နှလုံးသွေးကြေ,ကျဉ်း ေ၇ာဂါကာကွယ်ရေး ဆောင်ရန်ရှေင်ရန် အစားအစာများ
https://youtu.be/nqiQGw_yp-0?si=x1H3xba-503OjoVl
Heart Health After 40: Best Foods to Prevent Coronary Artery Disease (CAD) Naturally | Heart Healthy Diet Guide
နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease – CAD) ဆိုတာ ဘာလဲ? ဘာကြောင့် ဖြစ်တာလဲ? နှလုံးကို ပြန်လည်ကျန်းမာလာစေဖို့ ဘယ်လိုအစားအသောက်တွေကို စားသုံးပြီး ဘယ်အရာတွေကို အထူးရှောင်ကြဉ်ရမလဲဆိုတာ ဒီဗီဒီယိုမှာ အသေးစိတ် ရှင်းပြပေးထားပါတယ်။ အထူးသဖြင့် အသက် ၄၀ ကျော်လာပြီဆိုရင် မိမိရဲ့ နှလုံးကျန်းမာရေးအတွက် ဒီအချက်တွေကို မဖြစ်မနေ သိထားဖို့ လိုအပ်ပါတယ်ခင်ဗျာ။
Is your diet protecting your heart or putting it at risk? Coronary Artery Disease (CAD) is one of the leading causes of heart attacks worldwide. In this video, we dive deep into Coronary Artery Disease (CAD) and how you can manage it through nutrition. Specifically for those over 40, understanding heart health is crucial for longevity and preventing heart attacks.
Learn how to prevent coronary artery disease naturally with the best heart healthy foods and foods to avoid after age 40.
You can read my book as the Flipbook. ( copy and paste on internet web page )
ဆရာဝန်များထံမှ ကြားရခဲသော ကျန်းမာရေး အသိပညာအချို့ စာအုပ်နမူနာ https://fb.watch/ATnBYTE3cu/?
စာဖတ်နေသော ချမိးမြေ့ဆ၇ာတော် ဘုရားကြီး။ သက်တော် ၉၈ နှစ်ရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးထံ စွယ်တော်ဦးတင်အောင်ကျော်နှင့် ဇနီးတို့က ‘ဆရာဝန်များထံမှ ကြားရခဲသော ကျန်းမာရေးအသိပညာအချို့’ စာအုပ်ကို ၁၄ ဇူလိုင်က သွားရောက် ဆက်ကပ်လှူဒါန်းပါသည်။ စာအုပ်ကို စိတ်ဝင်တစားဖတ်ရှုနေသော ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ပုံတော်များကို ဖူးတွေ့ကြည်ညိုနိုင်ကြရန် ဝေမျှပါသည်။ https://fb.watch/ATnBYTE3cu/?


”ငြှိုးငယ်သောစိတ်ကြောင့် မျက်နှာပါ မရွှင်မလန်းဖြစ်နေသူတို့ကို ဘယ်မှာ အများဆုံးတွေ့နိုင်သလဲ” ဟု မေးလျှင် ”အသုဘပို့တဲ့အခါ”ဟု အတော်များများက ဖြေဆိုကြမည် ထင်ပါသည်။ ကျွန်တော်ကတော့ ယင်းသို့မယူဆပါ။ အသုဘပို့သူအချို့သည် တွေ့တုန်းဆုံတုန်း ဝိုင်းဖွဲ့စကားပြောကြရုံမက ဟားတိုက်ရယ်မောနေကြသည်ကို သင်္ချိုင်းတွင် ရံခါမြင်ရသောကြောင့် ဖြစ်ပါသည်။

လာရောက်သူအားလုံး(နီးပါး) စိတ်ရောကိုယ်ပါ ငြှိုးငယ်လျက် မရွှင်မလန်းဖြစ်နေသူတို့ကို အများဆုံး တွေ့နိုင်သော နေရာမှာ ဆေးရုံဆေးခန်းများတွင် ဖြစ်သည်ဟု ယူဆပါသည်။ (ရောဂါသက်သာနေသူများ၏ သီးသန့်အခန်းများထဲတွင်က လွဲ၍) ဆရာဝန်ပြရန် စောင့်ဆိုင်းသောအခန်းများတွင်ကအစ၊ ဓာတ်မှန်ရိုက် သွေးဖောက်သောနေရာများအလယ်၊ ငွေရှင်းကောင်တာအဆုံး ဆေးရုံဆေးခန်း ဘယ်နေရာကြည့်ကြည့် မရွှင်လန်းသော မျက်နှာများကိုသာ တွေ့ဖူးသည်။ သင်္ချိုင်းတွင်ကဲ့သို့ ဟားတိုက်ရယ်မောနေကြသူများကို ဆေးရုံဆေးခန်းများ၌ တကြိမ်တခါမျှ မတွေ့ဖူးပါ။

ကိုယ်စိတ်ပင်ပန်းစေရုံတင်မက ရှာဖွေစုဆောင်းထားသမျှ ခန်းခြောက်သွားစေနိုင်သော ဆေးရုံဆေးခန်းများ၌ မနက် နေ့လည် ည၊ အခါသုံးပါး စောင့်ဆိုင်း အကုအသခံနေရသူ အမြောက်အမြားထဲတွင် မိမိမပါအောင် အထိုက်အလျောက် လုပ်ဆောင်နိုင်သောနည်းမှာ ဆရာဝန်များ ညွှန်ကြားသည့် ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများအတိုင်း လိုက်နာကြဖို့ ဖြစ်သည်။ သို့သော် လူ အတော်များများ၏ သဘာဝမှာ ဖြစ်ကာမှ ဖြစ်ရော၊ ကြိုတင်ကာကွယ်ဖို့ လုပ်ဆောင်ရန် စိတ်မပါတတ်ကြပေရာ ယင်းသို့သောသူများထဲတွင် ကျွန်တော်လည်း နှစ်များမကြာမီအထိ ပါဝင်ခဲ့ပါသည်။

