The Greek King who Converted to Buddhism .The story of the Buddhist Greek King of India .
In the middle of the second century BCE, an incredible meeting of cultures unfolded in the vast kingdom of Bactria stretching from modern-day Afghanistan to northern India. At its heart was King Menander I, a Greek ruler known as King Milinda in ancient Buddhist texts. His story is one of transformation, where Greek and Indian traditions merged into a profound exchange of ideas. Menander’s rule became a symbol of unity and wisdom.
Why Did Ancient Greeks in Central Asia Convert to Buddhism ?
မိလီန္ဒပဥှာ မိလီန္ဒမင်းနှင့် ရှင်နာဂသေန တို့၏ ဗုဒ္ဓဝါဒရေးရာ အချေအတင် ပြောဆိုချက်များ အမေးအဖြေများ ( အပိုင်း (၁ ) မှ အပိုင်း( ၉ ) အထိ စာရေးဆရာ။ ဦးသောင်းထွန်း၏ စာအုပ်
မိလိန္ဒနှင့် ရှင်နာသေန မထေရ္တို့၏အမေးအဖြေများ by Burmese Audiobook -Store 13 videos
မိလိန္ဒမင်းကြီးနှင့်အရှင်နာဂသိန်အမေး/အဖြေ
မိလိန္ဒမင်း (သို့) မိနန္ဒမင်း သည် ဗုဒ္ဓဘာသာသမိုင်းတွင် ထင်ရှားသည့် အိန္ဒိယ-ဂရိနွယ်ဖွား ဗုဒ္ဓမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး သာသနာတော်နှစ်-၃၅၀ ဝန်းကျင်၊ တစ်နည်း ခရစ်တော်မပေါ်မီ ၁၆၅/၁၅၅-ခုနှစ်၌ သာဂလမြို့(ယနေ့ခေတ်-အာဖဂန္နစ္စတန်နိုင်ငံ၊ ဘာဂရမ်မြို့)တွင် မွေးဖွားပြီး ဘီစီ-၁၃၀ အထိ ထီးနန်းစိုးစံခဲ့သည့် မင်းတစ်ပါးဖြစ်၏။ အရှင်နာဂသေနထံ သိလိုသည့် မေးခွန်းပုစ္ဆာများမေးမြန်းခဲ့သည့် မင်းဖြစ်သည်။ ဗုဒ္ဓဘာသာတွင် အရှင်နာဂသေနနှင့် မိလိန္ဒမင်းတို့ အမေးအဖြေပြုခဲ့သည်ကို မှတ်တမ်းတင်ထားသည့် မိလိန္ဒပဉှာကျမ်း(မိလိန္ဒမင်း၏ မေးခွန်းပုစ္ဆာများ)သည် အလွန်ထင်ရှားသည်။[၃]
အရှင်နာဂသေန နှင့် မိလိန္ဒမင်းတို့၏ အတိတ်သမိုင်း

