မှတ်ဖွယ်မှတ်ရာ စာပဒေသာ

မှတ်ဖွယ်မှတ်ရာ စာပဒေသာ

General Knowledges and Water Resources Management in Myanmar

Menu Skip to content
  • Home
  • ဘာသာစကား / မြန်မာစာ မြန်မာစကား
    • Biography အထုပ္ပတ္တိ
    • Music မြန်မာ့ ဂီတလောက
    • မြန်မာ့ ဂီတ။ မြန်မာသံစဉ် သီချင်းများ
    • မြန်မာ့ ဂီတ လောက နှင့် မြန်မာ သံစဉ် သီချင်း များ
  • သမိုင်း / မြန်မာ့သမိုင်း
  • ဆည်မြောင်းလောက
    • ဆည်မြောင်းလောက / ဆည် တမံ ရေးရာ
    • ဆည်မြောင်း လောက / ရေဘေး အန္တရာယ်
    • Water Resources Management
  • Floods
2 Jul 20252 Dec 2025 uamyint

BUDDHISM ဖတ်စရာ မှတ်စရာ ဘာသာရေးရာ သာသနာရေးရာ အဖြာ ဖြာ All About Buddha Dhamma

ဖတ်စရာ မှတ်စရာ
ဘာသာရေး သာသနာရေးရာ
စာပဒေသာ

အာရှကမ္ဘာနှင့် နှင့် အရှေ့ တောင်အာရှ နိုင်ငံများ၏
ခေတ် သမိုင်း အဆက်ဆက် တွင်
ကမ္ဘာ့ ထိပ်တန်း ထေရဝါဒ ဗု ဒ္ဓဘာသာနိုင်ငံတော်ကြီး အဖြစ် စည်ပင် ပွါးများ ထွန်းကားခဲ့ရာ
အမိမြေ မြန်မာနိုင်ငံ တော် ကြီး တွင် နေထိုင်နေကြသူ
မြန်မာ ဗုဒ္ဓဘာသာဝင် အများ ပြည်သူတွေ အတွက်

ပဲခူးမြို့ ဝင်း နိမိတ္တာရုံ ကျောင်း တိုက် ဆရာတော် ဘုရား ကြီး၏
မိခင် တိုင်းနိုင်ငံ နေ ပြည်သူတွေ အများ
မိမိတို့၏ နေ့စဉ် လူမှုဘဝများကို
ဘုရားဟော တရားဓမ္မများနှင့်အညီ စိတ် အေးချမ်း သာ ပျော်ပါးစွာ ဖြင့်
နေ့စဉ် ဘဝများကို စိတိချမ်းသာ ကိုယ်ကျန်းမာစွာ ဖြတ်သန်းကျော်လွှားနိုင်ကြ စေရေး
နိုင်ငံနေ အများပြည်သူ များ လိုက်နာကျင့်ကြံ အသုံးချ နိုင်ကြ စေရန် ရည်ရွယ်လျက်
ဟောကြား ပြသတော်မူခဲ့သော
ဘာသာရေး သာသနာရေး ပညာပေး
မြတ်ဗုဒ္ဓ၏ အဆုံးအမ တရား တော်များ ။

မိတ်ဆွေများ အတွက်
စုဆောင်း စုစည်း တင်ပြ မျှဝေ ပါသည် ။

မေတ္တာဖြင့်

အေးမြင့် ( ညောင်တုန်း)
2 July 2025 )

( မြန်မာနိုင်ငံ၏ စာတတ်ပေတတ် ပညာတတ် ဆရာတော်ကြီးမှာ
မမျော်လင့်စွာ ဘဝနတ်ထံ ပျံလွန်တော်မူ သွားရ ခဲ့ပြီ ဖြစ်ပါသည် )

ဝင်းနိမ္မိတာရုံဆရာတော် Wikipedia

ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ။ ဘာသာ။ ဗုဒ္ဓဘာသာ။ ဘာသာအုပ်စု ထေရဝါဒ။ ကျောင်းတိုက်။ ဝင်းနိမ္မိတာရုံကျောင်းစာသင်တိုက်၊ပဲမြို့။ဘွဲ့တံဆိပ