သို့သော် မိမိ၏ဝါသနာအရ ရောဂါအချို့ ဖြစ်ရခြင်း၏ နောက်ခံအကြောင်းတရားများကို သိပ္ပံနည်းကျ ဖော်ပြထားသည်တို့ကို လေ့လာသိရှိလာသောအခါတွင်မူ ရောဂါကာကွယ်ရေး နည်းလမ်းများထဲမှ အချို့ကို လိုက်နာနိုင်ခဲ့ပါသည်။ လိုက်နာသလောက် အကျိုးရှိမှန်းလည်း နားလည်ခဲ့ပါသည်။ မိမိနားလည်ခဲ့သမျှကို အများသိရှိနားလည်စေဖို့ ‘ဆရာဝန်များထံမှ ကြားရခဲသောကျန်းမာရေးအသိပညာအချို့’စာအုပ်ကို လှူဒါန်းရန် ရည်ရွယ်ရေးသားခဲ့ရာ ယခုပြီးစီးပြီ ဖြစ်ပါသည်။
ရောင်းတမ်းမဟုတ်၊ လှူဒါန်းသည်ပင် ဖြစ်စေ၊ ဤစာအုပ်မျိုးကို စိတ်ဝင်စားသူ များလှမည် မဟုတ်ကြောင်း မရေးမီကတည်းက သဘောပေါက်ပြီး ဖြစ်ပါသည်။ အဘယ့်ကြောင့်နည်းဟူမူ အဖတ်များသည့် ကျန်းမာရေးစာများကို အကဲခတ်ပါက ဘယ်သစ်ရွက်ကို ပြုတ်သောက်လျှင် ဒီရောဂါသက်သာမည်၊
ဘယ်သစ်ဥကို ပုံမှန်စားလျှင် ဘယ်ရောဂါပျောက်မည် စသည့် လုံလောက်သော အထောက်အထား ကင်းမဲ့သည့် ရေးသားချက်များ၊ ကင်ဆာရောဂါသည်များ သကြားရှောင်ရမည်ဆိုသော ဆေးပညာနောက်ဆုံးတွေ့ရှိချက်လိုလို ဘာလိုလို ထင်ရသော အချက်အလက်အမှားများက လူမှုမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားကြသည်ကို တွေ့ရသောကြောင့် ဖြစ်ပါသည်။
မည်သို့ရှိစေ၊ ရောဂါအချို့၏ ခိုင်လုံသော နောက်ခံအကြောင်းအရာများကို အများသိစေလို၍ ရေးခဲ့သော ‘ဆရာဝန်များထံမှ ကြားရခဲသောာ ကျန်းမာရေးအသိပညာအချို့’ စာအုပ်ကို ယနေ့မှစ၍ အောက်ပါနေရာများမှတဆင့် စတင်လှူဒါန်းနေပြီ ဖြစ်သောကြောင့် နီးစပ်ရာဆိုင်များသို့ သွားရောက် အလှူခံရယူနိုင်ကြပါပြီ။ (အွန်လိုင်းမှ ကြိုတင်မှာကြားသူများထံ ယနေ့ပေးပို့လိုက်ပါပြီ။)
ရန်ကုန်ဆိုင်များ (ယနေ့မှစ၍ အလှူခံရယူနိုင်)
စာပေဗိမာန်အရောင်းဆိုင်၊ ကုန်သည်လမ်း
ပါရမီစာပေ၊ ၂၃၀၊ ၂၉ လမ်း၊ ပန်းဘဲတန်း
ပါရမီစာပေ၊ ၂/၄၊ ကမ္ဘာအေးစေတီတော်မုခ်ဦးစောင်းတန်း
ဒေါက်တာသိန်းဝင်းဆေးခန်း၊ အမှတ် ၅၈၊ သမိန်ဗရမ်းလမ်း(အာသောကလမ်းထိပ်)၊ တာမွေ
ဂုဏ်ရည်ဆေးဆိုင်၊ နန္ဒဝန်ဈေးရှေ့၊ တောင်ဥက္ကလာပ
သုခမေတ္တာဆေးဆိုင်၊ အမှတ် ၂၉၂၊ ဗြဟ္မစိုရ်လမ်း၊ တောင်ဥက္ကလာပ
နယ်ဆိုင်များ (မနေ့ကပို့ထား၊ သောကြာနေ့ခန့်တွင် ရောက်မည်ဟု ယူဆ)
ထွန်းဦးစာပေ၊ မန္တလေး
အောင်မင်္ဂလာစာပေ၊ မုံရွာ
ပြည့်စုံစာပေ၊ တောင်ကြီး
ရွှေပြည်စိုးစာပေ၊ မကွေး
ကိုတိုးကိုကိုဝင်း၊ အမှတ် ၆၆၊ မြို့မတောင်၊ လမ်းမတော်၊ ရွှေပုစွန်မုန့်ဆိုင်၊ ရေနံချောင်း
ယုန်မင်းစာပေ၊ ပြည်
ကျော်ကျော်စာပေ၊ မော်လမြိုင်
ပါရမီစာပေ၊ ၂၉၅၊ ဈေးအရှေ့လမ်း၊ ထားဝယ်
Health Topics by Dr . သွေးတိုး ပြဿနာ။ https://fb.watch/AYK3ChIsC7/?
