ရွှေ ပြည်ကြီး – တေးရေး – နန်းတော်ရှေ့ ဆရာတင် ၊ ဆို – စိန်ပါတီ https://youtu.be/8QMHp863qjk?si=Aoy–KF_m2LLqnxn။ အရှင်နှစ်ပါး ပါတော်မူ၍ တစ်တိုင်းတစ်ပြည်လုံး သူ့ကျွန်ဘဝရောက်စဉ် ကိုယ်တိုင်ခံစားရသော အတွေ့အကြုံအား နန်းတော်ရှေ့ ဆရာတင်မှ ရေးစပ်ကာ အဆိုတော်ကြီး စိန်ပါတီ၏ ဂရုဏာသံဖြင့် သီဆိုထားသော ပါတော်မူတမ်းချင်း။ ကိုလံဘီယာကုမ္ပဏီမှ စစ်ကြိုခေတ်တွင် ထုတ်လုပ်ရောင်းချခဲ့ပါသည်။ ရွှေပြည်ကြီး (ရေး)နန်းတော်ရှေ့ဆရာတင် (ဆို)စိန်ပါတီ။ အော် ရွှေပြည်ကြီး ဘယ်ခါမှနီးရပါ့ စည်ထီးနဲ့ကွာခဲ့ပြီ၊ အော် ဘယ်ခါမှ နီးရပါ့ စည်ထီးနဲ့ကွာခဲ့ပြီ။ သာသနာ့ ဒါယကာ ရာဇာမရှိတာကြာပြီ ယခုအခါ သူများနိုင်ငံ… ပိုင်ဆောင်ငြားတဲ့… မင်းမြတ်ရာဇာ စုံစုံညီညီ လူမျိုးများတို့ မေးသော် မြန်းသော် နန်းတော်တစ်ခုသာ မန္တလေးက နန်းတော်တစ်ခုသာ ကျန်ပါတော့သည်… ဘယ်အခါမှ ဆိုသလို နေပြည် ရွှေပြည်ကြီး… နီး… နီးချင်လှပြီ…။ အထက်လွှတ်တော်ကိုလည်း… လျှောက်လွှာထပ်မည် အောက်လွှတ်တော်ကိုလည်း… လျှောက်လွှာထပ်မည်)၂
အော်… ကျွန်ဘဝက လွတ်ကြရအောင်.. စီမံကောင်းသောလမ်းကို ကျွန်မတို့ရဲ့ ဆရာအတည် နန်းတော်ရှေ့စာစီ သာကီ မျိုးတို့ တန်ခိုးကြီးခဲ့သည် ဘယ်ခါမှနီးရပါတော့မည်…
အော်… သခင်ရေ… မျှော်ရင်းလွမ်းလှပြီ… အော်… ကိုယ်တော်ရေ… မျှော်ရင်းလွမ်းလှပြီ… ရွှေပဟိုရ်စည်သံ များ မကြားရတာကြာပါပြီ ရှစ်စုံထီးနဲ့ ရွှေပြည်တော်ကြီးဆီ…။ ။ ရွှေပြည်ကြီး… နီးအောင်ပင်လှမ်း ရိပ်လှုံ… ရွှေဘုံ ဟံသာကျွန်းဆီက ယွန်းနတ်ကယ်စီ ဒေါင်းမြီးကွက်တွေ လွှမ်းချိန်မို့ (လွမ်းပြန်ရသည်)၂
အော် သခင်ရေ . . . . . . . . . . . ရွှေပြည်တော်ကြီးဆီ…။ (ပြာဿဒ်ဖျားဆီက စိန်သွားရောင်ခြည်)၂ ဗဟိုရ်နှစ်ချက်တီးပြီထင့် (ညည်းမှိုင်မိသည်)၂
