HEALTH MATTERS ဆီးနှင့်ကျောက်ကပ် ရောဂါ/Kidney 1/2 နှင့် ဆီး လမ်းကြောင်း ပိုးဝင် UTI Urine Track Infection ပြဿနာများ ။. ဆီးကျိတ် ပြဿနာ၊

” ဆီးလမ်းကြောင်းထဲပိုးဝင်တဲ့အခါ သင့်ကို သတိပေးနေတဲ့ ရောဂါလက္ခဏာများ…”

Aungwin Hein 519 Likes 14,006 Views 2024 1 Feb သင် ဆီးသွားတဲ့အခါပူလောင်တဲ့ခံစားချက် ( ဒါမှမဟုတ် ) နာကျင်တဲ့ခံစားချက် ဖြစ်ဖူးသလား…။ အဲဒီလို ဖြစ်ဖူးခဲ့ရင် သင့်မှာ ဆီးလမ်းကြောင်းထဲ ပိုးဝင်တဲ့ ရောဂါ ရှိခဲ့ဖူးတယ်လို့ ပြောနိုင်တယ်…။ ကျောက်ကပ်မှာ ရောဂါပိုးဝင်တာကို ပိုင်လိုနက်ဖရိုက်တစ် ( Pyelonephritis ) လို့ခေါ်ပါတယ်…။ ဆီးအိမ်မှာ ရောဂါပိုးဝင်တာကို စစ်စတိုက်တစ် ( Cystitis ) လို့ ခေါ်ပါတယ်…။ ဆီးလမ်းကြောင်းပိုးဝင်တဲ့သူများဟာ ကျောက်ကပ်ကို ထိခိုက်စေနိုင်သလား…ဆိုတဲ့မေးခွန်းကို ဖြေဆိုထားပါတယ်…။

Kyaw Oo 13 May 2025 စာရေးဆရာ ဦးကျော်ဦး ၏ အတွေ့အကြုံ

ကျွန်တော်ရော၊ ဇနီးဖြစ်သူပါ ကျောက်ကပ်အားနည်းသည့်ရောဂါ(CKD)ကို ကုသခဲ့ရာတွင် ဆရာဝန်ပြောသမျှနှင့် မကျေနပ်ဘဲ ကိုယ်တိုင် စွမ်းနိုင်သမျှ ခြေခြေမြစ်မြစ် နှိုက်နှိုက်ချွတ်ချွတ် လေ့လာခဲ့သဖြင့် ယင်းရောဂါအကြောင်း သာမန်ရောဂါသည်များထက် ပိုသိနေသည်။ သိသမျှကို ပို့စ်ရေး၍ မျှဝေမည်ဟု စိတ်ကူးရသည်မှာ ကြာပြီဖြစ်သော်လည်း ကိုယ်တိုင်က ဆရာဝန် မဟုတ်သဖြင့် ယင်းစိတ်ကူးကို စွန့်လွှတ်ထားခဲ့သည်။ ဒီနေ့မနက်ကြုံရသော အချက်နှစ်ချက်ကြောင့် မိမိသိသမျှကို ရေးပြမှပဲ ဖြစ်တော့မည်ဟု ဆုံးဖြတ်၍ ဤပို့စ်ကို တင်ပါသည်။ မှားယွင်းချွတ်ချော်မှုများ ရှိပါလျှင် ဆေးပညာရှင်များက အများအကျိုးအတွက် ပြင်ဆင်ပေးပါရန် ပန်ကြားအပ်ပါသည်။

ဒီနေ့ မိတ်ဆွေတစ်ဦးနှင့် စကားစပ်မိရာက သူလည်း ကျောက်ကပ်အားနည်းသူ သို့မဟုတ် တာရှည်ကျောက်ကပ်ရောဂါ (CKD) ဖြစ်နေကြောင်း သိရသည်။ တာရှည်ကျောက်ကပ်ရောဂါသည်များသည် လူကောင်းတို့ထက် ပရိုတင်းကို လျှော့စားရသည်။ ပရိုတင်းမည်မျှလျှော့စားရမည်ကို လူနာ၏ အခြေအနေကို လိုက်၍ ဆရာဝန်က ညွှန်ကြားရသည်။ ပရိုတင်းလျှော့စားသောကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မစနစ် မထိခိုက်စေရန် ဖြည့်စွက်အစာတစ်မျိုးကို နေ့စဉ်စားပေးရသည်။ မြန်မာဆရာဝန်တို့ အပေးများသော ယင်းဖြည့်စွက်အစာက NOCID ဖြစ်သည်။