အိန္ဒိယ-ဂရိနွယ်ဖွား ဘုရင်နန်းသက်၁၆၅/၁၅၅–၁၃၀ ဘီစီရှေ့မင်းဆက်အာသိမခုဿ (၂)နောက်မင်းဆက်သတ္တြာတို (၁)မွေးဖွားကာလသိ, ကောကသီသ၊ အလက်ဇန္ဒြီးယား (ယနေ့ခေတ် အာဖဂန္နစ္စတန်နိုင်ငံ၊ ဘာဂရမ်မြို့)[၁][၂]ကွယ်လွန်၁၃၀ ဘီစီထာဝရ အိပ်စက်ရာ နေရာအိန္ဒိယ-ဂရိတိုင်းပြည်အနှံ့ရှိ စေတီတော်များကြင်ရာတော်အဂ္ဂသောကလျာသားသမီးများသတ္တြာတို (၁)စံအိမ်House of Euthydemusကိုးကွယ်မှုဗုဒ္ဓဘာသာဗုဒ္ဓဘာသာ
ကဿပမြတ်စွာဘုရားလက်ထက် ဂင်္ဂါမြစ်အနီးရှိ ကျောင်းတိုက်တွင်ဖြစ်၏။ တစ်ခုသော နံနက်တွင် ရဟန်းတစ်ပါးသည် သာမဏေတစ်ဦးကို “ဤတံမြက်ချေးများကို စွန့်ပစ်ချေလော့” ဟု ဆို၏။ ထိုသို့ ခေါ်ပါသော်လည်း သာမဏေသည် မကြားယောင်ပြုကာ သွားမြဲအတိုင်းသွား၏။ နှစ်ကြိမ်၊ သုံးကြိမ်တိုင်အောင် ပြောပါသော်လည်း မကြားချင်ယောင် ပြုနေသဖြင့် ရဟန်းသည် အမျက်ထွက်လာ၏။ ထို့ကြောင့် သာမဏေအား တံမြက်စည်းရိုးဖြင့် ရိုက်ပုတ်၏။[၄]
သာမဏေ၏ ဆုတောင်း
ထိုအခါ သာမဏေသည် ကြောက်ရွံ့ကာ တံမြက်ချေးကို စွန့်ပစ်၏။ ထိုသို့စွန့်ပစ်သည့်အခါ “တံမြက်ချေးစွန့်ပစ်ရသော ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဤအတွင်း ဖြစ်လေရာဘဝတိုင်း၌ မွန်းတည့်နေကဲ့သို့ ဘုန်းကံကြီးသူ၊ တန်ခိုးတေဇော်ကြီးသူ ဖြစ်ရပါလို၏” ဟု ပထမအကြိမ် ဆုတောင်း၏။ တံမြက်ချေးကိုစွန့်ပစ်ပြီး ဂင်္ဂါမြစ်သို့ ရေးချိုးရန်သွားသောအခါ တဝုန်းဝုန်းမြည်နေသည့် လှိုင်းတံပိုးတို့ကို မြင်ကာ “အကျွန်ုပ်သည် နိဗ္ဗာန်ရောက်သည့်တိုင်အောင် ဤဖြစ်လေရာဘဝတိုင်း၌ ဤလှိုင်းတံပိုး အဟုန်ကဲ့သို့ အရာအားလျော်စွာ ဖြစ်ပေါ်လာသော ဉာဏ်ပဋိဘာန်ရှိသူ၊ မကုန်နိုင်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပါလို၏” ဟု ဒုတိယအကြိမ် ဆုတောင်း၏။[၅]
ရဟန်း၏ ဆုတောင်း
စေခိုင်းသောရဟန်းသည် ဂင်္ဂါမြစ်သို့ ရေချိုးရန်သွားသောအခါ သာမဏေ၏ ဆုတောင်းသံကို ကြားရ၏။ ထိုအခါ ရဟန်းသည် “ငါစေခိုင်းသော သာမဏေသည်ပင် ဤမျှဆုတောင်း၏။ ငါ့ကား အဘယ်မှာ ဆုတောင်း မပြည့်စုံဘဲ ရှိလိမ့်မည်နည်း” ဟု ကြံကာ “ငါသည် နိဗ္ဗာန်သို့ ရောက်သည့်တိုင်အောင် ဤအတွင်း ဖြစ်လေရာရာဘဝ၌ ဤဂင်္ဂါမြစ်၏ လှိုင်းတံပိုးအဟုန်ကဲ့သို့ မကုန်သော ဉာဏ်ပဋိဘာန်ရှိသူ ဖြစ်ရပါလို၏။ ဤသာမဏေ မေးတိုင်းမြန်းတိုင်းသော ပြဿနာအလုံးစုံကို ရှင်းလင်းရန်၊ ဖြေရှင်းရန် စွမ်းနိုင်သူ ဖြစ်ရပါလို၏” ဟု ဆုတောင်း၏။
