စာဖတ်သူများ ( 13-14 September 2025 )

စာဖတ်ကြသူများ

ကမ္ဘာ့နိုင်ငံတကာစုံကပညာတ တ်တွေ အလွန် ပေါများတဲ့
စင်ကာပူနိုင်ငံလေး

စာတတ်ပေတတ် ပညာတတ်လူတော် လူကောင်းကြီးတွေ
လူကြီးလုပ် အုပ်ချုပ်နေကြတဲ့နိုင်ငံမှာ
သူ့ပြည်သူတွေ သူတို့လိုစာတွေဖတ်စေချင် ကြသလို
သူ့နိုင်ငံက ပြည်သူတွေလဲ
စာကောင်းတွေဖတ်နိုင်ကြအောင်အားပေးလုပ်နေ ကြပုံက
ထူးထူးခြားခြား အားကျစရာ

ရပ်ကွက်ကြီးတွေတိုင်းမှာရှိတဲ့ စာကြည့်တိုက်တွေက
အနှစ်နှစ်အလအလက
စာဖတ်သူပြည်သူတွေ ငှါးယူဖတ်ခဲဲ့ကြတဲ့
လူဖတ်အများဆုံး အကြိုက်ဆုံးစာအုပ်တွေ
အုပ်ရေ ၆၀ ၀၀၀ ( စာအုပ် ခြောက်သောင်း )ကို
ဗဟို အမျိုးသားစာကြည့်တိုက် ကြီးမှာ
ယနေ့ အများပြည်သူရုံးပိတ်ရက် စနေတနင်္ဂနွေ၂ ရက်မှာ
လူတစ်ဦးလျင်အများဆုံး စာအုပ် ၁၀ အုပိစီကို
တစ်ဦးလျင်စာအုပ်ရွေးချိန် ၁၀ မိနစ်ခန့်အချိန်ပေးပြီး
စာကြည့်တိုက်က စ ာအုပ်ကောင်းတွေ
အခမဲ့ ဖြန့်ဝေ အလှူကြီးပေးမဲ့
ကမ္ဘာပေါ်မှာ
အထူးခြားအကြီးကျယ်ဆုံး စာအုပ် အလကားပေး တဲ့ ပွဲတော် ကြီး ကို
သူမတူ ထူးခြားတဲ့ စင်ကာပုနိုင်ငံမှာ
ယနေ့စတင်လုပ်နေပါတယ် ( 13-14 September 2025 )

ပထမနေ့ ယနေ့အိပ်ယာထနောက်ကျ
စာကြည့်တိုက်ကိုသွားတာအရောက်နောက်ကျသွားလို့
ညနေမှာ လူအဝင်ပိတ်ချိန်နဲ့တိုးပြီး
စာကြည့်တိုက်ကြီးထဲ စာအုပ်တွေဝင်ကြည့် ခွင့် မရခဲ့ရဘူး
ေ၇ာက်ချိန်မှာ ေ၇ှ့က တနိးစီစောင့်နေကြတဲ့ စာဖတ်ဝါသနာရှင်
စာဖတ် ပရိတ် သတ်တွေကလဲ မနဲမနော ။

စာဖတ်ကြတဲ့ ပြည်တွင်းပြည်ပ နိုင်ငံသားတွေနေကြတဲ့
သူတပါးတိုင်း ခြားက ထူးခြားတဲ့ စင်္ကကာပူနိုင်ငံ

စင်ကာပူ နိုင်ငံ ထူထောင်ခဲ့တာ နှစ် ၆၀ ပြည့်တဲ့အချိန်မှာ စင်ကာပူမှာ အမျိုးသားစာကြည့်တိုက် စတင်ဖွင့်လှစ်ခဲ့တာ နှစ်ပေါာင်း ၃၀ ပြည့်တဲ့ ဒီနေ့ ဒီနှစ်ပါ

စာဖတ်ကြတဲ့ ပညာတတ် လူတော် လူကောင်းတွေ က သူတို့နိုင်ငံကို လူကြီးလုပ် အုပ်ချုပ်နေကြသော နိုင်ငံ