MONEY MATTERS Time Value of Money ကာလတွေအလိုက် ငေါကြေးတန်ဘိုး

တစ်ချိန်က မြန်မာပြည်ဂျပန်ခေတ်ရဲ့ ထောင်မလဲသဲကော်ငွေတွေ

၂၀၂၂ ခုနှစ် ကမ္ဘာ့တန်ဘိုးအမြင့်ဆုံး ငွေကြေး ၁၀ ခု။ 10 Most Valuable currencies in the World by 2022

ငွေကြေးတန်ဖိုး ( ၁ )
https://youtu.be/I56XvoJZwbU

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး
ထိပ်ဆုံးက ငွေကြး ၁၀ ခု
ကိုင်ဆောင်အသုံးပြုနေကြသောနိုင်ငံများသည်
ကမ္ဘာ့ဖွံ့ဖြိုးမှုအားကောင်းသောနိုင်ငံများဖြစ်နေကြပါသည်.

ရည်ညွှန်း

တွေးမိတွေးရာ
ရေးမိရေးရာ
ဘဝရေးရာ
စာပဒေသာ ( ၅ )

အကြွေ့ ဇာတ်ကြောင်း

၁၉၉၁ ခန့်က သံလွင်အရှေ့ ခြမ်း ကျိုင်းတုံမှာ တာဝန်ကျတော့ ရှေးခေတ် မြန်မာအကြွေတွေကို စျေးကောင်းပေးဝယ်တာ တွေ့ ခဲ့ ရတယ် ။

ငွေကြေးစနစ်မျိုးစုံသုံးတဲ့ ကျိင်းတုံနဲ့ မိုင်းယန်း
မြိ ု့လေး မှာ တရုတ် ယွန်။ထိုင်းဘတ် တို့နဲ့ အတူ မြန်မာ ကျပ်နဲ့ မြန်မာအကြွေစေ့တွေ ။ ငွေဒင်္ဂ ါးပြားတွေကို ရောထွေး သုံးခဲ့ ရတယ် ။
ပြည်မ မှာ အကြွေစေ့တွေ တန်ဘိုးမရှိတော့ တဲ့ အချိန်ပေါ့။
မြန်မာ ၁၀ ပြားစေ့ အလေးစေ့ တစ်စေ့ဟာ မြန်မာငွေ ၅ ကျပ်နဲ့ ညီမျှပြီး ကျိုင်းတုံ စျေးထဲမှာ ရှမ်းမစျေးသည်တွေက ၅ ကျပ်ဘိုး စျေးဝယ်ရင် ဟတ်ပြာ း လို့ စျေး ခေါ်တယ် ။၁၀ ပြားစေ့ ပေးလိုက်ရင် ဟင်းသီး ဟင်းရွက် ပုံထားတာ ၂ ပုံ ဝယ်လို့ ရတယ် ။တပုံကို ဟတ်ပြား ( ၁၀ ပြားစေ့ရဲ့ တစ်ဝက် Half ) ပေးရတယ် ။ မြန်မာပြည်မမှာ တန်ဘိုးမရှိတော့လို့ သုံးလို့ မရတော့ တဲ့
ကျွန်တော်တို့ က ရန်ကုန်မှာ စု ထားတဲ့ အကြွေစေ့တွေကို ကျိုင်းတုံ ယူယူသွားပြီး စျေးဝယ်ရင် သုံး ကြတယ် ။

မြန်မာပြည် ( ကျိုင်တုံ ရှမ်းတွေခေါ်ကြတာ။သူတို့ ရှမးပြည်ကို မြန်မာပြည် မဟုတ်တဲ့ အတိုင်း) မှာတော့ အကြွေစေ့တွေပြန်ဝယ်ပြီး ဧရာဝတီတိုင်းမှာ ခေတ်စားနေတဲ့ ပဲ့ထောင်မော်တော်ဘုတ်တွေရဲ့ ပန်ကာ ဒလက်အတွက် အရည်ကြို သုံးတယ်လို့ ကြားဘူးခဲ့ တယ် ။