ဤသို့ဖြင့် ထိုသူနှစ်ဦးတို့သည် နတ်ဘုံ၊ လူ့ဘုံတို့တွင် ကျင်လည်ကြကုန်လျက် ကဿပမြတ်စွာဘုရား နှင့် ဂေါတမမြတ်စွာဘုရားတို့၏ ကြားကာလများကို လွန်လေ၏။[၆]
ဂေါတမမြတ်စွာဘုရား၏ ဗျာဒိတ်တော်
မြတ်စွာဘုရားသည် မောဂ္ဂလိပုတ္တတိဿထေရ်ကို ဗျာဒိတ်ညွှန်ကြားတော်မူသကဲ့သို့ မိလိန္ဒမင်းနှင့် အရှင်နာဂသေနတို့ကိုလည်း အောက်ပါအတိုင်း ဗျာဒိတ်ညွှန်ကြားတော်မူခဲ့သည်။
“ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသည်မှနောက် နှစ်ငါးရာကျော်သောအခါ ထိုသူနှစ်ဦးတို့သည် ဖြစ်ပေါ်လာလတ္တံ့။ ထိုသူနှစ်ဦးသည် နက်နဲစွာပြု၍ ငါဟောကြားအပ်သော ထို သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်တို့ကို ပြဿနာမေးခွန်း၊ ဥပမာ ဥပမေယျ၊ ညီမျှသင့်တင့်သော နည်းတို့၏အစွမ်းဖြင့် အရှုပ်အထွေးမရှိအောင်ပြု၍ ဝေဖန်ကြကုန်လတ္တံ့” ဟု ဗျာဒိတ်မြွက်ကြားတော်မူ၏။[၇]
မိလိန္ဒမင်းဘဝ
နောင်အခါတွင် ထို ကဿပဘုရားရှင်လက်ထက် သာမဏေလေးသည် ဇမ္ဗူဒိပ်ကျွန်း၊ သာဂလမြို့တွင် မိလိန္ဒအမည်ဖြင့် မင်းဖြစ်၏။ မိလိန္ဒမင်းသည် လိမ္မာ၏၊ အသိဉာဏ်ရှိ၏၊ ကျမ်းဂန်တို့ကို သင်ယူ၏။ မိလိန္ဒမင်းသည် မြို့တွင်းရှိ သမ္မာသမ္ဗုဒ္ဓဟု ဝန်ခံသော သာမဏ၊ ဗြာဟ္မဏ၊ ဂိုဏ်းဆရာတို့ကို ခေါ်ယူကာ မေးခွန်းပုစ္ဆာတို့ကို မေးမြန်း၏။ ထိုမေးမြန်းသည့် အမေးပုစ္ဆာများကို ဖြေကြားနိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် သာမဏ၊ ဗြာဟ္မဏတို့သည် မင်းကြီးမေးသည်ကို မတတ်နိုင်သဖြင့် ဖဲသွားကြ၏။ အရပ်တပါးသို့ မသွားသောသူတို့သည် တိတ်ဆိတ်စွာ နေကြရကုန်၏။ ရဟန်းတို့သည် များသောအားဖြင့် ဟိမဝန္တာသို့ ကြွကုန်ကြ၏။[၈]
ရဟန်းတို့၏ တောင်းဆိုခြင်းကြောင့် ရှင်နာဂသေနကြွတော်မူခြင်း
