HISTORY MYANMAR ၊ လွတ်လပ်ပြီးနောက် ခေတ်အဆက်ဆက်မြန်မာနိုင်ငံ နှင့် အာဏာသိမ်းပွဲများ

ဝင်ဒါမီယာ အာဏာသိမ်းပွဲ https://youtu.be/ZVRASag8HRA?si=olPmnx7EjPos-TM0

ဗိုလ်နေဝင်း ၏ ဆင်ကွက်ထဲ တင်မိခဲ့သော ဂဠုန် ဦးစော / ဆရာ သန်းဝင်းလှိုင် https://youtu.be/jgbknguQhr8?si=acJbMXwjeMkerHqS

https://www.facebook.com/reel/800380762637167/?fs=e&fs=e

နစ်ပေါင်း ၇၀ အကြာ ယနေ့ ပြည်မြန်မာ. Facebook post GLORY Talents & Model Agency 12 Aug 2019 မြန်မာပြည်ကိုလွတ်လပ်ရေးပေးပြီး
နှစ်ပေါင်း ၇၀နီးပါးကြာမှ ကာနယ်စလေဒင်
တစ်ယောက်ဘာစိတ်ကူးရသည်မသိမြန်မာ
ပြည်ကိုလာလည်ပါတော့တယ် ကျွန်ုပ်လဲ ဘော်ဒါရင်းတွေဆိုတော့ သူသွားချင်တဲ့နေရာတွေလိုက်ပို့ပေးပါတယ် “ဟာ မောင်ရင်တို့ အတော့်ကိုထိန်းသိမ်းတာပဲ
ကြည့်စမ်းပါအုံး ရန်ကုန်မြို့ကြီးက ကျုပ်တို့အင်္ဂလိပ်အုပ်ချုပ်တုန်းကအတိုင်းပဲ ဘာမှမပြောင်းလဲဘူး….” “ဟုတ်…” “ကျုပ်ကို ဆိပ်ကမ်းလိုက်ပို့ပေးပါအုံး…” ကျွန်ုပ်လဲ ဝါးတန်းဆိပ်ကမ်းခေါ်လာတော့ရန်ကုန်မြစ်ထဲက သဘောင်္တွေကြည့်ပြီး. “အို့မိုင်ဂေါ့…. ဦးနာအောက်နဲ့ကျုပ်တို့အင်္ဂလိပ်ပိုင်ဧရာဝတီ သင်္ဘော ကုမ္ပဏီ ပြိုင်ခဲ့ကြတဲ့သဘောင်္တွေအခုထိသုံးလို့ရနေတယ်တကယ်အံ့သြတယ်
မြန်မာတွေသိပ်တော်တယ်….” ချီးကျူးကာ မန်းလေးကို ရထားဖြင့်သွားချင်သည်ဆိုသဖြင့်လိုက်ပို့ရာ. “မောင်ရင် ရထားလမ်းက ဒီတစ်လမ်းပဲရှိတာလား….” “ဟုတ်ပါတယ် ကာနယ်…”. “ဟာ …ဒီရထားလမ်းက ကျုပ်တို့ဖောက်ခဲ့တာလေ ဒါနဲ့ မန်းလေးကိုကားလမ်းဘယ်နှစ်လမ်းရှိလဲ..”. “၃လမ်းပါ ရန်ကုန် ပြည် မိတ္ထီလာ မန်းလေး
ရန်ကုန် ပျဉ်းမနား မိတ္ထီလာ မန်းလေး နဲ့
ရန်ကုန် မန်းလေး အမြန်လမ်းပါ….” “ဟင် မောင်ရင်ပြောသလိုဆို အမြန်လမ်းတစ်ခုပဲမောင်ရင်တို့ ဖောက်တာပေါ့ …”. “ဟုတ် …ဟုတ်ပါတယ်..”. ကျွန်ုပ်လဲရှက်ရှက်နဲ့ဖြေလိုက်တယ်. “ဒါနဲ့ မန်းလေး မြစ်ကြီးနားလမ်းထပ်ဖောက်သေးလား…”. “ရထားလမ်းရော ကားလမ်းရော ကာနယ်တို့ဖောက်ထားတဲ့အတိုင်းပါပဲ…”. ကျွန်ုပ်ခေါင်းတောင်မဖော်ရဲတော့. “ထားပါတော့ ရိုးမတောကြီးတွေကျွန်ုပ်ကြည့်. ချင်ပါတယ် ကျွန်ုပ်တို့ တစ်ပင်ခုက် ၁၀ပင်. စိုက်ခဲ့တာ ခုလောက်ဆို စိမ်းစိမ်းစိုစို ရှိလောက်ရောပေါ့..”. “ဟိုလေ ဟို ဟို ရိုးမကြီးတွေမရှိတော့ပါဘူး…”. “ဘာ မောင်ရင် …”. “ဟုတ်ပါတယ် မရှိတော့ပါဘူး…”. “ဟာ..”. ကာနယ်စလေဒင် သူ့နှာဖူးသူရိုက်ကာ နောက်လှန်သွားတယ်
ခဏနေမှ. “မောင်ရင်တို့ နှစ်၇၀ လောက်ဘာလုပ်နေကြလဲ…”. ကျွန်ုပ်လဲ မပွင့်တစ်ပွင့်လေသံဖြင့်. “ရန်ဖြစ်နေကြပါတယ် ကာနယ်…”. “ငင်..” 😵. မုဆိုးလက်

1969 Former Prime Minister U Nu in London & Thai ၁၉၆၉ လန်ဒန်မှ ဦးနု ၏သတင်းစာရှင်းလင်းပွဲ