်းကောင်းတစ်ပုဒ် တို့ပြည်ထောင်စုသား
သီချင်းစာသား အပြည့်အစုံ ပူးတွဲ လျက် ကူးယူဖေါ်ပြ မျှဝေလိုက်ပါသည်.
အေးမြင့် ( ညောင်တုန်း)
13 November 2025
တို့ ပြည်ထောင်စုသား HD MTV (စာသား စာတမ်းထိုး)
တေးပြုစာဆို စန္ဒရားလှထွတ်
တေးသံရှင် မောင်မောင်ကြီး မာမာအေး
• တို့ပြည်ထောင်စုသား မောင်မောင်ကြီ…
တေးဂီတ စန္ဒရားလှထွတ် နှင့် မြန်မာ့အသံခေတ်ပေါ်တူရိယာအဖွဲ့
Myanmar MTV (စာတမ်းထိုး Closed Captions) Collection
Lyric Typing by Ma Khaing Su Latt on March 2, 2012
Closed Captions added by Dr. Khin Haw
တစ်ဦးအပေါ်တစ်ဦး သံသယဆိုသည်မှာ အလကား တစ်ဦးအပေါ်တစ်ဦး မှန်သပါ့ဆိုသည်မှာ ပတ္တမြား သံသယပျောက်ပါစေ အမှန်ဘဝရောက်ပါစေ….
တစ်ဦးကိုတစ်ဦး သံသယဆိုသည်မှာ အလကားဖြစ်ပေ တစ်ဦးကိုတစ်ဦး မှန်သပါ့ဆိုသည်မှာ ပတ္တမြားအစစ်ပေ….
သံသယပျောက်ပါစေ အမှန်ဘဝရောက်ပါစေလေ …
သံသယပျောက်ပါစေ အမှန်ဘဝရောက်ပါစေလေ …
တစ်ဦးကိုတစ်ဦး သံသယဆိုသည်မှာ အလကားဖြစ်ပေ တစ်ဦးကိုတစ်ဦး မှန်သပါ့ဆိုသည်မှာ ပတ္တမြားအစစ်ပေ….
သံသယပျောက်ပါစေ အမှန်ဘဝရောက်ပါစေလေ …
သံသယပျောက်ပါစေ အမှန်ဘဝရောက်ပါစေလေ …
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း
မှီတင်းနေထိုင်ကြသော တို့ညီအစ်ကိုတစ်တွေ
တိုင်းရင်းသားအားလုံးစုံပေ
တစ်ရေတည်းသောက် တစ်မြေတည်းနေလို့ ချစ်ကြည်ပေ
သွေးစည်းညီညွတ်ခြင်း အရင်းခံတည်နေ
ဥမကွဲ သိုက်မပျက် အေးအတူ ပူအမျှလေ
ပူးပေါင်းနေထိုင်ကြပေ ရာသက်လုံးဆုံးကမ္ဘာတိုင်လေ….
တို့တစ်တွေ တို့တစ်တွေ တို့တိုင်းရင်းသား ငါတို့တစ်တွေ…..

ပြည်ထောင်စုအကျိုးတို့သည်ပိုး တို့ထမ်းဆောင်ကာလ
ရရှိအပ်သော အကျိုးစီးပွား သီးပွင့်ရတနာများ
တို့အတူတကွ မူအရ ခံစားရမယ်လေ….
လာလာလေ လာကြဟေ….
ဝိုင်းဝန်း၍ တိုင်းပြည်စီးပွားရေးအတွက်
တိုးတက်ဖို့ ကြံဆောင် မယ်လေ
တစ်ယောက်တစ်လက်တစ်အားနှင့်မို့လေ
လာလာဟေ လက်တွဲမဖြုတ်နှင့် တို့ရဲ့ညီအစ်မ အစ်ကိုတွေ….

လူမျိုးအလိုက် ကိုယ့်စရိုက်ဓလေ့ထုံး ဘာသာ
စာပေစကား သီးခြားဆောင်ရွက်နိုင်ခွင့်ရှိသည်လေ
တို့လေးစားသည်လေ တို့လေးစားပါသည်လေ
တိုင်းပြည်ရဲ့ တည်တံ့ခိုင်မြဲရေးနှင့် စီးပွားရေး လူမှုရေး
လုပ်ငန်းအထွေထွေ တက်ညီလက်ညီ ဆောင်ရွက်ကြလို့ တာဝန်ကျေ
စည်းလုံးညီညွတ်ရေး ထိပါးခြင်းမှ တို့ရှောင်သွေ
တို့တစ်တွေ တို့တစ်တွေ တို့တိုင်းရင်းသား ငါတို့တစ်တွေ…..
ကချင် ကယား ကရင် ချင်း မြန်မာ မွန် ရခိုင် ရှမ်း တစ်တွေ
ပြည်ထောင်စုသား တိုင်းရင်းသားမို့ ညီအစ်ကိုမောင်နှမတွေ
သွေးစည်းကာသာလေ ညီညွတ်ချစ်ကြည်နေ
အေးအတူ ပူအမျှ အတူတကွခံစား စံစားကြမယ်ဟေ…..
လာလာလေလာကြပြီလေ ……
ရေမြေတောအနှံ့က တို့ဆွေသဟာတွေ
ရပ်ဝေးကဆွေ ရပ်နီးကဆွေ
စုပေါင်းညီညာပေ ဝေလေလေ ဝေလေလေ
လာလာလေလာကြပြီလေ ……
ရေမြေတောအနှံ့က တို့ဆွေသဟာတွေ
ရပ်ဝေးကဆွေ ရပ်နီးကဆွေ
စုပေါင်းညီညာပေ ဝေလေလေ ဝေလေလေ
ပြည်ထောင်စုသားတွေ ပြည်ထောင်စုသားတွေ
တို့ပြည်ထောင်စုသားတွေ…..။
မှတ်ချက်။ ။ သံပြိုင်အပိုဒ်ကို ကချင် ကယား ကရင် ချင်း မွန် ရခိုင် ရှမ်း ဘာသာဖြင့်လည်း အလှည့်ကျဆိုပါသည်။