ထို့နောက် ရာပေါင်းများစွာသော ရဟန်းတို့သည် ရက္ခိတကုန်းပြင်တွင် စုဝေးနေ၏။ ထိုရဟန်းတို့သည် အရှင်နာဂသေနအား “မိလိန္ဒမင်းသည် အမေးပြဿနာတို့ဖြင့် ရဟန်းသံဃာတို့အား ညှဉ်းဆဲနေပါသည်၊ အရှင် သွား၍ စီမံပါလော့” ဟု တောင်းဆိုကြ၏။ ထိုအခါ အရှင်နာဂသေနလည်း တာဝန်ယူကာ သာဂလမြို့သို့ ကြွတော်မူ၏။[၉]
ရှင်နာဂသေနနှင့် တွေ့ဆုံခန်း
ဤသို့ဖြင့် မင်းကြီးသည် ဝါဒအမေးပုစ္ဆာတို့ဖြင့် ရဟန်းသံဃာတို့ကို မေးမြန်း၏။ ရဟန်းတို့လည်း မဖြေနိုင် ရှိနေကြ၏။ ထို့နောက် မင်းကြီးသည် အမတ်တို့အား “မိမိ၏ အမေးကို ဖြေနိုင်မည့်သူ ရှိပါသေးသလော” ဟု မေး၏။ အမတ်တို့လည်း “အရှင်နာဂသေန ရှိပါ၏” ဟု ဖြေလေ၏။ ထိုအခါ မင်းကြီးသည် ဒေဝမန္တိယအမတ်ကို ခေါ်ရန် စေခိုင်းလိုက်၏။
ဤသို့ဖြင့် အရှင်နာဂသေနနှင့် မိလိန္ဒမင်းကြီးတို့သည် တွေ့ဆုံကြလေ၏။ ထို့နောက် မင်းကြီးသည် မေးခွန်းတို့ကို မေးမြန်း၏။ မထေရ်လည်း ဖြေကြား၏။ ဤတွင် [၁၀]အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။ နောက်ဆုံးတွင် မိလိန္ဒမင်းသည် စည်းစိမ်ကိုစွန့်ကာ ရဟန်းပြု၍ တရားအားထုတ်လေရာ အာသဝတရားကုန်ခမ်းပြီး ရဟန္တာ ဖြစ်တော်မူ၏။
ကိုးကား
- Menander။ Encyclopædia Britannica Online။ Encyclopædia Britannica, Inc.။ 8 September 2012 တွင် ပြန်စစ်ပြီး။
- Hazel၊ John (2013)။ Who’s Who in the Greek World။ Routledge။ p. 155။ ISBN 9781134802241။
Menander king in India, known locally as Milinda, born at a village named Kalasi near Alasanda (Alexandria-in-the-Caucasus), and who was himself the son of a king. After conquering the Punjab, where he made Sagala his capital, he made an expedition across northern India and visited Patna, the capital of the Mauraya empire, though he did not succeed in conquering this land as he appears to have been overtaken by wars on the north-west frontier with Eucratides.
- မိလိန္ဒပဉှာပါဠိတော်မြန်မာပြန်။
