သောင်ရင်းသုခုမ အဖွဲ့၏ Concert 22 Nov 2025 မြန်မာပြည်အတွက် ဂွမ် ဂျူး မြို့မှ ပေးစာ – မြန်မာကိုရီးယားနှင့် နိုင်ငံတကာမှ အနု ပညာရှင်များ၏ တင်ဆက်မှု https://youtu.be/TfqkcZsmWy4?si=3MlQQpdvZdr7qMKd။ Letters from Gwangju to Myanmar”။ “ မြန်မာပြည်အတွက် ဂွမ်ဂျူးမြို့မှ ပေးစာ”။ တောင်ကိုးရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့ရှိ “Dreamer” ဂီတအဖွဲ့အစည်းမှ မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံမှုနှင့်အတူ ဖက်ဆစ် စစ်တပ်ရဲ့တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသသည့် ဂီတဖျော်ဖြေပွဲတစ်ခုကို “သောင်ရင်းသုခုမ” တီးဝိုင်းအပါအဝင် တော်လှန်အနုပညာရှင်များဖြင့် ပူပေါင်း၍ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။ Dreamers အဖွဲ့နှင့်အတူ “သောင်ရင်းသုခုမ” တီးဝိုင်းတို့ ပူးပေါင်းတင်ဆက်ဖျော်ဖြေကြမည့် ဂီတဖျော်ဖြေပွဲတွင် မြန်မာ, Korea, USA, England, Canada, Thai နိုင်ငံတို့မှ အနုပညာရှင်များက ပါဝင်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
နိုင်ငံတကာမှ ဂီတပညာရှင်၊ အနုပညာရှင်များ ယခုလိုမြန်မာ့တော်လှန်ရေးအပေါ် ပူးပေါင်းပါဝင်ကူညီမှုက ကျွန်တော်တို့မြန်မာပြည်သူလူထုအတွက် ခွန်အားများစွာရရှိစေသလို ကျွန်တော်တို့အနေနဲ့ ဝမ်းပန်းတသာလည်း ကြိုဆိုကြရမှာ ဖြစ်ပါတယ်။
“မြန်မာပြည်အတွက် ဂွမ်ဂျူးမြို့မှ ပေးစာ”
ထောင်ရောင်နေ ဘုန်းတော်ဘွဲ့ https://youtu.be/4way3lDtmUY?si=BxVsYldsjh0d3aNs။ အက -ခိုင်မာလွင် နှင့်အဖွဲ့ ၊ အဆို- ဦးကျော် ဆွေ ၊ တေးရေး -မြ ဝတီမင်းကြီး ဦးစ ။
