တကယ့်၇ုပ်ရှင်ပညာစစ်စစ်လုပ်နိုင်တဲ့မြင့်မြင့်ခင် ဘဝနှင့်အနုပညာ “ ချစ်ညီမရဲ့ ဒိုင်ယာရီ(အပိုင်း-၁)” ထပ်ဆင့်အကယ်ဒမီမြင့်မြင့်ခင်
မွေးဖွားခင်ကြည်
၁၃ ဩဂုတ်၊ ၁၉၃၄(အသက် ၉၁)
သန်လျင်မြို့၊ ပဲခူးစီရင်စု
ဗြိတိသျှဘားမားအခြား အမည်များRita Fairmenတက်ကြွလှုပ်ရှားနှစ်များ၁၉၄၉–၁၉၉၆အိမ်ထောင်ဖက်(များ)ဦးခင်မောင်ညွန့် (၁၉၅၆–၂၀၁၀)သားသမီးတင်အေးမြင့် (သီရိကေခိုင်)၊ ခင်အေးမြင့်၊ အေးအေးမြင့်၊ ဆွေအေးမြင့် (မေဆွိ)၊ လဲ့ရည်မြင့်မိဘ(များ)ဦးဖိုးမြင့်၊ ဒေါ်စောကြည်ရရှိသည့်ဆုများ
- ချစ်ညီမ (၁၉၅၇)
(အမျိုးသမီး ပညာသည်ဆု) - ဖြေလျော့ခွင့်(၁၉၅၈)
(အမျိုးသမီး ပညာသည်ဆု) - မုန်းပါတယ်မောင့်ကို(၁၉၇၃)
(အမျိုးသမီး ဇာတ်ဆောင်ဆု) - မှတပါး အခြားမရှိပြီ (၁၉၈၀)
(ပထမဆုံး အမျိုးသမီး ဇာတ်ပို့ဆု) - မြင့်မိုရ်တောင်ဦး မကကျူးသား (၁၉၉၆)
(အမျိုးသမီး ဇာတ်ဆောင်ဆု) - တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု (၂၀၁၈)
- စည်သူဘွဲ့
https://youtu.be/LhkSC5N-E5w?si=1mfvff0lcZZsfavt

https://youtu.be/qfeRVfMaZUk?si=jxVCMzr14L0OIySJ
အသက် (၉၀) ပြည့် မွေးနေ့မှာ သိန်း (၁၁၀) ဖိုး အလှူ လုပ်ဖြစ်သလို မြေး (၆) ယောက် ကို လက်ဝတ်ရတနာတွေ အမွေ ပေးလိုက်ပါတယ်။ ဒီအဆောက်အဦးကိုလည်း အမေ မရှိတော့တဲ့ အချိန်ကြရင် အားလုံး ညီတူမျှတူ ယူကြဖို့ ပြောထားပြီ’ လို့ ပြောလာတဲ့ မြင့်မြင့်ခင် နှင့် ခဏတာ။
@MyanmarCelebrity #MyintMyintKhin #မြင့်မြင့်ခင် #MyanmarSeniorActress #MyanmarCelebrityBirthday
https://youtu.be/Nt316tgGXc0?si=Jp14FKDXFuOfmB95
စည်သူဒေါ်မြင့်မြင့်ခင်သည် မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု ၆ ခုအား ပိုင်ဆိုင်ထားသော အမျိုးသမီး ရုပ်ရှင် သရုပ်ဆောင်တစ်ဦး ဖြစ်ပြီး တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကို ရရှိထားသူလည်းဖြစ်သည်။ သူမအား ဩဂုတ်လ ၁၄ ရက်နေ့၊ ၁၉၃၄ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ သူမသည် မြန်မာ့ရုပ်ရှင်လောကတွင် ပါရမီရှင်အများအပြားအထဲမှ တစ်ဦးဖြစ်သည်ဟုဆိုနိုင်ပေသည်။ သူမအား ပရိသတ်များက ဘေဘီမြင့်မြင့်ခင် ဟူ၍လည်း ချစ်စနိုး ခေါ်ကြသေးသည်။ ထို့အပြင် သူမသည် မြန်မာ့ ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုရှင် မေဆွိ၏ အမေလည်း ဖြစ်သည်။
၁၉၃၄ ခုနှစ်တွင် အဖ ဦးဖိုးမြင့်၊ အမိ ဒေါ်စောကြည်တို့မှ ဒေါ်မြင့်မြင့်ခင်အား သန်လျင်မြို့တွင် မွေးဖွားခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံသည် အင်္ဂလိပ် နယ်ချဲ့လက်အောက်တွင် ရှိနေသေးသည်။၁၉၄၉ ခုနှစ်တွင် ရန်ကုန် မိန်းကလေးကျောင်းတွင် သတ္တမတန်းကို တတ်ရောက်သင်ကြားခဲ့သည်။ ၁၉၅၀ ခုနှစ်တွင် မာယာရှင်ဇာတ်ကားကို အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့လေသည်။ ဒေါ်မြင့်မြင့်ခင်သည် ၁၉၅၀ ခုနှစ်အတွင်း မြန်မာ့အမျိုးသမီး ရုပ်ရှင်လောက၌ ပြိုင်ဘက်ကင်းသော အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သည်။ သူမ၏ ရုပ်ရှင်သက်တမ်း ဆယ်စုနှစ်အတွင်း အကောင်းဆုံးဖြစ်အောင် ကြိုးပမ်း စွမ်းဆောင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်အကယ်ဒမီ ၆ ခုအား ထိုက်တန်စွာ ရရှိခဲ့သည်။
ဆုချီးမြှင့် ခံရခြင်း
ဒေါ်မြင့်မြင့်ခင်က ရုပ်ရှင်လောကတည်းကို ဒါရိုက်တာ ဦးအောင်ကြီး ရိုက်ကူးတဲ့ မာယာရှင် အသံတိတ် ဇာတ်ကားနဲ့ ဝင်ရောက် လာခဲ့သူဖြစ်ပြီး သူ့ကြိုးစားမှုကြောင့် ၁၉၅၇ ခုနှစ်မှာ ပထမဆုံး အကြိမ်အဖြစ် ချစ်ညီမ ဇာတ်ကားနဲ့ အမျိုးသမီး ပညာသည်ဆု (အကယ်ဒမီ) ကို ရရှိခဲ့သည်။
၁၉၅၈ ခုနှစ်မှာ ဒုတိယ အကြိမ်မြောက် အမျိုးသမီး ပညာသည်ဆုကို ဖြေလျော့ခွေ ဇာတ်ကားနဲ့ ဆွတ်ခူးရရှိခဲ့ပြန်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ ဒါရိုက်တာ ဝင်းဦး ရိုက်ကူးခဲ့တဲ့ မုန်းပါတယ်မောင့်ကို ဇာတ်ကားနဲ့ တတိယ အကြိမ်မြောက် အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့ ပြန်ပါသည်။
အဲဒီနောက်မှာတော့ ဒေါ်မြင့်မြင့်ခင်ဟာ အမေခန်းများမှာ ပါဝင် သရုပ်ဆောင် လာရပြီး ၁၉၈၀ ပြည့် နှစ်မှာ ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်းထွဋ်တို့က စာရေးဆရာမ မိုးမိုး(အင်းလျား) ရဲ့ ဝတ္ထုကို ရေးသားရိုက်ကူးတဲ့ မှတစ်ပါး အခြားမရှိပြီ ဇာတ်ကားနဲ့ ပထမဆုံး အမျိုးသမီး ဇာတ်ပို့ဆု (စတုတ္ထအကြိမ် မြောက် အကယ်ဒမီဆု)ကို ဆွတ်ခူးရရှိခဲ့သည်။
