FLOODS IN AUGUST MYANMAR ဝါဆိုဝါခေါင် ရေဖေါင်ဖေါင် ၊ မြန်မာ့ ရေကြီးမှုများ

မြန်မာပြည် အဝှမ်း ရေဘေးတွေ ကြုံနေလို့
တွေးမိတွေးရာတွေး နေ ရာက
အရင်နှစ်တွေ က တွေးခဲ့ ရေးခဲ့တဲ့
ရေကြီး ကိစ္စ တွေ အကြောင်း သွားတွေ့တယ်။
စိတ်ဝင်စားသူများ ဝေဖန် အကြံပေး ဆွေးနွေးနိင် ကြပါတယ် ။

မြစ်ဆုံအရေး နဲ့ ဆက်စပ်နေတဲ့
ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ဟင်္သာတ တာတစ်ကျော
ဧရာဝတီ မြစ် ရေကြီး မှု ပြဿနာတွေ နဲ့
ရေဘေးကာကွယ်ရေး နည်းလမ်းများ။

ဆရာ ဦးဝင်းမျိ ုးသူရဲ့ မြစ်ဆုံ ကိစ္စ Facebook Post မှာ ပူးတွဲ ဖြန့်ထားတဲ့ You Tube Post ပညာပေး ဗွီဒီယို ဖိုင် လေးကို ထပ်ဆင့် မျှဝေပေး လိုက်ပါတယ် ။
( ယခင် နှစ်တွေ က တင်ခဲ့တာပါ ။ ဘာလဲ မသီတော့ ၊ရှာမတွေ့တော့ပါ။ )

အချိန်တွေပြောင်း ခေတ်တွေပြောင်းလာတော့
အတွေးအခေါ် အယူအဆတွေ လဲ
ခေတ်နဲ့ အညီ ပြောင်းလဲ လာနေပါတော့တယ် ။

ခေတ်အဆက်ဆက် ဆောင်ရွက် ခဲ့ကြသော သမရိုးကျ ရေဘေးကာကွယ်ရေးစနစ်

တစ်ခေတ် တစ်ခါက ရေ ကြီးမှု တွေကာကွယ်ဘို့ဆိုရင်
ရေဘေးကာကွယ်ရေး မြေသား တာတမံတွေ ကို မြစ်ဘေးမှာ အခိုင်အမာ တည်ဆောက်မြှင့်တင်ပြီး ကာကွယ်ခဲ့ ကြပါ တယ် ။ Structural Measure လို့ ဆိုတဲ့ အင်ဂျင်နီယာ အဆောက် အအုံ နဲ့ ဖြေရှင်းတဲ့ အစဉ်အလာ လုပ်ခဲ့ကြတဲ့ရေဘေးကာကွယ်ရေးနည်းပေါ့ ။
ရေဘေး ကာကွယ်ရေး အလုပ်တွေ အဓိကထား လုပ်နေကြတဲ့ ကျွန်တော်တို့ ရဲ့မိခင်ဌာန ဆည်မြောင်း ဌာန ကြီး မှာ ပင်လျင်
ကျွန်တော်တို့ ကိုယ်တိုင် ဒီနည်းဘဲ အဓိကထား လုပ်ခဲ့ ကြတာ ဒီနေ့ အထိတိုင် ပါဘဲ။

နယ်သာလန် နိုင်ငံ ဒပ်ချ်ရေစီမံခနိ့ခွဲမှုအင်ဂျင် နီယာများ၏ ခေတ်သစ် ရေးဘေးကာကွယ်ရေး စနစ်သစ်

ဒါပေမဲ့ နယ်သာလင်နိုင်ငံမှာ ဒီလိုမဟုတ်တော့ ဘူး၊
ကျွန်တော် ကိုယ်တိုင် ၁၉၈၂/၈၃ စာသင်နှစ်မှာ နယ်သာလန် နိုင်ငံ Intternational Insritute for Hydraulic and Environmental Engineering , IHE , Delft မြို့မှာ မြစ်ဝကျွန်းပေါ်ဒေသ ရေစီမံခန့်ခွဲ မှ ု နည်း ပညာတွေ လေ့ လာခွင့် ရခဲ့ ရာမှာ ယထုအခါ ပင်လယ်ရေမျက်နှာ ပြင်အောက်မှာနေကြတဲ့ နယ်သာလင်နိုင်ငံက ဒတ်ခ်ျ ပညာရှင်တွေ ကိုယ်တိုင် ဒီနေ့မှာဆိုရင် ရာသီဥတုတွေ ကမောက်ကမ ပြောင်းလဲ နေတတ်တဲ့ ခေတ် ကြီး နဲ့ အညီ ရေဘေးကာကွယ်ရေး နည်းစနစ် အယူအဆသစ်တွေ ကို တီထွင် ကြံဆပြီး သူတို့ နိုင်ငံမှာကို လက်တွေ့ အသုံးချနေကြတာကို မကြာမီက ခေ့လာတွေ့ရှိ သတိထားမိခဲ့ ဘူးပါတယ် ။