အော် သခင်ရေ . . . . . . . . . . . . ရွှေပြည်တော်ကြီးဆီ…။ ပါတော်မူ မြန်မာဂန္ထဝင် သီချင်း တေးရေး – တေးဆို စိန်ပါတီ https://youtu.be/N7aEdDhsw-U?si=PAsMV8IEf2tgZ757။ တိုင်းတပါးမှ ဖြန့်ချီခဲ့သော မြန်မာ့ပါတော်မူ တမ်းချင်း”။ လွန်ခဲ့သော နှစ်ပေါင်း ၁၃၅ နှစ်ကျော် ယခုအချိန်တွင် မြန်မာနိုင်ငံတော်သည် ထီးကျိုးစည်ပေါက်ကာ “ထီးသုဉ်း၊ နန်းသုဉ်း၊ မြို့သုဉ်း သုည သုဉ်းသုံးဝ….” အစချီဆီးဘန်းနီဆရာတော် ဘုရားကြီး၏ သံဝေဂ လေးချိုးကြီးအတိုင်း စည်းလုံးညီညွတ်မှုမရှိရုံမျှမက စည်းကမ်းပါဖေါက်ခဲ့ကြသဖြင့် ထီးနန်းပါပျောက်ခဲ့ရလေသည်။ ထိုသို့ နယ်ချဲ့ဗြိတိသျှတို့အောက်တွင် ဝန်းသိုစော်ဘွား ဦးအောင်မြတ်၊ ဗိုလ်မင်းရောင် စသောမျိုးချစ်သူရဲကောင်းများက ဒုတ်၊ဓါး၊ သေနတ်တို့ဖြင့်တော်လှန်နေချိန်တွင် အချုပ်တန်း ဆရာဖေတို့ကဲ့သို့ အနုပညာရှင်များစွာကလည်း ဂီတလက်နက်၊ ကလောင်လက်နက်စသော ရရာလက်နက်များကို စွဲကိုင်ကာ သူ့ကျွန်အဖြစ်မှ လွတ်မြောက်စေရန် အုတ်တချပ်သဲတပွင့် အဖြစ်ပါဝင် တိုက်ပွဲဝင်ခဲ့ကြ၏။ ပါတော်မူပြီးစ ပေါ်လာသော ဆရာဖေ၏ တေးထပ်တွင် ၎င်းက ပေါက်ကွဲခါ “မြန်မာတွေ စည်းကမ်းဖေါက်၊ ထီးနန်းပျောက်ဖြစ်ပြီ၊ မှီငြမ်းထောက် အသစ်မှီတယ်၊ ညစ်ပလီလူမျိုး။ မိပစ်လို့ ဘသွေရှောင်သည်၊ ဂွကောင်တွေခွေးဖြစ်ပေါ့ဗျိုး။” ဟူ၍ ရေးသားခဲ့လေသည်။ ၁၈၈၇ မှ အစောဆုံး လွပ်လပ်ရေးတိုက်ပွဲဝင် တေးသီချင်းတစ်ပုဒ်ဖြစ်သည့် “သီဟာပျံနန်းဘုံမြင့်မှာလ…” အစချီ မဒီကိုင် ဦဖူးညို၏ ဂရုဏာသံတွင်လည်း “ဘိလပ်ပိုင် မိန့်တော်ရင်းရယ်နှင့်၊ မြစ်တွင်းမှာ အောင်လံထူ၍၊ လွယ်တကူ ရှင်နှစ်ပါးကိုလ၊ ကြယ်ဥဂ္ဂါ နိမိတ်များငယ်နှင့် တက်သွား၍ ဆောင်တွင်းမှာ၊ လောင်ပြင်းစွာ ပြည်သူအပေါင်း။ ဆောင်ကြဉ်းလာသမျှ သည်ရေကြောင်း။ ။” ဟု အသည်းနာနာဖြင့် ရေးသားခဲ့ပါသည်။ ဓါတ်ပြားခေတ်သို့ ရောက်သည့်အခါတွင်လည်း အဆိုတော်များဖြစ်ကြသည့် ခင်မောင်ရင်၊ ဂီတာစိမ်းမောင်၊ ဥဩဘသောင်၊ စိန်ပါတီ၊ မကြည်အောင်တို့ကဲ့သို့ အနုပညာရှင်များက သခင်၊ သခင်မ ဘွဲ့များခံယူကာ လွပ်လပ်ရေး တိုက်ပွဲဝင် သီချင်းများကို သီဆိုဓါတ်ပြားသွင်းခဲ့ကြသည်။ ထိုအထဲမှ အခြားဓါတ်ပြားသီချင်းများကို ကျော်လွန်၍ တမူထူးခြားစွာ ပေါ်ထွက်လာသော