HEALTH MATTERS း ဦး ကျော်ဦး၏ အာရောဂျဒါန ၊ ကျန်းမာရေးရာအဖြေရှာ ၊ နှလုံး ၊ သွေးကြော၊ ကျောက်ကပ်ရောဂါ ပြဿနာများ နှင့် ဆရာဝန်များထံမှ ကြားရခဲသော ကျန်းမာရေးအသိပညာအချို့ ။

https://www.facebook.com/reel/698921872971544?fs=e&fs=e&s=TIeQ9V

နှလုံးသားရေး ရာ ကျန်းမာရေးရာ အဖြာဖြာ

အင်ဂျင်နီယာ ပြီပြီ

ဘာမဆို လေ့လာ စပ်စု ရေးသား ပြောဆိုပြသ တတ်သော

အင်ဂျင်နီယာ မိတ်ဆွေကြီး

အင်ဂျင်နီယာ စာရေးဆရာ ဦးကျော်ဦး၏

အာရောဂျံ ဒါန ကျန်းမာရေးအလှူ အဖြစ်

အများပြည်သူများအတွက်

မကြာမီ ထုတ်ဝေ လှူဒါန်း ဖြန့်ချီပေးမည့်

ဦးကျော်ဦး၏ စေတနာ

နှလုံးသန်မာ လူကျန်းမာ

အကြောင်းများ နှင့်

ဆရာဝန်များထံမှ ကြားရခဲသော

ကျန်းမာရေးအသိပညာအချို့

စာအုပ်

မိတ်ဆွေများအတွက်

ကူးယူဖေါ်ပြ မျှ ဝေ ပါသည်

နှလုံးသားရေး ရာ ကျန်းမာရေးရာ အဖြာဖြာ

အင်ဂျင်နီယာ ပြီပြီ
ဘာမဆို လေ့လာ စပ်စု ရေးသား ပြောဆိုပြသ တတ်သော
အင်ဂျင်နီယာ မိတ်ဆွေကြီး
အင်ဂျင်နီယာ စာရေးဆရာ ဦးကျော်ဦး၏
အာရောဂျံ ဒါန ကျန်းမာရေးအလှူ အဖြစ်
အများပြည်သူများအတွက်
မကြာမီ ထုတ်ဝေ လှူဒါန်း ဖြန့်ချီပေးမည့်
ဦးကျော်ဦး၏ စေတနာ

နှလုံးသန်မာ လူကျန်းမာ
အကြောင်းများ နှင့်
ဆရာဝန်များထံမှ ကြားရခဲသော
ကျန်းမာရေးအသိပညာအချို့
စာအုပ်

မိတ်ဆွေများအတွက်
ကူးယူဖေါ်ပြ မျှ ဝေ ပါသည်

ရောဂါတစ်ခုမဖြစ်မီ ကာကွယ်ခြင်းက ဖြစ်ပြီးမှ ကုသခြင်းထက် ကောင်းကြောင်း သိကြသော်လည်း ရောဂါမဖြစ်မီ အလေးထားကာကွယ်ရန် အတော်များများက ပေါ့လျော့ကြ၊ မေ့လျော့နေကြပြီး ဖြစ်လာမှသာ ကုသရန် အားထုတ်ကြပါသည်။ ထိုသို့ဖြစ်ရခြင်း အကြောင်းတရားများစွာအနက် တစ်ခုမှာ ရောဂါဖြစ်ရခြင်း၏ နောက်ခံအကြောင်းများကို မသိကြ၊ သိသော်လည်း အခြေခံကျကျ ဂဃနဏ မဟုတ်သဖြင့် လိုက်နာလုပ်ဆောင်ရန် စိတ်မပါကြ၍ ဖြစ်သည်ဟု ယူဆပါသည်။

ဆရာဝန်များက လူနာများအား ဆေးပေးခြင်းအပြင် ရောဂါသက်သာပျောက်ကင်းအောင် မည်သို့ စားသောက်နေထိုင်ရမည်ကိုလည်း အသိပေးကြပါသည်။ ဥပမာ – သွေးမတိုးအောင် အငန်လျှော့စား၊ ကျောက်ကပ်အားမနည်းအောင် ဆီးချိုမတက်စေနှင့်စသဖြင့် ညွှန်ကြားကြသည်။ သို့သော် များပြားလှသော လူနာများကို ကြည့်ရှုကုသနေရသည့်အတွက် အငန်စားခြင်းကြောင့် မည်သို့သွေးတိုးသနည်း၊ ဆီးချိုက ကျောက်ကပ်ကို မည်သို့အားနည်းစေသနည်း စသည့် နောက်ခံအကြောင်းရင်းတို့ကို လူနာတစ်ဦးချင်းစီ သဘောပေါက်လာသည်အထိ အချိန်ပေး ရှင်းပြရန်မှာမူ လက်တွေ့တွင် မဖြစ်နိုင်ပါ။ ထို့ကြောင့် လူနာအတော်များများသည် မိမိတို့၏ရောဂါများအကြောင်း အပေါ်ယံမျှသာ သိရှိကြပါသည်။ အပေါ်ယံမျှသာ သိရှိကြသည့်အတွက် အချို့က ဆရာဝန်၏ ညွှန်ကြားချက်များအတိုင်း လိုက်နာရန် ပျက်ကွက်ကြပါသည်။