ဝိနယာဓိကပရိယတ္တိပထမကျော်၊

နိုင်ငံတော်အစိုးရ ပထမကျော်၊

ပရိယတ္တိသာသနာဟိတ(သကျသီဟ)ဓမ္မာစရိယ၊

စေတိယင်္ဂဏပရိယတ္တိဓမ္မာစရိယဂဏဝါစက၊

သာသနဓဇဓမ္မာစရိယ၊

အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊

နိုင်ငံတော်အစိုးရတိပိဋကဒီဃဘာဏက၊

ပရိယတ္တိသာသနဟိတဓရဂုဏဝိသိဌ၊

အနေကဂန္တကာရက၊

အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ

အဂ္ဂမဟာပဏ္ဍိတ

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ

ပုဂ္ဂိုလ်ရေးရာ. နိုင်ငံသား/လူမျိုး။ မြန်မာ ။ မွေးဖွား၁၂ ဒီဇင်ဘာ၊ ၁၉၄၆
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကုက္ကိုလ်ကျေးရွာ။ ။ ကွယ်လွန်။ ၁၉ ဇွန်၊ ၂၀၂၄ (အသက် ၇၇) မန္တလေးတိုင်းဒေသကြီး၊ မြို့သာ နှင့် ပန်းချီကမ္မရွာ ကြား။ မိဘ။ ဦးထွန်းရွှေ-ဒေါ်ကျေးရင်။ ရာထူး တာဝန်။ ဌာန။ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းဓိုရ်၊
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့(အဖွဲ့ဝင်) (ငြိမ်း)၊
ပဓာန နာယကဆရာတော်၊ဝင်းနိမ္မိတာရုံကျောင်းတိုက်၊ပဲခူးမြို့၊
ရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်ဆရာတော် ၊
ရွှေကျင်ဂိုဏ်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊

မာတိကာ

  • အစပိုင်း
  • ရှင်ရဟန်းပြုတော်မူခြင်း
  • စာသင်သားဘဝ
  • အောင်မြင်ခဲ့သည့်စာမေးပွဲများ
  • သာသနာရေးကိစ္စများဆောင်ရွက်တော်မူပုံ
  • ဘဝနတ်ထံ ပျံလွန်တော်မူခြင်း
  • ပြုစုခဲ့သည့်ကျမ်းများ
  • ကိုးကား

ဝင်းနိမ္မိတာရုံဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသ (၁၂ ဒီဇင်ဘာ၊ ၁၉၄၆ – ၁၉ ဇွန်၊ ၂၀၂၄) သည် စာချအကျော်ဆရာတော် တစ်ပါးဖြစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် (ငြိမ်း) ဆရာတော်တစ်ပါးလည်း ဖြစ်သည်။ စာပေကျမ်းဂန်နှံ့စပ်ကျွမ်းကျင်သည့် ဆရာတော်တစ်ပါးအဖြစ်လည်းကောင်း၊ ရှင်းတမ်းကျမ်း များအားပြုစုသည့်အတွက် ရှင်းတမ်းဆရာတော် အဖြစ် လည်းကောင်း ရဟန်းသံဃာထုကြားတွင် ထင်ရှားသည်။၂၀၂၄ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဘဝနတ်ထံပြန်လွန်တော်မူခဲ့ရသည်။[၁]

ရှင်ရဟန်းပြုတော်မူခြင်း

ကောဇာသက္ကရာဇ် ၁၃၀၈ ခုနှစ် နတ်တော်လပြည့်ကျော် ၄ရက်၊ခရစ်သက္ကရာဇ် ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၁၂ရက် ကြာသပတေးနေ့ တွင် ခမည်းတော် ဦးထွန်းရွှေ၊ မယ်တော် ဒေါ်ကျေးရင်တို့က ဆရာတော်လောင်းလျာအား ဖွားမြင်ခဲ့သည်။မွေးချင်းများအနက် သားဦး ဖြစ်ပြီး ချက်မြှပ်ဇာတိမှာ ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကုက္ကိုလ်ကျေးရွာ ဖြစ်သည်။သက်တော် ၁၀ နှစ်အရွယ် ၁၉၅၆ ခုနှစ်တွင် ပဲခူး ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် သို့ ရောက်ခဲ့ပြီး မိဘများ၏ ပစ္စယာနုဂ္ဂဟကိုခံယူလျက် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။သက်တော် ၂၀ အရွယ် တွင် ရှင်ရဟန်းပြုတော်မူသည်။ 