ကျွန်တော့မိတ်ဆွေကိုလည်း သူ့ဆရာဝန်က NOCID သောက်ခိုင်းထားသည်။

ကျွန်တော်က သူ့ကိုမေးသည်။ ”အစားအသောက်နဲ့ ပတ်သက်ပြီး ဆရာဝန်က ဘာပြောသေးသလဲ”

”အသားနည်းနည်းလျှော့စားလို့ ပြောတယ်။ ပြီးတော့ NOCID တစ်ရက် နှစ်လုံးသောက်ရမယ်လို့ ညွှန်ကြားတယ်”https://youtu.be/ShQXxqM7RU4?si=SJVqxzRr2t_y8_bi

”ဟုတ်ပြီ၊ အသားဘယ်လောက်လျှော့စားရမယ်လို့ ပြောသလဲ”

”အတိအကျ မပြောဘူး၊ နည်းနည်းလျှော့ဆိုတော့ ကျွန်တော်ကလည်း နည်းနည်းပဲ လျှော့စားနေတာပဲ”

တာရှည်ကျောက်ကပ်ရောဂါသည်များသည် ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ၁ ရက် ပရိုတင်း ဝ ဒသမ ၆ ဂရမ်မှ ဝ ဒသမ ၈ ဂရမ်အတွင်းသာ စားသင့်သည်ဟု ဆေးပညာရှင်များက ဆိုသည်။ သို့သော် ကျွန်တော်တို့ ဇနီးမောင်နှံကိုရော၊ အထက်က မိတ်ဆွေအပါအဝင် ကျွန်တော်မေးခဲ့သမျှ တာရှည်ကျောက်ကပ်ရောဂါသည်များကိုပါ မြန်မာဆရာဝန်တို့က ဖော်ပြပါအတိုင်း အတိအကျ မညွှန်ကြားကြပါ။ အသားလျှော့စားရမည်ဟုသာ ပြောကြသည်။

ဘာ့ကြောင့် အတိအကျ မညွှန်ကြားသလဲ။ ကိုယ်အလေးချိန်နှင့် ရောဂါအခြေအနေကို လိုက်ပြီး စားရမည့် ပရိုတင်းပမာဏကို တွက်ရမည်။ ပြီးတော့ ဘယ်အစာမှာ ပရိုတင်းဘယ်လောက်ပါသလဲ ဆိုတာကို ထပ်တွက်ပြီး လူနာကို ထမင်းက ဘယ်လောက်၊ ပေါင်မုန့် ဘယ်လောက်၊ ဘယ်အသားက ဘယ်လောက်ပဲစား စသဖြင့် အသေအချာ ရှင်းပြရမည်။ ယင်းသို့ရှင်းနေလျှင် လူနာတစ်ဦး အနည်းဆုံး ငါးမိနစ်ကြာမည်။ ဆရာသမားများက ယင်းမျှ အချိန်အကုန်မခံနိုင်သည့်အတွက် ”အသားနည်းနည်းလျှော့စား” ဆိုတာနဲ့ပဲ ပြီးသွားသည်။ တွေးမိသမျှ ပြောရခြင်း ဖြစ်ပါသည်။ ဟုတ်ချင်မှဟုတ်မည်။

”အသားနည်းနည်းလျှော့စား”ဟုဆိုရာတွင် ဘယ်လောက်နည်းသည်ကို နည်းနည်းခေါ်သလဲဆိုတာကို မသိကြသဖြင့် လူနာအတော်များများမှာ လျှော့သင့်သလောက် မလျှော့ကြသောကြောင့် ရောဂါကုသရာတွင် ထိရောက်မှု နည်းသည်ဟု ယူဆနိုင်သည်။ ရောဂါမသက်သာ။ ကျောက်ကပ်အားနည်းသော လက္ခဏာများ တိုး၍ ဖြစ်ပေါ်လာသည်။ နောက်တစ်ချက်က ဖြည့်စွက်အစာ NOCID ကို သောက်ခြင်းသည် ပရိုတင်းလျှော့စားသည်ကို အားဖြည့်ပေးရန်ဟု ဆိုထားရာ ပရိုတင်းလျှော့သင့်သလောက် လျှော့မစားကြသူတို့အတွက် NOCID သောက်ခြင်းသည် အပိုကြီးဖြစ်နေသည်၊ ငွေကုန်တာပဲ အဖတ်တင်သည်ဟု ထင်သည်။ တွေးမိသမျှ ပြောရခြင်း ဖြစ်ပါသည်။ ဟုတ်ချင်မှဟုတ်မည်။

