MYANMAR IN THE PAST : EXCLUSIVE INTERVIEWS of Eleven Media Broadcasting in the Past Eleven Interview ရုပ်သံအစီအစဉ်များ

ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၁ခုမှာ ရေဘေးအန္တရာယ်တွေဖြစ်ပွားခဲ့ပြီး မိုးသည်းထန်တာတွေကနေ ဒေသအနှံ့မှာ ဆောက် ထား တဲ့ဆည်တမံတွေမှာ သတ်မှတ်ရေလှောင်ပမာဏပြည့်ပြီး ရေပိုလွှဲတွေကနေ ရေထုတ်လွှတ်တာတွေကြောင့် ဆည် တမံအနီးနားတွေမှာ နေထိုင်သူတွေအတွက် စိုးရိမ်မှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။ ဒါ့ကြောင့် ဆည်တွေတည်ဆောက်ထား တာ မှာ ကောင်းကျိုး၊ဆိုးကျိုးရလဒ်နှိုင်းယှဉ်တဲ့အခါ ဘယ်ရလဒ်ကပိုများနေလဲ၊ မတည်ဆောက်ခင်မှာ EIA၊ SIA ပြုလုပ်ဖို့ ဘယ်လောက်အရေးကြီးလဲ ၊ မလုပ်ခဲ့ဘူးဆိုရင် နောက်ဆက်တွဲတွေက ဘာတွေဖြစ်ပေါ်နိုင်လဲနဲ့ပတ်သက်ပြီး မေးမြန်းထား ပါတယ်။ ဆည်မြောင်းဦးစီးဌာနက အငြိမ်းစားညွှန်ကြားရေးမှူး၊ အောက်မြန်မာပြည် ရေတံခါးဒီဇိုင်းပညာရှင် ဦးထွေးမြင့် ကိုမေးမြန်း ခဲ့ပါတယ်။

ရေကျော်ပြီး မကျိုးတာဘာနဲ့တူလဲဆိုတော့ အနုမြူဗုံးကိုချလိုက်ပြီး အောက်မှာမကွဲသလို မျိုးပဲ။ ဆည်တမံ မြေသား တမံ ရေကျော်တယ်ဆိုတာ ဆည်မြောင်းဌာနမှာ သူ့ထက်ပိုကြီးလေးတဲ့ပြသနာမရှိဘူး။

ဆည်တွေမှာ ကြိုတင်အသိပေး တဲ့စနစ်မရှိတဲ့ အတွက် ဆည်အောက်က ရွာတွေက ဝန်ထမ်းလေးတွေကိုမေးပြီး ပြေးသင့် လို့ပြေးတာရှိတယ်၊ မပြေးသင့်ပဲပြေး တာရှိတယ်။ ဒါ့ကြောင့်ကြိုတင်အသိပေးတဲ့စနစ် Early Warning ကို မဖြစ်မနေ ထားရမယ်။

တစ်လကို ဆည်တစ်ဆည်ဆောက်ဆိုပြီး လုပ်ခဲ့တော့ နည်းမှာတော့မဟုတ်ဘူး။ ဆောက်ခဲ့တဲ့ဆည်တွေကလည်း ရာနဲ့ချီရှိ တယ် လေ။ အရည်အသွေးကိုပမာဏ မထားပဲ အရေအတွက်ကို ပမာဏထားလို့ ဆည်တွေကအကျိုးပြုတာ ၆၆.၈ % ပဲထိရောက်တယ်လို့ အစီရင်ခံစာတင်ထားတာတွေ့ရ တာပေါ့။

ဆည်တွေအောက်မှာ မြို့ကြီးတွေရှိရင်တော့ ကြောက်စရာကောင်းပါတယ်။

2017 April ■ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ဂျပန်လူမျျိုးတွေရဲ့ စိတ်ဝင်စားမူ့အတိုင်းအတာနဲ့ Myanmar Japon Bussiness Magazine ကို အခမဲ့ထုတ်ဝေဖြန့်ချိရခြင်းအကြောင်းကို Myanmar Japon Company ရဲ့ Executive Chief Officer (Yutaka Nagasugi) နဲ့တွေ့ဆုံမေးမြန်းထားပါတယ်။

2018 July / ရက်ပိုင်းအတွင်း ဒေါ်လဲငွေလဲနှုန်း ဆက်တိုက်မြင့်တက်ပြီး မြန်မာငွေတန်ဖိုးကျဆင်းနေမှုအကြောင်းအရင်းက ဘာကြောင့်လဲ

သွင်းကုန်များပြီး ပို့ကုန်နည်းနေတဲ့ မြန်မာ့စီးပွားရေးမှာ ဒေါ်လာဈေးမြင့်တက်နေမှုက ဘယ်လောက်အထိ ရိုက်ခတ်မှုရှိမလဲ

မြန်မာ့စီးပွားရေးရဲ့ ပို့ကုန်ကဏ္ဍအတွက် ဘယ်လိုတွေ အဖြေရှာကြမလဲ

စတဲ့အကြောင်းအရာတွေကို မြန်မာနိုင်ငံ ရေထွက်ပစ္စည်းတင်ပို့ရောင်းချသူများအသင်း ဒုတိယဥက္ကဌ ဒေါ်တိုးနန္ဒာတင် နဲ့ Exclusive Interview အစီအစဉ်ကနေ တွေ့ဆုံမေးမြန်းထားပါတယ်။

2017 Sony World Photography Award ” မှ “National Award ” ဆုရှင်

ဓာတ်ပုံပညာရှင်ကျော်ဝင်းလှိုင်နှင့် သူ့ဖန်တီးမှုများ.”

■ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ နီးပါးဝင်ပြိုင်ကြတဲ့ Sony ရဲ့ ကမ္ဘာ့အဆင့် ဓာတ်ပုံပြိုင်ပွဲ..

■ ဒီလို နိုင်ငံတွေ အများကြီးထဲမှာမှ မြန်မာနိုင်ငံဂုဏ်ကိုဆောင်ခဲ့သူ..

■ ကရင်ပြည်နယ် ဆန္ဒန်လိုဏ်ဂူအတွင်း ကရင်အမျိုးသမီးငယ်တစ်ဦး ဘုရားဝတ်ပြုနေပုံကို ရိုက်ကူးထားတဲ့ ဓာတ်ပုံ

■ ဒီပုံကို ဘယ်လိုရည်ရွယ်ချက်တွေ..ဘယ်လိုပြင်ဆင်မှုတွေနဲ့ ကြိုးစားအားထုတ်ခဲ့လဲ..

■ ကမ္ဘာမှာ မြန်မာ့ဓာတ်ပုံပညာကို သိစေခဲ့သူတစ်ဦး..

■ Sony Alpha Ambassador တစ်ဦးလည်းဖြစ်တဲ့..

ဓာတ်ပုံပညာရှင် ကိုကျော်ဝင်းလှိုင်ရဲ့ အနုပညာအကြောင်း.. ဖန်တီးမှုတွေအကြောင်း

ဒီတစ်ပတ် Eleven Interview အစီအစဉ်မှာတင်ဆက်ထားပါတယ်။