စာသင်သားဘဝ

ရှင်သာမဏေဘဝ ကတည်းက စာပေအရာ ထူးချွန်သူဖြစ်ခဲ့ပြီး သက်တော် ၁၄ နှစ်အရွယ် နှင့် ကြခတ်ဝိုင်းဆရာတော်ကြီး၏ လမ်းညွှန်မှုအောက်တွင် ရှင်သာမဏေများအား ရှင့်ကျင့်ဝတ်ပို့ချရသူဖြစ်ခဲ့သည်။ ပဲခူး ကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက် တွင် စာပေများလေ့လာသင်ယူတော်မူရင်း ရှင်သာမဏေဘဝ ဖြတ်သန်းခဲ့သည်။

အောင်မြင်ခဲ့သည့်စာမေးပွဲများ

သက်တော် ၁၁ နှစ် အရွယ် နှင့် ဝိနယာနုဂ္ဂဟသာမဏေရဘာဏကသီလသိက္ခာတန်း အား အောင်မြင်ခဲ့သည်။ သက်တော် ၁၇ နှစ်အရွယ် တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ကို ကျမ်းရင်း ၃ကျမ်း နှင့် တနှစ်အတွင်း နှစ်ချင်းပေါက်အောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံး ဒုတိယ အမှတ်အများဆုံး ရခဲ့သည်။ဆရာတော်သည် ပိဋကတ် တပုံဆောင်ဒီဃဘာဏကဘွဲ့ရရှိခဲ့သည့် ဆရာတော်လည်းဖြစ်သည်။

  • ဝိနယာနုဂ္ဂဟသာမဏေရဘာဏက သီလသိက္ခာတန်း (ကောဇာသက္ကရာဇ် ၁၃၁၉-ခုနှစ် )
  • အစိုးရ ပါဠိပထမပြန် ပထမငယ်တန်း (ကောဇာသက္ကရာဇ် ၁၃၂၁-ခုနှစ် )
  • ပဲခူး ဝိနယာဓိကပရိယတ္တိစာမေးပွဲ ပထမငယ်တန်း
  • ပဲခူး ဝိနယာဓိကပရိယတ္တိစာမေးပွဲ ပထမလတ်တန်း (ကောဇာသက္ကရာဇ် ၁၃၂၂-ခုနှစ် )
  • အစိုးရ ပါဠိပထမပြန် ပထမလတ်တန်း (ဒုတိယဂုဏ်ထူး) (ကောဇာသက္ကရာဇ် ၁၃၂၃-ခုနှစ် )
  • အစိုးရ ပါဠိပထမပြန် ပထမကြီးတန်း (ပထမဂုဏ်ထူး) ပထမကျော်ဘွဲ့ (ကောဇာသက္ကရာဇ် ၁၃၂၄-ခုနှစ် )
  • ပဲခူး ဝိနယာဓိကပရိယတ္တိစာမေးပွဲ ပထမကြီးတန်း ပထမ(ကောဇာသက္ကရာဇ် ၁၃၁၉-ခုနှစ် )
  • အစိုးရ ဓမ္မာစရိယ စာမေးပွဲ ကျမ်းရင်း ၃-ကျမ်း (ဒုတိယ အမှတ်အများဆုံး နှင့် တနှစ်တည်း ၃-ကျမ်း နှစ်ချင်းပေါက်)(ကောဇာသက္ကရာဇ် ၁၃၂၅-ခုနှစ် )
  • အစိုးရ ဂုဏ်ထူးကျမ်း (ကောဇာသက္ကရာဇ် ၁၃၂၆-ခုနှစ် )
  • အင်္ဂုတ္ထရနိကာယပါဠိပါရဂူဘွဲ့
  • ရန်ကုန် စေတိ စာသင်တန်း (ပထမ)(ကောဇာသက္ကရာဇ် ၁၃၂၇-ခုနှစ် )
  • မန္တလေး သကျသီဟ စာသင်တန်း (ဒုတိယ)(ကောဇာသက္ကရာဇ် ၁၃၂၈-ခုနှစ် )
  • စေတိ စာချတန်း (ဒုတိယ) (ကောဇာသက္ကရာဇ် ၁၃၃၀-ခုနှစ် )
  • စေတိယင်္ဂဏပရိယတ္တိဓမ္မာစရိယ_ဂဏဝါစကဘွဲ့
  • မန္တလေး သကျ စာချတန်း အောင်စဉ်-၁ (ပထမ) (ကောဇာသက္ကရာဇ် ၁၃၃၁-ခုနှစ် )
  • ပရိယတ္တိသာသနဟိတဓမ္မာစရိယဘွဲ့
  • နိုင်ငံတော်အစိုးရ တိပိဋကရွေးချယ်ရေး စာမေးပွဲ သုတ္တန္တ ပိဋက ဒီဃနိကာယ အာဂုံ ပြန်ဆို အောင်မြင် (ကောဇာသက္ကရာဇ် ၁၃၄၂-ခုနှစ် )
  • ပိဋကတ် တပုံဆောင် ဒီဃဘာဏကဘွဲ့