ဆရာဝန်တွေက ပြောသင့်တာတွေကို ပြည့်ပြည့်စုံစုံ မပြော၊ မပြောတော့ ဆောင်ရန် ရှောင်ရန်တို့ကို သေသေချာချာမသိ၊ မသိတော့ ရောဂါမသက်သာသူများထဲတွင် ကျွန်တော့ဇနီးလည်း ပါသည်။ ပထမသမားတော်နှင့် ပြသည်။ အသားလျှော့စား၊ NOCID တစ်ရက် နှစ်လုံးသောက်ဟု ညွှန်ကြားသည်။ တစ်လကြာသော်လည်း မသက်သာ။ ဒုတိယသမားတော်နှင့် ပြသည်။ အသားလျှော့စား၊ NOCID တစ်ရက် နှစ်လုံးသောက်ဟုပင် ညွှန်ကြားသည်။ နောက်တစ်လကြာသော်လည်း မသက်သာ။ တတိယသမားတော်နှင့် ပြသည်။ အရင်သမားတော်တွေ အတိုင်းပါပဲ။

သို့နှင့် ကိုယ့်မြန်မာဆရာကြီးတွေနဲ့တော့ မဖြစ်ချေဘူးဟု ဆုံးဖြတ်ကာ ၂၀၂၃ အောက်တိုဘာတွင် စင်ကာပူသို့ သွားသည်။ စင်ကာပူကျောက်ကပ်သမားတော်က သောက်ဆေး(NOCID မဟုတ်)အပြင် လူနာလိုက်နာရမည့် အစားအသောက် အနေအထိုင်ပုံစံများကို တိကျပြတ်သားသော စကားလုံးများ၊ ပုံများဖြင့် ရှင်းရှင်းလင်းလင်း သိစေသည်။ သူ၏ ကုသမှုကို ခံယူအပြီး တစ်နှစ်ခွဲခန့်အကြာ ယခု ၂၀၂၅ မေလတွင် သူ့ကျောက်ကပ်အားနည်းမှုကို ကောင်းစွာ ထိန်းနိုင်ပြီး အခြေအနေ သိသာစွာ တိုးတက်လာကြောင်း တွေ့ရပါသည်။

အထက်က ရေးခဲ့သည်များမှာ မြန်မာနှင့်စင်ကာပူကျောက်ကပ်သမားတော်များ၏ ညွှန်ကြားချက်များကို ထပ်ဆင့်လေ့လာရာမှ သိလာသောအချက်များ ဖြစ်ပါသည်။ သည်အကြောင်း အစက မရေးခဲ့သည်မှာ တာရှည်ကျောက်ကပ်ရောဂါကို ကုသရာ၌ သိသင့်သည်တို့ကို မြန်မာလို မပြန်ဝံ့သောကြောင့် ဖြစ်သည်။ ဆရာဝန်မဟုတ်သဖြင့် အမှားပါမည် စိုးသည်။ အမေရိကန်အခြေစိုက် ကျောက်ကပ်ဖောင်ဒေးရှင်း(NKF)က တာရှည်ကျောက်ကပ်ရောဂါအကြောင်း သိသင့်သည်တို့ကို အင်္ဂလိပ်အပါအဝင် ဘာသာ ၁၃ မျိုးဖြင့် ပြန်ဆိုဖြန့်ချိထားသည့်အထဲတွင် မြန်မာဘာသာလည်း ပါဝင်ကြောင်း ဒီနေ့ကျမှ တွေ့ရသဖြင့် မိတ်ဆွေများ သိစေရန် ဝေမျှပါသည်။ မြန်မာသမားတော်တို့ မိမိလူနာကို အချိန်ယူပြောသင့်သော်လည်း မပြောသည်များထဲမှ အချို့ကို အောက်ပါလင့်ခ်၌ မြန်မာဘာသာဖြင့် လေ့လာနိုင်ကြပါသည်။