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ”
- “မိလိန္ဒပဉှာ“
ကဏ္ဍ:
"အရှင်နာဂသေနဘုရား -- ဘုရားရှင်၏ ဤသာသနာတော်သည် ကြီးကျယ်လှပါပေ၏ ။ ကောင်းမြတ်/တယ်တယ်/ချီးမွမ်း/နှိုင်းယှဉ်ဖွယ်ကင်း/ဖြူစင်လှပါပေ၏။ ထိုမျှလောက် ကြီးကျယ်မြင့်မြတ်လှပါပေသော သာသနာတော်၌ သာမန်လူတို့ကို ရှင်ရဟန်းပြုပေးရန်မသင့်ပါ ။ လူဘဝတုန်းကပင်လျှင် တစ်မဂ်တစ်ဖိုလ်သို့တည်စေပြီးမှ တစ်ဖန်ဆုတ်နစ်ကာ လူထွက်ရန်အကြောင်းမရှိတော့သော လူတို့ကိုသာလျှင် ရဟန်းပြုပေးသင့်ပါပေ၏ ။ ဤမျှလောက်စင်ကြယ်လှသော သာသနာတော်မှ လူထွက်လာကြသော သူယုတ်မာတို့ကို လူအများက တွေ့မြင်ကြရသောကြောင့် အချင်းတို့ ရဟန်းဂေါတမ၏သာသနာတော်သည် အချည်းနှီးသာဖြစ်လတ္တံ့ ။ အချည်းနှီးဖြစ်သောကြောင့်သာလျှင် ဤလူတို့သည် လူထွက်လာကြကုန်၏ဟု အောက့်မေ့မှတ်ထင်ကြသောကြောင့်ပါဘုရား"---------
ထိုအခါ ရှင်နာဂသိန် က
“မင်းမြတ့် ဥပမာအားဖြင့်- ရေပြည့်လျှံလျက် အညစ်အကြေးကင်းစင်၍ ကြည်လင်အေးမြသောရေရှိသောကန်ကြီးရှိ၏ ။ထိုကန်၏အနီးသို့ ရွှံ့ညွန်–အညစ်အကြေးများပေကျံနေသော ယောကျာ်းတစ်ယောက်ရောက်လာကာ ထိုရေကန်ကြီးမှာ ရေမချိူးပဲ ရွှံ့ညွန်အညစ်အကြေးများ ပေကျံလျက်ပင် ပြန်လာခဲ့ငြားအံ့ ။ ထိုသို့ဖြစ်လျှင် လူအများတို့က ကန်ကြီးကို ကဲ့ရဲ့ကြမည်လော /ပေကျံနေသောယောကျာ်းကိုကဲ့ရဲ့ကြမည်လော”"အရှင်ဘုရား ကန်ထဲသို့မဆင်းသက်သော ယောကျာ်းကို ကန်ကြီးက မိမိအလိုအလျှောက် အဘယ်မှာရေချိုး၍ ပေးနိုင်မည်နည်း ။ ပေကျံနေသောယောကျာ်းကိုသာ ကဲ့ရဲ့ကြပါလိမ့်မည်"
“မင်းမြတ်ဤအတူသာပင် မြတ်စွာဘုရားသည် ကိလေသာမှလွတ်မြောက်ရာ အရဟတ္ထဖိုလ်ဟူသော မြတ်သောရေဖြင့်ပြည့်လျံနေသော သာသနာတော်တည်းဟူသော ကန်ကြီးကို ဖန်ဆင်းတော်မူခဲ့၏ ။ ကိလေသာအညစ်အကြေးလိမ်းကျံရာမှ စင်ကြယ်ခြင်းကိုအလိုရှိကုန်သော အချို့သောပညာရှိတို့သည် ဤကန်ကြီးကိုဆင်းသက်၍ ရေချိုးကြစေရန် ရည်သန်တော်မူခဲ့၏ ။ သို့ပါလျက်တစ်စုံတစ်ယောက်သောသူသည် ထိုကန်ကြီးသို့ ဆိုက်ရောက်ပြီးသည်ဖြစ်ပါလျက် ရေမချိုးပဲ ကိလေသာအညစ်အကြေးများနှင့်အတူ ပြန်လာခဲ့အံ့ ။ ဤသူသည် သာသနာတော်၌ ရဟန်းပြုပြီးခါမှ သာသနာတော်မှာ ဆောက်တည်ရာကိုမရသဖြင့် လူထွက်လာဘိ၏ ။ တရားမကျင့်သောဤသူကို ဘုရားသာသနာတော်က အဘယ်မှာလျင် အလိုအလျှောက် သိစေနိုင်ပါမည်နည်းဟု ထိုရဟန်းလူထွက်ကိုသာလျှင် ကဲ့ရဲ့ကြရာ၏ ။