သာသနာရေးကိစ္စများဆောင်ရွက်တော်မူပုံ

ဆရာတော်သည် ပဲခူးမြို့ ကြခတ်ဝိုင်းကျောင်းတိုက် ၏ စာချတာဝန်ခံဆရာတော်တစ်ပါး အဖြစ် နှစ်ပေါင်းများစွာ ထမ်းရွက်တော်မူခဲ့သည်။တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲအပါအဝင် အနယ်နယ်အရပ်ရပ်က သံဃာစာမေးပွဲများအတွက် စာချ၊စာသင်ပေးခဲ့သူဖြစ်ခဲ့သည်။ ဆရာတော်သည် ပဲခူးမြို့၊ ကလျာဏီရပ်ကွက်တွင် ဝင်းနိမ္မိတာရုံကျောင်းစာသင်တိုက် အား တည်ထောင်ပြီး  ရဟန်း၊သံဃာများအား စာသင်၊စာချ ပို့ချသင်ကြားပေးခဲ့သည်။

ဘဝနတ်ထံ ပျံလွန်တော်မူခြင်း

၂၀၂၄ ခုနှစ် ဇွန် ၁၉ ရက်နေ့ တွင် ဆရာတော်သည် မန္တလေးမြို့တွင် ပြုလုပ်မည့်  မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန) အစည်းအဝေးသို့ တက်ရောက်ရန်အတွက်  လေကြောင်းခရီး ဖြင့် ကြွချီစဉ် တံတားဦး လေဆိပ် မှနေ၍ ငါန်းဇွန်မြို့နယ် ပန်းချီကမ္မရွာ သို့ သွားရောက်ခဲ့ပြီး ထိုမှအပြန် မြို့သာ နှင့် ပန်းချီကမ္မရွာကြား အရောက် ကားမှန်မချဘဲ အရှိန်ပြင်းမောင်းနှင်သည်ဟုဆိုပြီး စစ်သားများပါသည့် ကားက သေနတ်ဖြင့် ပစ်ခတ်ခဲ့၍  နေရာတွင်ပင်  ပျံလွန်တော်မူခဲ့သည်။ထိုညပိုင်းတွင် ဆရာတော်လိုက်ပါလာသည့် ကားအား ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက  မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု စစ်ကောင်စီ ဘက်က လိမ်လည် သတင်းထုတ်ပြန်ခဲ့သည်။သို့သော်လည်း ဆရာတော် နှင့် အတူလိုက်ပါခဲ့သည့်  ကန်သုံးဆင့်ကျောင်း ဆရာ‌တော် ဘဒ္ဒန္တဂုဏိကာဘိဝံသက စစ်ဗိုလ်စစ်သားများက လုပ်ဆောင်ခဲ့သည်ဟု ထုတ်ဖော်မိန့်ကြားခဲ့အပြီး[၂][၃] တပ်မတော်ဘက်က ၎င်းတို့ လုပ်ဆောင်ချက်ဖြင့် ဘဝနတ်ထံပြန်လွန်တော်မူခဲ့သည်ဟု ဇွန်လ ၂၁ ရက်နေ့တွင် ဝန်ခံခဲ့သည်။[၄]

