Great Rivers Around the World

ကမ္ဘာ့အရျည်ဆုံးမြစ် ၁၀ စင်း

https://youtu.be/mp-liP__6HA?si=zATiXgnYJRNb-byy

ကမ္ဘာ့မြစ်ကြီးများ။ https://youtu.be/bPy2xWx4HDM?si=QdIMvowqqSWnfPzA။ မြစ်တွေဟာ ကမ္ဘာမြေရဲ့ အသက်သွေးကြောဖြစ်ပါတယ်
မြစ်တွေမှာရှိတဲ့ရေထုထည်ဟာ တကမ္ဘာလုံးရေထုရဲ့အပုံတသန်းပုံတပုံသာ‌ရှိပြီး ကမ္ဘ့ာမျက်နှာပြင်ပေါ်မှာမှာရှိတဲ့ရေချိုထုရဲ့ ၀.၅%သာရှိပေမယ့် မြစ်တွေဟာကမ္ဘာ‌ပေါ်မှာရှိတဲ့ အသက်ဇီဝဓာတ်ကို မပျောက်ပျက်အောင် ထိန်းသိမ်းပေးတဲ့နေရာမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။

မြစ်တွေဟာ လူသားတွေရဲ့အသက်ရှင်နေထိုင်ရာဘဝတွေအတွက် အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။

လူတွေအတွက် အချို့နေရာတွေမှာ သောက်သုံးဖို့၊ အစားအစာရရှိဖို့ ၊ မြေသြဇာကောင်းမွန်စေဖို့၊ ကုန်စည်တွေ သယ်ပို့ဖို့ ၊လျှပ်စစ်ဓာတ်ထုတ်လုပ်ဖို့ စတဲ့ ကဏ္ဍပေါင်းစုံရဲ့ အဓိကအရင်းအမြစ်ဟာ မြစ်တွေဆီကပဲ ရရှိနေတာလို့ ဆိုရမှာပါ။

ကျွန်မတို့ မြန်မာနိုင်ငံမှာဆိုရင်တော့ ဧရာဝတီမြစ်ကို နိုင်ငံရဲ့အသက်သွေးကြော ၊ အရေးပါဆုံးမြစ်ကြီး အဖြစ် ရည်ညွန်းကြသလို ကမ္ဘာပေါ်မှာလည်း ဒေသအလိုက် အလွန်အရေးပါတဲ့ မြစ်ကြီးတွေ ရှိနေပါတယ်။

ဒီတခါတော့ ကမ္ဘာပေါ်က အရေးပါဆုံး မြစ်ကြီး ၁၀ စင်းရဲ့ အကြောင်းကို သုတဇုန် မိတ်ဆွေတွေထံ ဗဟုသုတ အနေနဲ့ ဝေမျှချင်ပါတယ်။

https://youtu.be/SDLt4AHvyYg?si=znYdHbOLuTFOOPLt