နြစ်ရေကြီးလို့ ရေဘေးကာကွယ် ရေး ရဲ့ အဓိက အခြေခံ အယူအဆ ကတော့ ရိုးရိုးစင်းစင်းလေးပါဘဲ။

ကျွန်တော် တို့ သက်ရှိ လူသားတစ်တွေမှာ လူ့့အခွင့် အရေး နဲ့ ရပိုင်ခွင့် တွေ ရှိကြသလို
ရေအင်ဂျင်နီယာ ဒတိခ်ျ ပညာဂှင်တွေရဲ့ အတွေး အခေါ်ဆန်းသစ် လိုက်ပုံက-
အသက်ဇီဝ မရှိတဲ့ ရေ နဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်က နေရာ ဒေသ အသီးသီးမှာ စဉ်ဆက်မပြတ်စီးဆင်းနေကြတဲ့ မြစ်ချောင်းတွေ အနေနဲ့ လဲ သူတို့မှာ လဲ လူတွေရဲ့ လူ့အခွင့် အရေး လို ဘဲ မြစ်တွေအတွက် မြစ် အခွင့် အရေးတွေ ရှိရမယ်ဆိုတဲ့ တီထွင်ကြံဆ ထားကြတဲ့ ဆန်းသစ် တဲ့ အယူအဆ ဖြစ်ပါတယ် ။

မြစ်တွေရဲ့ မြစ်အခွင့်အရေး တွေ က ဘာများပါလိမ့် ။

တစ်ခြားမဟုတ်ဘူး ။
Room for the River လို့ ခေါ်တဲ့ မြစ်တွေ ချေုာင်းတွေ မှာ ပုံ မှန်ထက် စီးဆင်းတဲ့ ရေ ၊ မြစ်ရေ ကြီး လာခဲ့ ရင် ပိုလျံ များပြားလာတဲ့ ရေတွေ ကောင်းကောင်း စီးနိုင်အောင် ရေစီး လမ်းကြောင်း အသစ် နေရာ ပေး ကြ ဘို့ ဆိုလိုတာပါဘဲ။
တစ်ကယ်တမ်းကတော့ မြစ်တွေချေုာင်းတွေ အများစု မှာ ခုမှ တွေးခေါ််လာကြ တယ်ဆိုတဲ့ အယူအဆ ဖြစ်တဲ့ ရေစီးဆင်းရမဲ့လမ်းကြောင်းနေရာ ဖြစ်တဲ့ မြစ်ကြောင်းတစ်လျောက်မှာ Flood Ways ခေါ်တဲ့ ရေကြီးချိန် ရေစီး လမ်းကြောင်းတွေက မိုးရာသီအတွက် Flood Plains ရေလှ ွးမ်းလွင်ပြင်တွေကို သဘာဝက ဖန်တီး ပေး ထားပြီးသားပါ။

မိခင် ဧရာဝတီ မြစ်ကြီးရဲ့ အဓိက မြန်မာပြည်အခဘ်ပိုင်း မြေပြန့် လွင်ပြင် စီးဆင်းရာ မြစ်ကြောင်းတစ်လျောက်မှာ ဧရာဝတီမြစ်ကြီးဟာ နွေ အခါမှာ ရေစီး လမ်းကြောင်း က တစ်မိုင် အတွင်း မြစ်ထဲမှာ သာရှိနေတတ်ပေမဲ့ မြစ်ရေကြီးတဲ့ မိုးရာသီအချိန်မှာတော့ ဧရာဝတီရဲ့ ရေသွားလမ်းကြောင်း
ရေလှ ွမ်း လွင်ပြင် ကြီး ဟာ အကျယ်ဆုံး နေရာတွေမှာ ၄ မိုင်ကနေ ၅ မိုင်အထိ ပင် မြစ်ပြင် အကျယ် ရှိနေတတ်ပါတယ် ။