ပြုစုခဲ့သည့်ကျမ်းများ

သဂြိုဟ်ရှင်းတမ်းအပါအဝင် ကျမ်းပေါင်း ၃၇ ကျမ်း အား ပြုစုတော်မူခဲ့သည်။

  • ဆန္ဒောသာရတ္ထဒီပက ဆန်းရှင်းတမ်း (၁၉၈၄ – ခုနှစ် ) (၆)ကြိမ်ပုံနှိပ်ပြီး
  • ကစ္စည်းသုတ်စဉ် သရုပ်ခွဲကျမ်း (၁၉၈၄ – ခုနှစ်) (၆) ကြိမ်ပုံနှိပ်ပြီး
  • ပထမငယ်တန်း ပါဠိစာပေ ကောက်နှုတ်ချက် ရှင်းတမ်း (၁၉၈၅- ခုနှစ်)
  • ပထမလတ်တန်း ပါဠိစာပေ ကောက်နှုတ်ချက် ရှင်းတမ်း (၁၉၈၅- ခုနှစ် )
  • ပထမလတ်တန်း ပါဠိသဒ္ဒါနှင့် အသုံးအနှုန်းအတွက် ကျက်မှတ်ဖွယ်များ (၁၉၈၅- ခုနှစ် )
  • ကြခတ်ဝိုင်း  သဂြိုဟ်ရှင်းတမ်း စိတ်စေတသိက်ပကိဏ်း (၁၉၈၆- ခုနှစ် )
  • ပထမလတ်တန်း အက္ခရာဝလိ ပါဠိ မြန်မာ အဘိဓာန် (၁၉၈၆ – ခုနှစ် )
  • ပထမငယ်တန်း ပါဠိသဒ္ဒါနှင့် အသုံးအနှုန်း နိယံ (၁၉၈၇ – ခုနှစ် )
  • ကြခတ်ဝိုင်း သဂြိုဟ်ရှင်းတမ်း (၉-ပိုင်း) (၁၉၉၀)(၁၃)ကြိမ်ပုံနှိပ်ပြီး
  • ကြခတ်ဝိုင်း တိကမာတိကာ ဓာတုကထာ(ညဝါ)ရှင်းတမ်း(၁၉၉၂ – ခုနှစ် )
  • ဝိနယတံခွန် ရှင်ကျင့်ဝတ် (အမေး၊အဖြေ)(၁၉၉၂ – ခုနှစ် )
  • ဝိနယတံခွန် ပါတိမောက် အမေး အဖြေ(၁၉၉၂ – ခုနှစ် )
  • ကြခတ်ဝိုင်း တိကမာတိကာ ရှင်းတမ်း(၂-ကြိမ်)(၁၉၉၄- ခုနှစ် )
  • ကြခတ်ဝိုင်း ကစ္စည်းသုတ်နက်(၁၉၉၄- ခုနှစ် )
  • ကြခတ်ဝိုင်း အထက်ယမက ရှင်းတမ်း (၁၉၉၅- ခုနှစ် )
  • ကြခတ်ဝိုင်း ရူပသိဒ္ဓိ နိယံ(သန္ဓိနာမ်)(၁၉၉၅- ခုနှစ် )
  • ကြခတ်ဝိုင်း ကင်္ခါရှင်းတမ်း(ပတွဲ၊ဒုတွဲ)(၁၉၉၆- ခုနှစ် )
  • ကြခတ်ဝိုင်း ဋီကာကျော် ရှင်းတမ်း(၅-ကြိမ်) (၁၉၉၇- ခုနှစ် )
  • ကစ္စည်း ပြယုဂ် သရုပ်ခွဲ(၁၉၉၈ – ခုနှစ် )
  • ကြခတ်ဝိုင်း ရူပသိဒ္ဓိနိယံ(၂၀၀၀ – ခုနှစ် )
  • ကြခတ်ဝိုင်း ပါတိမောက် ရှင်းတမ်း(၂၀၀၂ – ခုနှစ် )
  • ကြခတ်ဝိုင်း ရူပသိဒ္ဓိ ရှင်းတမ်း(၂၀၀၃ – ခုနှစ် )
  • ကြခတ်ဝိုင်း ကင်္ခါ ရှင်းတမ်း(ပေါင်းချုပ်)(၂၀၀၄- ခုနှစ် )
  • အနက်ပေးပုံ နည်းမျိုးစုံ(၂၀၀၄ – ခုနှစ် )
  • အောက်ယမက ရှင်းတမ်း(ပထမလတ်)(၂၀၀၆- ခုနှစ် )
  • ဝင်းနိမ္မိတာရုံ ပဒမာလာ(၂၀၀၈- ခုနှစ် )
  • အဘိဓာန် ရှင်းတမ်း(၂၀၁၁ – ခုနှစ် )
  • ပုဒ်စစ် နိယံ(၂၀၁၁ – ခုနှစ် )
  • ပုဒ်စစ်အလွယ် ကျက်မှတ်ဖွယ်(၂၀၁၁ – ခုနှစ် )
  • နည်းစစ် အလွယ် ကျက်မှတ်ဖွယ် နှင့် သံဝဏ္ဏနာစစ် လွယ် ကျက်မှတ်ဖွယ်(၂၀၁၂- ခုနှစ် )
  • ဝင်းနိမ္မိတာရုံ သဂြိုဟ် ဆိုရိုးကျမ်း(၂၀၁၂- ခုနှစ် )
  • ပါတိမောက် နိယံ(၂၀၁၂ – ခုနှစ် )
  • ဋီကာကျော် နိယံ(၂၀၁၂ – ခုနှစ် )
  • ဋီကာကျော် ပါဠိ ရှင်းတမ်း(၂၀၁၅- ခုနှစ် )
  • ဉာသ်ကောက် အလွယ် ကျက်မှတ်ဖွယ် နှင့်ဉာသ်ကောက်ရပုံ နည်းမျိုးစုံ(၂၀၁၇- ခုနှစ် )
  • ကစ္စည်းသုတ်စဉ် အဓိပ္ပာယ် (၂၀၁၇- ခုနှစ် )
  • ၃၇-ပါရာဇိကဏ် ပါဌာပါဌ ဝိနိစ္ဆယ (၂၀၂၃- ခုနှစ် )