အမေခန်းများမှာ ဆက်တိုက်ပါဝင် သရုပ်ဆောင်ရင်း ၁၉၉၆ ခုနှစ်မှာ ဒါရိုက်တာ ဦးခင်ဇော် (ကေသီပန်) ရိုက်ကူးခဲ့တဲ့ မြင့်မိုရ်တောင်ဦး မကကျူးသား ဆေးရောင်စုံ ရုပ်ရှင်ကားနဲ့ ဒုတိယအကြိမ် မြောက် အမျိုးသမီးဇာတ် ဆောင်ဆု (ပဉ္စမအကြိမ် မြောက် အကယ်ဒမီဆု) ကို ဆွတ်ခူး ရရှိခဲ့သည်။
ဒီဆုယူအပြီး ကျေးဇူးတင်စကား ပြောကြားစဉ် သမီးငါးယောက်ရှိတဲ့ အတွက် ရွှေစင်ရုပ် တစ်ဆုစီ အမွေပေးနိုင်ပြီ ဖြစ်ကြောင်း ဒါပေမယ့် မြေးများ ရှိသေးတဲ့အတွက် သူတို့ကိုပေးနိုင်ဖို့ ဆက်လက်ကြိုးစားသွားပါဦးမယ်လို့ ဒေါ်မြင့်မြင့်ခင်က ထည့်သွင်း ပြောကြားသွားသည်။
ဒေါ်မြင့်မြင့်ခင် လျှမ်းလျှမ်းတောက်စဉ် ကာလမှာ ရန်ကုန်မြို့ ဦးဝိစာရ အိမ်ရာ စခန်းမှာ နေထိုင်သူ မောင်မျိုးသော် (စက်မှုတက္ကသိုလ်) က ရုပ်ရှင် မင်းသား၊ မင်းသမီးများကို ချစ်မြတ်နိုးကြတဲ့ ပရိသတ်များ အတွက် ဓာတ်ပုံများ အလွယ် တကူ ရရှိနိုင်အောင် Fan Club ဖွဲ့စည်းကာ လစဉ် မင်းသား၊ မင်းသမီးများရဲ့ ပုံများ အဖွဲ့ဝင်များထံသို့ ပေးပို့ ခဲ့ပါတယ်။ အဲဒီ ကာလတုန်းက ဒေါ်မြင့်မြင့်ခင် နုပျိုစဉ် ဖြစ်တဲ့အတွက် ဖက်ရှင် အမျိုးမျိုး၊ ဆံပင်ပုံစံ အမျိုးမျိုးနဲ့ တွေ့မြင်နိုင်သည်။
ပါဝင်သော ရုပ်ရှင်ဇာတ်ကားများ
- မာယာရှင် (၁၉၅၀)
- အနိုင်မခံ
- ချစ်ပန်းသခင်
- ဖြေလျှော့ခွေ (၁၉၅၈)
- ဤလူ့ဘောင်တွင်
- တောပုန်းကြီးစံဖဲ
- ကောလိပ်ဂျင်
- မမထားနှင့်အပါ
- ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ
- တိမ်လွှာမို့မိုလွင်
- မုန်းပါတယ်မောင့်ကို (၁၉၇၃)
- မှတပါးအခြားမရှိပြီ (၁၉၈၀)
- မြင်းမိုရ်တောင်ဦး မကကျူးသား (၁၉၉၆)
- ချစ်ညီမ (၁၉၅၇)
အဆိုရှင်ဘဝ
ဒေါ်မြင့်မြင့်ခင်ဟာ သရုပ်ဆောင်မှုသာမက သီချင်းလည်း သီဆိုနိုင်သူဖြစ် တဲ့အတွက် ရုပ်ရှင်သီချင်း များစွာကို သီဆိုခဲ့သူ ဖြစ်ပါတယ်။ ဒေါ်မြင့်မြင့်ခင်ရဲ့ သီချင်းများထဲက ဖြေလျော့ခွေ ဇာတ်ကား ဇာတ်ဝင် သီချင်းဖြစ်တဲ့ “ဧရာဝတီ”၊ “ဂျက်အေး” ဤလူ့ဘောင်တွင် ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်တေး တစ်ပုဒ်ဖြစ်တဲ့ “စန္ဒာ”၊ ပဏာမတေး “ရွှေမန်းဆီသို့” အစ ရှိတဲ့ သီချင်းများအပြင် တေးရေးဆရာ ရွှေပြည်အေး ရေးသားပြီး ဒေါ်မြင့်မြင့်ခင် သီဆိုခဲ့တဲ့ “နားပန်းဆံ” သီချင်း မှာ ယနေ့ထက်တိုင် ရေပန်းစားဆဲ ဖြစ်ပါတယ်။ ထိုသီချင်းအား သူမ၏ သမီးဖြစ်သူ အမျိုးသမီး အဆိုရှင် မေဆွိ မှ ပြန်လည် သီဆိုခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့လေသည်။ ဒေါ်မြင့်မြင့်ခင်သည် သီချင်း သီဆိုနိုင်မှုကြောင့် သူနဲ့အတွဲ ညီတဲ့ စာရေးဆရာ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုကျော် ဝင်းဦးနဲ့တွဲဖက်ပြီးလည်း သီဆို ဖျော်ဖြေပွဲများမှာ သီဆို ဖျော်ဖြေခဲ့သေးပါသည်။
ဒေါ်မြင့်မြင့်ခင် ခေတ်က ဇာတ်ဝင်တေးဖြစ်တဲ့ “ချစ်သူ့နယ်မြေ”၊ “…..” တို့ဟာလည်း ရုပ်ရှင် သီချင်းများဖြစ်ပေမယ့် ဓာတ်ပြား သွင်းရာမှာတော့ ရောင်းတန်းဝင် အဆိုကျော်များနဲ့ သွင်းယူခဲ့ကြတာကြောင့် မူရင်းသီဆိုသူ ဒေါ်မြင့်မြင့်ခင် အမည်ပျောက်ပြီး ဓာတ်ပြား သီချင်းသီဆိုသူများ အမည်နဲ့သာ လူသိများခဲ့သည်။
အသက်အရွယ် ရလာတဲ့ ဒေါ်မြင့်မြင့်ခင်ဟာ ဒါရိုက်တာ လူမင်း ရိုက်ကူးခဲ့တဲ့ အိုပယ် ဒီဗီဒီကားမှာ သားနဲ့ ချွေးမတို့ရဲ့ အပစ်ပယ်ခံ မိခင် အိုကြီးအဖြစ် ပိုင်နိုင်စွာ သရုပ်ဆောင်နိုင် ခဲ့သလို ဒေါ်မြင့်မြင့်ခင် အသက် ၇၅ နှစ်ပြည့် ဂုဏ်ပြု အစီအစဉ်အဖြစ် ဒါရိုက်တာ မောင်ဗေဒါ ရိုက်ကူးခဲ့တဲ့ အမေ ဒီဗီဒီ ကားမှာ လည်း သားနှစ်ယောက် မိခင်အဖြစ် ပါဝင်သရုပ်ဆောင် ထားသည်။ ဒီနေ့ခေတ် ဗီဒီယို၊ ဒီဗီ ဒီ၊ ရုပ်ရှင်များမှာ အမျိုးသမီး သရုပ်ဆောင်များ ကိုယ်တိုင်က အမေနေရာကနေ ပါဝင် သရုပ်ဆောင်နေကြတာကြောင့် တစ်ကြောင်း အသက်အရွယ် ရလာတဲ့အတွက် မင်းသား၊ မင်းသမီးတို့ အမေနေရာထက် အဘွားနေရာနဲ့သာ ပိုမိုလိုက်ဖက်ခြင်းကြောင့် တစ်ကြောင်း ဒေါ်မြင့်မြင့် ခင်အနေနဲ့ ကားရိုက်နည်းပါး သွားပြီး အိမ်မှာနေရင်း နာမကျန်းဖြစ်နေတဲ့ ခင်ပွန်းသည်ကို ပြုစုစောင့်ရှောက်ရင်း တရားဘာဝနာ ပွားများနေခဲ့သည်။
ထို့နောက် ဒေါ်မြင့်မြင့်ခင်သည် ရုပ်ရှင်လောကမှ အနားယူခဲ့ပြီး ရန်ကုန်မြို့တွင် နေထိုင်လျက် ရှိသည်။
