9/11 မနက်သူငယ်ချင်းတယောက်ဖုန်းလှမ်းဆက်တယ်။
https://fb.watch/CrRaeD3zgh/?fs=e
https://fb.watch/CXe724R7KM/?fs=e
Lwin Oo Facebook post
“ကိုလွင်ဦးရေ…ကမ္ဘာစစ်ဖြစ်တော့မယ်…အမေရိကန်ကိုအနူမြူဗုံးနဲ့ထုလိုက်ပြီ”
“ဟုတ်လား…ဘယ်သူထုလိုက်တာလဲ”
“ရုရှားပဲဖြစ်မှာပေါ့်…မသိဘူး”
မနက် ၉ ခွဲမှာသူအမောတကောဖုန်းခေါ်တာမှတ်မိသေးတယ်။မနက်စောစောရုံးရောက်ရောက်ခြင်းကော်ဖီတခွက်သောက်ပြီး Email အဝင်စာဖတ်နေတုန်းသူငယ်ချင်းကလှမ်းဆက်တာ။ရုံးကအခြားလူတွေကိုကြည့်လိုက်တော့အကုန်ငြိမ်ငြိမ်သက်သက်ပဲ။ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ပြင်ဆင်နေကြတယ်။ကမ္ဘာကြီးမကြာခင်ပြောင်းလဲတော့မှာမရိပ်မိကြဘူး။
ရန်ကုန်မှာအဲ့ဒီနေ့နေ့လည်ပိုင်းစပြီးအမေရိကန်နိုင်ငံနယူးယောက်က WTC (World Trade Center) အမွှာမျော်စင်အပါအဝင်နေရာအချို့ကိုအကြမ်းဖက်သမားအုပ်စုလေယာဉ်လေးစီးပြန်ပေးဆွဲပီးအသေခံတိုက်ခိုက်ခဲ့ကြတဲ့သတင်းပျံ့နေပြီ။အဲ့ဒီတုန်းကအင်တာနက်မရကြသေးပေမယ့် Fax နဲ့ Oversea Phone ပလူပျံနေတယ်။ရန်ကုန်မှာတော့အေးအေးဆေးဆေးပဲ။ဘာပဲဖြစ်ဖြစ်တတိယကမ္ဘာစစ်ဖြစ်တာ
ကိုယ့်သက်တမ်းမှာမှီတာပေါ့ဆိုပြီးဖေါ့တွေးမိတယ်။
အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ်စက်တင်ဘာ ၁၁ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုကြီးကိုတကမ္ဘာလုံးက 9/11 ခေါ်ကြတယ်။ Al-Queda အမည်ရအစ္စလမ်အကြမ်းဖက်အဖွဲ့ကြီးကအမေရိကန်နိုင်ငံကိုလေယာဉ်နဲ့စက်တင်ဘာ ၁၁ အင်္ဂါနေ့မနက် ၉ နာရီမှာအသေခံဖျက်စီးတိုက်ခိုက်ခဲ့တဲ့ကမ္ဘာကျော်အကြမ်းဖက်မှုဖြစ်စဉ်ကြီးဖြစ်ပွားခဲ့ပါတယ်။
အသေခံအကြမ်းဖက်သမား
၁၉ ယောက်ဟာခရီးသည်တင်လေယာဉ်လေးစီးကိုပြန်ပေးဆွဲပြီးအသေခံတိုက်ခိုက်ခံကြတာပါ။လေယာဉ်နှစ်စီးဟာနယူးယောက်မြို့ကမ္ဘာ့ကုန်သွယ်ရေစင်တာအမွှာအထပ်မြင့်အဆောက်အဦးကြီးကိုခရီးသည်အပြည့်ပါတဲ့လေယာဉ်နဲ့ဝင်တိုက်ပြီးမီးလောင်ပြိုကျစေခဲ့တယ်။
အမွှာအထပ်မြင့်အဆောက်အဦးကြီးဟာအဲ့ဒီအချိန်ကကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးငါးခုထဲပါဝင်တယ်။နောက်ထပ်ပြန်ပေးဆွဲခံရတဲ့လေယာဉ်နှစ်စီးဟာအမေရိကန်ကာကွယ်ရေးဝန်ကြီးဋ္ဌာနာစစ်ရုံးချုပ် Pentagon ကိုအသေခံဝင်တိုက်ခဲ့ပြီးနောက်တစီးကအမေရိကန်နိုင်ငံဥပဒေပြုလွတ်တော် (သို့)အိမ်ဖြူတော်ကိုဝင်တိုက်ဖို့အသွားလမ်းမှာပျက်ကျခဲ့တယ်။
ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာလူ ၃၀၀၀ နီးပါသေကျေပျက်စီးခဲ့ပြီးအမေရိကန်စစ်တပ်ရဲ့ကမ္ဘာ့အကြီးဆုံးအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးစစ်ဆင်ရေးဆယ်စုနှစ်နဲ့ချီဖြစ်ပေါ်စေခဲ့တယ်။တိုက်ခိုက်မှုဖြစ်ပြီးနာရီပိုင်းအတွင်းမှာပဲအကြမ်းဖက်တိုက်ခိုက်မှုလက်သည်တရားခံက Al Queda ခေါ်တဲ့ဆော်ဒီအာရေဗီးယားအခြေစိုက်အကြမ်းဖက်အဖွဲ့ဆိုတာအမေရိကန်နိုင်ငံဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ကဆုံးဖြတ်ခဲ့တယ်။
အဲ့ကာလကအမေရိကန်စစ်တပ်ဟာအာဖဂန်နိုင်ငံကိုကျုးကျော်ဝင်ရောက်ပြီးတာလီဘန် ခေါ်တဲ့ဘာသာရေးအစွန်းရောက်အကြမ်းသမားများကိုနှိမ်နှင်းနေချိန်ဖြစ်တယ်။တာလီဘန်မဟာမိတ် Al-Queda ကအမေရိကန်စစ်တပ်အာဖဂန်ကိုကျူးကျော်ဝင်ရောက်တိုက်ခိုက်တာမကျေနပ်ဘူး။ အာဖဂန်နိုင်ဂဝံကျောက်တောင်များကြားထဲမှာခိုအောင်းနေတဲ့ Al –Queda ခေါင်းဆောင်အိုစမာဘင်လာဒင် က 9/11 တိုက်ခိုက်မှုကိုပထမငြင်းခဲ့ပေမယ့် ၂၀၀၄ မှာ 9/11 အကြမ်းဖက်တိုက်ခိုက်ခဲ့တာသူ့လက်ချက်ဆိုတာအတိအလင်းပြောခဲ့တယ်။
အယ်ကေးဒါးခေါင်းဆောင်ဘင်လာဒင်ဟာအစ္စရေးကိုအမေရိကန်ကူညီတာ၊ဆော်ဒီဘုရင့်နိုင်ငံနဲ့အမေရိကန်စစ်ဘက်ဆက်ဆံမှုရှိတာ၊အီရတ်ကိုအမေရိကန်ဝင်တိုက်တာနဲ့ပတ်သက်ပြီးအမေရိကန်ကိုအရမ်းမုန်းတီးနေသူဖြစ်ပါတယ်။9/11 အကြမ်းဖက်တိုက်ခိုက်ခံရမှုအပြီးအမေရိကန်စစ်တပ်အကြမ်းဖက်နိုင်နှင်းရေးအထူးအဖွဲ့ဟာဘင်လာဒင်နောက်ကိုဆယ်နှစ်ကျော်တောက်လျှောက်ခြေရာခံလိုက်ခဲ့ပြီး ၂၀၁၁ မေလမှာပါကစ္စတန်နိုင်ငံမှာခိုလှုံနေတဲ့ဘင်လာဒင်ကိုသုတ်သင်သတ်ဖြတ်နိုင်ခဲ့တယ်။
အာဖဂန်နိုင်ငံမှာအမေရိကန်နဲ့ NATO အဖွဲ့စစ်ရေးလုပ်ရှားမှုဆက်ရှိခဲ့ပြီး ၂၀၂၀ မှာတာလီဘန်များပြန်အာဏာရရှိလာလို့အမေရိကန်စစ်တပ်ဦးဆောင်တဲ့တပ်ဖွဲ့ဟာအာဖဂန်စစ်မြေပြင်မှဆုတ်ခွါခဲ့ရတယ်။9/11 အကြမ်းဖက်တိုက်ခိုက်မှုကြောင့်လူပေါင်း ၂၉၇၇ (အကြမ်းဖက်သမား ၁၉ ယောက်မပါ)နဲ့လူထောင်ချီဒဏ်ရာရခဲ့ကြတယ်။အချို့နှစ်ပေါင်းများစွာစိတ်ဒဏ်ရာအကြီးအကျယ်ရကြတယ်။
အကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့်အခြေခံအဆောက်အအုံပျက်စီးမှုအမေရိကန်ဒေါ်လာ ၁၀ ဘီလီယံထိရှိခဲ့တယ်။ (၁ ဘီလီယံ = သန်းတထောင်) 9/11 တိုက်ခိုက်ခံရမှုဟာအမေရိကန်ပြည်ထောင်စုသမိုင်းမှာအကြမ်းဖက်သမားများကြောင့်အသေအပျောက်အများဆုံးဖြစ်ပြီးမီးသတ်သမားများနဲ့ဥပဒေထိမ်းသိမ်းရေးအရာရှိအများအပြားသေဆုံးဒဏ်ရာရခဲ့ကြတယ်။လူ ၃၄၀ သေဆုံးရင် ၇၂ ယောက်ဟာတရားဥပဒေထိမ်းသိမ်းရေးနဲ့မီးသတ်သမားများဖြစ်ကြပါတယ်။