ကိုးကား

  1.  စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး။ BBC Burmese (၂၀ ဇွန် ၂၀၂၄)။ ၂၀ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2.  ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး လိုက်ပါလာသည့် မော်တော်ယာဉ် ပစ်ခတ်ခဲ့ရမှုနှင့်ပတ်သက်၍ တွေ့ကြုံခဲ့ရမှုများကို ၎င်းဖြစ်စဉ်၌ပါဝင်သည့် ကန်သုံးဆင့် ဆရာတော်ကြီးက ရှင်းလင်းမိန့်ကြားမှုထွက်ပေါ်။ Eleven Media Group (၂၀ ဇွန် ၂၀၂၄)။ ၂၁ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3.  ဝင်းနိမ္မိတာရုံဆရာတော်ကြီးရဲ့ တပည့်သံဃာဟောင်းတွေ သဘောထားထုတ်ပြန်။ VOA Burmese (၂၁ ဇွန်၊ ၂၀၂၄)။ ၂၁ ဇွန်၊ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4.  ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို စစ်တပ်က ပစ်ခတ်တာဖြစ်၊ မိုးပေါ်ထောင်ပစ်ခတ်တားဆီးခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော။ DVB (၂၁ ဇွန် ၂၀၂၁)။ ၂၁ ဇွန် ၂၀၂၁ တွင် ပြန်စစ်ပြီး။