သီချင်းတပုဒ်မှာ ဂီတစာဆို ရွှေတိုင်ညွန့်ရေး၍ အဆိုတော် စိန်ပါတီ၏ “ပါတော်မူ” ဓါတ်ပြားဖြစ်၏။ ဤဓါတ်ပြားအမှတ် RE.698 ကို ၁၉၃၉ ဧပြီလတွင် ကိုလံဘီယာ ကုမ္ပဏီ အိန္ဒိယစက်ရုံမှ ရိုက်နှိပ်ဖြန့်ချီခဲ့သည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ ထိုခေတ်က ဓါတ်ပြားများသည် တိုက်ရိုက်အသံသွင်းထားသည့် ဖယောင်းချပ်ကို တိုင်းတပါးတွင် သွားရောက် ကူးယူကာ ရိုက်နှိပ်ပြီးမှ မြန်မာပြည်သို့ ပြန်လည်ပေးပို့ကာ ဖြန့်ချီထုတ်ဝေရောင်းချရပါသည်။ သီချင်းသွင်းရာတွင်လည်း လျှပ်စစ်မပေါ်မှီက အဆိုတော်က အရှေ့ဆုံးမှနေ၍ တီးလုံးသံ အတိုးအကျယ်ပေါ် မူတည်၍ အနီးအဝေး သတ်မှတ်ကာ အော်လံကြီးရှေ့တွင် တိုက်ရိုက် အသံသွင်းခဲ့ကြရသည်။ ထိုသို့ ဖယောင်းပြားပေါ် အသံဖမ်းသည့် အဖွဲ့ကလည်း ပြည်ပမှ သီချင်းမသွင်းမှီ တပတ်အလိုတွင် ရောက်ရှိကာ ဓါတ်ပြားကုမ္ပဏီများနှင့် ရက်ချိန်းယူကာ တထိုင်ထဲ သွင်းခဲ့ကြ၏။ ထိုသို့မကူးယူခင် ရက်ပေါင်းများစွာ အချိန်ယူ၍ အဆိုတော်နှင့် တီးဝိုင်းသမားများကို သီချင်းရေးဆရာမှ အလိုက်နှင့် တေးသွားကို ချပေးရလေသည်။ ဤသို့ဖြင့် ဓါတ်ပြားသွင်းရာတွင် အမှားမပါအောင် ထပ်တလဲလဲလေ့ကျင့် သီဆိုရလေသည်။ ယခု ဂီတထံတျာ အနုပညာ အသံပြခန်းမှ ဖွင့်ပြပေးမည့် “ပါတော်မူ”ဓါတ်ပြားကို အသံသွင်းရာတွင် ပထမဆုံး အပိုဒ် ပထမအကျော့တွင် အဆိုတော် စိန်ပါတီမှ “ရွှေကညစ်နှင့် ရေးကာ စာကိုစီ” ဟုသီဆိုရမည့်အစား “ဧက္ကရာဇ် နဲ့ရေးကာစာကိုစီ” ဟုမှားယွင်းသီဆို မိခဲ့လေသည်။ သို့သော် ရောင်းတမ်း ဓါတ်ပြား အချပ်ပေါင်းများစွာ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိပြီးမှ သိရှိရသည့်အတွက် စိန်ပါတီ၏ “ပါတော်မူ” သီချင်းဓါတ်ပြားကို အမှားအတိုင်း ဖြန့်ဝေခဲ့ရ၏။ ထို့ကြောင့် ယခုကဲ့သို့ ပါတော်မူနေ့နှင့် တိုက်ဆိုင်သော အခါသမယတွင် ဂီတထံတျာ အနုပညာအသံပြခန်း နှင့် Antique Collectors Haven” Facebook စာမျက်နှာမှ ပါတော်မူ ဓါတ်ပြားအား ရတနာဂီရိရှိ မြန်မာ့နောက်ဆုံးဘုရင် သီပေါမင်း၏ နောက်ဆုံးစံအိမ်တော် စက်မှုလက်မှုကျောင်းအဖြစ်မှ ပြတိုက်အဖြစ်သို့ ပြန်လည်ပြုပြင်နေစဉ် မှတ်တမ်းတင် ရိုက်ကူးထားသော သမိုင်းဝင် ရှားပါးမှတ်တမ်းများဖြင့် ဝေဝေဆာဆာ တင်ဆက်လိုက်ရပါသည်။ သီပေါမင်း #စုဖုရားလတ် #ဒိုင်းခင်ခင်။ မှတ်ချက်။ Antique Collectors Haven နှင့် ဂီတထံတျာ အနုပညာအသံပြခန်းမှ တင်ဆက်မှုများအား လွပ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့သော် မိမိကိုယ်ပိုင်အဖြစ် တဆင့်ကူးယူခြင်းမပြုပါရန်
ဆက်စပ် မြန်မာရုပ်ရှင် တက္ကသိုလ် ဘုန်းနိုင်၏ သူ့ကျွန်မခံပြီ။ စာအုပ် ရုပ်ရှင် https://youtu.be/knTFETw9U2I?si=KbFc8MmmkR6uf0fF။ အင်္ဂ လိပ် စစ်သား တွေပါ မျက်ရည်ကျတဲ့ သူ့ကျွန်မခံပြီ အကြောင်းပြောပြတဲ့ စာရေးဆရာ တက္ကသိုလ်ဆရာ မောင်သာချို https://youtu.be/EGMpZwdthLc?si=lgoWSS815-x20mWi။ ပါတော်မူ နိုင်ငံ ဆရာ မောင်သာချို စာပေစောပြောပွဲ https://youtu.be/rZ7MHaPcFgA?si=-5yn2pzIhF9ksLfD။ ပါတော်မူ တိုင်းပြည် စာရေးဆရာ မောင်သာချို။ ပဲခူး စာပေဟောပြောပွဲ ၅ ည https://youtu.be/pk10yaSR_cg?si=myHCnM3vsLDtp6kW။ ဆရာမောင်သာချို ၏ ကိုယ့်ပြည်ဌာနေ ကိုယ့်ရပ်ဌာနေ။ https://youtu.be/HCbNBxseET0?si=As8CagYv-thbhDBh။ လုံခြံုစိတ်ချရတဲ့ နိုင်ငံတော်ကြီး ဖြစ်စေဖို့ ဆရာမောင်သာချို။ https://youtu.be/oqItOrj6uOM?si=hP9_nDbUBR3BrH8w
ဇာတိပုည ဂုဏ် မာန ။ တေးရေး ဒဂုံဆရာနှစ် မကြည်အာင် Lyric & Music https://youtu.be/iJEI8juzYC4?si=pGkQulGht9lydppm
တစ်ခေတ်တသ်ခါက နိုင်င့တာဝန်ကျေခဲ့သော BBS Burma Broadcasting Service မြန်ာမာ့အသံမှ မကြာခန ထုတ်လွှင့်လေ့ရှိခဲ့သော စိတ်ခွန်အားပေး ၊မြန်မာ သီ ချင်းကောင်း များ ။ မေတ္တာ စေတနာ သီချင်း များ။ https://youtu.be/QQ8vSLLVH-g?si=_9TYET_MFdhlVOWl
မေတ္တာသည်သာ အမြတ်ဆုံး တေး ရေး ဂီတာတင်အုန်း ဆို တင်တင်မြ ၊ ချစ်စပယ် https://youtu.be/9OSd7_bJH4Y?si=IhAqpTkF0jsy6lre
