MARRIAGE 50 Years Ago နှစ် ၅၀ ပြည့် ရွှေရတု မင်္ဂလာ အခါ နေ့ ( 25 October 2025 ) အမှတ်တရ 2 / 2

R3 years of Marriage A Short Film https://fb.watch/DBrEDzZojR/?fs=e

Marriage Film by Win Cho Aye. Happy 43rd Anniversary https://fb.watch/DzJIyYCXDh/?fs=e

မောင်ကြုံတိုင်း ရဲ့ ဘဝအထွေထွေ

တွေးမိတွေးရာ
ရေးမိရေးရာ
ဘဝသံသရာ တစ်ကွေ့ထဲက
လူ့ဘုံလောက ဤ မြေကမ္ဘာ

ယနေ့ ၂၁ ရာစု ခေတ် သစ် နည်း ပညာ ကမ္ဘာကြီးထဲမှာ
ယခုထိတိုင်
မဖွံ့ဖြိုး မတိုးတက် မစည် ပင် မသာယာ မဝပြောသော
ကမ္ဘာ့နောက်တန်းမှာ
အောက်ကျ နောက်ကျ ကျန်နေရစ် ကြသော
အနည်းငယ် သော ကမ္ဘာ့ နိုင်ငံအချို့ရှိနေကြသေးပေရာ

ရခဲလှသော လူ့ဘဝတွေထဲမှာ
အသိညာဏ်ဦးနှောက်ရှိ ကြသော
ပုထုစင် လူသားများဖြစ်နေကြပါလျက်

ဦးနှောက်အားနည်းပြီး အသိညာဏ်ပညာ မဲ့ နေကြသော
တိရစ္ဆာန် သတ္တဝါများကဲ့သို့
ငါနဲ့မတူ ငါ့ရန်သူ အသွင်မတူ ၒါဒ စွဲကိုင်ကျင့် သုံး ပြီး
တစ်ဦးပေါ်တစ်ဦး တစ်ကောင်ပေါ်တစ်ကောင် ရန်လိုမုန်းထား ကာ
ခိုက်ရန်ဖြစ် သတ်ဖြတ်နေကြသော တိရစ္ဆာန်သတ္တဝါများကဲ့သို့
လူ့ဘဝတွေ ကို ဖြတ်သန်း ကျင့်သုံးနေထိုင်ကြသော
လူသတ္တဝါများလည်း ကမ္ဘာပေါ်မှာ ရှိနေကြတာ
တွေ့နေ မြင်နေ ကြားသိ နေရသည်မှာ
ဘဝတူလူသားအချင်းချင်းအတွက်
ပျော်မွေ့စရာ မကောင်းတဲ့ စိတ်မချိမ်းမြေ့စရာတွေပါ။

ဘဝတွေမှာ ငါနဲ့မတူ ငါ့ရန်သူ မလုပ်ဘဲ
မတဲအတူနေ ကြသော်လည်း
တစ်ဥိးပေါ်တစ်ဥိး
မေတ္တာ အရင်း ခံကာ
ချ စ်ခင်ပေါင်းသင်းဆက်ဆံနေထိုင် ကြက
နေ့စဉ်လူနေမှုဘဝအသီးသီးကို
ကြိုးစားရုန်းကန်ဖြတ်သန်းနေကြသည့်
ကမ္ဘာ့နိုင်ငံများ ထဲက ပုထုစဉ် လူသားများလည်း
ကမ္ဘာပေါ်မှာ များစွာရှိနေကြတာ တွေ့နေမြင်နေရသည်မှာလည်း
သံသရာတစ်ကွေ့မှာ ခနတာ လူဆုံတွေ့ကြတဲ့
ဘဝတူ လူသားတွေ အချင်းချင်း အတွက်
စိတ် အေးချမ်းသာ ဝမ်းသာစရာ
ပျော်မွေ့ ကြည်နူး စရာ လူ့ဘဝတွေပါ။

ရည် ညွှန်း
ဆက်စပ်စာ

အသွင်မတူ အိမ်သူမဖြစ်
တစ်ရံတစ်ခါ မှသာ မတည့်အတူနေ ရှိတတ် ကြသော်လည်း
တစ် ဦးပေါ်တစ်ဦးရန်လို မုန်းထား ခိုက်ရန်မဖြစ်ကြဘဲ
ချစ်ခင်ပေါင်းသင်းဆက်ဆံ ခြင်းကား
သေခြင်း နောက်ဆုံးရှိခြေ၏
ရှေးရိုးစဉ်လာ မြန်မာ စကားအတိုင်း
နေဝင်ချိန် ရောက်နေကြသော ဇနီး မောင်နှံမှာ
ဘဝတာတစ်လျောက် ချစ်ခင်ပေါင်းသင်းကာ
နေ့စဉ် မိသားစု ဘဝ လူမှုဘဝမျိုးစုံကို
အတူလက်တွဲ ရုန်းကန် ဖြတ်သန်းလာခံ့ကြရာ
ယ ခုအခါ အိမ်ထောင်သက် မင်္ဂလာ
နှစ် ၅၀ ထိတိုင် ရောက်ရှိလာခဲ့ကြပါပြီ။

စိတ်အေးချမ်းသာ ပျော်ပျော်နေချင်သူ
ပျော်ပျော်နေတတ်သူ မောင်ကြုံတိုင်း ၏
နှစ် ၅၀ ေရွှရတု မင်္ဂလာ သို့
( 25 October 1975 to 25 October 2025 )
အမှတ်တရ