မိသားစုဘဝ
တရားရုံးချုပ်ရှေ့နေ ခင်မောင်ညွန့် (- ၂၀၁၀ ဖေဖေါ်ဝါရီ) နှင့် အိမ်ထောင်ပြုရာ သမီး ၅ ဦး ရသည်။ ၎င်းတို့မှာ
- တင်အေးမြင့် (သီရိကေခိုင်)
- ခင်အေးမြင့်
- အေးအေးမြင့်
- ဆွေအေးမြင့် (မေဆွိ)
- လဲ့ရည်မြင့်
ကျန်းမာရေး
ဒေါ်မြင့်မြင့်ခင်သည် အသက် ၈၀ ကျော်တိုင် ကျန်းမာစွာ နေထိုင်လျက်ရှိပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဇာတ်ကားများ အကဲဖြတ်ကြည့်ရှုရန် လာရောက်ရင်း ချော်လဲကျသောကြောင့် လက်ကျိုးခဲ့ရသည်။[၃]
ကိုးကား
- မော်ကွန်းတင်ပြီးမိတ္တူ။ 22 July 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 September 2010 တွင် ပြန်စစ်ပြီး။
- (ဝင်းငြိမ်း)ရွှေအမြူတေ
- အကယ်ဒမီအတွက် ဇာတ်ကားကြည့်ဖို့လာရင်း ချော်လဲပြီး လက်ကျိုးသွားတဲ့ ဒေါ်မြင့်မြင့်ခင်။ 7 daily news (၁၇ ဖေဖော်ဝါရီ ၂၀၁၉)။[လင့်ခ်သေ]
- ၁၉၃၄ မွေးဖွားသူများ
- သက်ရှိထင်ရှားပုဂ္ဂိုလ်များ
- မြန်မာ အမျိုးသမီး အဆိုတော်များ
- မြန်မာ အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်များ
- မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရှင်များ
ဦးထွန်းဝေ (၂၃ အောက်တိုဘာ ၁၉၂၀–၈ ဩဂုတ် ၂၀၀၅) သည် မြန်မာအမျိုးသား ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်ပြီး အကယ်ဒမီဆု သုံးကြိမ်ရရှိထားသူ ဖြစ်သည်။ မြန်မာ့ရုပ်ရှင်လောကတွင် မင်းသား မြတ်လေးနှင့် ထွန်းဝေတို့သည် စကားပြောကောင်းသည့် မင်းသားများ ဖြစ်ကြသည်။
အစောပိုင်းဘဝ
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးထွန်းဝေကို ၁၉၂၀-ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်နေ့ ပဲခူးတိုင်း၊ နတ်တလင်းမြို့၌ အဖ ဦးကျော်စိန်နှင့် အမိ ဒေါ်ရွှေရင်တို့မှ မွေးဖွားခဲ့သည်။ မွေးချင်းများအနက် သားကြီး ဖြစ်သည်။
နတ်တလင်းအထက်တန်းကျောင်းတွင် အထက်တန်းပညာ သင်ကြားခဲ့ပြီး ၁၉၄၂-ခုနှစ်တွင် တရုတ်ပြည် ချုံကင်းမြို့တွင် စာနယ်ဇင်းသင်တန်း တက်ရောက်ခဲ့သည်။ ၁၉၄၇-ခုနှစ်တွင် နယ်ခြားသတင်းထောက်၊ နေ့စဉ်လမ်းညွှန် သတင်းစာများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၄၈ – ၄၉-ခုနှစ်တွင် မန္တလေးမြို့ထုတ် `ဘဝသစ်နေ့စဉ်´တွင် အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။
ရုပ်ရှင်လောကသို့ ဝင်ရောက်ခြင်း
သိန်းဖေမြင့်မှတစ်ဆင့် ဗြိတိသျှဘားမားရှိ ရွှေဒုံးဘီအောင်၏ တပည့်အဖြစ် ရုပ်ရှင်ပညာ သင်သည်။ ပထမဆုံး ဇာတ်ရံပါရမှာ ၁၉၅၂ ခုတွင် ဦးချစ်ခင်ရိုက်သည့် ချစ်ရေးမလွယ် ဇာတ်ကား ဖြစ်သည်။ ၁၉၅၇ ခုတွင် ဦးချစ်စိန် ရိုက်သည့် ဗိုလ်မြဒင် ကားမှစ၍ ခေါင်းဆောင်မင်းသား ဖြစ်လာသည်။
၁၉၅၇-ခုနှစ်တွင် ဗိုလ်မြဒင် ဇာတ်ကား၊ ၁၉၅၉ မှာ ကကြီးရေက ဇာတ်ကား၊ ၁၉၈၃-ခုနှစ်တွင် တတိယအရွယ်၏ ဒုတိယဝေဒနာ ဇာတ်ကားများနှင့် ရုပ်ရှင်သရုပ်ဆောင် ထူးချွန်ဆု အကယ်ဒမီရရှိခဲ့သည်။
၁၉၅၂-ခုနှစ်တွင် ပီကင်းတွင်ကျင်းပသော အာရှနှင့် ပစိဖိတ်ဒေသငြိမ်းချမ်းရေး ကွန်ဂရက်သို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့ပြီး၊ ၁၉၅၆-ခုနှစ်တွင် မြန်မာ့ရုပ်ရှင်ပညာရှင်များ ကိုယ်စားလှယ်အဖြစ် တရုပ်ပြည်သို့ သွားရောက်ခဲ့သည်။ ၁၉၆၀-ပြည့်နှစ်တွင် မြန်မာ့ရုပ်ရှင် ပညာရှင်များ ကိုယ်စားလှယ်အဖြစ် တရုတ်ပြည်၊ ဘေကျင်းသို့ သွားရောက်ခဲ့ပြန်သည်။
၁၉၆၇-ခုနှစ်မှစပြီး အမြင့်သဘင်နှင့် ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်၊ ၁၉၅၃-ခုနှစ်တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး အဖွဲ့ကောင်စီဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။
ပါဝင်သော ဇာတ်ကားများ
ခေါင်းစဉ်ရုံတင်နှစ်ဒါရိုက်တာထုတ်ဝေသူမှတ်ချက်ချစ်ရေးမလွယ်၁၉၅၂ဦးချစ်ခင်သည်ဆောင်းဟေမာန်ဦးသုခမာလာရီရွှေဒုံးဘီအောင်ပွဲခါညောင်ရေရွှေဒုံးဘီအောင်ဒေါက်တာ အောင်ကျော်ဦးရွှေဒုံးဘီအောင်ဖူးစာနှစ်ခိုင်ဦးလှဦးဖြေလျှော့ခွေဦးချစ်ခင်ဘုနဲ့ ဘောက်နေဒွန်းကန်တော်မိတ် ရုပ်ရှင်ဗိုလ်မြဒင်၁၉၅၇ဦးချစ်စိန်ဘီဘီဘီ ဖလင်ကကြီးရေ က၁၉၅၉သာဓုေမာင့်မူပိုင်ရှင်၁၉၆၄ေအာင်ဝင်းဖဆကလပ်၁၉၆၆သာဓုချစ်တော့ ချစ်တယ်မျိုးအောင်ဗိုလ်အောင်နိုင်ကျော်သန်းတတိယအရွယ်၏ ဒုတိယဝေဒနာ၁၉၈၃
အသံဇာတ်လမ်းများ