“မင်းမြတ် အကယ်၍ဘုရားရှင်သည် တစ်မဂ်တစ်ဖိုလ်၌တည်ပြီးသောသူကိုသာ ရဟန်းပြုပေးငြားအံ့ ။ ထိုရဟန်းအဖြစ်သည် ကိလေသာကိုပယ်ခြင်းငှါလည်းကောင်း ¡ကိလေသာမှစင်ကြယ်ခြင်းငှါလည်းကောင်း မဖြစ်နိုင်တော့ပေ ။
ရဟန်းအဖြစ်၌ ပြုဖွယ်ကိစ္စမရှိတော့ပေ ။
” မင်းမြတ် ဥပမာအားဖြင့် အညစ်အကြေးများပေကျံနေသူတို့သည် ဤကန်ကြီးသို့ မသက်ဆင်းကြပါကုန်လင့် ။ အညစ်အကြေးကင်းရှင်း၍ စင်ကြယ်ပြီးသောသူတို့သာလျှင် ဤကန်ကြီးသို့ သက်ဆင်းကြပါကုန်လော့ဟု ပြောကြားရာ၏။အညစ်အကြေးကင်းရှင်း၍ စင်ကြယ်ပြီးသောသူတို့အား ထိုကန်ဖြင့် ပြုဖွယ်ကိစ္စရှိပါသေးသလော”
“အရှင်ဘုရား ထိုသူတို့သည်အည ရေချိုး၍ စင်ကြယ်အောင်ပြုရသော ပြုဖွယ်ကိစ္စကို အခြားနေရာ၌ ပြုလုပ်ပြီးဖြစ်သောကြောင့် ထိုသူတို့အတွက် ကန်ဖြင့် အဘယ်မှာပြုဖွယ်ကိစ္စ ရှိပါတော့မည်နည်း”
“မင်းမြတ် ဤအတူသာပင် အကယ်၍ ဘုရားရှင်သည်တစ်မဂ်တစ်ဖိုလ်တည်ပြီးသောသူကိုသာ ရဟန်းပြုပေးတော်မူငြားအံ့ ။ထိုသူတို့သည် ပြုဖွယ်ကိစ္စကို ထိုဖိုလ်၌ပင်ပြုလုပ်ကြပြီးဖြစ်ကြပေ၏ ။ထိုသူတို့အတွက် ရဟန်းအဖြစ်ဖြင့် အဘယ်မှာ ပြုဖွယ်ကိစ္စရှိပါတော့မည်နည်း” ။
“မင်းမြတ် စင်စစ်အားဖြင့်ဤသာသနာတော်ကြီး၌ ဂုဏ်ကျေးဇူးငါးပါးတို့ရှိကြပေကုန်၏ ။
ထိုဂုဏ္ေက်းဇူးငါးပါးတို့ကား—
(၁)တည်ရာမြင့်မြတ်ခြင်း ! (၂)စင်ကြယ်သန့်ရှင်း အညစ်အကြေးကင်းခြင်း ! (၃)မကောင်းမှုနှင့်မရောနှောခြင်း ! (၄)ထိုးထွင်းသိမြင်နိုင်ခဲခြင်း
(၅) များစွာထိန်းသိမ်းစောင့်ရှောက်ရခြင်းတို့ပေတည်း ။
“မင်းမြတ် သာသနာတော်၏#တည်ရာမြင့်မြတ်ပုံကား- ဥပမာအားဖြင့် ပညာမရှိသောယောကျာ်းသည် ကြီးကျယ်မြင့်မြတ်လှစွာသော မင်းအဖြစ်ကိုရသော်လည်း မကြာမီမှာပင် လျောကျပျက်စီးရာ၏ ။ ကြီးကျယ်မြင့်မြတ်လှစွာသော မင်းအဖြစ်နှင့်
