သံအမတ်ကြီး ဦးကျော်မိုးထွန်း နဲ့ သီးသန့် ဆက်သွယ် မေးမြန်းခြင်း
ပြည်သူတွေရဲ့အသံကို ဒီမျက်နှာစာကနေတဆင့်
https://youtu.be/lZin4TGTnSw?si=1eiElWJ1_eZpYzz7
ထုတ်လွှင့်နေနိုင်ခြင်းဟာ ဒီနေရာရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတရပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမျက်နှာစာကို စစ်အုပ်စုက ကိုယ်စားပြုတဲ့သူတွေရောက်မလာအောင် တားဆီးထားနိုင်ဖို့ လိုပါတယ်။”
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း
အကြိမ် ၈၀ မြောက် UN General Assembly ကို ပြုလုပ်ပါတော့မယ်။ ဒီအစည်းအဝေးမှာ ပြည်သူ့ ဘက်တော်သား သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုဆက်လက်ကိုယ်စားပြုနိုင်ရေးအတွက် အဆုံးအဖြတ်ပေးမယ့် Credentials challenge အချိန်ကို ပြန်လည်ရောက်ရှိလာချိန်လို့လည်း ဆိုရပါမယ်။ လတ်တလော မြန်မာပြည်တွင်းမှာသာမက ကမ္ဘာနိုင်ငံအသီးသီးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း က “မြန်မာပြည်သူတွေရဲ့ အသံ” ဖြစ်ပါတယ် ဆိုပြီး ထောက်ခံဆန္ဒပြပွဲတွေ တောက်လျှောက်ပြုလုပ်နေကြပါတယ်။ အဲဲဒီလိုပဲ တော်လှန် အနုပညာရှင်တွေကလည်း သံအမတ်ကြီး ကုလသမဂ္ဂမှာ ဆက်ရှိရေးအတွက် လူထုထောက်ခံရေး စည်းရုံး လှုံဆော်မှုတွေ လုပ်ဆောင်နေကြပါတယ်။ ဒီလိုအခြေအနေတွေမှာ PVTV က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ဦးကျော်မိုးထွန်း နဲ့ ဆက်သွယ်ပြီး
• ကုလသမဂ္ဂ ရဲ့ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုကိုယ်စားပြုထားတဲ့ ဒီနေရာ၊ ဒီတာဝန်ရဲ့ အရေးကြီးပုံအကြောင်း
• အကြမ်းဖက်စစ်အုပ်စုက ဇွတ်အတင်းပြုလုပ်ဖို့ကြိုးစားနေတဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ အမြင်တွေအကြောင်း
• ကမ္ဘာ့အရေး အဖြစ်အပျက် အပြောင်းအလဲတွေကြောင့် ကုလသမဂ္ဂမှာ မြန်မာ့အရေးအပေါ် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု အခြေအနေအကြောင်း
• နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေအပေါ် ကုလသမဂ္ဂနိုင်ငံတွေရဲ့ တုံ့ပြန်ဆောင်ရွက်နိုင်ချေတွေအကြောင်း
• ဒီတခေါက် မြန်မာနိုင်ငံရဲ့ Credentials challenge အတွက် Credential Committee ရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုတွေ ဖြစ်လာနိုင်မလဲ စတဲ့ အကြောင်းအရာ တွေကို မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။
UN
Credentialschallenge
PVTVInterview
PVTVMyanmar
WhatsHappeningInMyamar
PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော / pvtvmyanmar နဲ့ Telegram Channel ဖြစ်တဲ့ https://t.me/pvtvmyanmar တို့တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
3:07 / 4:04
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှာ အဆင့်မြင့်ဆုံး ရာထူးကို ရရှိခဲ့သူ စည်သူဦးညွှန့် #ကမ္ဘာ့ကုလသမဂ္ဂ #စည်သူဦးညွှန့် #UnitedNations #ရွှေဘို #Shwebo #သမိုင်း#ရာဇဝင် #history #Myanmar #မြန်မာ