ကဏ္ဍများ: 

  • ၁၉၄၆ မွေးဖွားသူများ
  • ၂၀၂၄ ကွယ်လွန်သူများ
  • ဗုဒ္ဓဘာသာရဟန်းများ
  • မြန်မာ ဗုဒ္ဓဘာသာ ရဟန်းတော်များ
  • ဤစာမျက်နှာကို ၁၃ မေ ၂၀၂၅၊ ၀၇:၂၂ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။

ကမ္ပာ့အကြီးဆုံးတိဘက် ဗုဒ္ဓဘာသာသင်ကြားရေးဌာန။ တရုတ်ပြည်ဆီချွမ်းပြည်နယ်မှာရှိ တဲ့ ကမ္ဘာကျော် ဗုဒ္ဓဘာသာကော လိပ် https://m.facebook.com/groups/1218555305152745/permalink/2661823614159233/? Unknown TIBETAN BUDDHIST Town in Western Sichuan,China /. https://youtu.be/5Mb4-vpgI74?si=d-_

အဘိဓမ္မာ သင်ယူထားပြီး အင်္ဂလိပ်လို ဖတ်ချင်တယ်ဆိုရင် နှလုံးသားအကြောင်း. THE HEART — MORE THAN A PUMP. Your heart is not only keeping you alive.
It is guiding you — electrically, emotionally, energetically —
toward alignment and coherence. When the heart leads, the entire system rises into harmony. Modern physiology explains conduction…
Abhidhamma explains consciousness. Where Hadaya-vatthu rūpa exists,
where Mano-viññāṇa-dhātu arises and knows,
there — in the living blood itself —
mind meets rhythm, awareness meets pulse. Not metaphor.
Not philosophy.
Conditional reality. Two languages, one truth: 🌿 Bioelectric intuition
🌿 မနောဝိညာဏဓာတ်၏ အခြေ – ဟဒယဝတ္ထု. The meeting point of Science and Dhamma. is in the heart.

  • Share on Facebook (Opens in new window) Facebook
  • Share on X (Opens in new window) X
  • Share on LinkedIn (Opens in new window) LinkedIn
  • Share on Telegram (Opens in new window) Telegram
  • More
  • Share on Tumblr (Opens in new window) Tumblr
Like Loading...

Related

  • ကမ္ဘာ့စာပေလောက
  • စာပေလောက Literature
  • စာအုပ်စာပေ လူ့မိတ်ဆွေ
  • ထူးခြားထင်ရှား နေ့ ထူး နေ့ ရက် များ
  • ထူးခြားထင်ရှား သတင်းများ Breaking News
  • ဗုဒ္ဓ နှင့် ဗုဒ္ဓ၏ တရားများ
  • ဗုဒ္ဓဟောကြား တရားများ What thr Buddha Taught
  • ဘဝနေနည်း
  • ဘာသာရေး
  • ဘာသာရေး သာသနာရေး ဓမ္မတေးများ စုစည်းမှု
  • မြစ်ဝကျွန်းပေါ် လုပ်ငန်းများ Delta Works နယ်သာလန် ၊မြန်မာ
  • မြန်မာနိုင်ငံသမိုင်း
  • မှတ်ဖွယ် မှတ်ရာ စာပဒေသာ
  • လူနေမှုဘဝ ပတ်ဝန်းကျင် Social Environment and Livelihood
  • သမိုင်း / မြန်မာ့သမိုင်း
  • အင်တာနက် ကမ္ဘာထဲက မှတ်ဖွယ် မှတ်ရာ ဖတ် စရာများ
  • အထုပ္ပတ္တိ / မြန်မာ နိုင်ငံ၏ ထူးခြားထင်ရျားသော ပုဂ္ဂိုလ် ကြီးများ ။
  • အထုပ္ပတ္တိ ၊ ကမ္ဘာ့ ထူးခြားထင်ရှား ပုဂ္ဂိုလ်များ
  • Biography အထုပ္ပတ္တိ
  • Breaking News of the Day ထူးခြားထင်ရှား သတင်းများ
  • Buddhism
  • Buddhist Teachings ဗုဒ္ဓဟောကြား တရားများ
  • History သမျုင်း
  • History,ancient and modern
  • Life and Living လူ့ဘဝ နှင့် ဘဝနေနည်း