လူသားရယ်လို စတင် ဖြစ်ထွန်း လာကတည်းက ရေကြည်ရာ မြက်နု ရာရှာ ကြတဲ့ ရျေးက ခေတ်အဆက်ဆက် လူသားတွေဟာ သူတို့ အတွက် လူမှ ုစီးပွ ား ဘဝကို အထောက်အကူ ပြ ုတဲ့ မြစ်ကြီးတွေ အနီးအနား မြစ်ကမ်းနားဖူး တွေပေါ် မှာဘဲအဓိက အခြေချ နေထိုင်လာကြတာဖြစ်တော့ ဖေါ်ပြပါ ရေလွှ မ်းလွင်ပြင် ဧရိယာ အကျယ်တွေက တစ်နှစ်ထက်တစ်နှစ် လျော့လာခဲ့ပါတော့တယ် ။ ဒီမှာ သဘာဝရဲ့ ရေစီးကြောင်းသွားရာ ရေလှ ွမ်းလွင်ပြင် Flood Plain ထဲ ကို လူတွေ နေရာ ဝင် လု နေထိုင် စိုက်ပျိ ုးကြရာကနေစတင်ပြီး လူတွေအပေါ် မြစ်ရေကြီးမှု ပြဿနာတွေ စတော့ တာပါဘဲ။ မြစ်တွေရဲ့့ မြစ်အခွင့် အရေးကို လူတွေက ဝင်ရောက် နှောက်ယှက် ဖျက်ဆီးလိုက်သလို ဖြစ်ကုန်တယ်။
ဧရာဝတီ မြစ်ရီုးတစ်လျောက် မြစ်ရေကြီးရခြင်းအကြောင်းအချက်တွေ များစွာ ရှိနိုင်တဲ့ အထဲက အရေးကြီး တဲ့ ရေကြီးရခြင်းအခြေခံ အဓိက အချက်တစ်ခု လဲ ဖြစ်ပါတယ် ။

ဒတ်ခ်ျ အင်ဂျင်နီယာတွေက ဒီအချက်ကို အလေးထားကြတယ်။
၁၉၅၃ ခနိ့မှာ နယ်သာလန်တောင် ပိုင်း ရိုတာဒမ်မြို့အနီး ရှိ နယ် သာ လန် မြစ်ဝကျွန်းပေါ် ဖြစ်တဲ့ ရိုင်းမြစ်ဝကျွန်းပေါ်ဒေသမှာ တာတွေကျိုးပေါက် ၊လူအသေအပျောက် ၃၀၀၀ ခနိ့ ဖြစ်ခဲ့တဲ့ ဒေသမှာ ဂျာမဏီမှ စီးဆင်းလာတဲ့ ရိုင်းမြစ် အောက်ပိုင်းပင်လယ်အထွက် မြစ်ဝကျွန်းပေါ်မှာ မြစ် ရေစီး ရာ ရေ လှ ွမ်း လွင် ပြင်တွေကို နယ်သာလန် ဒပ် အင်ဂျင်နီယာ ရေပညာရှင် တွေ ပြန်ဖေါ်ဘို့ သူတို့ ကြိုးစားခဲ့ ကြတယ်။

သူ့ နိုင်ငံရဲ့ မြစ်ဝကျွန်ပေါ် တစ်ခွင်မှာ တစ်ချိန် က တာတွေဆောက် ပြီးရေဘေးကာကွယ်ခဲ့ သော် လဲဘဲမြစ်ရေကြီးမှုတွေ ပုံမှန်ဆက်ဖြစ်နေတာ တွေ့ ့နေကြရာက တစ်ဆင့် သမရီုးကျ အတွေးအခေါ််ကို မြေလှန်ပစ် ခဲ့ လိုက် ကြတယ်. မြစ်ကမ်းဘေး ရေကြီးတတ်တဲ့ တစ်ချိ ု့ နေရာ တွေမှာ ဆောက်ထားပြီး တာတွေ ကို ဖျက်ပြီး မြစ်အတွက် ရေသွားလမ်း ၊ ရေလမ်းကြောင်း ကောင်းကောင်း ထပ်ပေး နိုင်ဘို့ လုံလောက်တဲ့ အကွအဝေး ရောက်တဲ့ အထိ တာအသစ် တွေကို နောက်ဆုတ် ရွှေ ့ ပြောင်း ဆောက်တဲ့ အလုပ်တွေ လုပ်ကြတယ် ။ တခြား နည်းတွေလဲ သုံးကြသေးတယ်။ ဒ၌်ချ္လူမျိုးတွေရဲ့ မဟာ ဗြ ူဟာမြာက် စီမံကိန်း သစ်ဖြစ်တဲ့ Dutch New Delta Plan ဒတိခ်ျတို့ ရဲ့ မြစ်ဝကျွန်းပေါ် စီမံကိန်းသစ် အနေနဲ့ အင်ဂျင်နီယာတွေက ရေးဆွဲပြီး သက်ဆိုင်ရာကို တင်ပြတော့ အစိုးရကသဘောတူခွင့်ပြုခဲ့ လို့ ခုဆို နယ်သာလင်နိုင်ငံမှာ နှစ်တို နှစ်ရှည် စီမံကိန်း အသွင်နဲ့ အကောင်အထည်ဖေါ်နေကြတယ်လို့ ကြားနေရပါတယ် ။

