SINGER ကိုသန်းလှိုင် သီချင်းများ

ကိုသန်း လှိုင် ၏ ရေဒီယိုသီချင်းများ စီးရီး – (၁ ) https://youtu.be/zO5vN-4o_eg?si=9O0ssXa1kJz588lS။ (၂ ) https://youtu.be/_Z6Rs6Vvuz8?si=PDo6AtdCMVvKVjbb။ (၃) https://youtu.be/qtTh5_UjPqU?si=FSa5xFe9gOhWlZKh။ ( ၄) https://youtu.be/ylThovTGCcg?si=6Tp_rHuyMHvxOg25

(၅) https://youtu.be/qtTh5_UjPqU?si=fEOsyzjcfO4ngHVC

အလွမ်းဆောင်း တေးရေးကိူသန်းလှိုင် https://fb.watch/DYT0Ua7mjr/?

ကိုသန်းလှိုင် စာသားစာတန်းထိုးသီချင်းများ Music and Videos 12 videos https://youtube.com/playlist?list=PLIkUkpOon6Q0QM4EB96CkJ3EP_IRiFeyJ&si=mUk6jn1BFL49ztVR

ကိုသန်းလှိုင် (၁၉၃၃-၁၉၈၃) သည် မြန်မာ အဆိုတော်နှင့် စာရေးသူ တစ်ဦး ဖြစ်သည်။

ငယ်ဘဝ

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်တွင် ကုန်သည် ဦးရွှေလင်း၊ ဒေါ်စောဥ တို့မှ ၁၉၃၃ ခုတွင် မွေးသည်။ မွေးချင်း ၅ ယောက်အနက် အငယ်ဆုံးသား ဖြစ်သည်။ 

ရန်ကုန်မြို့ မက်သဒစ်ကျောင်း (အထက (၁) ဒဂုံ) တွင် ပညာသင်ပြီး စိန့်ဂျွန်းကျောင်းမှ ဆယ်တန်း အောင်သည်။ ရန်ကုန်တက္ကသိုလ်၌ ပညာဆက်သင်ရာ ဝိဇ္ဇာဘွဲ့ ရသည်။

ဂီတ လှုပ်ရှားမှု

ငယ်စဉ်က ဒေးဒရဲမြို့ ဂီတဆရာ ဦးချမ်းအေးထံတွင် သင်ယူဖူးသည်။ ဘွဲ့ရပြီးနောက် အစ်ကို ခင်မောင်မြင့်ရှိရာ ပဲခူးသို့လိုက်ကာ ကျောင်းဆရာလုပ်ရင်း ပဲခူးမေတ္တာ ဂီတအဖွဲ့ကို ထောင်သည်။ ရွှေဒုံး ဂီတအဖွဲ့မှ မမေ့နိုင် သီချင်းဖြင့် ဂီတနယ်သို့ စရောက်သည်။

ရန်ကုန်သို့ ပြောင်းလာပြီးနောက် အစိုးရဝန်ထမ်း ဝင်လုပ်ကာ သီတဂူ ဂီတအဖွဲ့ကို တည်သည်။

တက္ကသိုလ်အနုပညာအသင်းတွင် အဆိုနည်းပြ တာဝန်ယူသည်။ စကားပြောကောင်းတဲ့ မသဲအူ သီချင်းမှာ ဓာတ်ပြားရခဲ့သည်။

ယဉ်ကျေးမှု ဝန်ကြီးဌာန၌ ဂီတသုတေသနမှူး အဖြစ် တာဝန်ထမ်းစဉ် ဂီတပဒေသာ မဂ္ဂဇင်းကို ဦးစီးထုတ်ဝေသည်။ ထိုဌာနတွင် လက်ထောက်ညွန်ကြားရေးမှူး အဆင့်အထိ ရောက်ခဲ့သည်။