ခေါင်းစဉ်ထုတ်ဝေနှစ်ဇာတ်ညွှန်းထုတ်ဝေသူမှတ်ချက်ကကြီးရေ ကနဂါးနိုင်မင်းသားပုဏ္ဏားဘကွန်းဝရမ်းပြေး ဘခက်မဟာဇောတိကသူဌေးဆားပုလင်းနှင်းမောင်နှင့် ပိတုန်းသုံးကောင်ထောင်မင်းသား ဖိုးထော်နှင့် ယမင်းရုပ်ဂျင်ပေါ်က ထုံးအတ္တအကျဉ်းသားဂျမ်းမပြောပြန်ရင်လည်း အောင်မင်း လွန်ရာကျမယ်ဟင်္သာလည်းငှက် ကျီးလည်းငှက်မုဆိုးနဲ့ ကျားအဗ္ဗပါလီဘုံ ရှင်းတမ်းစိတ်သမားတော်ကြီး မဟာဇီဝကရွှေနဲ့ကပ်တော့ ရွှေမင်းသား
နိုင်ငံရေး
ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး ဖြစ်ပွားသည့်အခါ အနုပညာရှင်များနှင့်အတူ တက်ကြွစွာ ပါဝင်ခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အား အနီးကပ် ကူညီစောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။ သူသည် နိုင်ငံရေးဝါဒအရ ကွန်မြူနစ်အတွေးအခေါ်ရှိသူတစ်ယောက်ဖြစ်သည်။
ရရှိခဲ့သော ဆုတံဆိပ်များ
ထွန်းဝေသည် အကယ်ဒမီ(၃)ကြိမ်ရသော ရုပ်ရှင်မင်းသားကြီး ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် ဗိုလ်မြဒင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားသရုပ်ဆောင်ဆု၊ ၁၉၅၉ ခုနှစ်တွင် ကကြီးရေက ဇာတ်ကားဖြင့်လည်းကောင်း ၁၉၈၃ တွင် တတိယအရွယ်၏ ဒုတိယဝေဒနာဇာတ်ကားဖြင့်လည်းကောင်း ဇာတ်ပို့ဆု အကယ်ဒမီများ ရရှိခဲ့သည်။
မိသားစု
ဦးထွန်းဝေသည် ပထမ ဒေါ်စောနှင့် လက်ထပ်ခဲ့သည်။ ထို့နောက် ဇနီး ဒေါ်စော ကွယ်လွန်သွားသောအခါ၊ ဇနီး၏ တူမဖြစ်သူ ဒေါ်ထွေးထွေးနှင့် ထပ်မံ လက်ထပ်ခဲ့ပြီး၊ သား (၂) ယောက် ထွန်းကားခဲ့သည်။
ကွယ်လွန်ခြင်း
ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ ပြည်သာယာ၊ သီရိဇေယျာလမ်း၊ နေအိမ်တွင် ၂၀၀၅ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့ နံနက် ၁နာရီ ၂၅ မိနစ်၌ ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ထွေးထွေးနှင့် သားသမီး၊ မြေးများ ကျန်ရစ်ခဲ့သည်။
ကိုးကား
- မြန်မာ့ စွယ်စုံကျမ်းနှစ်ချုပ် ၂၀၀၆
- ၁၉၂၀ မွေးဖွားသူများ
- ၂၀၀၅ ကွယ်လွန်သူများ
- မြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များ
- မြန်မာ ဂျာနယ်လစ်များ
- မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရှင်များ
မမှီလိုက်သော်လည်း တန်ဖိုးထား လေးစားရသော စွယ်စုံရအနုပညာရှင်ကြီး ကွယ်လွန်ခြင်း ၃၇နှစ်ပြည့်သို့……https://fb.watch/D-O3-o1NLT/?fs=e. shixingcho
ပန်းပန်လျှက်ပါ https://youtu.be/mDX0cwB8GBA?feature=shared မင်းသမီးကြီး ကြည်ကြည်ဌေးရဲ့ အထင်ကရ ဇာတ်ကားတစ်ကား)
အနုပညာရှင်များ ။ ။ ကောလိပ်ဂျင်နေဝင်း ၊ မြတ်လေး၊ ကြည်ကြည်ဌေး ၊ ဘေဘီနွဲ့။
ဒါရိုက်တာ ။ ။ ချစ်ခင်
ထုတ်လုပ်ရေး ။ ။ ရွှေဟင်္သာ
ပန်းတွေနဲ့ဝေ https://youtu.be/dp1sLqURz9A?si=u4EaQt86zRx8uPic ညွန့်ဝင်း ခင်ယုမေ
နော်ကူးမ ရုပ်ရှင် https://youtu.be/1YOSZGyf7OA?si=wU2r1w9FAV7yJw_I
မြခြူသံ တွံတေးသိန်းတန် နှင့် ဒေါ်မာမာအေး။ https://youtu.be/4XHof9e5-Gk?si=mtBpjmUJ_FFSM9L_ Credit and special thanks to Shwe Hin Thar film and movies production မြန်မာဂန္တဝင်အဆိုတော်ကြီးနှစ်ဦး ပါဝင်သရုပ်ဆောင်ပြီးကိုယ်တိုင်သီဆို ဇာတ်ဝင်တေးများနားသောတဆင်ရမယ့် ဇာတ်ကားလေးဖြစ်ပါသည်
ကျွန်တော်နှင့် ကိုဘကျော် https://youtu.be/joI7azuGbVw?si=LC2Cb_1VqIqkrQWU ကျော်ဆွေ၊ကောလိပ်ဂျင်နေဝင်း၊ဇော်ဝမ်း၊တင်တင်ညို ဂန္တဝင်ရုပ်ရှင် ခေတ်ဟောင်းရုပ်ရှင်
ခိုင်မာလာနှင်းဆီ https://youtu.be/oUvYP-l_MbI?si=VvKbpacw8aQfG8VM မုံရွှေရည်ဇာတ်ကားကြီး၏ ဇာတ်လမ်း အဆက် အဖြစ်ရိုက်ကူးခဲ့သောခိုင်မာလာနှင်းဆီဇာတ်ကားကြီးသည် စွယ်စုံရမင်းသားကြီးဦးဝင်းဦး ၏ နောက်ဆုံး လက်ရာနောက်ဆုံးပုံရိပ် အငွေ့အသက်များလွှမ်းမိုးနေတဲ့ အမှတ်တရ ဇာတ်ကားဖြစ်ပါသည် မှုရွှေရည်ဇာတ်ကားမှ အဓိကဇာတ်ကောင် ကိုမြင့်သူ နှင် မှုံတို၏ ရင်သွေး မောင်မြတ်သူ နှင့် ခင်စန္ဒာတိုအရွယ်ရောက်လာပြီး စိန်ရတနာ ဇာတ်အဖွဲ့ကြီးကို ဦးစီး ခဲ့သည် ဒု ဗိုလ်မှူးကြီး ရဲအောင်ကွယ်လွန်ပြီးနောက်ဒေါ်ခင်မှုံပါ ပြန်လည် ပူးပေါင်းလာသဖြင့် မိသားစု ဇာတ်အဖွဲ့ကြီး ပိုမိုအောင်မြင်ခဲ့ သည် ခင်စန္ဒာသည် အမေဖြစ်သူ ဒေါ်ခင်မှုံက မှုံရွှေရည်ဖြင့်အောင်မြင်သကဲ့သို့ အကိုဖြစ်သူကိုမြတ်သူ၏လက်ရာ ခိုင်မာလာနှင်းဆီ သီချင်းဖြင့်ကပြဖျော်ဖြေအောင်မြင်နေချိန် ဆရာဝန်ဒေါက်တာကျော်စွာနှင် အိမ်ထောင်ကျခဲ့ပြီးနောက် ဆက်မကဖြစ်တော့သောအခါ အကိုဖြစ်သူကိုမြတ်သူဒေါသ ထွက်ပေါက်ကွဲရာမှ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေက ဘာတွေ ဖြစ်မလဲ ခင်စန္ဒာကရော ဘာကြောင်မက ဖြစ်တော့တာလဲဆက်လက်ကြည့်ရှု့ အားပေးနိုင်ပါပြီ. ဝင်းဥေိ’ကွယ်လွန် https://fb.watch/D_xUG64p6-/?fs=e