မြစ်ဆုံ နဲ့ ပတ်သက်ပြီး ဧရာဝတီမှာ ရေကြီးတာနဲ့ ဆက်စပ်ပြီး ကမ္ဘာ့ ဘဏ်မှာ ဒီနေ့ထိ အတိုင်ပင်ခံ အင်ဂျင်နီယာ လုပ်နေတဲ့ ဝါရင့် ဆရာသ မား ဆည်မြောင်းအင်ဂျင်နီယာကြီး တစ်ဦးနဲ့ မကြာမီက မေးမြန်းဆွေးနွေးဖြစ်ခဲ့ ပါတယ် ။
ကျွန်တော်က ဆည်မြောင်း အင်ဂျင်နီယာ ပီပီ ကျွန်တော့် အယူအဆကို တင်ပြခဲ့ တယ်။
ဟင်္သာတ မှာ ရေကြီးတာကို မြစ်ဆုံ ဆည် ဆောက်ပြီးတစ်နည်းဖြေရှင်း လို့ရတယ်ဆို တဲ့ အတွေးအမြင် သဘောထားကို ဒီဇိုင်းပုံထုတ်ပိုင်းတွေ အသေးစိတ် မသိသေးတဲ့ ကျွန်တော်က
ဧရာဝတီမှာ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ ရေကြီးမှ ုပြဿနာတွေကို ဆည်မဆောက် ဘဲ တာဆင့် တာမြှင့် နည်းတွေနဲ့ လုပ်သွား လို့မရနိုင်ဘူးး လားဆရာ လို့့ ကျွန်တော် က ြမစ်ကြီးတွေဘေးမှာ ရေကြီးရင် လုပ်နေကျအလုပ်ကို အခြေခံပြီးဆွေးနွေးကြည့် ပါတယ် ။
ကမ္ဘာဘဏ် အတိုင်ပင်ခဲ အကြံပေးအင်ဂျင်နီယာကြီး ဖြစ်သူ ဆည် မြောင်း ဆရာသမား ဒေါက်တာအုန်းမြင့် ထောက်ပြတာ က ဧရာဝ တီ မြစ်ကြီးရဲ့ ကြမ်းခင်း မြေမျက်နာပြင်က နှစ်တိုင်း အနယ်ချ နုန်းပို့ချပြီး နှစ်တိုင်း မြစ်ကြမ်းပြင် မြင့်နေတဲ့ အတိုင်း ခင်ဗျား တာတွေ အမြဲတနိး လိုက်မြှင့် နေမလား လို့့ ပြန် မေးပါတယ်။

သေချာတာတစ်ခုကတော့ အများစုသော ကျွန်တော်တို့ လို ဆည် မြောင်း သမား ရေ အင်ဂျင်နီယာ တစ်တွေ ဟာ ဧရာဝတီအကြောင်း ပညာရပ်ပိုင်းဆိုင်ရာမှာ ကောင်းကောင်း မသိကြသေးပါဘူး ဟု ဝနိခံကြရပါမယ်. ။

လေ့ လာ သုတေသန ပြ ုမှ ု အလွန်တရာ အားနည်းခဲ့ တဲ့ ကျံန်တော်တို့ နိုင်ငံ နဲ့ ကျွန်တော်တို့အင်ဂျင်နီယာ လောကသားတွေ ဟာ ဧရာဝတီနဲ့ ပတ်သက်လို့ ဧရာဝတီမြစ် ထိပ် ကချင်ပြည်နယ်ထဲ မှာ မြစ်ဆုံ ဆည် တည်ဆောက်သင့်မသင့် အပါအဝင် မြစ်ကြီးဧရာဝတိနဲ့ပတ်သက်၍ အများကြီး ဆက်လက် လေ့လာ ဘို့့ လိုနေသေးကြောင်းပါ ခင်ဗျား။

အေးမြင့် ( ညောင်တုန်း )
( မူရင်းစာ – ? ခုနှစ် ၊ မြန်မာ့ နှစ်ဆန်းတစ်ရက်နေ့။ ) 4 August 2025 ( edited and revised )