ကျွန်တော်သည် မိမိခံစားရသော သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ အကြိုဆီးချို၊ ကျောက်ကပ်အားနည်း ဟူသော ရောဂါလေးမျိုး ဖြစ်ရခြင်းအကြောင်းများ၊ ယင်းအကြောင်းများ၏ နောက်ကွယ်မှ ထပ်ဆင့်အကြောင်းများကို ထဲထဲဝင်ဝင် နားလည်လိုက်နာလျှင် အကျိုးရှိမည်ကို သဘောပေါက်သဖြင့် ခိုင်လုံသောဆေးပညာဝက်ဘ်ဆိုက်များ၌ ရှာဖွေလေ့လာပါသည်။ ယင်းသို့လေ့လာရာမှ သိရှိလာသည်တို့ကို လိုက်နာကျင့်သုံးသဖြင့် အဆိုပါရောဂါများ ပိုဆိုးမလာအောင် ထိန်းနိုင်သွားပါသည်။ အကျိုးများလှသောကြောင့် ယင်းအချက်များကို အခြားသူများလည်း သိရှိနိုင်စေရန် မိတ်ဆွေဆရာဝန်အချို့၏ အကူအညီဖြင့် ‘ဆရာဝန်များထံမှ ကြားရခဲသော ကျန်းမာရေးအသိပညာအချို့’စာအုပ်ငယ်ကို ရေးသားပါသည်။

‘ဆရာဝန်များထံမှ ကြားရခဲသော ကျန်းမာရေး အသိပညာအချို့’စာအုပ်ငယ်ကို ဖတ်ရှုလိုက်နာကျင့်သုံးခြင်းဖြင့် ဖော်ပြပါရောဂါများ၏ အနီးကပ် အကြောင်းရင်း၊ ထပ်ဆင့်အကြောင်းရင်းတို့ကို အခြေခံကျကျ ဂဃနဏ ”သိ”ကြပါမည်။

သိလာသောအခါ အထူးထူးသော အကြောင်းရင်းများကို စွမ်းသမျှ ”ပယ်”ရှောင်ကြမည်။

ထို့ပြင် ရောဂါသက်သာ ပျောက်ကင်းအောင် ဆောင်ရမည့်အချက်များကို မိမိတို့ကိုယ်ခန္ဓာ၌ ”ဆိုက်”ရောက် ပေါ်ပေါက်လာအောင် အားထုတ်ကြမည်။

မိမိတို့၏ ကံဉာဏ်ဝီရိယပေါ်မူတည်ကာ အားထုတ်”ပွား”များခြင်း၏ အကျိုးကို ရောဂါများ အတိုင်းအတာတစ်ခုအထိ သက်သာခြင်းမှသည် ပျောက်ကင်းသည်အထိ ရရှိခံစားကြရပါလိမ့်မည်။

စာအုပ်ရိုက်နှိပ်ပြီးစီးသောအခါ လှူဒါန်းမည့် အစီအစဉ်ကို အသိပေးပါမည်။

ယင်းစာအုပ်ငယ်ကို ကြိုတင်လေ့လာရန် မျှဝေပါသည်။ ပုံနှိပ်စာအုပ်တွင် ပါမည့်အတိုင်း မျှဝေထားခြင်းဖြစ်၍ မိတ်ဆွေများ၏ ဖုန်း၊ လက်ပ်တော့ စသည်တို့ဖြင့် ဖတ်ရှုနိုင်ကြပါသည်။

https://fb.watch/ACi–KD3Eg/? ,https://fb.watch/ACj1V4bQ71/?

ကျောက်ကပ်မကောင်းဘူးဆိုတာ ပြနေတဲ့ လက္ခဏာ ( ၁၀ ) ချက် ကျွန်မတို့ရဲ့ ကျောက်ကပ်က အရေးကြီးတဲ့အလုပ်တွေကို လုပ်ရပြီးတော့ ကျွန်မတို့ အတွက် အရေးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ကျောက်ကပ်တွေက သွေးကို သန့်စင်ပေးပြီး ခန္ဓာကိုယ် ကနေ အညစ်အကြေးတွေကို စွန့်ထုတ်ပေးပါတယ်။ ကျွန်မတို့ ကျန်းမာဖို့အတွက် ကျောက်ကပ်တွေကောင်းနေဖို့လိုအပ်ပါတယ်။ ဒါပေမယ့်ဒီနေ့ခေတ်မှာတော့ လူအများစုကကံမကောင်းစွာပဲ ကျောက်ကပ်ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ကျောက်ကပ်နဲ့ပတ်သတ်ရင်အဆိုးဆုံးဖြစ်နိုင်တာကတော့ ကျောက်ကပ်တွေ အလုပ်မလုပ်တော့ဘဲ ပျက်ဆီး သွားတာဘဲဖြစ်ပါတယ်။ ဒါက အရေးကြီးပြီးတော့ သေချာကုသမှုမခံဘူးဆိုရင် အသက်အန္တရယ်ကို ပါချိန်းခြောက်နိုင်ပါတယ်။ ဒါကြောင့်ကျွန်မတို့ရဲ့ ကျောက်ကပ်တွေကို သေချာဂရုစိုက်ဖို့အရေးကြီးပါတယ်။