ရန်ကုန်အတွက်သက်ခန်းစာယူစရာ ဘန်ကောက်ရေကြီးမှု
https://youtu.be/dtTfPpAMP_A?si=D_-BbIYXIfvkGDmu
ဒီနေ့မှာတော့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရေကြီးရေလျှံမှု ပြဿနာတွေကို အင်ဂျင်နီယာ ရှုထောင့်တစ်ခုတည်းက မဟုတ်ဘဲ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အတွေ့အကြုံနဲ့ ဗုဒ္ဓအဆုံးအမ ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှုထောင့်တွေ ပေါင်းစပ်ပြီး သုံးသပ်တင်ဆက်ထားပါတယ်။ ရန်ကုန်နဲ့ ဘန်ကောက် တူညီနေတဲ့ အချက်များ၊ မြေအောက်ရေ ထုတ်ယူသုံးစွဲမှုရဲ့ ဆိုးကျိုးများ၊ အမှိုက်ပစ် စည်းကမ်းမဲ့မှုတွေဟာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ဘယ်လို ဆက်စပ်နေသလဲ။ မြို့ပြ ရေဘေးအန္တရာယ်ကို ကာကွယ်ဖို့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို ဒီဗီဒီယိုမှာ အသေးစိတ် ဆွေးနွေးထားပါတယ်။
MyanmarNews #YangonFlood #ClimateChange #BuddhismAndNature #MyanmarWeather #YangonCity #FloodPrevention #DhammaKnowledge
FLOOD Mitigation Measures
လုပ်ရင်ဖြစ်တဲ့ရေပေါ်ကအိမ်
ရေကြီးရေလွမ်းရေဘေးပြဿနာတွေမပူရတော့တဲ့
ရေထဲမှာ ရေပေါ်မှာ ဆောက်ထား တဲ့အိမ်တစ်လုံး
Floating House Built by Bamboos
မှတ်ဖွယ်မှတ်ရာ စာပဒေသာ
General Knowledges
and
Water Resources Management in Myanmar
ayemyint.blog
Home
ဘာသာစကား / မြန်မာစာ မြန်မာစကား
သမိုင်း / မြန်မာ့သမိုင်း
ဆည်မြောင်းလောက / ဆည် တမံ ရေးရာ
ဆည်မြောင်း လောက / ရေဘေး အန္တရာယ်
Floods
FLOODS MYANMAR 2025
ဝါဆိုဝါခေါင် ရေဖေါင် ဖေါင်
July August Rain and Floods in Myanmar
Mizzima Dialogue TV Show
https://fb.watch/BxfUH5rm_w/?
2017 July 25
ခေတ်တစ်ခေတ် တစ်ချိန်တစ်ခါက
ရေကြီးပြဿနာအဖြေရှာ ရေတွေဘယ်ကလာ
ဆွေးနွေးဖြစ်ခဲ့ကြတဲ့ မိုးရေအကြောင်း ဖြစ် ကြောင်းကုန်စင် တွေ
ကြာခဲ့ပါပြီ
ယနေ့ မိုးရာသီ
နိုင်ငံ တွင်းမှာ ဘာ တွေ ဆက်ဖြစ်နေသေး လဲ
စိတ်ပါ ဝင်စား ဝါသနာပါရင်
လုပ်ရင်ဖြစ်တယ် မလုပ်ရင်မဖြစ်ဘူးဆိုနိုင်သော်လဲ
အပြောလွယ်သလောက် အလုပ်ခက်ကြပါလိမ့် မယ်
လူသာပဓာန