အပိုင်းစီးလေယာဉ်များပေါ်မှအပြစ်မဲ့ခရီးသည်များသေဆုံးမှုဟာအမေရိကန်လေကြောင်းသွားလာရေးသမိုင်းမှာအဆိုးရွားဆုံးဖြစ်ခဲ့တယ်။ ဒါ့အပြင်ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးထဲပါဝင်ထဲ WTC (World Trade Center ) ပြိုကျပျက်စီးမှု့ကြောင့်ကမ္ဘာ့စီးပွားရေးအင်အားကြီးအမေရိကန်နိုင်ငံစီးပွားရေးဟာမထင်မှတ်လောက်အောင်ခြောက်ခြားတုန်လှုတ်ကျဆင်းခဲ့ရပါတယ် ။
9/11 ဖြစ်စဉ်ကြောင့်ကမ္ဘာ့နိုင်ငံအသီးသီးဟာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကိုပိုမိုထိရောက်အောင်ပြင်ဆင်ခဲ့ကြပြီးအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာထောက်လှမ်းရေးအဆောက်အအုံကိုပိုအားကောင်းအောင်စုစည်းပြင်ဆင်ဖွဲ့စည်းခဲ့ကြတယ်။
WTC ပြိုကျပျက်စီးတဲ့နေရာကို “Ground Zero” ခေါ်ပြီးအဆောက်အအုံပျက်အပြီးသတ်ရှင်းလင်းမှုလုပ်ငန်းများ ၂၀၀၂ မေလမှပြီးစီးခဲ့တယ်။ Freedom Tower ခေါ်တဲ့ “One World Trade Center” ကို မူလ WTC ပြိုကျပျက်စီးခဲ့တဲ့နေရာမှာ ၂၀၀၆ ခုနှစ်မှာပြန်တည်ဆောက်ခဲ့တယ်။
နယူးယောက်မြို့မှာ စက်တင်ဘာ ၁၁ ( 9/11) တိုက်ခိုက်ခံရမှုအမှတ်တရအောင့်မေ့ဘွယ်အထိမ်းအမှတ်အဆောက်အအုံတခုဆောက်လုပ်ခဲ့တယ်။တိုက်ခိုက်ခံရလို့ပျက်စီးခဲ့တဲ့အမေရိကန်စစ်
ဋ္ဌာနချုပ် Pantagon အဆောက်အဦးကိုတပြိုင်တည်းပြင်ဆင်ခဲ့ရပြီး Pantagon တိုက်ခိုက်ခံရမှုအမှတ်တရကိုဗာဂျီးနီးယားပြည်နယ်အာလင်တန်မြို့စစ်သင်္ချိုင်းမှာတည်ဆောက်ခဲ့တယ်။အကြမ်းဖက်သမားများကြောင့်ပျက်ကျခဲ့တဲ့ Flight 93 ကိုလေယာဉ်ပျက်ကျခဲ့တဲ့ပင်ဆဲလ်ဗေးနီးယားပြည်နယ်မှာအောင်း မေ့ဖွယ်အဆောက်အဦးတည်ဆောက်ခဲ့တယ်။
9/11 အကြမ်းဖက်တိုက်ခိုက်ခံရမှု့ (၂၂) နှစ်ပြည့်ခဲ့ပေမယ့်ကမ္ဘာကြီးဟာအကြမ်းဖက်မှုသတ်ဖြတ်မှု
ကြီးနိုင်ငယ်ငြင်းလုပ်မှုများနဲ့ပြည့်နှက်နေတုံးပါပဲ။မြန်မာနိုင်ငံမှာလူမှုပဋိပက္ခများပြင်းထန်နှက်ရှိုင်းနေဆဲရှိပြီးနိုင်ငံအနှံ့မှာရာနဲ့ချီတဲ့လက်နက်ကိုင်အဖွဲ့များရင်ဆိုင်တိုက်ခိုက်သတ်ဖြတ်နေကြဆဲပါ။
သံယဇာတကျိန်စာ (Natural resources curse) သင့်နေပြီးအရှေ့တောင်အာရှအကောင်းဆုံးပထဝီနိုင်ငံရေးအနေအထားရှိတဲ့မြန်မာနိုင်ငံဟာဒေသတွင်းမှာအဆင်းရဲအနှိမ့်ကျဆုံးနိုင်ငံအဖြစ်နှစ်ပေါင်းများစွာဆက်လက်တည်ရှိနေနိုင်ပါတယ်။
ကံဆိုးရင်ကျွန်တော်တို့သက်တမ်းအတွင်းမှာအနူမြူစစ်ပွဲကြုံတွေ့ရနိုင်တယ်။အနူမြူလက်နက်နဲ့လက်ဦးမှုယူတိုက်ခိုက်တာ၊ဒါမှမဟုတ် Chernobyl ထက်ပိုဆိုးတဲ့အနူမြူမတော်တဆမှုဖြစ်လာလိမ့်မယ်ထင်တယ်။ကမ္ဘာ့အနူမြူဘေးဒုက္ခကပ်အကြီးအကျယ်ဖြစ်လာခဲ့ရင်မြန်မာနိုင်ငံလိုနှစ်ရာချီပြည်တွင်းစစ်နွံနှစ် နေတဲ့နိုင်ငံအတွက် “နူရာဝဲဆွဲ” အခြေအနေဆိုးဆိုက်ရောက်လာနိုင်ပါတယ်။
လွင်ဦး(ရန်ကင်း)