မေတ္တာ ရည်တူ ။ တေးရေး –တေးဆို ဂီတာတင်အုန်း + သန်းသန်းဆင့် https://youtu.be/MOhrx5jF8PA?si=JbUIKn9k9C44DYTX
မေတ္တာ လေ ညှင်း တေး ရေး –ဂီတာတင်အုန်း။ဆို –မာမာအေး တင်တင်မြ ချစ်စပယ် https://youtu.be/7k-8pmoBF58?si=au70RgUCUEnJev-Eမေတ္တာလေညှင်း သီချင်းလေးရဲ့ တေးအဓိပ္ပါယ်ကို မသိရသေးရင်တောင်မှ အန်တီကြီးတွေရဲ့ အသံက လေညှင်းတိုက်လိုက်သလိုပါ အိစက်အေးမြလွန်လှပါတယ်။ ကမ္ဘာသူ ကမ္ဘာသားတွေ လိုအင်ဆန္ဒပြည့်ဝကြပါစေတဲ့ ဘေးအန္တရာယ်တွေကင်းကြဖို့ နှလုံးအိမ်တွေ အေးမြကြဖို့ မေတ္တာဖြန့်ကျက်နေတဲ့ အန်တီတွေရဲ့ အသံနဲ့ ဖေဖေ့ရဲ့ ရေးဖွဲ့ထားတဲ့ စာသားတွေက လိုက်ဖက်လွန်းလှပါတယ်။ မြန်မာအသံရဲ့ ရေဒီယို ဓါတ်ပြားရတေးသီချင်း တစ်ပုဒ်ပင်ဖြစ်ပါတယ်၊ မရှိသူတွေမရှိ ရှိသူတွေ အိုမင်းကြပြီဖြစ်သော်လည်းလေ သူတို့တွေရဲ့ နှလုံးအိမ်ကလာတဲ့ မေတ္တာတွေနဲ့အတူ ဒီသီချင်းလေးကတော့ ထာဝစဥ်နုပျိုလွင့်ပြန့် နေပါအုန်းတော့မည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။ ဤသီချင်းလေးဖြင့်ပင် ကျေးဇူးရှင် ဖခင် ဂီတာဦးတင်အုန်း နှင့် ဂန္တဝင် ဂီတအနုပညာရှင်ကြီးများဖြစ်တဲ့ အန်တီ ဒေါ်မာမာအေး၊ အန်တီ ဒေါ်ချစ်စံပယ်၊ အန်တီ ဒေါ်တင်တင်မြ တို့အား ရိုသေစွာဖြင့် ကန်တော့အပ်ပါသည်။
မေတ္တာလွှမ်းခြုံ တေးဆို မြန်မာ့အသံအဖွဲ့ https://youtu.be/usZOz3zN6Co?si=v8pY30JJqwbx8S6z
မေတ္တာအရင်းခဲ တေးပြုစာဆျု ရွှေတိုင်ညွန့် တေးဆို မအေးမိ ( May 1936 ) ( စာသားစာတမ်းထိုး ။ https://youtu.be/CmbqH2dfeCA?si=RrWdneGEpDjUxMWU။ https://youtu.be/VgHs5FDtk8k?si=s6AHedjPLxd05-dU။ ပြန်ဆို https://youtu.be/IDpBWwneyRI?si=P2PB2bixwtsYV1vd။ မေတ္တာအရင်းခဲ။ တေးဆို နီနိဝင်းရွှေ ( 1993 https://youtu.be/61M-uFvrBHw?si=tj8kUNrBxS6Bnd82