လုပ်ချင်တာတွေ ဖြစ်ဘို့အရေးမှာ
နိုင်ငံမှာ စီမံခန့်ခွဲအုပ်ချုပ်သူ သက်ဆိုင်ရာပညာရှင်တွေ
လူတွေ ပေါ်မှာလဲ မူတည်လိမ့် မယ်ဟု ထင်မြင်ယူဆမိပါတယ်
ခေတ်သမိုင်းရဲ့ ခေတ်အဆက်ဆက်တစ်လျောက််မှာ
မိခင်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွေ အတွက်
အချို့သော နိုင်ငံတွေမှာ က လုပ်ချင်းတိုင်းလဲမဖြစ်
ဖြစ်ချင်တိုင်းလဲလုပ်မရ တာ တွေရှိနိုင်ခဲ့ကြသလို
အချိုတိုင်းပြည်တွေမှာ တော့
ပညာရှင်တွေ ဖြစ်ချင်တိုင်လဲဖြစ်
လုပ်ချင်တိုင်းလဲ့ဖြစ်နေကြတာ တွေ့နေ မြင် နေရ ပါတယ်
တိုင်းပြည်တွေရဲ့ ကံကြမ္မာတွေ လိုဘဲဆိုရလေမလား ပေါ့ ။
ယနေ့မှာ
ဖွံ့ဖြိုးတိုးတက်စည်ပင်သာယာဝပြောချမ်းသာနေကြတဲ့
၂၁ ရာစု ခေတ်သစ် ခေတ်မှီနိုငိငံကြီးတွေမှာ တော့
သက်ဆိုင်ရာ နည်း ပညာရှင် တွေ အဖို့ ၊ လုပ်ချင်တိုင်းလဲဖြစ်
ဖြစ်ချင် တာတွေကို
နိုင်ငံ အုပ်ချုပ်သူ လူတော်လူတတ် ပညာတတ် လူကြီးတွေကလဲ စနစ်တကျ စစ်ဆေး ခွင့်ပြုပေးကြလို့
ဖြစ်ချင်တာတွေဖြစ်သင့်တာတွေ
အများစုက လဲ ဖြစ်နေကြ
လက်တွေလုပ်နေကြနဲ့
အကျိုးရလဒ် တွေကို
နိုင့်နေ ပြည်သူတွေ လက်ငင်းလက်တွေ့ ခံစားနေကြရတာ
သတိထားမိပါတယ်
ပင်လယ် ဘေးက ရေပတ်လည်ဝိုင်းနေတဲ့ စင်ကာပူနိုင်ငံက
မိုးများလိုက် မိုးနည်းလိုက်နဲ့တစ်နှစ်လုံးနီးပါး
မိုးရွာနေတတ်ပါတယ်
မိုးတွေက တစ်ခါတရံ သည်းနေအောင်ဖြိုင်ဖြိုင်ရွာချလိုက်
မကြာခင်ရပ်သွား
နေပူပြန်ရင်လဲ ပူလိုက်တဲ့နေအပူရှိ န်
သူတို့ နိုင်ငံမှာလဲ မြို့တွင်းကားလမ်းအချို့မှာ
ရေကြီးရေလွမ်း တာတွေဖြစ်ခဲ့ဘူးပါတယ်
ပညာတတ် လူတော် ပညာရှင် တွေ အင်ဂျင်နီယာတွေက
နောင်မှာ ရေ ပြန် မကြိးအောင်
ချက်ခြင်း အဖြေရှာကြ ကုစားတတ် ကြတယ်။
မြို့တွင်း ရပ်ကွက် လမ်းတွေပေါ်မှာ
ဆိုးဆိုးဝါးဝါး ရေကြီး ရေလျှံ အဖြစ်တွေ
ယခုနောက်ပိုင်းကာလ တွေ မှာ မတွေ့ရ မသိရတာ ကြာခဲ့ ပြီ
မိခင်နိုင်ငံတစ်ဝန်း
ရေကြီးရေလျှံ ရေဘေးအန္တရာယ်များ
လျော့ပါး ကင်းဝေး နိုင်ကြပါစေကြောင်း
ဆန္ဒ ပြု ဆုတောင်လျက်
မေတ္တ ဖြင့်
အေးမြင့်(ညောင်တုန်း)
17 August 2025
ဖွင့်ကြည်ရန် မစ္စျိမ စကားဝိုင်း Mizzima Dialogue TV Show Link
1 https://fb.watch/BxgDQIU0rB/?ayemyint.blog
2. ayemyint.blog