ငွေကြေးတန်ဘိုးတေဟာ အချိန်ရဲ့ စေစားမှုကြောင် ထုတ်ဝေခဲ့ မြန်မာ ငွေစက္က ူတွေအနက် ၁ ကျပ်တန်တွေ၅ ကျပ်တန်တွေဟာ ရှေးဟောင်း ပစ္စည်းတွေလို ဖြစ်ကုန်တော့တယ် ။
ဒီနေ့မှာ
အကြွေတွေ လုံးလုံးပျောက်သွားတော့တယ် ။

စင်္ကာပူမှာတော့ စျေးဝယ်ရင် ၅ ပြားစေ့ ၁၀ ပြားစေကအစ သူ့နေရာနဲ့ သူ သုံးနေကြပြီး အ ကြွေစေ့ မျီုးုစုံကို နေရာတိုင်းမှာ ဒီနေ့ထိ လူတိုင်း သုံးနေကြတုံး ။
ယနေ့ မှာ MacDonald ချောကလက်ရေခဲမုန့်
Singapore 1 Dillar 20 cents ကို ငါူပြားဆယ်ပြား အကြွေတွေဆောင်ထားပြီး တစ်ခါတရံ ဝယ်စားဖြစ်နေတယ်

အေးမြင့်(ညောင်တုန်း)
၁၅-၇-၂၀၂၃

ရ ည် ညွှန်း (၁)

Facebook post

“ပြန်လာပါလား အကြွေရယ်…”

15 Jul 2016, Friday

ကျနော်ငယ်စဉ်ကတည်းကမြတ်နိုးတွယ်တာခဲ့ရတဲ့သူကလေးအကြွေ။

လူမှန်းသိစ၊ကျောင်းစနေတဲ့အရွယ်မှာအငယ်ဆုံးလေးနဲ့စတွေ့ခဲ့ရပါတယ်။ နေ့စဉ်နံနက်တိုင်းပေါ့။ သူ မပါရင်ကျနော်ကျောင်းမသွားဘူးဆိုပြီး ငို၍ဆန္ဒပြပါက၊ အမေကထဲ့ပေးရသည်။

အလယ်တန်းရောက်တော့ကိုယ်လဲအရွယ်လေးရ၊အငယ်မလေးရဲ့အထက်ကနဲ့ဆုံရသည်။အထက်တန်းကျောင်းသားအရွယ်ကျတော့အလတ်မလေးနဲ့။ တက္ကသိုလ်ကျောင်းတက်တော့ အကြီးနှစ်ယောက်နဲ့အတူတူတက်ခဲ့ရပြန်ရော။

ကျနော့ဘဝတက်လမ်းမှာသူတို့ကလေးတွေသည်ကျနော့အားအထောက်အကူများစွာပေးခဲ့ကြပါသည်။ သူတို့ကြောင့်ကျနော်စိတ်ချမ်းသာခဲ့ရ၏။ သူတို့ရှိလျှင်
သူငယ်ချင်းများကလည်းပို၍ခင်မင်ဟန်ရှိသည်။ သူတို့လေးတွေကတန်ဖိုးရှိတော့၊ ၅ကျပ်တန်၊၁၀ကျပ်တန်တို့၏တန်ဖိုးကလည်းကြီးမားပါသည်။

အခုတော့ကျနော်မြတ်နိုးခဲ့ရသူလေးတွေ၊ ဘယ်ဆီကိုရောက်နေကြပါလိမ့်….ကျနော်မသိတော့။ ပျောက်ဆုံးကုန်ကြချေပြီ။

သူတို့လေးတွေအစား၊ ငါးဆယ်ကျပ်တန်၊တစ်ရာကျပ်တန်၊ နှစ်ရာကျပ်တန်၊ ငါးရာကျပ်တန်နှင့့်တစ်ထောင်ကျပ်တန်တို့က၊အစားထိုးနေရာယူနေကြပါပြီကော။