နှောင်းတမြေ့မြေ့ https://youtu.be/m37sqbqSUQ8?si=MOXvdIOShMqq0UXb မြတ်ထန် ၏ ဝတ္ထု မောင်ဝဏ္ဏ စီ စဥ်ရိုက်ကူးပြီး ဥက္ကလာရုပ်ရှင် မှ ထုတ်လုပ်သည့် “နှောင်းတမြေ့မြေ့´´ ရုပ်ရှင်ဇာတ်ကား သည် မြန်မာ့ရုပ်ရှင် ဖလင် ဖြူမဲခေတ်က ဇာတ်ကားဖြစ်ပါသည် တခေတ်တခါက နာမည်ကြီးမင်းသားကြီး ဇော်လွင် သုမောင် နှင့် ချိုပြုံးတို့ခေါင်းဆောင်ပါဝင်၍ ဖိုးပါကြီး ဒေါ်မေနွဲ့ ဒေါ်မေချစ် အစရှိသော ထိုခေတ်ထိုအခါကနာမည်ကြီး ဇာတ်ပို့များစွာ ပါဝင်သရုပ်ဆောင်ထားကြသော ဇာတ်ကားကောင်းလေးတပုဒ်ဖြစ်ပါသည် ဇာတ်လမ်းကတော့ ငွေကြေးပြည်စုံပြီး မျိုးရိုးဂုဏ်မြင့် လူတန်းစားလို့ခံယူထားသူမိသားစုမှ သမီးငယ် ခင်ခင်လေး နှင့် မိဘမဲ့ တကောင်ကြွက် ကိုစိုးနိုင်တို့ တက္ကသိုလ်ကျောင်းမှာ တွေ့ ဆုံ ချစ်ကြိုက်ခဲ့ ပြီး မိဘချင်းသဘောတူထားသူ ရဲဝန်ထောက် အငြိမ်းစား၏ သားဗိုလ်ကြီးဒေါက်တာ သက်မွန် တို့ကြားက သာမာန် သုံး ပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးမျှ သာဖြစ်ပါတယ် ထူးခြားချက်တခုကတော့ အမြဲတမ်း သွက်လက်ဖြတ်လတ် ဆပ်ဆပ်ထိမခံ ဇတ်ဇတ်ကြဲ ဇာတ်ကောင်စရိုက် ဖြင် ပါဝင်တတ်သော မေချို(ချိုပြုံ) ကို ဤဇာတ်ကားတွင် တည်ငြိမ်အေးဆေးသော အသွင်ဖြင့် မြင်တွေကြရမှာ ဖြစ်ပါတယ် အားပေးကြည့်ရှု နိုင်ပါပြီရှင်
ခိုင်မာလာနှင်းဆီ သီချင်း https://youtu.be/37nxG2zVeFA?si=j9MF7zcimhFNQKbk
၁။ မင်းသမီး ကြီးခင်သန်းနု အကြောင်း, https://youtu.be/SB6ylrl6e5Y?si=3ULBvYIt4bv9FY5A။ https://youtu.be/4qxAY3ykQOA?si=U2i__0kLzgZdXxp9။ https://youtu.be/t5qjDVjeyrc?si=9ENc2XenGtKet2Ru
Twilight Over Burma Full Movie မြန်မာ့ ဆည်းဆာ ( Life as a Shan Princes of Burma ) https://youtu.be/LLikL4dHLsI?si=HVCQXKvmKTdel6Nl. https://youtu.be/LbSlf1_RKuA?si=hIS38kLVSllFjQgN
၂ ။ မြင်ကွင်းကျယ်ခေတ်ကိူ စတင်ခဲ့သူ ကျော်ရွှေ သို့မဟုတ် ယနေ့ကျော်ဆွေ https://youtu.be/SNCHp2gr-do?si=_jm0xB_ISEpktNM-
၃ ။ ပြဇာတ်နှင့် ရုပ်ရှင်ဘုရင်မ ကြည်ကြည်ဌေး (၁၉၂၄-၂၀၀၀ )။ https://youtu.be/IDVYDiW937g?si=fVsutKFv35Y03FrI။ ယခုတင်ပြထားတဲ့ အကြောင်းအရာေလးကတော့ တစ်ချိန်က မြန်မာနိုင်ငံမှာ အလွန်ထင်ရှား ကျော်ကြားခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် မင်းသ္မီးကြီး ဒေါ်ကြည်ကြည်ဌေး (၁၉၂၄-၂၀၀၀)ရဲ့အနုပညာဘဝဇာတ်ကြောင်းအကျဉ်းချုပ်ဖြစ်ပါတယ်။
@The content presented now is a singer who was once very famous in Myanmar. This is a summary of the life story of the actress Daw Kyi Kyi Htay (1924-2000).
@this background music by “Heroes” is 100% no copyright background music (royalty free)! ဗေဒါလမ်း (ရေး-ဇော်ဂျီ ) https://youtu.be/rgferDbghfk?si=xadWE0SVDvnosgBf။ ဗေဒါလမ်း”။ ဆရာ ချစ်ဦးညိုအမှတ်တရစာပေဟောပြောပွဲ။ https://youtu.be/AHK7KkU-SdY?si=9TthX-6pNB8OkQ1b။ ကြည်ကြည်ဌေး ဆို – ဘဝဇာတ်ဆရာ https://youtu.be/IaQIbDW-rBI?si=nMuG0Ps_MCoa072Q
၄ ။ ရုပ်ရှင်နှင့် အသံ သရုပ်ဆောငါ အကယ်ဒမီ တင်တင်နွဲ့ https://youtu.be/huu6AouRrtE?si=_TalNKMUOCv1B4el
၅။ ဂီတစာဆို မောင်ကြေးမု့ ပြောပြတဲ့ ကောလိပ်ဂျင်နေဝင်း ၏ စျာပန အကြောင်းနှင့် စိတ်နေသဘောထား https://youtu.be/HeIm6_amSk8?si=7QcZd_ZH6qL__HlF။ ခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ ဂီတစာဆိုမောင်ကြေးမုံပြောပြသော”ကောလိပ်ဂျင် နေဝင်း၏နောက်ဆုံးခရီးနှင့်သူ၏စိတ်နေသဘောထား ဆိုတဲ့အကြောင်းလေးကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
@The following article will present a story about “College Jin Ne Win’s last journey and his state of mind,” narrated by musician Maung Kyaw Mon.