Post navigation

Previous OUR NATURAL WORLD : ENVIRONMENT -Animal Kingdom
Next SOUND MIX BBS 1 တစ်ချိန်က မြန်မာ့အသံရေဒီယို မှ ပုံမှန်ထုတ်လွှင်ခဲ့သော မြန်မာအဆိုတော်ကြီးများ၏ တစ်ခေတ်တစ်ချိန်က ဟောင်းခဲ့ပေမဲ့ကောင်းနေဆဲ မြန်မာသံစဉ် ရေဒီယို သီချင်းကောင်းး ( စီးရီး) များ

Flood. ရေဘေး (1) Language (1) မြန်မာ သံစဉ် သီချင်း များ (2) သမိုင်း / အာရှ ရေးရာ (1)

Category

Archive

  • February 2026 (4)
  • January 2026 (1)
  • December 2025 (50)
  • November 2025 (91)
  • October 2025 (78)
  • September 2025 (62)
  • August 2025 (61)
  • July 2025 (77)
  • June 2025 (75)
  • May 2025 (92)
  • April 2025 (82)
  • March 2025 (95)
  • February 2025 (56)
  • January 2025 (63)
  • December 2024 (68)
  • November 2024 (32)
  • October 2024 (50)
  • September 2024 (31)
  • August 2024 (64)
  • July 2024 (110)
  • June 2024 (144)
  • May 2024 (132)
  • April 2024 (160)
  • March 2024 (25)
  • February 2024 (64)
  • January 2024 (33)
  • December 2023 (36)
  • November 2023 (16)
  • October 2023 (9)
  • September 2023 (19)
  • August 2023 (36)
  • July 2023 (13)
  • June 2023 (22)
  • May 2023 (23)
  • April 2023 (21)
  • March 2023 (24)
  • February 2023 (50)
  • January 2023 (43)
  • December 2022 (55)
  • November 2022 (23)
  • October 2022 (33)
  • September 2022 (44)
  • August 2022 (33)
  • July 2022 (30)
  • June 2022 (9)
  • May 2022 (25)
  • April 2022 (71)
  • March 2022 (45)
July 2025
M T W T F S S
 123456
78910111213
14151617181920
21222324252627
28293031  
« Jun   Aug »

ADB News

  • ADB, Pacific Islands Forum Agree to Accelerate Regional Cooperation
    20 Feb 2026
  • ADB President, Fiji Prime Minister Open Expanded Office to Strengthen Partnership and Scale Up Impact
    20 Feb 2026
  • ADB, Prima Sign Landmark Cable Deal to Boost Connectivity and Disaster Resilience in Vanuatu
    18 Feb 2026
  • ADB President Meets Vanuatu Prime Minister to Advance Partnership, Unlock Private Sector Investment
    18 Feb 2026
  • ADB President Pledges Support for Solomon Islands Development Goals in Meeting with Prime Minister
    17 Feb 2026
Blog at WordPress.com.
  • Reblog
  • Subscribe Subscribed
    • မှတ်ဖွယ်မှတ်ရာ စာပဒေသာ
    • Join 42 other subscribers
    • Already have a WordPress.com account? Log in now.
    • မှတ်ဖွယ်မှတ်ရာ စာပဒေသာ
    • Subscribe Subscribed
    • Sign up
    • Log in
    • Copy shortlink
    • Report this content
    • View post in Reader
    • Manage subscriptions
    • Collapse this bar
 

Loading Comments...
 

    %d