ကျနော့အဖော်၊အကြွေစေ့များ၊ မတွေ့မြင်ရတာကြာမြင့်ချေပြီ။သို့ပေမဲ့သူတို့လေးတွေကို ရင်ထဲမှာ၊အစဉ်အမြဲ၊သတိရနေဆဲပါ။

အကြွေမရှိခြင်းဟာ၊တိုင်းပြည်ဆင်းရဲခြင်းလို့ပြောနိုင်ပါတယ်အကြွေ။ပြန်လာပါတော့ အကြွေရယ်။မင်းပြန်လာပါမှ တို့ပြည်ကြီးလဲတိုးတက်မှာလေ…။

ရည် ညွှန်း ( ၂ )

တွေးမိတွေးရာ
ရေးမိရေးရာ
သမိုင်းရေးရာ
စာပဒေသာ ( ၁ )

ဒုတိယ ကမ္ဘာစစ်ကာလ
မြန်မာ့သမိုင်းထဲက
ထောင်မလဲ သဲကော်
( ၁၉၄၂-၁၉၄၅ ဖက်ဆစ် ဂျပန် ခေတ်) )

ငယ် စဉ်ခလေးဘဝမှာ စတင်ကြားဘူးခဲ့တဲ့ မြန်မာစကား
ထောင်မလဲ သဲကော်

Credit Facebook post

ထောင်မလဲသဲကော်ဂျပန်ပိုက်ဆံတွေနဲ့ငယ်ငယ်က ကစားခဲ့ဘူးတာအမှတ်ရတယ်။
ဂျပန်တွေစစ်ပြေးရင်းရွာထဲဝင်၊ဘကြီးရဲနွားတွေကိုပိုက်ဆံတအိတ်ကြီးပေးဝယ်သွား။
သူတို့မကြာမီစစ်ရှုံးပါလေရော။သူတို့ရှုံးပြေးပြေးနေစဥ်စားစရာအတွက်ရွာထဲကနွား၊ဝက်၊ကြက်တွေကိုပိုက်ဆံတွေကိုစက်နဲ့ရိုက်ထုတ်ပေးခဲ့တာဂုံနီအိတ်ကြီးတွေနဲ့။
မမြင်ဘူးတဲ့ငွေအများကြီးရတော့ပျော်လိုက်ကြတာ။
မကြာမီသူတို့စစ်ရှုံးကြောင်းကျေညာတော့အဲဒီငွေတွေကတန်ဘိုးမဲ့စက္ကူအသစ်တွေဖြစ်ပါလေရော။
တသက်လုံးမွေးလာတဲ့နွားဝက်ကြက်တွေကိုနှမြောလိုက်ကြတာ။

References
ဆက်စပ် အကြောင်းအရာများ နှင့်
စာရေးဆရာကြီး မောင်ထင်၏ ဂျပန် ခေတ်သမိုင်း ဝတ္ထု စာအုပ်ကောင်းတစ်အုပ်

Credit
1-Hla Thaung Facebook post ( 24 July 2023 )

2- Youtube video
တန်ဘိုးအနိမ့်ဆုံးငွေကြေးစနစ် သုံးနေကြတာ
ဘယ်လိုနိုင်ငံတွေလဲ

3- ရှေးခေတ် ဟောင်းကာလ များဆီက
တန်ဘိုးရှိတဲ့ မြန်မာငွေအကြွေ ပြား စေ့ များနှင့်
ယနေ့ စင်ကာပူမှာ နေ့စဉ် သုံးနေကြဆဲဖြစ်တဲ့
ငွေအကြွေ ဆင့် Cent ပြားများ

တွေးမိတွေးရာ ရေးမိရေးရာ
ဘဝရေးရာ စာပဒေသာ ( ၅ )

အကြွေ့ ဇာတ်ကြောင်း

4- မောင်ထင်၏ ငဘ ဝတ္ထု

အေးမြင့် ( ညောင်တုန်း)
၂၄-၇-၂၀၂၃
——-