မထိုက်တန်သောကြောင့်ဖြစ်ပေ၏ ။ ဤအတူသာပင် ကုသိုလ်ကောင်းမှုများစွာမပြုခဲ့သူအချို့သည် ဘုရားရှင်သာသနာတော်တွင်း၌ ရဟန်းပြုလာကြကုန်၏ ။ သို့ရာတွင် ထိုသူတို့သည် မကြာမီမှာပင် သာသနာတော်ကြီးမှ လျောကြပျက်စီးကြကုန်၏ ။ကြီးကျယ်မြင့်မြတ်လှစွာသော သာသနာတော်ကြီးနှင့် မထိုက်တန်သောကြောင့်ဖြစ်ပေ၏ ။ "မင်းမြတ် သာသနာတော်၏#စင်ကြယ်သန့်ရှင်းအညစ်အကြေးကင်းပုံကား-
ဥပမာအားဖြင့်ရေစက်ရေပေါက်သည် ပဒုမ္မာကြာရွက်ပေါ်၌ ကြာရှည်စွာမရပ်တည်နိုင်ဘဲ လျင်မြန်စွာလျှောကျသွား၏ ။ စင်ကြယ်သန့်ရှင်းသော ပဒုမ္မာကြာရွက်ပေါ်တွင် တွယ်ကပ်မနေနိုင်သောကြောင့် ဖြစ်ပေ၏ ။ ဤအတူသာပင် ချို့သောရဟန်းတို့သည် မကြာမီမှာပင် သာသနာတော်မှ လျှောကျပျက်စီးကြရကုန်၏ ။ စင်ကြယ်သန့်ရှင်းအညစ်အကြေးကင်းသော သာသနာတော်တွင် တွယ်ကပ်၍ မနေနိုင်သောကြောင့် ဖြစ်ပေ၏ ။ "မင်းမြတ် ဤသာသနာတော်၏ #မကောင်းမှုနှင့်မရောနှောပုံကား- ဥပမာအားဖြင့် မဟာသမုဒ္ဒရာသည် မိမိအထဲသို့မျောပါလာသော အသေကောင်ပုပ်တို့ကို မကြာမီမှာပင် ကမ်ပါးပေါ်သို့ လှိုင်းပတ်၍ ထုတ်တင်လိုက်၏ ။ မဟာသမုဒ္ဒရာသည်သည် အသေကောင်ပုပ်တို့နှင့် အတူမနေသောကြောင့် ဖြစ်ပေ၏ ။ ဤအတူသာပင် လုံ့လဝီရိယချိူ့တဲ့ကုန်သော ညစ်နွမ်းသောစိတ်ရှိကုန်သော သူအချိူ့သည် သာသနာတော်၌ ရဟန်းပြုလာကြကုန်၏ ။ သို့ရာတွင်ထိုသူတို့သည် မကြာမီမှာပင် သာသနာတော်မှ လျောကျပျက်စီးကြကုန်၏ ။သာသနာတော်သည် မကောင်းမှုတို့နှင့် မရောနှောသောကြောင့် ဖြစ်ပေ၏ ။
“မင်းမြတ် သာသနာတော်၏ #ထိုးထွင်းသိမြင်နိုင်ခဲခြင်းကား—
ဥပမာအားဖြင့် မကျွမ်းကျင်ကုန်သော လေးအတတ်ကိုမသင်ဖူးကုန်သော ပညာမဲ့ကုန်သောလေးသမားအချို့သည် သားမြီးဖျားကို မြှားဖြင့်ခွင်း၍ မရနိုင်ကြကုန် ။ သားမြီးဖျား၏ ဖောက်ထွင်းရန် ခဲယဉ်းလှသောကြောင့် ဖြစ်ပေ၏ ။ ဤအတူသာပင်လျှင် ဖျင်းအထုံထိုင်းကုန်သော မိုက်မဲကုန်သော ပညာမဲ့ကုန်သောသူအချို့သည် သာသနာတော်၌ ရဟန်းပြုလာကြကုန်၏ ။ သို့ရာတွင် ထိုသူတို့သည် နုညံ့သိမ်မွေ့လှစွာသော သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိမြင်နိုင်ခြင်းငှါ မစွမ်းနိုင်သဖြင့် မကြာမီမှာပင် သာသနာတော်မှ လျှော့ကျပျက်စီးကြရကုန်၏ ။ သစ္စာလေးပါးတရားတော်၏ ထိုးထွင်းသိမြင်ရန်ခဲယဉ်းသောကြောင့်ဖြစ်ပေ၏ ။