၆ ။ သရုပ်ဆောင် ဘေဘီနွဲ့ အကြောင်းနှင့် မကွယ်လွန်မီ ရိုက်ကူးခဲ့တဲ့ နောက်ဆုံးရုပ်၇ှင် https://youtu.be/JGg-MIosooE?si=dhZ9xBNczxwiEKZf။
မြန်မာ့ရုပ်ရှင် ဖတ်စကလပ် (1st Class ). Movie https://youtu.be/Iye_hwJ74fI။ 2:00;58 hr
ရွှေဘ အကြောင်း https://youtu.be/iipMzorAF8o?si=jjsoP-rQYCm6gKSp
၁ ။ မြန်မာ့ဆည်းဆာ Twilight Over Burma. (2015) My life as a Shan Princess. “ At a gathering of foreign holders of U.S. scholarships, the Austrian student Inge catches the eye of a dashing young mining student from Burma, Sao Kya Seng. The adventurous Inge and the gentleman from a far-away country fall in love and marry. But it’s only at the lavish wedding ceremony in Sao’s homeland that Inge discovers Sao’s true identity: He is the ruling prince of the Shan state of Burma. For Inge, it’s the start of a new, exotic life as a Shan princess. Aware of the many unwritten rules, Inge nevertheless tries to improve the lives of her subjects and often runs into problems among her own people: They are unwilling to challenge age-old conventions that discriminate against women and members of the lower classes. After a coup staged by the Burmese military, Sao is imprisoned. With her forceful nature, Inge proves to be an ideal spokeswoman for her country and does everything she can to free him. Ultimately she and her children are forced to leave the country. With the Burmese Secret Service just one step behind, Inge catches a plane and flies to safety – but she will not sleep peacefully again until she finds her husband Sao.” https://youtu.be/PRjTUMjNy9g?si=HiQYp5J93-q5dJOT movie 1:38:56 hr မြန်မာစာတမ်းထိုး ရုပ်ရှင် ၂ ။ Banned in Myanmar : The Love Story They Don’t Want You to Know https://youtu.be/I8uralm4u50?si=YbxDmTghuF_zVYxM. Inge Eberhard, a regular Austrian girl, had no idea she was marrying a prince from an Asian kingdom. What started as a fairy tale romance, living in a palace with countless servants, soon took a dark turn. Her once enchanting life transformed into a nightmare. Why did she have to escape with her children? What hardships and devastating losses did she endure? What became of her, and where is she today? Watch the full video to uncover her incredible story. DVB -27.6.2011 an interview ( Re- upload ) https://youtu.be/WgQkn52S4V4?si=sEJ_Ppyo2N0qdrco။ ၃ ။ Twilight Over Burma. စာအုပ်ကြောင့် ကမ္ဘာကျော်တဲ့ ဠါမိးမောဖွယ် အချစ် ဇာတ်လမ်း https://youtu.be/zJtV_QOKq7Y?si=FJOQZNPM7T6pbhPO။ ရှမ်းပြည်မြောက်ပိုင်းရှိ စော်ဘွားများ နန်းစိုက်ခဲ့ရာ သီပေါမြို့မှ သီပေါဟော်နန်း နှင့် Twilight Over Burma စာအုပ်ကြောင့် ကမ္ဘာကျော်တဲ့ လွမ်းမောဖွယ် အချစ်ဇာတ်လမ်းလေးထဲက ရှမ်းစော်ဘွားတစ်ဦးရဲ့ ကြင်ယာတော် သြစတေးလျသူ မဟာဒေဝီ တို့အကြောင်း။ ၄။ မြန်မာသီပေါ စော်ဘွား စဝ် ကြာဆိုင်ရဲ့ ဇနီး မဟာဒေဝီ အခု ဘယ်ရောက် နေပြီလဲ https://youtu.be/LbSlf1_RKuA?si=lmzTg8vxIYTB1464။ ၅။ အကျဉ်းထောင်ထဲ ကံတော်ကုန်ခဲ့ရတဲ့ သီပေါ ဏော်ဘွား စဝ်ကြာဆိုင် https://youtu.be/knsCdKqpxqs?si=l1ZkrNOXawUxHXdN။ မူရင်းဆောင်းပါးလင့်ခ် (၁)
https://www.bbc.com/burmese/arti…။ မူရင်းဆောင်းပါးလင့်ခ် (၂)
https://burma.irrawaddy.com/arti…။ ကျွန်တော့် TBR Recaps လင့်။ ၆။ မဟာ ဒေဝီ စဝ် သု စန္ဒီ ကို ရဉ်စူးပြီး ဆွေတော် မျိုးတော် တွေက စျာပန အလှူ ပြုလုပ် DVB News https://youtu.be/NpMJlJEMo4s?si=sUjxgD-a7cngKZda အမေရိကန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့တဲ့ မဟာဒေဝီ စဝ်သုစန္ဒီကို ရည်စူးပြီးချင်းမိုင်ရောက် ရှမ်းအသိုင်းအဝိုင်းနဲ့ ကျန်ရစ်ခဲ့တဲ့ ဆွေတော်မျိုးတော်တွေက အောက်မေ့ဖွယ် ဈာပနအလှူ ပြုလုပ်ခဲ့ပါတယ်။ DVBTV #မဟာဒေဝီ_စဝ်သုစန္ဒီ #WhatsHappeningInMyanmar။ DVB TV – 12 02 2023။ ရ ။ မဟာဒေဝီတစ်ပါး၏ ရှာပုံတော် အစ အဆုံး # မြန်မာ့ဆည်းဆာ Twilight Over Burma 11:04:49 hr Audio Book https://youtu.be/FN6Yo2CYB4s?si=VdKgWULvq2lMi5H0 မဟာဒေဝီတစ်ပါး၏ ရှာပုံတော် အစ အဆုံး စာဖတ်သူ – စအောင်နိုင်ဝင်း။ ၈ ။ She Became An Asian Queen And Had To Run For Her Life https://youtu.be/8Rg9FrKQeZ8?si=. Inge Everhard, an Austrian woman, had no clue she was marrying a prince from a distant Asian kingdom. Her life quickly transformed into a real-life fairy tale, filled with romance, adventure, and royal splendor. But, like all fairy tales, dark twists awaited her. Why did she have to escape with her children? What challenges and heartbreaks did she face along the way? And what ultimately became of her? Watch this incredible journey of love, loss, and survival unfold! 🔗 Stay Connected With Us.
ဒေါ်မေရှင် တေါ့ဆုံ န်း (အပိုင်း၁ ) မြန်မာရဒပ်ရှင်သီချင်း A1 FILM May https://youtu.be/5Sg_jwcbcTo?si=CrM5xXhbcbXYAsAx
20,424 views 13 Feb 2021မြန်မာ့ရုပ်ရှင်သက်တမ်း တစ်လျှောက် လျှမ်းလျှမ်းတောက် အောင်မြင်ကြော်ကြားခဲ့သော ရုပ်ရှင်မင်းသား၊ မင်းသမီးကြီးတို့၏ သက်ရှိ ထင်ရှားရှိစဉ် တွေ့ဆုံမေးမြန်းမှုများကို မြန်မာ့အသံမှ မှတ်တမ်းတင်ရိုက်ကူးခဲ့ပါသည်။ သို့သော် တချို့ရှားပါး မှတ်တမ်း မှတ်ရာများသည် အကြောင်းအားလျော်စွာ ပြန်လည်ပြသ ထုတ်လွှင့်နိုင်ခြင်းမရှိတော့ပေ။ ထို့ကြောင့် ကျွန်တော်များ Antique Collectors Haven မှ ထိုရှားပါး မှတ်တမ်းမှတ်ရာများအား ကြိုးပမ်းလိုက်လံရှာဖွေတွေ့ရှိမျှများအား အချိန်နှင့် တပြေးညီတင်ဆက်ပေးနေပါသည်။ ယခုအခါ ၁၉၈၂ မှ ခေတ်ဟောင်း ဓါတ်ပြားအဆိုတော်၊ ရုပ်ရှင် ဇာတ်လိုက်မင်းသမီးကြီး (ဒေါ်)မေရှင်၏ တွေ့ဆုံဆွေးနွေးခန်းတွင် စစ်ကြိုခေတ်က သူမရုပ်ရှင်လောကသို့ ဝင်ရောက်ရောက်လာပုံ၊ သူမ၏ အကြိုက်ဆုံး ဇာတ်ကားနှင့် ဒုတိယကမ္ဘာစစ်အတွင်း သူမဘဝ အဖုံဖုံကို သူမ၏ မူရင်းရင်တွင်းခံစားချက်အတိုင်း Antique Collectors Haven ပရိသတ်ကြီးနှင့် ကျွန်တော်များ ဂီတသီးသန့်စာမျက်နှာ ဂီတထံတျာ အနုပညာအသံပြခန်း ပရိသတ်ကြီး ဗဟုသုတရစေရန် အလို့ဌာ တင်ပြလိုက်ရပါသည်။ စစ်ကြိုခေတ် သူမရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားများ စာရင်း ၁။ ဖူးစာရှင်(၁၉၃၇)- ချစ်ရွှေ၊ မေရှင် ဒါရိုက်တာ မောင်တင်မောင် (သံစုံသွင်း) ၂။ မိန်ရာသီ(၁၉၃၈)- ဘမြင့်၊ မေရှင် ဒါရိုက်တာ ဦးလွန်းဖေ (သံစုံသွင်း) ၃။ မောင့်ဝိဉာဏ်(၁၉၃၈)- ဘမြင့်၊ မေရှင် ဒါရိုက်တာ ဦးလွန်းဖေ (သံစုံသွင်း) ၄။ မြှားနတ်မောင် (၁၉၃၉)- မောင်တင်မောင်၊ မေရှင် ဒါရိုက်တာ မောင်တင်မောင် (အသံထွက်) ၅။ ချစ်အမျှ (၁၉၄၀)- မောင်တင်မောင်၊ မေရှင်၊ မေမြင့် ဒါရိုက်တာ မောင်တင်မောင် (အသံထွက်) ၆။ စောင်းတော်ရှင် (၁၉၄၁)- ပြည်လှဖေ၊ မေရှင် ဒါရိုက်တာ ဦးလွန်းဖေ (အသံထွက်) ၇။ ချစ်ရေစင် (၁၉၄၁)- မောင်တင်မောင်၊ မေရှင် ဒါရိုက်တာ ဦးတင်နွယ် (အသံထွက်)
Transcript
Follow along using the transcript.