ပန်းတိုင်းပွင့်ပါစေ ။ တေးရေး ထပ်ဆင့်အကယ် ဒမီ မြတ်လေး၊ တေးဆို ဂီတကောင်စီဝင်များ။ https://youtu.be/0VX8Iovy0gw?si=9-htR58gWdLuz0Jg။ ဒေါက်တာ လှဘူး +ဖြူဖြူ တင်အောင် + မိမ်ခိုင် ) တို့၏ ပန်းတိုင်းပွင့်ပါစေ။ https://youtu.be/zekw4jwvjeY?si=Wtsxjk0EQhU_LxcC။ အခြားအဖွဲ့ ဆို https://youtu.be/sXulSaMVQ_U?si=gBfNOyFSloz3wQb3
မြန်မာမုမှန် ၊တေးဆို မြန်မာ့ အသံအဖွဲ့ https://youtu.be/7xeKqC8OvkU?si=9MHvITRDh2vdKgYP
ချစါသော ဤကမ္ဘာမြေ တေးဆို စပယ်ဦးအဖွဲံ ။ https://youtu.be/Dc5nDp4xdFg?si=h4HQLI5ormw2e4pN
နေထွက်ချိန်။ တေးဆို -စောင်းမြတ်ငြိမ်းနဲ့အဖွဲ့ https://youtu.be/HISC16wkjLk?si=AmNg0scCKj6ajIXd
မေတ္တာ , တေးဆို -မေတ္တာရိပ်မြုံ အဖွဲ့။ https://youtu.be/L7qIkbskF_4?si=jhpC9iIuJECqA5_q
စိတ်ထားမြတ် ဖို့လိုသည်။ ၊ တေးဆို ရွှေ မြိုင် တေး သံဝေအဖွဲ့ ။ https://youtu.be/DbCv7S5pcS0?si=pZyzrBY6uKqDIcSG
အပေါင်း ၊ တေးဆို အပေါင်း လက္ခဏာ အဖွဲ့ ။ https://youtu.be/N94mOvWA-fw?si=umf5EIuHPEzzy2XU
မြေက သိမ့်သိမ့် ရယ်လိမ့်မယ် ။ တေးရေး -မောင်ကြေးမုံ ၊ တေး ဆို -ဒဂဒံ သီမာ အဖွဲ့ https://youtu.be/y3N1QL0utU8?si=2zu4A0j58IN-Q0Ti
တို့ပြည်ထောင်စုသား ၊တေးဆို မောင်ေ၅ာင်ကြီး၊ မာမာအေး။ https://youtu.be/iVonEbu4vl8?si=XUY_5NFvrzmw_fCn။ မာမာအေူနှင့်အဖွဲ့၊ တို့ပြည်ထောင်စုသား ။ https://youtu.be/zABmn_jyqmI?si=l2JRnbfqLemLLPhP
ဒို့ဗမာ သီချင်း ၊ ဝိုင်အမ်ဘီ သခင်တင် စီကုံးရေးသားခဲ့သော သီချင်း ။ Dobama Song ( 1939 recording ) national anthem of Burma ( 1936 – 1948 ) သီချင်းစာသား ဖြင့် ဆို့ဗမာသီချင်း။ https://youtu.be/9M8xIL2kLN0?si=ORlZ5fOLBZUJICXJ
၁ ။ တို့ ရွှေမျိုး ( ေ၇ါှတိုင်ညွနိ့ -စိန်ပါတီ ။ )။ https://youtu.be/MgcG5lDndw4?si=4qJU8b812KkzyA-r။ ၂ ။ တို့ဆွေမျိုး – တေးဂီတစာဆို အလင်္ကာကျောိစွာ ရွှေ တိုင် ညွန့် ေ၇းစပ်ခဲ့သည့် တေးဆို ၊ ရာဇာဝင်းတင့် ၊ ရီရီသနိ့ ( Lyric စာသားဖြင့် သီချင်း) https://youtu.be/7jZOz3QNOBw?si=x959gtohGGDVN6Yp
