စိန်စတင်းဆိုင်းအဖွဲ့ ဖျော်ဖြေခန်း ၊သမိုင်းတွင်မည့်ဆိုင်း ။
အလင်္ကာကျော်စွာ စိန်စတင်း မြန်မာ့ အသံ ဓါတ်ပြား အမှတ် ( ၁ )
အလင်္ကာကျော်စွာ စိန်စတင်း မြန်မာ့ အသံ ဓါတ်ပြား အမှတ် ( ၂ )
အလင်္ကာကျော်စွာ စိန်စတင်း မြန်မာ့ အသံ ဓါတ်ပြား အမှတ် ( ၄ )
အတွဲညီတဲ့ စိန်စတင်း ရဲ့သား ကျော်ကျော်ဟန် နှင့် ရွှေ ၂၄ ဆု ရှင် သူဇာအောင်
နိုင်င့ကျော် ရွာစားကြီး စိန်စတင်း နှင့်သူ့သား ကျော်ကျော်ဟန်
သားများနှင့်အဖေကြီးတို့၏ အကောင်းဆုံးတင်ဆက်ခြင်း
မြန်မာ့ ရိုးရာ ဆိုင်းပညာရှင် ရွာစားကြီးစိန်စတင်း
မကွယ်လွန်မီက
သူ့သားငယ် ယနေ့ ကျော်ကျော်ဟန်နှင့် အတူ
ဆိုတီး ခဲ့ကြသော စပယ်ပန်း သီချင်း
ဝီကီပီးဒီးယား မှ ရွာစား ဆရာကြီးစိန်စတင်း
ဆရာဘကြီးသည် ဓနုဖြူမြို့နယ်၊ သူဋ္ဌေးကုန်းကျေးရွာ အဖ ဦးမန်းဒီလုံး၊ အမိ နော်အေးချမ်းတို့မှ မွေးဖွားခဲ့သည်။
စိန်စတင်း-ဟူသော ဆရာ့နာမည်ဖြစ်လာပုံက စိတ်ဝင်စားစရာကောင်းပါသည်၊ လွန်ခဲ့သော အနှစ်(၆၀)ခန့်ကဖြစ်သည်၊ ဆရာတို့ရွာနှင့်ကပ်လျက်နေသော တောကြီးရွာတွင် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ဒုံးအကတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေချိန်ဖြစ်သည်၊ ထိုအချိန်က တိုင်းပြည်တွင် ငြိမ်းချမ်းမှုမရှိသောကာလလည်း ဖြစ်လေရာ ကရင်နှစ်သစ်ပွဲတော်ကို ဖျက်ဆီးလိုသည့် အဖွဲ့တစ်ဖွဲ့မှ စတင်းဂန်း သေနတ်ကို မိုးပေါ်ထောင်ပစ်ပြီး ပွဲကို ဖျက်သိမ်းခဲ့ကြပါတယ်၊ ထိုအချိန် စိန်စတင်း၏မိခင်မှာ သူ့ကိုကိုယ်ဝန် လွယ်ထားရသဖြင့် သေနတ်သံကြားရတော့ ကြောက်လန့်ပြီး ပုန်းခိုနေရင်း ဗုံးကျင်းထဲမှာပင် စိန်စတင်းကို မွေးဖွားခဲ့ရသည်။ အဖွားဖြစ်သူ ဝမ်းဆွဲသည် ဒေါ်အမာက –စတင်းဂန်းပစ်ဖောက်တဲ့အချိန်မှာ ငါ့မြေးကိုမွေးတယ်၊ ဒါကြောင့် ငါ့မြေးလေးကို စတင်းလေး-လို့ နာမည်ပေးမယ်-ဆိုပြီး စတင်းလေးမှသည် ယခု အောင်မြင် ကျော်ကြား နေသော နိုင်ငံကျော် စိန်စတင်း ဖြစ်လာခဲ့သည်။
ဆရာကြီးသည် မိမိကိုယ်တိုင်ထူးချွန်သူမကပဲ မိမိမျိုးဆက်သစ်တွေကိုလည်း ထူးချွန်စေသူဖြစ်ပါတယ်၊ ဆရာ့မှာ သားသမီး(၅)ယောက်ထွန်းကားပြီး ထိုသားသမီး ငါးယောက်စလုံးမှာလည်း လိမ္မာ ထူးချွန်သူများ ဖြစ်ကြသည်။ ဒါကြောင့်ဆရာသည် ဖခင်ကောင်း တစ်ယောက် ဖြစ်သလို ဥယျာဉ်မှူးကောင်း တစ်ယောက်လည်း ဖြစ်ပါတယ်၊ ဆရာရဲ့ ထူးချွန်သော သားသမီးများမှာ အောက်ပါအတိုင်းဖြစ်သည်-
- စိန်နိုင်လင်းခေါ် နိုင်စတင်း= ဆိုကရေးတီး ဆိုင်း ရွှေခုနှစ်ဆု၊ ငွေနှစ်ဆု၊
- မောင်မင်းကို= ပတ်တီးလက်ထောက်၊ ဆိုကရေးတီး ပတ္တလားရွှေတစ်ဆု၊ ငွေနှစ်ဆု၊ ကြေးနှစ်ဆု၊
- ဒေါက်တာတင်တင်ယု
- ရွှေအလင်္ကာ စိန်မင်းနိုင်= ဆိုကရေးတီး ရွှေ ရှစ်ဆု၊ ငွေတစ်ဆု၊
- ကျော်ကျော်ဟန်(အဆို) ရန်ကုန်တိုင်း အိုးစည်ဒိုးပတ်နည်းပြ၊ ဆိုကရေးတီး ရွှေနှစ်ဆယ့်သုံးဆု၊ ငွေနှစ်ဆု၊ ကြေးနှစ်ဆု
တို့ဖြစ်သည်။
ကိုးကား
ကဏ္ဍ:
ချစ်မိုးကြီး – ကျော်ကျော်ဟန် + သူဇာအောင်
သူဇာအောင် ဆို သေိချင်းများ 200 videos
သူဇာအောင် 81 videos