ဘဝနေဝင် ျိန်မှာ ဇာတ်သိမ်းမလှခဲ့ကြတဲ့ နာမည်ကျော် အနုပညာရှင်ကြီးများ
ခင်သန်းနု (၇ ဒီဇင်ဘာ ၁၉၄၅ မွေးဖွား) သည် မြန်မာ့ရုပ်ရှင်တွင် အကယ်ဒမီရ ထိပ်တန်းသရုပ်ဆောင်မင်းသမီးတစ်ဦး ဖြစ်သည်။
ခင်သန်းနုသည် ဒီဇင်ဘာလ ၇ရက် ၁၉၄၅ခုနှစ်၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ၌ ဦးအောင်သန်းနှင့် ဒေါ်နုတို့မှ မွေးဖွားခဲ့သည့် သားသမီး လေးဦးအနက် အကြီးဆုံးသမီးဖြစ်သည်။ ခင်သန်းနုသည် ဘယ်သန် ဖြစ်သည်။ မိခင်ဖြစ်သူ၏ တိုက်တွန်းမှုကြောင့် အားကစား လိုက်စားခဲ့ပြီး မန်းတိုင်းမယ်၊ ဥတ္တရ တိုင်းမယ်တို့ကို ဆွတ်ခူးရရှိခဲ့ကာ ၁၉၆၁-ခုနှစ်တွင် ပြည်ထောင်စုမယ်ဘွဲ့ကို ရရှိခဲ့သည်။ ၁၉၆၁-ခုနှစ်၊ ဧပြီလတွင် မယ်ဘွဲ့ရခဲ့ပြီး မေလတွင် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ရိုက်ကူးဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရသူ ဖြစ်သည်။ ဒါရိုက်တာ မောင်သင် ရိုက်ကူးသည့် တင့်လှပေဟန် ဇာတ်ကားတွင် စာရေးဆရာ ဆရာဝန် သရုပ်ဆောင် မောင်သင်၊ မေသစ် တို့နှင့်အတူ တွဲဖက်ပြီး ပါဝင်သရုပ်ဆောင်ခဲ့သည်။
တင့်လှပေဟန် ရိုက်ကူးနေဆဲမှာပင် ဒါရိုက်တာ မင်းရှင်နောင်က ချစ်သောသူ တစ်ယောက် ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာပြန်ပါသည်။ ထိုကားမှာ နာမည်ကြီး သရုပ်ဆောင် ကြည်စိုး၊ စာရေးဆရာ သရုပ်ဆောင် ဝင်းဦးတို့နှင့် တွဲဖက် ပါဝင်ရမှာ ဖြစ်သည်။ စာရေးဆရာ ဝင်းဦးသည်လည်း မြတ်မော်ဦးရုပ်ရှင် ထုတ်လုပ်ရေးမှ ဒါရိုက်တာ ဦးတင်ယု သရုပ်ပြ အမွှန်းတင် ရိုက်ကူးနေတဲ့ နှစ်ယောက်တည်းနေချင်တယ် ဇာတ်ကားမှာ ရုပ်ရှင်မင်းသမီးကြီး တင်တင်မူ၊ သမီး ဒေစီကျော်ဝင်း၊ အောင်မိုးတို့နဲ့ ရိုက်ကူးနေဆဲ ဖြစ်သည်။
ချစ်သောသူတစ်ယောက် ဇာတ်ကားသည် ဝင်းဦးရော ခင်သန်းနုပါ ဒုတိယမြောက် လက်ခံခဲ့ကြတဲ့ ရုပ်ရှင်ကားဖြစ်ပေမယ့် ပထမကားများက နောက်ကျပြီး ချစ်သောသူတစ်ယောက်က အရင် ရုံတင်နိုင်ခဲ့သည်။ ထို့ကြောင့် ဝင်းဦးနှင့် ခင်သန်းနုတို့၏ ပွဲဦးထွက် ဇာတ်ကားဟု ဆိုနိုင်သည်။
အဲဒီကားများကအစ ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးလာတဲ့ ခင်သန်းနုဟာ အဲဒီခေတ်က ရေပန်းစားနေဆဲ ဖြစ်တဲ့ ရွှေဘ၊ တင်ညွန့်တို့နဲ့ တွဲဖက်ပြီး မြေကြီးနဲ့ ရွှေထီး ရိုက်ကူးခဲ့ဖူးပါသေးတယ်။ ဝင်းဦး၊ ခင်သန်းနုတို့ အတွဲဟာ ပရိသတ်များအတွက် အတွဲညီတဲ့ သူများဖြစ်သလို ညွန့်ဝင်း ပေါ်လာချိန်မှာလည်း ညွန့်ဝင်း၊ ခင်သန်းနုတို့ဟာ ပရိသတ်များ ပါးစပ်ဖျားမှာ ရေပန်းစားတဲ့ အတွဲဖြစ်ခဲ့ပါတယ်။
ခင်သန်းနုဟာ ရုပ်ရှင် လောကမှာ မင်းသား အတော် များများနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ဖူး သူပါ။ ရွှေဘ၊ တင်ညွန့်၊ ဝင်းဦး၊ ညွန့်ဝင်း၊ စိန်မြင့်၊ မြတ်လေးတို့က အစ ဒီဘက်ခေတ်အထိ ခေါင်းဆောင်မင်းသမီး အဖြစ် ပါဝင် သရုပ်ဆောင်နိုင်စွမ်း ရှိခဲ့ပါတယ်။ ၁၉၆၇ ခုနှစ်မှာ အေဝမ်း ရုပ်ရှင်မှ ဒါရိုက်တာ အေဝမ်းဦးတင်မောင် ရိုက်ကူး ခဲ့တဲ့ ကိုယ်ရယ်တိုးရယ် စိုးစိုးရယ် ဇာတ်ကားမှာ ယောက်ျားလျာလေး အသွင် သရုပ်ဆောင် မှုပီပြင်ခြင်းကြောင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။
၁၉၇၅ ခုနှစ်မှာ ဗိုလ်မှူးကြီးမောင်မောင်ခင်နဲ့ အိမ်ထောင်ပြုခဲ့ပြီး သား ဝေယံမင်းခင်၊ သမီး နှင်းလွှာနုတို့ ကို မွေးဖွားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ စစ်သံမှူး အဖြစ် သွားရောက်တာဝန် ထမ်းဆောင်ရချိန်မှာ ခေတ္တ ခဏ လိုက်ပါသွားခဲ့ပေမယ့် ရုပ်ရှင်လောကနဲ့ အကြာကြီး အဆက်မပြတ်ခဲ့ပါဘူး။ ခင်သန်းနုက သားနဲ့သမီးကို ကိုယ်ဝန်ဆောင်ထားရတဲ့ အချိန်များမှာတောင် ကိုယ်ဝန်ခြောက်လအထိ ရုပ်ရှင်ကား များကို လက်ခံရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။
ခင်သန်းနုရဲ့ မိခင်ဖြစ်သူ ဒေါ်နုက သား ကျော်မောင်မောင်သွင် ခေါ် မောင်မောင်၊ သမီး ခင်ချိုဆက်၊ ခင်မြတ်ကြူတို့ကိုလည်း အစ်မဖြစ်သူအား အားကျဖို့ တိုက်တွန်းခဲ့တဲ့ အတွက် သူတို့ သုံးယောက်ဟာလည်း ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်လာခဲ့ ကြဖူးပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က ရုပ်ရှင်ကို ဝါသနာ မထုံခြင်းကြောင့် ကြာရှည်ရိုက်ကူးခြင်း မပြုခဲ့ ကြပါဘူး။