အရွယ် တွေကညောင်းလာခဲ့ကြပြီ

စင်ကာပူနေ ကြီးပေါင်း ဆည် မြောင်းမိတ်ဆွေကြီး
စာရေးတော်သူ ကိုထင်အောင်လှိုင် ရဲ့ စေတနာ ကဗျာ

ငယ်ကပေါင်းဆိုတော့၊ အရွှယ်ကညောင်းပေမဲ့၊
ဟောင်းလေလေ ကောင်းလေလေ၊
တနှစ်တနှစ်နဲ့၊ ချစ်လိုက်ရတာ၊
စိတ်ထဲမှာသိပ်ဘဲမကြာသလိုလို၊

ဇရာအိုအရွှယ်ရင့်ပြီထင့်၊
ကိုယ့်အတွှက်တော့ အမယ်အိုမဟုတ်သေးပါဘူ့၊
အရုပ်ကလေးက နဲနဲတော့မပျို၊
အရင်က လောက် နဲနဲလဲမစိုရုံပါ။
ကိုယ်ကိုလဲတမျိုုးတော့လိုသလိုလို၊

အဖိုးအိုစတိုင်နဲနဲပေါက်ပေမဲ့၊
ဒေါက်ဒေါက်ဒေါက်လျှောက်နိုင်သေး။
ချစ်သမျှအရေးက၊ တရွေးမျှမလျော့သေးသမို့၊
ကလေးကလား၊ ခလေးစကားမဆိုပေမဲ့၊
အမေကြိးခေါ်လဲစိတ်မကောက်၊
အဖေကြိးအော်လဲသဘောပေါက်၊
ချစ်လိုက်ကြတာအသဲပေါက်မတတ်မို့၊
တော်လိုက်ကြပါစို့ဘော်ဒါတို့။

ရည် ညွှန်း

ayemyint.blog အင်တာနက် စာမျက်နှာပေါ်မှ
နှစ် ၅၀ေရွှေ ရတု မင်္ဂလာ အမှတ်တရ ပုံရိပ်များ ။

၂၀၂၅ အောက်တိုဘာလ၂၅ရက်နေ့မှာ မှာ
၁၉၇၅ လက်ထပ်မင်္ဂလာ နှစ် ၅၀ ပြည့် နှစ်
နှစ် ၅၀ ရွှေ ရတုကာလ ရောက်ပါပြီ

ယခု အသက်တွေက ၇၅ နှစ် ကျော်လာခဲ့ကြပြီ
ပျိုရာမှာပြိုလာ အိုလာနေကြပါပြီ
ဇာတိ ဇရာ မရဏာလမ်းပေါ်မှာ
အသက်ကလေးရယ်တဲ့ ရှည်စေလို
တစ်ကိုယ်ရေ ကျန်းမာရေး အတွက်
နေ့စဉ် ဘဝများ ကို ရုန်းကန် လျှောက်လှမ်းနေကြ ရပါတယ်.

အတိတ်က ကံတွေအရ
အချိန်ကျလာရင်
ကံဇာတ်ဆရာ ကြိုးဆွဲကရာ နောက်ကို
လုတိုင်း လိုက်ပါ သွားကြရမှာ ဓမ္မတာပါ ။

အတိတ်ကံတွေမကောင်းခဲ့ရင် ပြန် လည်ကုစားနိုင်ဘို့
ပစ္စပ္ပန် လု့ဘဝမှာ ကုသိုလ်ကောင်းမှုတွေ ပြုကြပြီး
ဘဝ သံသရာတစ်ကွေ့က အနာဂတ် ဘဝတွေ
အေးငြိမ်းချမ်းသာ ကောင်းစားရေးအတွက်

ယနေ့ လူ့ဘဝမှာ
အများပြည်သူတွေ ကောင်းကျိုး ၊ နိုင်ငံကောင်း ကျိုး တွေနဲ့
လူ့ဘဝထဲက ဘဝတူ လူသားတွေ ချင်းချင်း
တစ်ဦး ပေါ်တစ်ဦး မေတ္တာစေတနာတွေ ထားကြကာ
ကိုလ်ပြုသောကံ ကိုယ့်ထံပြန်
ကောင်းတာလြပ် ကောင်းတာဖြစ် ကြစေရန်
ကောင်းတဲ့အလုပ်တွေလုပ် ကြဘို့
အထူး လိုအပ် ကြလိမ့်မယ် ဟု
တွေး ဆ မှတ်ယူ မိရပါတယ်။

မြန်မာနိုင်ငံနှင့်အတူ ကမ္ဘာရွာကြီးထဲရောက်နေကြသူ
မြန်မာပြည်သူအများ
မိမိတို့၏ နေ့စဉ်ဘဝများကို
စိတ်အေးချမ်းသာ ကျန်းမာပျော်ရွှင်စွာဖြင့်
ကောင်းစွာဖြတ်သန်းနိုင်ကြပါစေကြောင်း
မျှော်တွေးမှန်းဆ ဆန္ဒပြုလျက်

ပျော်ပျော် နေချင်သူ ပျော်ပျော်နေတတ်သူ မောင်ကြုံတိုင်း

မေတ္တာဖြင့်

အေးမြင့် ( ညောင်တုန်း )
25 October 2025
27 October 2025 (edited & revised )

ရည် ညွှန်း –

အချိန်ကပြောသော ပုံရိပ်များ
My Art
of
Time Travel Photography

ဓာတ်ပုံ အနုပညာ

ယခင် ငယ် ဘဝ ပုံရိပ်များ
CHANGES ပြောင်းလဲခြင်းများ

နှစ် ၅၀ ကြာခဲ့ပြီ