ကျော်ကြားသော တေးများ

ခေါင်းစဉ်တေးဆိုတေးရေးမှတ်ချက်ဥဿာလှိုင်ထိပ်ထားကိုသန်းလှိုင်ကိုသန်းလှိုင်တစ်ဆောင်း သစ်ပြန်ပြီကိုသန်းလှိုင်ကိုသန်းလှိုင်ဓာတ်ပြားရလှယမင်းနဲ့ တွေ့ဆုံခြင်းကိုသန်းလှိုင်ဓာတ်ပြားရဂန့်ဂေါ်မြိုင်တန်းကိုသန်းလှိုင်ကိုသန်းလှိုင်ဓာတ်ပြားချစ်သော ဧရာဝတီကိုသန်းလှိုင်ကိုသန်းလှိုင်ကိုယ်မမေ့သည်ကိုသန်းလှိုင်ကိုသန်းလှိုင်ဓာတ်ပြားသည်နွေမိုးဆောင်း ပြောင်းသော်လည်းကိုသန်းလှိုင်စန္ဒယား မြတ်ဦးဓာတ်ပြားရချစ်ရသည်က အသက်ထက်ဆုံးကိုသန်းလှိုင်ကိုသန်းလှိုင်ဓာတ်ပြားရဖူးပွင့်ဝေစည် ၁၂ ရာသီကိုသန်းလှိုင်ကိုသန်းလှိုင်ဓာတ်ပြားငြင်းပယ်မှာဘဲ စိုးမိတယ်ကိုသန်းလှိုင်ကိုမြတ်လင်းဓာတ်ပြားကြင်နာခြင်းတဝက် ရှုပ်ထွေးခြင်းတဝက်ကိုသန်းလှိုင်ဓာတ်ပြားစကားပြောကောင်းတဲ့ မသဲအူကိုသန်းလှိုင်မောင်ဆွေနွယ်ဓာတ်ပြားရအချစ်စိမ်းမလေး မပလီကိုသန်းလှိုင်ဟင်္သာတ မြင့်ငွေအလွမ်းနွေကို စမ်းရေထဲမှာ မျှောလိုက်ပြီကိုသန်းလှိုင်ဓာတ်ပြားရမေတ္တာဘုံက ပုံပြင်သက်ထားကိုသန်းလှိုင်ဓာတ်ပြားရဒို့များအချစ်က သုံးနဲ့လေးကိုသန်းလှိုင်ဓာတ်ပြားရမောင့်ရင်ထဲမှာ နွေပြီးနွေကိုသန်းလှိုင်ကိုသန်းလှိုင်ဓာတ်ပြားရထာဝရအသည်းရဲ့ ရုပ်ပုံလွှာကိုသန်းလှိုင်ဓာတ်ပြားရမနာတတ်သော အသဲကလေးကိုသန်းလှိုင်ဓာတ်ပြားရမျက်ရည်မိုးဖြင့် ပျိုးပါ့မယ်ကိုသန်းလှိုင်ဓာတ်ပြားရချစ်လိုလျက်နဲ့ ဝေးကိုသန်းလှိုင်ဓာတ်ပြားရတစ်ဝက်မေတ္တာကိုသန်းလှိုင်ဓာတ်ပြားရတစ်ကမ္ဘာစီ ဝေးကြရတော့မှာလားကိုသန်းလှိုင်ဓာတ်ပြားရမလွမ်းသော မျက်ရည် မောင်လွမ်းပြေကိုသန်းလှိုင်ဓာတ်ပြားရသဇင်သို့ ပြန်ကြားချက်ကိုသန်းလှိုင်ကိုသန်းလှိုင်ဓာတ်ပြားရသူ့ကိုချစ်၍ ခွဲရသည်ကိုသန်းလှိုင်ဓာတ်ပြားရအကြောင်းမဆုံ ဝေးကြသော်လည်းကိုသန်းလှိုင်ဓာတ်ပြားရစေတနာကိုသန်းလှိုင်ကိုသန်းလှိုင်ဓာတ်ပြားရမေတ္တာ ကမ္ဘာများဖြင့် မခြားလိုတယ်ကိုသန်းလှိုင်ကိုသန်းလှိုင်ဓာတ်ပြားရမေတ္တာကမ္ဘာ ခြားလေသူကိုသန်းလှိုင်ကိုသန်းလှိုင်ဓာတ်ပြားရတက္ကသိုလ်မြေမှ ဇာတ်လမ်းတစ်ပုဒ်ကိုသန်းလှိုင်ကိုသန်းလှိုင်နှလုံးသားထဲက နွေကိုသန်းလှိုင်ဓာတ်ပြားရလေးကလေးရဲ့ သုံးကိုသန်းလှိုင်ဓာတ်ပြားရမေတ္တာပန်းများ ပွင့်စေမည်ခင်မောင်ကြီးကိုသန်းလှိုင်ကိုယ်သာတိတ်တိတ် ချစ်စိတ်ရယ်ဖြေခင်မောင်လွင်ကိုသန်းလှိုင်တူတူရေခင်ယုမေကိုသန်းလှိုင်ပန်းနုမာလာ နှုတ်ဆက်လွှာခင်ယုမေကိုသန်းလှိုင်

[၁]

စာပေ ရေးသားခြင်း

ဂီတနှင့် ပတ်သက်သော ဆောင်းပါးများကို သပြေ တေးမဂ္ဂဇင်းတွင် ရေးသည်။

ထုတ်ဝေခဲ့သော စာအုပ်များ

ခေါင်းစဉ်ထုတ်ဝေနှစ်ထုတ်ဝေသူမှတ်ချက်ဂင်္ဂါမြစ်မှ နေဝန်းနီသမ္မတ ကနေဒီပထမ ခေတ်ဟောင်း သီချင်းပေါင်းချုပ်မြန်မာ့ဇာတ်သဘင် နှစ်ပါးသွားနှင့် ဇာတ်သဘင် အခေါ်စကားများ

မိသားစု ဘဝ

၁၉၆၀ ပြည့်၊ ဇွန်လ ၆ ရက်တွင် ပဲခူးသူ မူမူမြင့်နှင့် အိမ်ထောင်ကျသည်။ ဝင်းဦးလှိုင်နှင့် ဝင်းမြင့်လှိုင် ဟူသော သားနှစ်ယောက် ရသည်။

ဘဝနိဂုံး

၁၉၈၃ ခု၊ ဇွန်လ ၁၇ ရက်တွင် အစာအိမ်ကင်ဆာ ရောဂါဖြင့် ကွယ်လွန်သည်။ ကွယ်လွန်ချိန်၌ ဇနီးနှင့် သားနှစ်ယောက် ကျန်ရစ်သည်။ [၂]

ကိုးကား

  1. https://web.facebook.com/groups/MmClassical/posts/1907306862685254/?_rdc=1&_rdr
  2. လေးစိုး (ဒေးဒရဲ)။ “တစ်ဆောင်းသစ်ပြန်ပြီ ကိုသန်းလှိုင်”

ကဏ္ဍများ