“မင်းမြတ် သာသနာတော်၌
များစွာထိန်းသိမ်းရပုံဆိုသည်ကား– ဥပမာအားဖြင့် ကြီးကျယ်လှစွာသော စစ်မြေပြင်၌ တိုက်ပွဲဝင်နေသော စစ်သည်တစ်ယောက်သည် တစ်ဖက်ရန်သူများက ဝိုင်းပိတ်ဆို့၍ လှံကိုယ်စီဖြင့် ချီတက်လာကြသည်ကို မြင်ရသောအခါ ကြောက်ရွံ့သဖြင့် ထွက်ပြေးရ၏ ။ စစ်သည်ဗိုလ်ပါ မြောက်များစွာတို့ကို ထိန်းသိမ်းမထားနိုင်သောကြောင့် ဖြစ်ပေရာ၏ ။ ဤအတူပင် ကိုယ် နှုတ် စိတ်မစောင့်စည်းကုန်သော ၊ သိက္ခာပုဒ်ကို မကျင့်နိုင်ကုန်သော၊ သည်းမခံတတ်ကုန်သော လျှပ်ပေါ်လော်လည်ကုန်သော စိတ်နှလုံးတုန်လှုပ်တတ်ကုန်သော ခဏပန်းမျှသာ စိတ်ကောင်းရှိကုန်သော သူအချို့သည် သာသနာတော်၌ ရဟန်းပြုကုန်၏ ။သို့ရာတွင် ထိုသူတို့သည် မြောက်များစွာသော သိက္ခာပုဒ်တို့ကို မစောင့်ထိန်းနိုင်ကြကုန်သည်ဖြစ်၍ မကြာမီမှာပင် သာသနာတော်၌ လျောကျပျက်စီးကြကုန်၏။
သာသနာတော်၌ များစွာထိန်းသိမ်းဖွယ်ရှိနေသောကြောင့်ဖြစ်ပေ၏ ။
“မင်းမြတ် ပန်းတကာတို့တွင် အထွတ်မြတ်ဆုံးသော မြလေးပန်းခြုံ၌ ပိုးကိုက်ပန်းပွင့်တို့သည် ပါလာကြ၏။ ထိုပန်းတို့သည် တွန့်လိမ့်ကောက်ကွေ့ကုန်လျက် မရင့်ရော်မှီကပင် ကြွေကျကုန်အံ့။
ထိုသို့ကြွေကျကုန်သော ပိုးကိုက်ပန်းပင်တို့ကို အကြောင်းပြု၍ မြလေးပန်းခြုံကို မကဲ့ရဲ့ထိုက်ပေ ။ ထိုပန်းခြုံ မှာကျန်ရစ်နေသော မြလေးပန်းတို့သည် သင်းပျံ့လှစွာသော ရနံ့ဖြင့် ထိုထိုအရပ်မျက်နှာတို့သို့ ပျံ့နှံ့စေကုန်၏ ။
ဤအတူသာပင် ရဟန်းလူထွက်တို့ကို အကြောင်းပြုကာ သာသနာတော်ကို မကဲ့ရဲ့ထိုက်ချေ ။
သာသနာတော်၌ တည်နေကြသေးသော ရဟန်းကောင်းတို့သည် သီလတည်းဟူသော ရနံ့ဖြင့် နတ်နှင့်တကွသော လောကကိုပျံ့နှံ့စေကုန်၏ ။
“အရှင်ဘုရား ကောင်းလှပါပေ၏”—-
Mettăya #
https://youtu.be/7eBSNYNaNIw?si=i8QYqGXoXYtDLBPc