ရုပ်ရှင်လောကမှာ အမျိုးသား သရုပ်ဆောင်တစ်ဦး အဖြစ် နာမည်ကြီးလာတဲ့ ကျော်ဟိန်းနဲ့လည်း ခင်သန်းနုဟာ ဇာတ်ကားပေါင်း များစွာမှာ တွဲဖက် ပါဝင်သရုပ် ဆောင်ခဲ့ပါတယ်။ အချစ်တစ်ပွဲ စစ်ပွဲတစ်ရာ၊ ကညာပျိုနဲ့ ဇရာအို အစရှိတဲ့ ကားများဟာ သူတို့နှစ်ဦးရဲ့ နာမည်ကြီး ကားများ ဖြစ်ခဲ့ပါတယ်။
ခင်သန်းနု မယ်ဘွဲ့ရပြီး ရုပ်ရှင်သရုပ်ဆောင် ဖြစ်ခါစ အချိန်မှာ ၂ဝ ရာစု ကိုကျော်ညွန့်ရဲ့ ဖိတ်ခေါ်မှုနဲ့ မြန်မာ့အသံမှာ သီချင်းတစ်ပုဒ် သီဆိုခဲ့ဖူးပါတယ်။ အဲဒီသီချင်း နာမည်က နှောင် လို့ အမည် ရပြီး ဓာတ်ပြားရ သီချင်း တစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။ သို့သော် သရုပ်ဆောင် အလုပ်က တစ်ဖက် ဖြစ်တာကြောင့် အဆိုဘက်မှာ အာရုံ မစိုက်နိုင်ခဲ့ဖူးလို့ ခင်သန်းနုက ဆိုပါတယ်။
ဝင်းဦး ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့တဲ့ မှုံရွှေရည် ဇာတ်ကားမှာ အောင်မြင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်ခဲ့ပြီး ခင်သန်းနုက မင်းသမီး မှုံရွှေရည် အဖြစ် ပီပီ ပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ တာကြောင့် အမျိုးသမီး သရုပ်ဆောင် ထူးချွန်ဆုကို ရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့ ကြပေမယ့် ၁၉၇ဝ ပြည့်နှစ် အတွက် ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရာမှာ အမျိုးသားဇာတ်ဆောင် ဝင်းဦးသာလျှင် မှုံရွှေရည် ဇာတ်ကားနဲ့ ထူးချွန်ဆု ရရှိသွားခဲ့ပါတယ်။
၁၉၉ဝ ပြည့်နှစ်မှာ ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးတဲ့ ခုနစ်စဉ်အလွမ်း ဇာတ်ကားနဲ့ ဒုတိယအကြိမ် အမျိုးသမီးဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ မှုံရွှေရည် ရဲ့အဆက် ဖြစ်တဲ့ ခိုင်မာလာနှင်းဆီ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရာ မှာ မင်းသမီးဇာတ် ဖြစ်တဲ့ အတွက် ဝင်းဦးက ခင်သန်းနု ထူးချွန်ဆု ဆွတ်ခူးနိုင်တယ် လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် ရိုက်ရင်းတန်းလန်းမှာ ဝင်းဦး ကွယ်လွန်သွားတဲ့အတွက် ကျန်အပိုင်းများကို ဒါရိုက်တာကြည်စိုးထွန်းက ဆက်လက်ရိုက်ကူးပြီး ဝင်းဦး နေရာမှာ ရန်အောင်က သရုပ် ဆောင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှ ခိုင်မာလာနှင်းဆီ ကို ရုံတင်နိုင်ခဲ့ပြီး ထူးချွန်ဆုပေး ပွဲမှာ နှစ်ကိုယ်ခွဲ ပိုင်ပိုင်နိုင် နိုင်သရုပ်ဆောင်ခဲ့တဲ့ ခင်သန်းနုကို မျှော်လင့်ခဲ့ကြပေမယ့် ထူးချွန်ဆုနဲ့ လွဲခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာ ဗိုလ်မှူးကြီး မောင်မောင်ခင်နဲ့ ကွာ ရှင်းပြတ်စဲပြီးဖြစ်တဲ့ ခင်သန်းနုက ဒေါက်တာမြတ်သူရစိုး နဲ့ ဒုတိယအိမ်ထောင် တည်ထောင်ခဲ့ပါတယ်။ သမီးလေး မြတ်သန်းနုစိုး မွေးဖွားခဲ့ပြန်ပါတယ်။ သမီးလေးကိုယ်ဝန် ဆောင်စဉ်ကာလ အတွင်းမှာ ဒါရိုက်တာ မီးပွား ရိုက်ကူးတဲ့ သမီးတစ်ကောင် နွားတစ်ထောင် ဗီဒီယိုကားကို သရုပ်ဆောင်ခဲ့ပြန်ပါတယ်။
ခင်သန်းနုဟာ ရုပ်ရှင် လောကထဲဝင်ရောက်လာတဲ့ အမျိုးသား သရုပ်ဆောင်သစ် များစွာတို့ကို လက်တွဲခေါ်ယူ စင်တင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဥပမာ လင်းအောင်၊ ဇော်လင်း၊ ထွန်းထွန်း ဝင်း၊ မောင်သန်းဝင်းတို့ဟာ ခင်သန်းနုနဲ့ တွဲဖက်ခဲ့ကြတဲ့ သရုပ်ဆောင်သစ်များ ဖြစ်ပါ တယ်။ အဲဒီနောက်ပိုင်းမှာ ခင်သန်းနုဟာ သူ့အရွယ်နဲ့ လိုက်ဖက်တဲ့ အမေခန်းများမှာ ပါဝင် သရုပ်ဆောင် လာပါတယ်။ ၂၀၀ဝ ပြည့်နှစ်မှာ ဒါရိုက်တာ ခင်မောင်ဦး၊ စိုး သိမ်းထွဋ်တို့ ရိုက်ကူးတဲ့ သမီးရှင် ဇာတ်ကားမှာ သမီးများကိုမွေးထားတဲ့ အမေ အဖြစ် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်မှုကြောင့် တတိယမြောက် ထူးချွန်ဆုအဖြစ် အမျိုးသမီးဇာတ်ပို့ဆုကို ပထမဆုံးအကြိမ် ရရှိခဲ့ပါတယ်။ ဒီဆု အပါအဝင် ခင်သန်းနုဟာ အကယ်ဒမီ သုံးထပ်ကွမ်းဖြစ်ပြီး ယနေ့အချိန် အထိ ကျရာ ဇာတ်ရုပ်များမှာ ပါဝင် သရုပ်ဆောင်နေဆဲဖြစ် ပီး ကျန်းမာရေး အခြေအနေ အရ စိတ်ကြိုက်ဇာတ်ကား များကိုသာ ရွေးချယ်ရိုက်ကူးရင်း ရွှေတောင်ကြား ကမ္ဘောဇရိပ်သာ နေအိမ်မှာ သမီးနှင်းလွှာနုနဲ့ အတူ နေထိုင်လျက်ရှိပါတယ်။ ၂၀၂၅ခုနှစ်တွင်ကျင်းပသော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲတွင် ရုပ်ရှင်တစ်သက်တာဆုကိုချီးမြှင့်ခြင်းခံရသည်။
၂၀၂၅ခုနှစ်၊ဧပြီလ၁၇ရက်နေ့တွင်အမိန့်ကြော်ငြာစာအမှတ်(၆၀/၂၀၂၅)ဖြင့် အလင်္ကာကျော်စွာဘွဲ့ အပ်နှင်းခံရသည်။[၁]
